fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

To prevent colon cancer, Things to avoid
896
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/10/2022
in ရောဂါကြီးများ
1 min read
A A

အမေရိကားမှာ ယောကျာ်းရော မိန်းမပါ တတိယအများဆုံးဖြစ်လေ့ရှိတဲ့ကင်ဆာက အူမကြီးကင်ဆာပါတဲ့။ ဒီကင်ဆာနဲ့ အဓိကသက်ဆိုင်တဲ့ အချက်တစ်ခုက အစားအသောက်တွေပဲ ဖြစ်ပါတယ်။ အသီးအနှံများများစားတာ အနီရောင်အသား မကျက်တကျက်အသားနဲ့ အသင့်ပြင်ဆင်စီမံပြီးသားအသားတွေ လျော့စားတာမျိုးက ဒီကင်ဆာမဖြစ်ရအောင် အကူအညီပေးနိုင်ပါတယ်။

ဒါ့အပြင် လေ့ကျင့်ခန်းပုံမှန်လုပ်တာ အရက်လျော့သောက်တာ ဆေးလိပ်ဖြတ်တာ ကိုယ်အလေးချိန်ကို ထိန်းထားတာစတဲ့အမူအကျင့်တွေကလည်း သင့်ကိုကင်ဆာမျိုးစုံကနေ ဝေးကွာစေအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ အူမကြီးကင်ဆာနဲ့ပတ်သက်ပြီး စားသင့်တဲ့အစားအစာတွေနဲ့ မစားသင့်တဲအစားအစာတွေအကြောင်း ဖော်ပြပေးသွားပါမယ်။

 

၁) နို့နှင့်နို့ထွက်ပစ္စည်း များများစားပါ

သုတေသနတွေအရ ကယ်လ်ဆီယမ်ဓာတ်နည်းပါးရင် အူမကြီးကင်ဆာဖြစ်နိုင်ချေ မြင့်မားတယ်လို့ဆိုပါတယ်။ ဒါကြောင့် ကယ်လ်ဆီယမ်ဓာတ်ခပ်များများပါဝင်တဲ့ နို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ထောပတ်နဲ့ ရေခဲမုန့်စတာတွေ များများစားပေးဖို့ လိုပါမယ်။

 

၂) ပဲအမျိုးမျိုးစားပါ

ပဲကတော့ ဘယ်လိုပဲမျိုးမဆို များများစားပေးသင့်ပါတယ်။ ဒါဟာ အူမကြီးကင်ဆာဖြစ်နိုင်ချေကို တခါတည်း လျှော့ချပြီးသားဖြစ်စေပါတယ်။ ပဲမှာပါတဲ့ အမျှင်ဓာတ်၊ဗီတာမင် ဘီဓာတ် ၊ အသားဓာတ်စတာတွေဟာ ကျန်းမာရေးအတွက်အထူးသင့်တော်ပါတယ်။ ဒါ့အပြင် flavonoids နဲ့ အခြား antioxidants တွေပါပြီး ကင်ဆာဆဲလ်တွေမပြန့်ပွား မကြီးထွားလာအောင် ကာကွယ်ပေးပါသေးတယ်။

 

၃) အရောင်အသွေးတောက်ပစိုပြေတဲ့ အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေ များများစားပါ

အရောင်စိုတဲ့ဟင်းသီးဟင်းရွက်တွေမှာ ကင်ဆာဆဲလ်တွေကြီးထွားမှုကို ဟန့်တားပေးနိုင်တဲ့ phytochemicals တွေ အများကြီးပါပါတယ်။ အဝါ၊ အစိမ်း၊ အနီ ၊အပြာ ၊ခရမ်း အရောင်စုံတဲ့အသီးအနှံမျိုးစုံကို စားတာဟာ ကင်ဆာမှ မဟုတ်ပါဘူး။ သူတို့မှာပါဝင်တဲ့ antioxidants တွေကြောင့် အခြားသော နာတာရှည်ရောဂါတွေကနေပါ ကာကွယ်မှုရစေပါတယ်။

