fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ရာသီပြင့္ပန္း မႏြမ္းေစခ်င္

141
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/06/2017
in အမျိုးသမီး ကျန်းမာရေး, အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi ျဖင့္ ဖတ္ရန္)

၁။ ရက္ေရွာင္ျခင္း နည္းစနစ္
ရာသီေသြးမေပၚမီ ၇ရက္၊ ရာသီေသြးေပၚၿပီး ၇ရက္အတြင္းမွာပဲ လိင္ဆက္ဆံတာ ျဖစ္ပါတယ္။ ရာသီေသြးေပၚၿပီး ၇ရက္ေနာက္ပိုင္း ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁ ရက္ေတြမွာ အကာအကြယ္မဲ့ လိင္ဆက္ဆံတာကို ေရွာင္ၾကဥ္တဲ့ နည္းလမ္းျဖစ္ပါတယ္။ အဲဒီရက္မွာ လိင္ဆက္ဆံမယ္ဆိုရင္လည္း ကြန္ဒုံးလို အကာအကြယ္ပစၥည္း သုံးရပါမယ္။ ဒီလို ရက္ေရွာင္တဲ့နည္းက လူတစ္ဦးခ်င္းစီအလိုက္ အနည္းငယ္ ကြာျခားမႈရွိႏိုင္တဲ့အတြက္ ၁၀၀ ရာခိုင္ႏႈန္းေတာ့ စိတ္မခ်ရပါဘူး။ အထူးသျဖင့္ ရာသီေသြးေပၚရက္မ်ားတဲ့ အမ်ိဳးသမီးေတြ (ဥပမာ -ေသြးေပၚရက္ ၅ရက္ ၇ရက္ ရွိသူမ်ား) အတြက္ေသြးေပၚၿပီး ၇ရက္ ေသြးမေပၚခင္ ၇ရက္ဟာ ပုံေသတြက္ဖို႔ ခက္တာမို႔ ကေလးရသြားႏိုင္ပါတယ္။

၂။ ကြန္ဒုံး (Condom) အသုံးျပဳျခင္း
ကြန္ဒုံး အသုံးျပဳတာဟာ စနစ္တက် အသုံးျပဳတတ္မယ္ဆိုရင္ ကိုယ္ဝန္အျပင္ ကာလသားေရာဂါနဲ႔ HIV ေရာဂါပိုးေသြးအပါအဝင္ လိင္ကတစ္ဆင့္ ကူးစက္တတ္တဲ့ ေရာဂါေတြကိုပါ မကူးစက္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ကြန္ဒုံးကို  ႏွစ္ထပ္စြပ္တာမ်ိဳး၊ ေလမထုတ္ဘဲ စြပ္တာမ်ိဳး မလုပ္ရပါဘူး။ အဲလိုလုပ္မိရင္ ကြန္ဒုံးေပါက္ၿပဲၿပီး ကေလးရသြားႏိုင္ပါတယ္။ ေနာက္ၿပီး ကြန္ဒုံးကိုေယာက်္ားတန္ဆာလိင္တံမွာ စြပ္ရမွာပါ။ သ႐ုပ္ျပထဲကဆို ငွက္ေပ်ာသီးမွာ စြပ္ထား၊ လက္ညိဳးမွာ စြပ္တာမ်ိဳးလုပ္ၿပီး လိင္ဆက္ဆံလို႔မရပါဘူး။ မဟုတ္ရင္ ကြန္ဒုံးကို ဆရာေျပာသလို ငွက္ေပ်ာသီးမွာ၊ လက္ညိဳးမွာစြပ္ၿပီး လုပ္တာပဲ။ ဒါေပမယ့္ မထူးဘူး ကေလးရတာပဲ ဆိုတဲ့ လူမ်ိဳးေတြလည္းရွိလို႔
ဒီလိုေျပာရတာပါ။

၃။ မိန္းမအဂၤါျပင္ပတြင္ သုတ္လႊတ္ျခင္း
ေယာက်္ားရဲ႕ လိင္ဆႏၵအထြတ္အထိပ္ေရာက္လို႔ သုတ္လႊတ္ခါနီးၿပီဆိုရင္ မိန္းမကိုယ္ရဲ႕ အျပင္ကို သုတ္လႊတ္တာမ်ိဳးနဲ႔လည္း ကိုယ္ဝန္မရေအာင္ ေရွာင္ၾကဥ္ႏိုင္ပါတယ္။ ဒါေပမယ့္ စိတ္မခ်ရပါဘူး။ လိင္တံအျပင္မထုတ္ႏိုင္ခင္မွာ သုတ္ရည္ထြက္သြားရင္ပဲျဖစ္ျဖစ္၊ အတြင္းထဲမွာ ရွိေနတဲ့အခ်ိန္ သုတ္ရည္အနည္းငယ္ စီးဝင္သြားတာေၾကာင့္ပဲျဖစ္ျဖစ္ မေတာ္တဆ ကိုယ္ဝန္ရသြားႏိုင္ပါတယ္။

၄။ သားအိမ္ေခါင္းအစြပ္ သုတ္ပိုးသတ္ေဆး
ဒါကေတာ့ လိင္မဆက္ဆံခင္မွာ ကိုယ့္သားအိမ္ေခါင္းနဲ႔ ေတာ္တဲ့ အစြပ္ကို မိန္းမကိုယ္ထဲထည့္ၿပီး စနစ္တက် စြပ္သုံးရတာပါ။ ဆီးလမ္းေၾကာင္း ပိုးဝင္ႏိုင္တဲ့ အေျခအေနမ်ားပါတယ္။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာေတာ့ အသုံးနည္းပါတယ္။

၅။ ပဋိသေႏၶတားေသာက္ေဆး
(Oral Contraceptive pills)
ပဋိသေႏၶတား  ေသာက္ေဆးမွာ အိစ္ႀထိဳဂ်င္(Oestrogen)နဲ႔ ပ႐ိုဂ်က္စတင္(Progestin) ေဟာ္မုန္းႏွစ္မ်ိဳးပါတဲ့ COC pill ( Combined Oral Contraceptive pills) နဲ႔ ပ႐ိုဂ်က္စတင္ တစ္မ်ိဳးထဲပါတဲ့ တားေဆး Progestin only pills ဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။ အဲဒီ တားေဆးေတြကို ရာသီေသြးေပၚၿပီး ၂ရက္ (ငါးရက္ေျခာက္ရက္) ကစလို႔ တစ္ေန႔တစ္လုံး ပုံမွန္ေသာက္သြားမယ္ဆိုရင္ေဆးေသာက္ေနစဥ္ကာလအတြင္းမွာ လိင္ဆက္ဆံတာအတြက္ ကေလးမရေအာင္ တားဆီးေပးပါတယ္။ ေဆးရပ္လိုက္မယ္ဆိုရင္လည္း ကေလးအလြယ္တကူ ျပန္ရေစပါတယ္။ ဒီလိုေျပာလို႔ ေဆးေသာက္ေနတုန္းက ဆက္ဆံခဲ့တာေၾကာင့္ ေဆးေသာက္ရပ္လိုက္တာနဲ႔ ကေလးရမယ္လို႔ ဆိုလိုတာ မဟုတ္ပါဘူး။ ေဆးေသာက္ရပ္ၿပီးခ်ိန္ လိင္ဆက္ဆံရင္သာ ကေလးရႏိုင္တာ ျဖစ္ပါတယ္။
ေဆးေသာက္စအခ်ိန္မွာ ေခါင္းအုံ၊ ေခါင္းကိုက္တာမ်ိဳး၊ ေသြးဆင္းတာမ်ိဳးေတြျဖစ္တတ္ပါတယ္။ စိုးရိမ္စရာမလိုပါဘူး။ ဆက္ေသာက္ရင္ မွန္သြားပါလိမ့္မယ္။ အသက္အ႐ြယ္မေ႐ြး အသုံးျပဳႏိုင္ပါတယ္။ ကေလးေမြးထားတယ္ဆိုရင္ေတာ့ ေမြးၿပီးလို႔ တစ္လခြဲအၾကာမွာ ေဆးေသာက္ႏိုင္ပါတယ္။ တားေဆးက ေန႔စဥ္မျပတ္ေသာက္ရတာမို႔ ေမ့ၿပီး ေဆးမေသာက္မိတာမ်ိဳးျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ေဆးေသာက္မယ္ဆိုရင္ ေသခ်ာသတိထားၿပီးမွ မေမ့မေလ်ာ့ေသာက္သင့္ပါတယ္။

