fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home သွားနှင့် ခံတွင်း ကျန်းမာရေး

ဘာလို့သွားခဏ ခဏကျဉ်နေရတာလဲ?

Why do you have to stop going every now and then?
626
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/09/2022
in သွားနှင့် ခံတွင်း ကျန်းမာရေး
1 min read
A A

‘သွား’ ဆိုတာ ဘဝကပေးတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ်ခုဆိုရင် ‘သွားကျဉ်ခြင်း’ ဆိုတာကိုတော့ ဒီလက်ဆောင်ကို တန်ဖိုးမထားမိလို့ကျရောက်လာတဲ့ သိပ်ဆိုးတဲ့ ကျိန်စာတစ်ခုလို့ ပြောရင်မမှားပါဘူး။ သွားပြဿနာတွေအားလုံးမှာ အဖြစ်အများဆုံးနဲ့ ဒုက္ခအပေးဆုံး ပြဿနာကောင်အဖြစ်ရှေ့ဆုံးက အလံကိုင်ချီတက်နေသူလို့လည်း ပြောလို့ရပါတယ်။

 

သွားကျဉ်တယ်ဆိုတာဘာလဲ?

သွားကျဉ်တယ်ဆိုတာ သွားတွေမှာ ရုတ်တရက် စူးကနဲ ကျဉ်ခနဲ ဖြစ်သွားတဲ့ တိုတောင်းတဲ့ခံစားမှုတစ်ခုဖြစ်ပါတယ်။ အချိန်အားဖြင့်တိုတောင်းတယ်ဆိုပေမဲ့ ခံစားရသူအတွက်တော့ သိပ်ဆိုးပါတယ်။ပြန်မတွေးရဲစရာ အိပ်မက်ဆိုးတစ်ခုလိုပါပဲ။

 

ဘယ်အချိန်မှာ သွားကျဉ်တတ်လဲ ?

သွားရဲ့အတွင်းပိုင်းက သွေးကြောတွေ အာရုံကြောတွေရှိတဲ့ အလွှာကို အကာအကွယ်ပေးထားတဲ့ အပေါ်လွှာလေးတွေ ယိုယွင်းလာတဲ့အခါမှာ အပူအအေး၊ အချို အချဉ် စတဲ့ အရသာထူးခြားမှုတစ်ခုခုနဲ့တွေ့တဲ့အခါမှာ သွားတစ်ချောင်းချောင်းကနေ ကျဉ်ခနဲ စူးခနဲ ဖြစ်သွားတတ်ပါတယ်။

အစားအသောက်တွေတင်မကဘဲ သွားကျန်းမာရေးအတွက် ကုသမှုတစ်ခုခုခံယူချိန်မျိုးမှာလည်း ကျဉ်သွားတတ်ပါတယ်။ ဒီထက်ပိုဆိုးတာကတော့ လေအေးအေး ရှူမိတဲ့အခါမျိုးမှာတောင် ဖြစ်နိုင်ပါတယ်။အဆိုးဆုံးပြောရရင်တော့ သွားတိုက်ရင်း ထိမိတာနဲ့တောင် ကျဉ်နိုင်ပါတယ်။အငွေ့ကြောင့်ရော အတွေ့ကြောင့်ရော ဘာကြောင့်မဆို သွားကျဉ်စေနိုင်တယ်လို့ပဲ ဆိုရပါမယ်။

 

သွားကျဉ်တာ ဘာလို့အရေးကြီးတာလဲ ?

သွားကျဉ်ခြင်းက သိပ်ဆိုးတဲ့ ခံစားချက်ပေးတာကြောင့်အပြင် ပိုအရေးကြီးတဲ့ အကြောင်းတွေရှိပါသေးတယ်။ သွားရဲ့အပေါ်ယံအလွှာတွေပျက်စီးလာတာကနေတစ်ဆင့် ပိုဆိုးလာရင် ရောဂါပိုးတွေဝင်လာတာ၊ သွားပိုးစားတာ၊ သွားဖုံးနဲ့ တခြားသွားရောဂါတွေလည်း ဆက်ဖြစ်လာနိုင်ပါတယ်။ ဒီတော့ သွားကျဉ်ခြင်းကို သွားရောဂါတွေရဲ့ ကနဦးတပ်လှန့်သံလို့လည်း ခေါ်လို့ရပါတယ်။

 

သွားကျဉ်လာရင် ဘာလုပ်မလဲ ?

