fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

1.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/03/2023
in ရောဂါကြီးများ
1 min read
A A

အသည်းကင်ဆာဟာ အဖြစ်များတဲ့ ကင်ဆာရောဂါတစ်မျိုးပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မှတ်တမ်းတွေအရ ၂၀၂၀ တစ်နှစ်တည်းမှာ အသည်းကင်ဆာကြောင့်သေဆုံးသူ ၈ သိန်းခန့် ရှိပါတယ်။အသည်းကင်ဆာဖြစ်သူ အများစုဟာ ရောဂါလက္ခဏာမပြဘဲ တခြားဝမ်းဗိုက်ပြဿနာတစ်ခုခုကြောင့် တီဗီဓာတ်မှန်၊ ကွန်ပြူတာဓာတ်မှန်၊ သံလိုက်စက်ကွင်းဓါတ်မှန် MRI စသည်ရိုက်ကြည့်ရာမှ အသည်းကင်ဆာ ဖြစ်နေမှန်း သိကြရတတ်ပါတယ်။ တခါတလေမှာ ရောဂါလက္ခဏာမပြတာမဟုတ်ဘဲ သတိမထားမိကြတာကြောင့်လည်း အချိန်လွန်မှသိရပြီး ကုသဖို့ အချိန်မမီတာ ဖြစ်တတ်ပါတယ်။

ဒါကြောင့် အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာတွေက ဘာလဲ၊ ဘယ်လို လက္ခဏာတွေ ခံစားရရင် ပေါ့ဆမနေဘဲ ဆေးစစ်သင့်သလဲဆိုတာကို သိထားရပါမယ်။

(၁) ဗိုက်အောင့်တာ
အသည်းမှာ အာရုံကြောတွေမရှိပေမယ့် အသည်းကို ဖုံးအုပ်ထားတဲ့ အမြှေးပါးမှာ အာရုံကြောများစွာရှိတဲ့အတွက် ကင်ဆာအကျိတ်က ကြီးလာတာနဲ့အမျှ အမြှေးပါကို ဆွဲဖြဲသလိုဖြစ်ပြီး အသည်းတည်ရှိရာ ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းမှာ နာကျင်တာကို ခံစားရမှာ ဖြစ်ပါတယ်။ ကင်ဆာကျိတ်က အမြှေးပါးနဲ့ဝေးတဲ့ အတွင်းဘက်မှာ ဖြစ်ရင်တော့ နာကျင်မှု သိပ်မရှိနိုင်ပါဘူး။

(၂)ဗိုက်မှာ အလုံးစမ်းမိတာ
ကင်ဆာအကျိတ်က ကြီးလာတဲ့အခါ ပိန်တဲ့သူတွေမှာ ဗိုက်ပေါ်ကနေ စမ်းလို့မိနိုင်ပါတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်၊ အသည်းအထူးကု တွေဆိုရင် အလုံးကို စမ်းသပ်စစ်ဆေးပြီး အသည်းရဲ့ဘယ်နေရာမှာ ကင်ဆာဖြစ်နိုင်တယ်ဆိုပြီး ပြောနိုင်ကြပါတယ်။

(၃) ညာဘက်ပခုံးနာတာ
အသည်းကင်ဆာအကျိတ်က ရင်ဝမ်းခြားကြွက်သားကို အပေါ်ကို ပင့်တင်လိုက်သလိုမျိုး ဖြစ်စေပါတယ်။ ရင်ဝမ်းခြားကြွက်သားမှာရှိတဲ့ phrenic အာရုံကြောက ညာဘက်ပခုံးထိပါ ထောက်ပံ့ပေးတာဖြစ်လို့ ညာဘက်ပခုံးနာပြီး ဓာတ်မှန်မှာ အရိုးကျိုးတာမျိုးမရှိဘူးဆိုရင် အသည်းကင်ဆာကို ထည့်သွင်းစဥ်းစားသင့်ပါတယ်။

(၄) အသားဝါတာ
ကင်ဆာအကျိတ်က သည်းခြေပြွန်ရဲ့ အနီးမှာရှိနေရင်၊ သည်းခြေပြွန်ပေါ် တိုက်ရိုက်ဖိမိနေရင် သည်းခြေပြွန်ပိတ်ပြီး မျက်လုံးဝါတာ၊ အသားဝါတာ၊ ဆီးအရောင်ရင့်တာတွေ ဖြစ်လာမှာပါ။