ဒီတားေဆးက ေရရွည္စြဲသုံးရင္ ေသြးတိုးေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ ေသြးျပစ္ေရာဂါ၊ ေသြးျပန္ေၾကာထုံးေရာဂါ၊ အသည္းေရာဂါ၊ ရင္သားကင္ဆာေရာဂါေတြကို ျဖစ္ေစတတ္တာမို႔ အဲဒီေရာဂါအခံရွိတဲ့သူေတြမွာလည္း ဒီတားေဆး  မေသာက္သုံးသင့္ပါဘူး။ အသက္ ၃၅ ႏွစ္ေက်ာ္ရင္လည္း ေဟာ္မုန္းႏွစ္မ်ိဳးပါတဲ့ တားေဆး မေသာက္သင့္ပါဘူး။ သည္းေျခေက်ာက္တည္တဲ့သူေတြ၊ ေခါင္းတစ္ျခမ္းကိုက္ေရာဂါ ရွိတဲ့သူေတြမွာလည္း ဒီတားေဆးကို မေသာက္သင့္ပါဘူး။

၆။ ပဋိသေႏၶတားထိုးေဆး
ထိုးေဆးမွာ ၁လခံ၊ ၂လခံ၊ ၃လခံ ထိုးေဆးေတြ ရွိပါတယ္။ ျမန္မာႏိုင္ငံမွာ အမ်ားဆုံးသုံးၾကတာက ၃လခံ (Depo, Medroxyprogesterone acetate 150mg) ျဖစ္ပါတယ္။ အဲ့ေဆး တစ္ခါထိုးထားရင္ ၃လအထိကေလးမရေအာင္ ထိထိေရာက္ေရာက္ ကာကြယ္ေပးႏိုင္တဲ့ေဆး ျဖစ္ပါတယ္။ ၃လတစ္ခါပုံမွန္ထိုးေပးရပါမယ္။ အလြန္ဆုံး ၁လ ေနာက္က်လို႔ရပါတယ္။ ေဆးထိုးၿပီးရင္ ေသြးဆင္းနည္းတာ၊
မမွန္တာ၊ ေသြးမေပၚေတာ့တာမ်ိဳး ျဖစ္တတ္ပါတယ္။ ေဆးေၾကာင့္ ေခါင္းကိုက္တာ၊ ကိုယ္အေလးခ်ိန္တိုးလာတာမ်ိဳးလည္း ျဖစ္ပါတယ္။ ကေလးေမြးၿပီးတဲ့ မိခင္ေတြမွာလည္း ေမြးၿပီး ၁လခြဲ အၾကာမွာ စထိုးႏိုင္ပါတယ္။ ေဆးရပ္ၿပီးရင္ ကေလးခ်က္ခ်င္းလိုခ်င္လို႔မရပါဘူး။ ကေလးရဖို႔ လအနည္းငယ္ ေစာင့္ရပါေသးတယ္။ အ႐ြယ္မေ႐ြး သုံးႏိုင္ပါတယ္။ တခ်ိဳ႕က ကိုယ္ဝန္ရွိေနတဲ့အခ်ိန္ ဒီပဋိသေႏၶတား ထိုးေဆးထိုးလိုက္ရင္ ကေလးပ်က္ၾကမယ္ ထင္တတ္ၾကပါတယ္။ အဲဒါ မွားပါတယ္။ ကိုယ္ဝန္ရွိေနရင္ေတာင္မွ ဒီေဆးထိုးလို႔ ကေလးမပ်က္ပါဘူး။ေဆးက ကေလးရဲ႕ ခႏၶာကိုယ္ ခ်ိဳ႕ယြင္းတာေလာက္ပဲ ျဖစ္မွာပါ။ အရင္တုန္းက ကိုယ္ဝန္ၿမဲေအာင္ဆိုၿပီး ကိုယ္ဝန္ႏုစဥ္ ပထမသုံးလအတြင္းမွာ ထိုးလို႔ရတယ္လို႔ေတာင္ေျပာၾကပါေသးတယ္။ ဒါေပမယ့္ ဒီေဆးေၾကာင့္ ကိုယ္ဝန္မပ်က္ေပမယ့္ ကိုယ္ဝန္ၿမဲေစတယ္ဆိုတာ ခိုင္ခိုင္မာမာသက္ေသမရွိတာေၾကာင့္ ဆက္မထိုးၾကေတာ့တာပါ။ ဒါကိုမွ ကိုယ္ဝန္ရွိတုန္း
ဒီေဆးဆက္ထိုးခ်င္သပဆိုရင္ ထိုးၾက၊ ကေလးကေတာ့ ပ်က္မွာ မဟုတ္ဘူးေနာ္။

၇။ အေရးေပၚ ပဋိသေႏၶတားေသာက္ေဆး
အေရးေပၚ ပဋိသေႏၶတားေသာက္ေဆး(Emergency Contraceptive Pill)ကိုေတာ့ အကာအကြယ္လည္းမသုံးမိ၊ တားေဆးလည္းမထိုး၊ မေသာက္ထားမိတဲ့ မ်ိဳးဥေႂကြခ်ိန္အတြင္းမွာ လိင္ဆက္ဆံမိခဲ့ရင္ ကိုယ္ဝန္မရေအာင္ အေရးေပၚသုံးရတဲ့ ေဟာ္မုန္းေဆး အျပင္းစားတစ္ခု ျဖစ္ပါတယ္။ လိင္ဆက္ဆံၿပီး ၇၂ နာရီ အတြင္းမွာ ပထမတစ္လုံးကို ေသာက္ရတာျဖစ္ၿပီး အဲဒီ ပထမအလုံးေသာက္ၿပီး ၁၂ နာရီ အၾကာမွာ ေနာက္တစ္လုံး ထပ္ေသာက္ရတာ ျဖစ္ပါတယ္။ စိတ္မေကာင္းစရာတစ္ခုက အခုေခတ္လူငယ္ေတြၾကားမွာ ဒီ Contraceptive pills ကို သုံးခ်င္သလို သုံးေနၾကတာေတြကို ၾကားသိရတာပါပဲ။ ဒီလို အေရးေပၚမွ သုံးရမယ့္ေဆးကို ဆိုင္ေတြက အလြယ္တကူဝယ္ၿပီးေတာ့ လိင္ဆက္ဆံၿပီးတဲ့ အခ်ိန္တိုင္းမွာ တိုက္ေန၊ ေသာက္ေနၾကတာကိုလည္း ၾကားေန၊ ေတြ႕ေနရပါတယ္။ ဒီအေရးေပၚေဆးကို အဲ့လိုေသာက္ရင္ အဲ့မိန္းကေလးမွာ ေဟာ္မုန္းဆိုင္ရာ အေျပာင္းအလဲေတြ ႀကီးႀကီးမားမားျဖစ္ၿပီး ဒုကၡေရာက္သြားတတ္ပါတယ္။ ဒီေဆးဟာ ပုံမွန္တားေဆးမွာပါတဲ့ ေဟာ္မုန္းေတြကိုပဲ ျပင္းအားျမႇင့္ထားတာ ျဖစ္ပါတယ္။ တစ္လကို တစ္ႀကိမ္ထက္ ပိုမသုံးသင့္ပါဘူး။ အေရးေပၚတားေဆး ဆိုတဲ့အတိုင္း အေရးေပၚအေျခအေန မွသာ သုံးသင့္ပါတယ္။ ပုံမွန္တားေဆးထက္ ေဘးထြက္ဆိုးက်ိဳး ပိုမ်ားပါတယ္။ေနာက္ၿပီး ပိုအေရးႀကီးတာက တစ္လထဲမွာ အဲဒီေဆးကို အမ်ားႀကီးသုံးမိရင္ ေဟာ္မုန္းဓာတ္ေတြေဖာက္ျပန္ၿပီး ကေလးမရေအာင္ မတားႏိုင္ေတာ့ဘဲ ကိုယ္ဝန္ရွိသြားေစတတ္ပါတယ္။