 

၄) ငါးများများစားပါ

အထူးသဖြင့် အဆီများများပါတဲ့ငါးတွေစားပါ။ ဥပမာ ဆယ်လ်မွန်လို ငါးမျိုး။ သူ့မှာပါတဲ့ လူနဲ့တည့်တဲ့အဆီဖြစ်တဲ့ Omega 3 ဟာ ကင်ဆာဆဲလ်တွေပြန့်ပွားမှု ကြီးထွားမှုကို ရပ်တန့်စေပါတယ်။

 

၅) အသားလျှော့စားပါ

အသားဓာတ်ဟာ အရေးကြီးတာ မှန်ပါတယ်။ ဒါပေမဲ့ မီးပြင်းပြင်းနဲ့ချက်ထားတဲ့ ဝက်သား ၊အမဲသားစတဲ့ အနီရောင်အသား (Red Meat ) တွေဟာ အူမကြီးကင်ဆာနဲ့ ဆက်စပ်မှုတွေရှိတယ်လို့ လေ့လာမှုတွေကဆိုပါတယ်။ ဒါ့အပြင် ဒီအသားတွေမှာ လူနဲ့မတည့်တဲ့အဆီတွေလည်း ပါဝင်သေးတာမို့ ဘာပဲဖြစ်ဖြစ် လျော့စားနိုင်ရင် အကောင်းဆုံးပါပဲ။

 

၆) ကြာရှည်ခံအောင် ပြင်ဆင်ဖြည့်စွက်စီမံထားတဲ့ အသားတွေ (Processed Meat) လျော့စားပါ

ကျပ်တိုက်ထားတာ ဆားနယ်ထားတာ တခြားဓာတုပစ္စည်းတွေထပ်ထည့်ထားတာ စတဲ့ အသားတွေကို ဆိုလိုပါတယ်။ ဟော့ဒေါ့ဂ်၊ ဟမ်ဘာဂါ၊ ဝက်ပေါင်ခြောက် စတာတွေပေါ့။ ဒါမျိုးတွေ များများစားတဲ့သူတွေမှာ အူမကြီးကင်ဆာဖြစ်နိုင်ချေ ပိုများတတ်ပါတယ်။

 

၇) အရက်ဖြတ်ဖို့ကြိုးစားပါ

တနေ့ကို ၂ ခွက် ၃ ခွက်လောက် ပုံမှန်သောက်ဖြစ်နေရင်ကို အူမကြီးကင်ဆာဖြစ်ဖို့ အလားအလာ ၂၀ ရာခိုင်နှုန်းလောက် ပိုများသွားနိုင်ပါတယ်။ အသားကုန်သောက်တဲ့ သူတွေမှာတော့ ကင်ဆာဖြစ်နိုင်ချေ ၄၀ ရာခိုင်နှုန်းလောက် မြင့်တက်နေနိုင်ပါတယ်။

 

Author: Dr.KG

Previous Post

အမျိုးသားတို့ Skincare ဖို့

Next Post

လူ့ခန္ဓာကိုယ်မှာ ကြွက်သားတွေဟာ ဘာကြောင့် အရေးကြီးတာပါလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
481

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
474
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
740
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
433
It's crazy to have a gallbladder out, right?

သည်းခြေအိတ်ထုတ်လိုက်ရရင် ရူးတတ်တယ်ဆိုတာ ဟုတ်လား?

3 years ago
941

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Why is The Muscular System Important to The Human Body?

လူ့ခန္ဓာကိုယ်မှာ ကြွက်သားတွေဟာ ဘာကြောင့် အရေးကြီးတာပါလဲ

Sleep deprivation and skin health

အိပ်ရေးပျက်ခြင်းနှင့် အရေပြားကျန်းမာရေး

Problems with muscle loss with age

အသက်အရွယ် ကြီးလာရင် ဖြစ်တဲ့ ကြွက်သားဆုံးရှုံးမှု ပြဿနာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.