fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ကျန်းမာပျော်ရွှင်ပြီး တက်ကြွလန်းဆန်းတဲ့ အမျိုးသားတစ်ဦးဖြစ်ဖို့

To be a healthy, happy and energetic man
1.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/10/2022
in အမျိုးသားကျန်းမာရေး
1 min read
A A

အမျိုးသားများဟာ အသက်အရွယ်ရလာတာနဲ့ မိဘကိုစောင့်ရှောက်တဲ့ သားအဖြစ်လည်းကောင်း၊ အိမ်ထောင်ဦးစီးအနေနဲ့ ဝင်ငွေရှာဖွေရာမှာလည်းကောင်း၊ သားသမီး၊မိသားစုရဲ့ ဖခင်တာဝန်၊ လုပ်ငန်းခွင်တာဝန်တွေကြား နေထိုင်နေရသူတွေဖြစ်ပါတယ်။ ဒီလိုတာဝန်ဝတ္တရားတွေကြားထဲမှာ ခန္ဓာကိုယ်ကျန်းမာ စိတ်ပျော်ရွှင်ပြီး တက်ကြွလန်းဆန်းတဲ့ အမျိုးသားတစ်ဦးဖြစ်ဖို့ဟာ အလွန်အရေးကြီးပါတယ်။ ခန္ဓာကိုယ်ကျန်းမာဖို့ ကျန်းမာသော စားသောက်နေထိုင်မှုပုံစံ healthy lifestyle၊ မိမိစိတ်ကျန်းမာရေးကို အလေးပေးသော Stress management တို့ လုပ်ဆောင်ရန် လိုအပ်ပါတယ်။

ကျန်းမာသောခန္ဓာကိုယ်အတွက် နေ့စဉ်အစားအစာအာဟာရ၊ ဗီတာမင်သတ္တုဓါတ်များ မျှတအောင်စားသုံးပေးရန် လိုအပ်ပါတယ်။ ကိုယ်အလေးချိန်ကိုလည်း မျှတအောင် ထိန်းညှိပေးရပါမယ်။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ပြီး စိတ်ရွှင်လန်းတက်ကြွစေသော ဟော်မုန်းများ serotonin ကို ထွက်စေနိုင်ပါတယ်။ ညဖက်အိပ်ရေးဝအောင် ပုံမှန်အိပ်စက်ပြီး မနက်/ည အိပ်ချိန်၊ နိုးချိန်ကို ပုံမှန်ထားရှိပေးသင့်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးထိခိုက်စေသော ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးများကိုမသုံးစွဲဘဲ ရှောင်ကျဉ်သင့်ပါတယ်။

အစားအသောက်စားတဲ့အခါ ကာဗိုဟိုက်ဒရိုတ်၊ အဆီဓါတ်၊ သကြားဓါတ်လွန်ကဲသော အစားအစာများကိုရှောင်ပြီး အသားဓါတ်နှင့် ဓါတ်တိုးဆန့်ကျင်ဓါတ် antioxidants ကြွယ်ဝသော အသီးအရွက်၊ အစေ့အဆန်များကို များများစားပေးသင့်ပါတယ်။ ခန္ဓာကိုယ်ကို ရေဓါတ်လုံလောက်အောင်လည်း ဖြည့်တင်းပေးရပါမယ်။ နှလုံးစွမ်းရည်တိုးတက်စေသော ကိုယ်လက်လှုပ်ရှားအားကစားများ၊ အရိုးနှင့် ကြွက်သားကို သန်စွမ်းစေသောလေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

အလုပ်လုပ်ချိန်ကို သေချာသတ်မှတ်ပြီး အလုပ်နှင့်ကိုယ်ပိုင်အချိန် မျှတအောင်အချိန်ပေးသင့်ပါတယ်။ အလုပ်ဆင်းပြီး အနားယူချိန်တွင် မိမိအတွက်ကိုယ်ရောစိတ်ပါအပန်းဖြေ အနားရစေမယ့် ဝါသနာတစ်ခုခုပြုလုပ်ခြင်း၊ မိသားစုနှင့် အချိန်ပေးခြင်းတို့ ပြုလုပ်ပေးခြင်းဖြင့် စိတ်ဖိစီးပင်ပန်းမှုများ ဖြေလျော့နိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားခြင်း၊ တရားထိုင်ခြင်း၊ ကြွက်သားများဖြေလျော့ခြင်း၊ အသက်ရှုလေ့ကျင့်ခန်များလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုများကို ပြေပျောက်စေနိုင်ပါတယ်။ မိမိမိတ်ဆွေသူငယ်ချင်းများနှင့် တွေ့ဆုံစကားပြောခြင်းဖြင့် စိတ်အနားရပြီး တက်ကြွလန်းဆန်းစေနိုင်ပါတယ်။

ခန္ဓာကိုယ်ကျန်းမာရေးအတွက် နှစ်စဉ်ပုံမှန်ကျန်းမာရေးစစ်ဆေးမှု medical check up ပြုလုပ်တာ၊ သွေးတိုး၊ ဆီးချိုကဲ့သို့ ရောဂါအခံတစ်ခုခုရှိလျှင် သက်ဆိုင်ရာဆရာဝန်နှင့် ကုသမှုခံယူပြီး ဆေးပုံမှန်သောက်တာ၊ အသည်းရောင် အသားဝါဘီပိုး ကာကွယ်ဆေး၊ တုပ်ကွေးကာကွယ်ဆေး၊ ကိုဗစ်ကာကွယ်ဆေးကဲ့သို့ ကာကွယ်ဆေးများ မပျက်မကွက် ထိုးခြင်းကိုလည်း ပြုလုပ်ပေးရပါမယ်။ ခန္ဓာကိုယ်အတွက် လိုအပ်သောဗီတာမင်၊ သတ္တုဓါတ် သက်စောင့်ဓါတ်များကို နေ့စဉ်အစားအစာများမှသော်လည်းကောင်း၊ ဖြည့်စွက်အားဆေးများ မှီဝဲ၍သော်လည်းကောင်း ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာပျော်ရွှင်ပြီး တက်ကြွလန်းဆန်းတဲ့အမျိုးသားအဖြစ်ကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။

 

Author: Dr.Yee Mon

Previous Post

တင်းတိပ်က မျိုးရိုးလိုက် တတ်လား?

Next Post

သကြားနှင့် ကင်ဆာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
741
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

1 year ago
630

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
982

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Sugar and cancer

သကြားနှင့် ကင်ဆာ

Side effects of anal sex

စအိုဖြင့် လိင်ဆက်ဆံခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

Women and menopause

အမျိုးသမီးနှင့် သွေးဆုံးကိုင်ဝေဒနာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.