၈။ လက္ေမာင္းအေရျပားေအာက္ ပစၥည္းထည့္ျခင္း
ဒီနည္းစနစ္ကေတာ့ ေဟာ္မုန္းပါတဲ့အေခ်ာင္းေလး တစ္ေခ်ာင္းကေန အထက္ကို မိန္းမရဲ႕ လက္ေမာင္းအေပၚပိုင္း အေရျပားေအာက္မွာ ထည့္သြင္းျမႇဳပ္ႏွံထားတဲ့ နည္းစနစ္ ပါ။ အသက္အ႐ြယ္မေ႐ြး ထည့္လို႔ရပါတယ္။ ကေလးေမြးၿပီးတဲ့သူေတြမွာလည္း ကေလးေမြးၿပီး တစ္လခြဲကစလို႔ ထည့္သြင္းထားႏိုင္ပါတယ္။ ေနရာမွန္ရင္ အနည္းဆုံး ၃ ႏွစ္ကေန ၇ ႏွစ္အထိ ပဋိသေႏၶမရေအာင္ တားဆီးေပးပါတယ္။ ကေလးျပန္လိုခ်င္ရင္လည္း အဲဒီျမႇဳပ္ႏွံထားတဲ့ အေခ်ာင္းေလးေတြကို ကြၽမ္းက်င္သူနဲ႔ အခ်ိန္မေ႐ြး ထုတ္ပစ္ႏိုင္ၿပီး အခ်ိန္ေစာင့္စရာမလိုဘဲ ကိုယ္ဝန္ခ်က္ခ်င္းရေစႏိုင္ပါတယ္။ ဒီပစၥည္းထည့္ျခင္းေၾကာင့္ ေသြးဆင္းမ်ားတာ၊ မအီမသာျဖစ္တာ၊ေခါင္းအုံ၊ ေခါင္းကိုက္တာေတြ၊ လိင္စိတ္နည္းတာေတြ ျဖစ္ႏိုင္ေပမယ့္ အႏၲရာယ္ျဖစ္ေအာင္ မျဖစ္ပါဘူး။

၉။ သားအိမ္တြင္း ပစၥည္းထည့္ျခင္း
သားအိမ္ထဲ ပစၥည္းထည့္တဲ့ေနရာမွာ ေသးငယ္ေပ်ာ့ေပ်ာင္းတဲ့ ေၾကးနီနဲ႔လုပ္ထားတဲ့ပစၥည္းကို ထည့္ထားရတာပါ။  IUCD (Intrauterine Contraceptive Devices) ထည့္တယ္လို႔ ေခၚၾကတယ္။ ကေလးေမြးၿပီးတဲ့အခ်ိန္ အပါအဝင္ ကြၽမ္းက်င္သူနဲ႔ အခ်ိန္မေ႐ြးထည့္ႏိုင္ပါတယ္။ ထည့္တဲ့အခ်ိန္မွာ နည္းနည္းနာတတ္ေပမယ့္ ေရရွည္အတြက္ အဆင္ေျပပါတယ္။ ေၾကးနီ Copper T Cu 380A ဆိုရင္ ၅ႏွစ္အထက္အထိ သုံးလို႔ရပါတယ္။ ဒါေပမယ့္ သူက ေသြးဆင္းမ်ားတတ္ပါတယ္။ ရက္အၾကာႀကီးဆင္းတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ ေသြးဆင္းမ်ားတာေၾကာင့္ေသြးအားနည္းေရာဂါလည္း ျဖစ္တတ္ပါတယ္။ ေဟာ္မုန္းထည့္ထားတဲ့ ပစၥည္းကေတာ့ေသြးဆင္းတာသိပ္မရွိလို႔ ေသြးအားနည္းတာ မျဖစ္ႏိုင္ပါဘူး။ ဒီပစၥည္းထည့္ထားမယ္ဆိုရင္ အခန႔္မသင့္ရင္ ထြက္က်သြားတတ္တဲ့အတြက္ သူ႔ရဲ႕ အၿမီးျဖစ္တဲ့ ႀကိဳးကို စမ္းေပးဖို႔ေတာ့ လိုပါတယ္။ ႀကိဳးမစမ္းမိေတာ့ရင္ တတ္ကြၽမ္းနားလည္သူနဲ႔ ျပန္ျပသင့္ပါတယ္။
ေနာက္ထပ္ဆိုးက်ိဳးတစ္ခုက သေႏၶေနရာမွားတည္တာမ်ိဳး ျဖစ္တတ္တဲ့အတြက္ ရာသီေသြးပုံမွန္ေပၚရာကေန ထိမ္သြားၿပီး ဗိုက္ကလည္း ေအာင့္ေအာင့္ေနတယ္ဆိုရင္ မေပါ့ဆဘဲေဆး႐ုံ၊ ေဆးခန္းကို ခ်က္ခ်င္းျပသၿပီး စစ္ေဆးၾကည့္သင့္ပါတယ္။ သေႏၶေနရာမွားတည္တာဟုတ္၊မဟုတ္ သိႏိုင္တဲ့ အလြယ္ဆုံးနည္းကေတာ့
-ပစၥည္းထည့္ထားလ်က္နဲ႔ (ႀကိဳးစလည္းမိတယ္) ေသြးထိမ္ေနၿပီဆိုရင္ ကိုယ္ဝန္ရွိ၊ မရွိ ဆီးစစ္ၾကည့္ပါ။
-ဆီးမွာ ႏွစ္ေၾကာင္းေပၚေနၿပီဆိုရင္ သားဖြားမီးယပ္ (သို႔) နီးစပ္ရာေဆး႐ုံသို႔ အျမန္ဆုံး သြားေရာက္စစ္ေဆးခံပါ။

ဗိုက္ေအာင့္တဲ့အထိ မေစာင့္ပါနဲ႔။ ဘာလို႔လဲဆိုေတာ့ တခ်ိဳ႕သေႏၶေနရာမွားတည္တဲ့သူေတြက အဲဒီသေႏၶဥႀကီးလာလို႔ သားဥႁပြန္ကို ေဖာက္ထြက္တဲ့အခ်ိန္မွ အျပင္းအထန္ ဗိုက္ေအာင့္တာမ်ိဳး ရွိတတ္လို႔ပါပဲ။ အဲဒီအခ်ိန္မွဆိုရင္ အေရးေပၚအေျခအေန ျဖစ္သြားပါၿပီ။ ဒါေၾကာင့္ သေႏၶေနရာမွားတည္တယ္လို႔ သံသယရွိရင္ ဆီးစစ္ၾကည့္ၿပီး သက္ဆိုင္ရာေဆး႐ုံ၊ ေဆးခန္းမွာ သြားေရာက္ျပသဖို႔ မေမ့ၾကပါနဲ႔။ မေပါ့ဆၾကပါနဲ႔။ အသက္အႏၲရာယ္ျဖစ္ႏိုင္တဲ့ အေျခအေနတစ္ခုပါ။ လိင္ကတစ္ဆင့္ ကူးစက္တတ္တဲ့ ေရာဂါရွိတဲ့သူေတြ၊ သားအိမ္အေနအထားမမွန္တဲ့သူေတြ၊ သားအိမ္ေခါင္းေရာင္ေနတဲ့သူမွာ ဒီ IUCD ကို မထည့္သင့္ပါဘူး။