သွားကျဉ်လာရင် ဘာလုပ်မလဲ ဆိုတာထက် သွားမကျဉ်အောင် ကာကွယ်ဖို့ သွားတွေကို တန်ဖိုးထားဂရုစိုက်ဖို့က နံပါတ်တစ်ဖြစ်ပါတယ်။ ရေရှည်စွဲမြဲကျင့်သုံးဖို့လိုတဲ့ အလေ့အကျင့်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

 

အစားအသောက်နဲ့ ပတ်သတ်ရင်

  • သိပ်ပူ၊ သိပ်အေးတဲ့ အစားအသောက်တွေကိုရှောင်ပါ။
  • အက်ဆစ်ပမာဏများတဲ့ ချဉ်တဲ့ အစားအသောက်တွေကို ရေ၊ ပေါင်မုန့်၊ ချိစ် စတဲ့ မချဉ်တဲ့ အစာတစ်ခုခုနဲ့တွဲစားပါ။
  • အက်ဆစ်ဓာတ်က သွားအပေါ်လွှာတွေကို ပိုမိုပျက်စီးစေနိုင်တာမို့ တတ်နိုင်သမျှ အချဉ်လျှော့စားပါ။
  • အချဉ်တစ်ခုခုစားသောက်ပြီး တစ်နာရီအတွင်း သွားမတိုက်ပါနဲ့။ သွားအပေါ်လွှာတွေပိုပျက်စီးစေတတ်ပါတယ်။
  • ရေအေး၊ ဖျော်ရည်အေးတွေ သောက်ချိန်မှာ သွားတွေကို မထိအောင် ပိုက်ကလေးနဲ့ သောက်ပါ။

 

နေ့စဉ် လုပ်ဆောင်ရမယ့်အချက်တွေကတော့

  • သွားတိုက်ပါ။
    တစ်နေ့နှစ်ကြိမ်..နှစ်မိနစ်ကြာအောင်တိုက်ပါ။
  • သွားတိုက်တံရွေးချယ်မှုမှန်ကန်ပါစေ။
    မာတဲ့၊ ကြမ်းတဲ့ သွားတိုက်တံတွေရှောင်ပါ။
    အားနဲ့ တိုက်ဖို့ထက် သွားတိုက်ပုံတိုက်နည်း မှန်ကန်ဖို့ ပိုအရေးကြီးတာ သတိထားပါ။
  • သွားတိုက်ဆေးရွေးချယ်မှုလည်း မှန်ကန်ပါစေ။
    သွားအပေါ်လွှာတွေကို ပြန်လည်ဖြည့်တင်းပေးပြီး အထိမခံနိုင်ဖြစ်နေတဲ့ သွားအတွင်းပိုင်းက အာရုံကြောလေးတွေကိုပါ ငြိမ်းချမ်း သက်သာသွားစေနိုင်တဲ့ Potassium Nitrate၊ Strontium Acetate သို့မဟုတ် Strontium Chloride ၊ Stannous Fuloride စတာတွေပါဝင်တဲ့ အမျိုးအစားတွေကို ရွေးချယ်ပါ။

ဒီလို သွားကျဉ်ခြင်းအတွက် အထူးပြုလုပ်ထားတဲ့ သွားတိုက်ဆေးတွေ နေ့စဉ်မှန်မှန်တိုက်ရင်း နဲ့လည်း သွားကျဉ်တာ သက်သာပျောက်ကင်းသွားတတ်ပါတယ်။

သိပ်ဆိုးဆိုးဝါးဝါး သွားကျဉ်နေရင်တော့ သွားဆရာဝန်တစ်ယောက်နဲ့ ပြသတိုင်ပင်ပါ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။ သွားတွေကိုလည်း တန်ဖိုးထားပါ။

 

Author: Dr ဖြိုးဝေလင်း

Previous Post

ကွန်ဒုံးစနစ်တကျ အသုံးပြုနည်း

Next Post

ဝမ်းပျက် ဝမ်းလျှောဖြစ်နေချိန် စားသင့်တဲ့အစားအစာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

To choose the right toothpaste

သွားတိုက်ဆေး မှန်ကန်စွာရွေးချယ်တတ်ဖို့

3 years ago
805

သွားကလေးများ ကျန်းမာဖို့

3 years ago
717

မေးရိုးနာကျင်ခြင်းဖြစ်စေသော အကြောင်းရင်းများ

4 years ago
3.7k

သွားရောဂါကင်းဝေးဖို့ ဘယ်လိုစားသောက်မလဲ

4 years ago
916

ပါးစပ်ထဲမှာ ခါးခါးနေတာ ဘာလို့လဲ

4 years ago
8.6k

သွားနဲ့ ခံတွင်းကျန်းမာသန့်ရှင်းစေတဲ့ အံ့အားသင့်ဖွယ်ရာအစားအစာများ

4 years ago
1.5k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Foods you should eat when you have diarrhea

ဝမ်းပျက် ဝမ်းလျှောဖြစ်နေချိန် စားသင့်တဲ့အစားအစာများ

How to reduce anxiety?

စိုးရိမ်ပူပန်မှုတွေ လျော့နည်းအောင် ဘယ်လိုနေမလဲ?

To be a self-reliant child

ကိုယ့်အားကိုယ်ကိုးတတ်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.