(၅) ကိုယ်အလေးချိန်ကျလာတာ
ကင်ဆာအကျိတ်တွေက အစာစားချင်စိတ်ပျောက်ကာ ပါးစပ်ခါးပြီး အားနည်းစေတဲ့ အင်ဇိုင်းတွေကို ထုတ်လုပ်ပေးတာကြောင့် တခြားကင်ဆာတွေလိုပဲ အသည်းကင်ဆာမှာလည်း ဝိတ်မချရဘဲ ဝိတ်ကျလာပါလိမ့်မယ်။

(၆) အသားယားတာ
သည်းခြေပြွန်ပိတ်သွားတဲ့အခါ အသည်းက ထုတ်လုပ်ထားတဲ့ သည်းခြေရည်တွေကို သွေးကြောထဲကို ပို့ဆောင်တဲ့အတွက် ခန္ဓာကိုယ်တစ်ခုလုံးမှာ အသားယားတာမျိုး ဖြစ်နိုင်ပါတယ်။

(၇) လေပွလေကယ်တာ
ကင်ဆာအကျိတ်က ပိုပိုကြီးလာတဲ့အခါ အနီးအနားက အင်္ဂါတွေကို ဖိလာတတ်ပါတယ်။ အသည်းရဲ့ ဘယ်ဘက်ခြမ်းမှာ အကျိတ်ဖြစ်တဲ့အခါ အနားက အစာအိမ်ကို တွန်းတာဖိတာကြောင့် ပျို့တာ၊ လေပွလေကယ်တာ၊ အစာမကြေတာတွေ ဖြစ်လာတာပါ။

(၈) ဖျားတာ
ကင်ဆာအကျိတ်ကြောင့် သည်းခြေပြွန်ပိတ်တဲ့အခါ သည်းခြေရည်တွေ စုပုံလာပြီး သည်းခြေပြွန်ရောင်လာတတ်ပါတယ်။ သည်းခြေပြွန်ရောင်တဲ့အခါ အဓိကဖြစ်တဲ့ ရောဂါလက္ခဏာက ဖျားတာပါ။

(၉) အားအင်ကုန်ခမ်းနေတာ
ကင်ဆာဆဲလ်တွေက ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ဆဲလ်တွေရဲ့ လုပ်ငန်းတွေကို ဖျက်ဆီးနှောင့်ယှက်တဲ့အတွက် အားကုန်ခမ်းတာ၊ အစားမစားနိုင်တာ၊ ဝိတ်ကျပြီး ပိန်ချုံးလာတာတွေ ဖြစ်နိုင်ပါတယ်။

(၁၀) မောတာ
အသည်းဟာ အပေါ်ဘက်မှာ ရင်ဝမ်းခြားကြွက်သားနဲ့ ကပ်လျက်ရှိပါတယ်။ အထူးသဖြင့် အသည်းရဲ့ ညာဘက်ခြမ်းမှာ အကျိတ်ဖြစ်ရင် ရင်ဝမ်းခြားကြွက်သားကို ဆွသလိုဖြစ်ပြီး ရင်ဝမ်းခြားကြွက်သားရောင်လာတတ်ပါတယ်။ ရင်ဝမ်းခြားကြွက်သားဟာ အသက်ရှူရာမှာ အရေးအကြီးဆုံး ကြွက်သားဖြစ်လို့ မောပန်းတာကို ခံစားရနိုင်ပါတယ်။

အခုပြောပြခဲ့တဲ့ လက္ခဏာတွေထဲကတစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး ခံစားရရင် အသည်းကင်ဆာရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေနိုင်တာမို့ မပေါ့ဆဘဲ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်ရင် ဆေးစစ်ကြည့်ဖို့ အကြံပေးပါရစေ။

Author: Dr.Yee Mon

Previous Post

ညဘက်အိပ်မပျော်ခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများအကြောင်း

Next Post

အိပ်စက်ချိန်မပြည့်ဝခြင်းနှင့် အသည်းကျန်းမာရေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
481
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
896
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
474
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
740
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
433
It's crazy to have a gallbladder out, right?

သည်းခြေအိတ်ထုတ်လိုက်ရရင် ရူးတတ်တယ်ဆိုတာ ဟုတ်လား?

3 years ago
941

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိပ်စက်ချိန်မပြည့်ဝခြင်းနှင့် အသည်းကျန်းမာရေး

ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့

Screen Time တွေကြောင့် ညအိပ်မပျော်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.