၁၀။ သားေၾကာျဖတ္ျခင္း
သားေၾကာျဖတ္တယ္ဆိုတဲ့ေနရာမွာ ေယာက်္ားရဲ႕ သုတ္ႁပြန္ကို ျဖတ္တာရွိသလို မိန္းမရဲ႕ သားဥႁပြန္ကို ျဖတ္တာလည္း ရွိပါတယ္။ ဒီလို သားေၾကာျဖတ္တာက ျပန္ျပင္ခ်င္လို႔ ကေလးျပန္လိုခ်င္လို႔ မရေတာ့တာမို႔ မျဖတ္ခင္ေသခ်ာစဥ္းစားၿပီးမွ လုပ္ဖို႔လိုပါတယ္။ ဒိလိုသားေၾကာျဖတ္ဖို႔အတြက္ အေသးစားခြဲစိတ္မႈေလး လုပ္ရမွာပါ။ ခြဲၿပီးစမွာ အနည္းငယ္နာတာ ၊ေရာင္တာရွိတတ္ပါတယ္။ ေရရွည္အတြက္ အႏၲရာယ္မရွိသလို လိင္စိတ္နဲ႔စြမ္းေဆာင္ရည္ကို မထိခိုက္ေစႏိူင္ပါဘူး။ အမ်ိဳးသမီးေတြမွာေတာ့ သားေၾကာျဖတ္ၿပီး ၃လ အၾကာအထိ တျခားသားဆက္ျခားနည္းစနစ္တစ္ခုခုကို သုံးသင့္ပါတယ္။ ၃လေနာက္ပိုင္းမွာေတာ့ စိတ္ခ်ရပါၿပီ။ ဒါေပမယ့္ ၁၀၀ ရာႏႈန္းစိတ္ခ်ရတာေတာ့ မဟုတ္ပါ။ သားဥႁပြန္ကို ျဖတ္ေတာက္ၿပီးလုံေအာင္ ပိတ္ခ်ည္ထားတဲ့ႀကိဳးက မေတာ္တဆေျပသြားတာ၊ ျပဳတ္ထြက္သြားတာမ်ိဳးဆိုရင္ ကေလးျပန္ရသြားႏိူင္ပါေသးတယ္။

၁၁။ ကေလးအား ႏို႔မျပတ္တိုက္ျခင္းနည္း
ကေလးက အသက္ ၆လေအာက္မွာပဲရွိေသးရင္ ေန႔ေရာညပါ ႏို႔မျပတ္ေအာင္ တိုက္ေကြၽးမယ္ဆိုရင္လည္း သားဥေႂကြတာကို တားဆီးေပးႏိူင္တဲ့အတြက္ ကိုယ္ဝန္မရေအာင္ ကာကြယ္ေပးႏိူင္ပါတယ္။ ဒါေပမယ့္ ဒီနည္းစနစ္ဟာ အခန႔္မသင့္ရင္ ကိုယ္ဝန္ရသြားတတ္တာမို႔ ကေလး၊ တစ္လခြဲျပည့္တာနဲ႔ တျခား ပဋိသေႏၶတားေဆး၊ ထိုးေဆးေတာ့ မသုံးသင့္ပါဘူး။ေသြးျပန္ေၾကာပိတ္တယ္။ ေသြးခဲဆို႔တတ္ပါတယ္။

၁၂။ ေနာက္ဆုံးေပၚ ေယာက်္ားပဋိသေႏၶတားေဆး
ဒီေဆးကေတာ့ ေပၚတာမၾကာေသးတဲ့အတြက္ က်ေနာ္တို႔ျမန္မာႏိူင္ငံမွာ မရေသးပါဘူး။ ဒီအသစ္တီထြင္ ထုတ္လုပ္လိုက္တဲ့ ေယာက်္ားပဋိသေႏၶတားေဆးမွာ ေဟာ္မုန္းပါဝင္မႈမရွိဘဲ ထိုးေဆးအေနနဲ႔ေရာ၊ ေသာက္ေဆးအေနနဲ႔ပါ အသုံးျပဳႏိူင္မွာျဖစ္ပါတယ္။ ထိုးေဆးကေတာ့ေယာက်္ားရဲ႕သုတ္ပို႔ႁပြန္ထဲကို ထိုးရမွာျဖစ္ၿပီး သုက္ပိုးေတြကို ေရွ႕ဆက္မထြက္ႏိူင္ဘဲေနာက္ျပန္သြားၿပီး ပ်က္စီးသြားေအာင္ ျပဳလုပ္ေပးတဲ့အတြက္ ကေလးမရႏိူင္ေတာ့ပါ။ တစ္ခါထိုးထားရင္ ႏွစ္နဲ႔ခ်ီၿပီးခံပါတယ္။ တခ်ိဳ႕ေဆးေတြကေတာ့ သုတ္လႊတ္တာကို တားေဆးေပမယ့္ ဆႏၵၿပီးေျမာက္မႈ (Orgasm) ရေအာင္စီမံထားေပးပါတယ္။ သုက္ပိုးေတြကိုသာ ဟန႔္တားၿပီး က်န္တဲ့အရည္အေသြးေတြကိုေတာ့ စီးထြက္ခြင့္ျပဳမွာမို႔ နာက်ဥ္မႈကိုလည္း မခံစားရေစႏိူင္ဘူးလို႔လည္း ဆိုပါတယ္။ ေသာက္ေဆးဟာလည္း ေဟာ္မုန္းမပါဝင္တာမို႔ က်န္းမာေရးဆိုးက်ိဳး မရွိႏိူင္ဘူးလို႔ ဆိုပါတယ္။
ဒီေဆးေတြကို ကမာၻ႔ေယာက်္ားလူဦးေရရဲ႕ တစ္ဝက္ေက်ာ္ေလာက္ကအသုံးျပဳၾကလိမ့္မယ္လို႔ ထုတ္လုပ္သူေတြက ေမွွ်ာ္မွန္းထားတယ္လို႔ သိရပါတယ္။ ဒီေဆးေၾကာင့္ အလႊာပါးေပမယ့္ ကမာၻ႔ျခားသလိုခံစားေနရတဲ့ ကြန္ဒုံးအသုံးျပဳသူ ေယာက်္ားေလးအတြက္လည္း အဆင္ေျပပါလိမ့္မယ္။ ဒါေပမယ့္ ကူးစက္ေရာဂါေတြကို ကာကြယ္ႏိူင္ဖို႔ေတာ့ ကြန္ဒုံးဆက္ရွိေနဦးမွာပါ။ အမ်ိဳးသမီးေတြအေနနဲ႔လည္း သေႏၶတား ေဟာ္မုန္းေဆးေတြ ေသာက္ရ၊ထိုးရလို႔ ေရာဂါအမ်ိဳးမ်ိဳးရတဲ့ေဘးကေန ကင္းေဝးေစမွာမို႔ ဒီက်ားသေႏၶတားေဆးက ဝမ္းေျမာက္ဖြယ္ရာ သတင္းေကာင္း တစ္ခုျဖစ္မွာပါ။ ဒီေလာက္ဆိုရင္ကို သားဆက္ျခားနည္း၊ ကိုယ္ဝန္တားနည္းေတြကို သေဘာေပါက္လာၿပီလို႔ ယူဆပါတယ္။

နိဂုံးခ်ဳပ္အေနနဲ႔ေျပာရရင္ က်ေနာ္တို႔ ျမန္မာအမ်ိဳးသမီးေတြအေနနဲ႔ ႐ိုးရာယဥ္ေက်းမႈအရ အရွက္တရားရွိရွိနဲ႔ ကိုယ္ရဲ႕အပ်ိဳစင္ဘဝကို အိမ္ေထာင္မက်ခင္အထိ ထိန္းသိမ္းၾကေစလိုပါတယ္။ အေၾကာင္းေၾကာင္းေၾကာင့္ အပ်ိဳစင္ဘဝကို မထိန္းသိမ္းႏိူင္ဘူးဆိုရင္လည္း ကိုယ္ဝန္ဖ်က္ခ်ရတာမ်ိဳး၊ အရွက္နဲ႔ အသက္လဲရတာမ်ိဳးမျဖစ္ေအာင္ က်ေနာ္ေျပာခဲ့တဲ့ ပဋိသေႏၶတားနည္းလမ္းေတြထဲက ကိုယ္နဲ႔အဆင္ေျပမယ့္ နည္းလမ္းကို အသုံးျပဳၿပီး ကိုယ္ဝန္မရေအာင္တားဆီးကာကြယ္သင့္ပါေၾကာင္း၊ ကိုယ္ဝန္ရမွ ဖ်က္ခ်တာမ်ိဳး မလုပ္ၾကေစလိုေၾကာင္း ေျပာၾကားရင္း က်ေနာ့္ရဲ႕ ရာသီပြင့္လန္း မႏြမ္းေစခ်င္ ဆိုတဲ့ေဆာင္းပါးကို နိဂုံးခ်ဳပ္လိုက္ပါရေစဗ်ာ။

Author: ေဒါက္တာေနလင္းေအာင္ (ေပ်ာ္ဘြယ္)

(Unicode)

၁။ ရက်ရှောင်ခြင်း နည်းစနစ်
ရာသီသွေးမပေါ်မီ ၇ရက်၊ ရာသီသွေးပေါ်ပြီး ၇ရက်အတွင်းမှာပဲ လိင်ဆက်ဆံတာ ဖြစ်ပါတယ်။ ရာသီသွေးပေါ်ပြီး ၇ရက်နောက်ပိုင်း ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁ ရက်တွေမှာ အကာအကွယ်မဲ့ လိင်ဆက်ဆံတာကို ရှောင်ကြဉ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အဲဒီရက်မှာ လိင်ဆက်ဆံမယ်ဆိုရင်လည်း ကွန်ဒုံးလို အကာအကွယ်ပစ္စည်း သုံးရပါမယ်။ ဒီလို ရက်ရှောင်တဲ့နည်းက လူတစ်ဦးချင်းစီအလိုက် အနည်းငယ် ကွာခြားမှုရှိနိုင်တဲ့အတွက် ၁၀၀ ရာခိုင်နှုန်းတော့ စိတ်မချရပါဘူး။ အထူးသဖြင့် ရာသီသွေးပေါ်ရက်များတဲ့ အမျိုးသမီးတွေ (ဥပမာ -သွေးပေါ်ရက် ၅ရက် ၇ရက် ရှိသူများ) အတွက်သွေးပေါ်ပြီး ၇ရက် သွေးမပေါ်ခင် ၇ရက်ဟာ ပုံသေတွက်ဖို့ ခက်တာမို့ ကလေးရသွားနိုင်ပါတယ်။

၂။ ကွန်ဒုံး (Condom) အသုံးပြုခြင်း
ကွန်ဒုံး အသုံးပြုတာဟာ စနစ်တကျ အသုံးပြုတတ်မယ်ဆိုရင် ကိုယ်ဝန်အပြင် ကာလသားရောဂါနဲ့ HIV ရောဂါပိုးသွေးအပါအဝင် လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ မကူးစက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကွန်ဒုံးကို  နှစ်ထပ်စွပ်တာမျိုး၊ လေမထုတ်ဘဲ စွပ်တာမျိုး မလုပ်ရပါဘူး။ အဲလိုလုပ်မိရင် ကွန်ဒုံးပေါက်ပြဲပြီး ကလေးရသွားနိုင်ပါတယ်။ နောက်ပြီး ကွန်ဒုံးကိုယောကျ်ားတန်ဆာလိင်တံမှာ စွပ်ရမှာပါ။ သရုပ်ပြထဲကဆို ငှက်ပျောသီးမှာ စွပ်ထား၊ လက်ညိုးမှာ စွပ်တာမျိုးလုပ်ပြီး လိင်ဆက်ဆံလို့မရပါဘူး။ မဟုတ်ရင် ကွန်ဒုံးကို ဆရာပြောသလို ငှက်ပျောသီးမှာ၊ လက်ညိုးမှာစွပ်ပြီး လုပ်တာပဲ။ ဒါပေမယ့် မထူးဘူး ကလေးရတာပဲ ဆိုတဲ့ လူမျိုးတွေလည်းရှိလို့
ဒီလိုပြောရတာပါ။

၃။ မိန်းမအင်္ဂါပြင်ပတွင် သုတ်လွှတ်ခြင်း
ယောကျ်ားရဲ့ လိင်ဆန္ဒအထွတ်အထိပ်ရောက်လို့ သုတ်လွှတ်ခါနီးပြီဆိုရင် မိန်းမကိုယ်ရဲ့ အပြင်ကို သုတ်လွှတ်တာမျိုးနဲ့လည်း ကိုယ်ဝန်မရအောင် ရှောင်ကြဉ်နိုင်ပါတယ်။ ဒါပေမယ့် စိတ်မချရပါဘူး။ လိင်တံအပြင်မထုတ်နိုင်ခင်မှာ သုတ်ရည်ထွက်သွားရင်ပဲဖြစ်ဖြစ်၊ အတွင်းထဲမှာ ရှိနေတဲ့အချိန် သုတ်ရည်အနည်းငယ် စီးဝင်သွားတာကြောင့်ပဲဖြစ်ဖြစ် မတော်တဆ ကိုယ်ဝန်ရသွားနိုင်ပါတယ်။

၄။ သားအိမ်ခေါင်းအစွပ် သုတ်ပိုးသတ်ဆေး
ဒါကတော့ လိင်မဆက်ဆံခင်မှာ ကိုယ့်သားအိမ်ခေါင်းနဲ့ တော်တဲ့ အစွပ်ကို မိန်းမကိုယ်ထဲထည့်ပြီး စနစ်တကျ စွပ်သုံးရတာပါ။ ဆီးလမ်းကြောင်း ပိုးဝင်နိုင်တဲ့ အခြေအနေများပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ အသုံးနည်းပါတယ်။

၅။ ပဋိသန္ဓေတားသောက်ဆေး
(Oral Contraceptive pills)
ပဋိသန္ဓေတား  သောက်ဆေးမှာ အိစ်ထြိုဂျင်(Oestrogen)နဲ့ ပရိုဂျက်စတင်(Progestin) ဟော်မုန်းနှစ်မျိုးပါတဲ့ COC pill ( Combined Oral Contraceptive pills) နဲ့ ပရိုဂျက်စတင် တစ်မျိုးထဲပါတဲ့ တားဆေး Progestin only pills ဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲဒီ တားဆေးတွေကို ရာသီသွေးပေါ်ပြီး ၂ရက် (ငါးရက်ခြောက်ရက်) ကစလို့ တစ်နေ့တစ်လုံး ပုံမှန်သောက်သွားမယ်ဆိုရင်ဆေးသောက်နေစဉ်ကာလအတွင်းမှာ လိင်ဆက်ဆံတာအတွက် ကလေးမရအောင် တားဆီးပေးပါတယ်။ ဆေးရပ်လိုက်မယ်ဆိုရင်လည်း ကလေးအလွယ်တကူ ပြန်ရစေပါတယ်။ ဒီလိုပြောလို့ ဆေးသောက်နေတုန်းက ဆက်ဆံခဲ့တာကြောင့် ဆေးသောက်ရပ်လိုက်တာနဲ့ ကလေးရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဆေးသောက်ရပ်ပြီးချိန် လိင်ဆက်ဆံရင်သာ ကလေးရနိုင်တာ ဖြစ်ပါတယ်။
ဆေးသောက်စအချိန်မှာ ခေါင်းအုံ၊ ခေါင်းကိုက်တာမျိုး၊ သွေးဆင်းတာမျိုးတွေဖြစ်တတ်ပါတယ်။ စိုးရိမ်စရာမလိုပါဘူး။ ဆက်သောက်ရင် မှန်သွားပါလိမ့်မယ်။ အသက်အရွယ်မရွေး အသုံးပြုနိုင်ပါတယ်။ ကလေးမွေးထားတယ်ဆိုရင်တော့ မွေးပြီးလို့ တစ်လခွဲအကြာမှာ ဆေးသောက်နိုင်ပါတယ်။ တားဆေးက နေ့စဉ်မပြတ်သောက်ရတာမို့ မေ့ပြီး ဆေးမသောက်မိတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆေးသောက်မယ်ဆိုရင် သေချာသတိထားပြီးမှ မမေ့မလျော့သောက်သင့်ပါတယ်။

ဒီတားဆေးက ရေရှည်စွဲသုံးရင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးပြစ်ရောဂါ၊ သွေးပြန်ကြောထုံးရောဂါ၊ အသည်းရောဂါ၊ ရင်သားကင်ဆာရောဂါတွေကို ဖြစ်စေတတ်တာမို့ အဲဒီရောဂါအခံရှိတဲ့သူတွေမှာလည်း ဒီတားဆေး  မသောက်သုံးသင့်ပါဘူး။ အသက် ၃၅ နှစ်ကျော်ရင်လည်း ဟော်မုန်းနှစ်မျိုးပါတဲ့ တားဆေး မသောက်သင့်ပါဘူး။ သည်းခြေကျောက်တည်တဲ့သူတွေ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ရှိတဲ့သူတွေမှာလည်း ဒီတားဆေးကို မသောက်သင့်ပါဘူး။

၆။ ပဋိသန္ဓေတားထိုးဆေး
ထိုးဆေးမှာ ၁လခံ၊ ၂လခံ၊ ၃လခံ ထိုးဆေးတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာ အများဆုံးသုံးကြတာက ၃လခံ (Depo, Medroxyprogesterone acetate 150mg) ဖြစ်ပါတယ်။ အဲ့ဆေး တစ်ခါထိုးထားရင် ၃လအထိကလေးမရအောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တဲ့ဆေး ဖြစ်ပါတယ်။ ၃လတစ်ခါပုံမှန်ထိုးပေးရပါမယ်။ အလွန်ဆုံး ၁လ နောက်ကျလို့ရပါတယ်။ ဆေးထိုးပြီးရင် သွေးဆင်းနည်းတာ၊
မမှန်တာ၊ သွေးမပေါ်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ဆေးကြောင့် ခေါင်းကိုက်တာ၊ ကိုယ်အလေးချိန်တိုးလာတာမျိုးလည်း ဖြစ်ပါတယ်။ ကလေးမွေးပြီးတဲ့ မိခင်တွေမှာလည်း မွေးပြီး ၁လခွဲ အကြာမှာ စထိုးနိုင်ပါတယ်။ ဆေးရပ်ပြီးရင် ကလေးချက်ချင်းလိုချင်လို့မရပါဘူး။ ကလေးရဖို့ လအနည်းငယ် စောင့်ရပါသေးတယ်။ အရွယ်မရွေး သုံးနိုင်ပါတယ်။ တချို့က ကိုယ်ဝန်ရှိနေတဲ့အချိန် ဒီပဋိသန္ဓေတား ထိုးဆေးထိုးလိုက်ရင် ကလေးပျက်ကြမယ် ထင်တတ်ကြပါတယ်။ အဲဒါ မှားပါတယ်။ ကိုယ်ဝန်ရှိနေရင်တောင်မှ ဒီဆေးထိုးလို့ ကလေးမပျက်ပါဘူး။ဆေးက ကလေးရဲ့ ခန္ဓာကိုယ် ချို့ယွင်းတာလောက်ပဲ ဖြစ်မှာပါ။ အရင်တုန်းက ကိုယ်ဝန်မြဲအောင်ဆိုပြီး ကိုယ်ဝန်နုစဉ် ပထမသုံးလအတွင်းမှာ ထိုးလို့ရတယ်လို့တောင်ပြောကြပါသေးတယ်။ ဒါပေမယ့် ဒီဆေးကြောင့် ကိုယ်ဝန်မပျက်ပေမယ့် ကိုယ်ဝန်မြဲစေတယ်ဆိုတာ ခိုင်ခိုင်မာမာသက်သေမရှိတာကြောင့် ဆက်မထိုးကြတော့တာပါ။ ဒါကိုမှ ကိုယ်ဝန်ရှိတုန်း
ဒီဆေးဆက်ထိုးချင်သပဆိုရင် ထိုးကြ၊ ကလေးကတော့ ပျက်မှာ မဟုတ်ဘူးနော်။

၇။ အရေးပေါ် ပဋိသန္ဓေတားသောက်ဆေး
အရေးပေါ် ပဋိသန္ဓေတားသောက်ဆေး(Emergency Contraceptive Pill)ကိုတော့ အကာအကွယ်လည်းမသုံးမိ၊ တားဆေးလည်းမထိုး၊ မသောက်ထားမိတဲ့ မျိုးဥကြွေချိန်အတွင်းမှာ လိင်ဆက်ဆံမိခဲ့ရင် ကိုယ်ဝန်မရအောင် အရေးပေါ်သုံးရတဲ့ ဟော်မုန်းဆေး အပြင်းစားတစ်ခု ဖြစ်ပါတယ်။ လိင်ဆက်ဆံပြီး ၇၂ နာရီ အတွင်းမှာ ပထမတစ်လုံးကို သောက်ရတာဖြစ်ပြီး အဲဒီ ပထမအလုံးသောက်ပြီး ၁၂ နာရီ အကြာမှာ နောက်တစ်လုံး ထပ်သောက်ရတာ ဖြစ်ပါတယ်။ စိတ်မကောင်းစရာတစ်ခုက အခုခေတ်လူငယ်တွေကြားမှာ ဒီ Contraceptive pills ကို သုံးချင်သလို သုံးနေကြတာတွေကို ကြားသိရတာပါပဲ။ ဒီလို အရေးပေါ်မှ သုံးရမယ့်ဆေးကို ဆိုင်တွေက အလွယ်တကူဝယ်ပြီးတော့ လိင်ဆက်ဆံပြီးတဲ့ အချိန်တိုင်းမှာ တိုက်နေ၊ သောက်နေကြတာကိုလည်း ကြားနေ၊ တွေ့နေရပါတယ်။ ဒီအရေးပေါ်ဆေးကို အဲ့လိုသောက်ရင် အဲ့မိန်းကလေးမှာ ဟော်မုန်းဆိုင်ရာ အပြောင်းအလဲတွေ ကြီးကြီးမားမားဖြစ်ပြီး ဒုက္ခရောက်သွားတတ်ပါတယ်။ ဒီဆေးဟာ ပုံမှန်တားဆေးမှာပါတဲ့ ဟော်မုန်းတွေကိုပဲ ပြင်းအားမြှင့်ထားတာ ဖြစ်ပါတယ်။ တစ်လကို တစ်ကြိမ်ထက် ပိုမသုံးသင့်ပါဘူး။ အရေးပေါ်တားဆေး ဆိုတဲ့အတိုင်း အရေးပေါ်အခြေအနေ မှသာ သုံးသင့်ပါတယ်။ ပုံမှန်တားဆေးထက် ဘေးထွက်ဆိုးကျိုး ပိုများပါတယ်။နောက်ပြီး ပိုအရေးကြီးတာက တစ်လထဲမှာ အဲဒီဆေးကို အများကြီးသုံးမိရင် ဟော်မုန်းဓာတ်တွေဖောက်ပြန်ပြီး ကလေးမရအောင် မတားနိုင်တော့ဘဲ ကိုယ်ဝန်ရှိသွားစေတတ်ပါတယ်။

၈။ လက်မောင်းအရေပြားအောက် ပစ္စည်းထည့်ခြင်း
ဒီနည်းစနစ်ကတော့ ဟော်မုန်းပါတဲ့အချောင်းလေး တစ်ချောင်းကနေ အထက်ကို မိန်းမရဲ့ လက်မောင်းအပေါ်ပိုင်း အရေပြားအောက်မှာ ထည့်သွင်းမြှုပ်နှံထားတဲ့ နည်းစနစ် ပါ။ အသက်အရွယ်မရွေး ထည့်လို့ရပါတယ်။ ကလေးမွေးပြီးတဲ့သူတွေမှာလည်း ကလေးမွေးပြီး တစ်လခွဲကစလို့ ထည့်သွင်းထားနိုင်ပါတယ်။ နေရာမှန်ရင် အနည်းဆုံး ၃ နှစ်ကနေ ၇ နှစ်အထိ ပဋိသန္ဓေမရအောင် တားဆီးပေးပါတယ်။ ကလေးပြန်လိုချင်ရင်လည်း အဲဒီမြှုပ်နှံထားတဲ့ အချောင်းလေးတွေကို ကျွမ်းကျင်သူနဲ့ အချိန်မရွေး ထုတ်ပစ်နိုင်ပြီး အချိန်စောင့်စရာမလိုဘဲ ကိုယ်ဝန်ချက်ချင်းရစေနိုင်ပါတယ်။ ဒီပစ္စည်းထည့်ခြင်းကြောင့် သွေးဆင်းများတာ၊ မအီမသာဖြစ်တာ၊ခေါင်းအုံ၊ ခေါင်းကိုက်တာတွေ၊ လိင်စိတ်နည်းတာတွေ ဖြစ်နိုင်ပေမယ့် အန္တရာယ်ဖြစ်အောင် မဖြစ်ပါဘူး။

၉။ သားအိမ်တွင်း ပစ္စည်းထည့်ခြင်း
သားအိမ်ထဲ ပစ္စည်းထည့်တဲ့နေရာမှာ သေးငယ်ပျော့ပျောင်းတဲ့ ကြေးနီနဲ့လုပ်ထားတဲ့ပစ္စည်းကို ထည့်ထားရတာပါ။  IUCD (Intrauterine Contraceptive Devices) ထည့်တယ်လို့ ခေါ်ကြတယ်။ ကလေးမွေးပြီးတဲ့အချိန် အပါအဝင် ကျွမ်းကျင်သူနဲ့ အချိန်မရွေးထည့်နိုင်ပါတယ်။ ထည့်တဲ့အချိန်မှာ နည်းနည်းနာတတ်ပေမယ့် ရေရှည်အတွက် အဆင်ပြေပါတယ်။ ကြေးနီ Copper T Cu 380A ဆိုရင် ၅နှစ်အထက်အထိ သုံးလို့ရပါတယ်။ ဒါပေမယ့် သူက သွေးဆင်းများတတ်ပါတယ်။ ရက်အကြာကြီးဆင်းတာမျိုးလည်း ဖြစ်တတ်ပါတယ်။ သွေးဆင်းများတာကြောင့်သွေးအားနည်းရောဂါလည်း ဖြစ်တတ်ပါတယ်။ ဟော်မုန်းထည့်ထားတဲ့ ပစ္စည်းကတော့သွေးဆင်းတာသိပ်မရှိလို့ သွေးအားနည်းတာ မဖြစ်နိုင်ပါဘူး။ ဒီပစ္စည်းထည့်ထားမယ်ဆိုရင် အခန့်မသင့်ရင် ထွက်ကျသွားတတ်တဲ့အတွက် သူ့ရဲ့ အမြီးဖြစ်တဲ့ ကြိုးကို စမ်းပေးဖို့တော့ လိုပါတယ်။ ကြိုးမစမ်းမိတော့ရင် တတ်ကျွမ်းနားလည်သူနဲ့ ပြန်ပြသင့်ပါတယ်။
နောက်ထပ်ဆိုးကျိုးတစ်ခုက သန္ဓေနေရာမှားတည်တာမျိုး ဖြစ်တတ်တဲ့အတွက် ရာသီသွေးပုံမှန်ပေါ်ရာကနေ ထိမ်သွားပြီး ဗိုက်ကလည်း အောင့်အောင့်နေတယ်ဆိုရင် မပေါ့ဆဘဲဆေးရုံ၊ ဆေးခန်းကို ချက်ချင်းပြသပြီး စစ်ဆေးကြည့်သင့်ပါတယ်။ သန္ဓေနေရာမှားတည်တာဟုတ်၊မဟုတ် သိနိုင်တဲ့ အလွယ်ဆုံးနည်းကတော့
-ပစ္စည်းထည့်ထားလျက်နဲ့ (ကြိုးစလည်းမိတယ်) သွေးထိမ်နေပြီဆိုရင် ကိုယ်ဝန်ရှိ၊ မရှိ ဆီးစစ်ကြည့်ပါ။
-ဆီးမှာ နှစ်ကြောင်းပေါ်နေပြီဆိုရင် သားဖွားမီးယပ် (သို့) နီးစပ်ရာဆေးရုံသို့ အမြန်ဆုံး သွားရောက်စစ်ဆေးခံပါ။

ဗိုက်အောင့်တဲ့အထိ မစောင့်ပါနဲ့။ ဘာလို့လဲဆိုတော့ တချို့သန္ဓေနေရာမှားတည်တဲ့သူတွေက အဲဒီသန္ဓေဥကြီးလာလို့ သားဥပြွန်ကို ဖောက်ထွက်တဲ့အချိန်မှ အပြင်းအထန် ဗိုက်အောင့်တာမျိုး ရှိတတ်လို့ပါပဲ။ အဲဒီအချိန်မှဆိုရင် အရေးပေါ်အခြေအနေ ဖြစ်သွားပါပြီ။ ဒါကြောင့် သန္ဓေနေရာမှားတည်တယ်လို့ သံသယရှိရင် ဆီးစစ်ကြည့်ပြီး သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းမှာ သွားရောက်ပြသဖို့ မမေ့ကြပါနဲ့။ မပေါ့ဆကြပါနဲ့။ အသက်အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေတစ်ခုပါ။ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါရှိတဲ့သူတွေ၊ သားအိမ်အနေအထားမမှန်တဲ့သူတွေ၊ သားအိမ်ခေါင်းရောင်နေတဲ့သူမှာ ဒီ IUCD ကို မထည့်သင့်ပါဘူး။

၁၀။ သားကြောဖြတ်ခြင်း
သားကြောဖြတ်တယ်ဆိုတဲ့နေရာမှာ ယောကျ်ားရဲ့ သုတ်ပြွန်ကို ဖြတ်တာရှိသလို မိန်းမရဲ့ သားဥပြွန်ကို ဖြတ်တာလည်း ရှိပါတယ်။ ဒီလို သားကြောဖြတ်တာက ပြန်ပြင်ချင်လို့ ကလေးပြန်လိုချင်လို့ မရတော့တာမို့ မဖြတ်ခင်သေချာစဉ်းစားပြီးမှ လုပ်ဖို့လိုပါတယ်။ ဒိလိုသားကြောဖြတ်ဖို့အတွက် အသေးစားခွဲစိတ်မှုလေး လုပ်ရမှာပါ။ ခွဲပြီးစမှာ အနည်းငယ်နာတာ ၊ရောင်တာရှိတတ်ပါတယ်။ ရေရှည်အတွက် အန္တရာယ်မရှိသလို လိင်စိတ်နဲ့စွမ်းဆောင်ရည်ကို မထိခိုက်စေနိူင်ပါဘူး။ အမျိုးသမီးတွေမှာတော့ သားကြောဖြတ်ပြီး ၃လ အကြာအထိ တခြားသားဆက်ခြားနည်းစနစ်တစ်ခုခုကို သုံးသင့်ပါတယ်။ ၃လနောက်ပိုင်းမှာတော့ စိတ်ချရပါပြီ။ ဒါပေမယ့် ၁၀၀ ရာနှုန်းစိတ်ချရတာတော့ မဟုတ်ပါ။ သားဥပြွန်ကို ဖြတ်တောက်ပြီးလုံအောင် ပိတ်ချည်ထားတဲ့ကြိုးက မတော်တဆပြေသွားတာ၊ ပြုတ်ထွက်သွားတာမျိုးဆိုရင် ကလေးပြန်ရသွားနိူင်ပါသေးတယ်။

၁၁။ ကလေးအား နို့မပြတ်တိုက်ခြင်းနည်း
ကလေးက အသက် ၆လအောက်မှာပဲရှိသေးရင် နေ့ရောညပါ နို့မပြတ်အောင် တိုက်ကျွေးမယ်ဆိုရင်လည်း သားဥကြွေတာကို တားဆီးပေးနိူင်တဲ့အတွက် ကိုယ်ဝန်မရအောင် ကာကွယ်ပေးနိူင်ပါတယ်။ ဒါပေမယ့် ဒီနည်းစနစ်ဟာ အခန့်မသင့်ရင် ကိုယ်ဝန်ရသွားတတ်တာမို့ ကလေး၊ တစ်လခွဲပြည့်တာနဲ့ တခြား ပဋိသန္ဓေတားဆေး၊ ထိုးဆေးတော့ မသုံးသင့်ပါဘူး။သွေးပြန်ကြောပိတ်တယ်။ သွေးခဲဆို့တတ်ပါတယ်။

၁၂။ နောက်ဆုံးပေါ် ယောကျ်ားပဋိသန္ဓေတားဆေး
ဒီဆေးကတော့ ပေါ်တာမကြာသေးတဲ့အတွက် ကျနော်တို့မြန်မာနိူင်ငံမှာ မရသေးပါဘူး။ ဒီအသစ်တီထွင် ထုတ်လုပ်လိုက်တဲ့ ယောကျ်ားပဋိသန္ဓေတားဆေးမှာ ဟော်မုန်းပါဝင်မှုမရှိဘဲ ထိုးဆေးအနေနဲ့ရော၊ သောက်ဆေးအနေနဲ့ပါ အသုံးပြုနိူင်မှာဖြစ်ပါတယ်။ ထိုးဆေးကတော့ယောကျ်ားရဲ့သုတ်ပို့ပြွန်ထဲကို ထိုးရမှာဖြစ်ပြီး သုက်ပိုးတွေကို ရှေ့ဆက်မထွက်နိူင်ဘဲနောက်ပြန်သွားပြီး ပျက်စီးသွားအောင် ပြုလုပ်ပေးတဲ့အတွက် ကလေးမရနိူင်တော့ပါ။ တစ်ခါထိုးထားရင် နှစ်နဲ့ချီပြီးခံပါတယ်။ တချို့ဆေးတွေကတော့ သုတ်လွှတ်တာကို တားဆေးပေမယ့် ဆန္ဒပြီးမြောက်မှု (Orgasm) ရအောင်စီမံထားပေးပါတယ်။ သုက်ပိုးတွေကိုသာ ဟန့်တားပြီး ကျန်တဲ့အရည်အသွေးတွေကိုတော့ စီးထွက်ခွင့်ပြုမှာမို့ နာကျဉ်မှုကိုလည်း မခံစားရစေနိူင်ဘူးလို့လည်း ဆိုပါတယ်။ သောက်ဆေးဟာလည်း ဟော်မုန်းမပါဝင်တာမို့ ကျန်းမာရေးဆိုးကျိုး မရှိနိူင်ဘူးလို့ ဆိုပါတယ်။
ဒီဆေးတွေကို ကမ္ဘာ့ယောကျ်ားလူဦးရေရဲ့ တစ်ဝက်ကျော်လောက်ကအသုံးပြုကြလိမ့်မယ်လို့ ထုတ်လုပ်သူတွေက မှျှော်မှန်းထားတယ်လို့ သိရပါတယ်။ ဒီဆေးကြောင့် အလွှာပါးပေမယ့် ကမ္ဘာ့ခြားသလိုခံစားနေရတဲ့ ကွန်ဒုံးအသုံးပြုသူ ယောကျ်ားလေးအတွက်လည်း အဆင်ပြေပါလိမ့်မယ်။ ဒါပေမယ့် ကူးစက်ရောဂါတွေကို ကာကွယ်နိူင်ဖို့တော့ ကွန်ဒုံးဆက်ရှိနေဦးမှာပါ။ အမျိုးသမီးတွေအနေနဲ့လည်း သန္ဓေတား ဟော်မုန်းဆေးတွေ သောက်ရ၊ထိုးရလို့ ရောဂါအမျိုးမျိုးရတဲ့ဘေးကနေ ကင်းဝေးစေမှာမို့ ဒီကျားသန္ဓေတားဆေးက ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်း တစ်ခုဖြစ်မှာပါ။ ဒီလောက်ဆိုရင်ကို သားဆက်ခြားနည်း၊ ကိုယ်ဝန်တားနည်းတွေကို သဘောပေါက်လာပြီလို့ ယူဆပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင် ကျနော်တို့ မြန်မာအမျိုးသမီးတွေအနေနဲ့ ရိုးရာယဉ်ကျေးမှုအရ အရှက်တရားရှိရှိနဲ့ ကိုယ်ရဲ့အပျိုစင်ဘဝကို အိမ်ထောင်မကျခင်အထိ ထိန်းသိမ်းကြစေလိုပါတယ်။ အကြောင်းကြောင်းကြောင့် အပျိုစင်ဘဝကို မထိန်းသိမ်းနိူင်ဘူးဆိုရင်လည်း ကိုယ်ဝန်ဖျက်ချရတာမျိုး၊ အရှက်နဲ့ အသက်လဲရတာမျိုးမဖြစ်အောင် ကျနော်ပြောခဲ့တဲ့ ပဋိသန္ဓေတားနည်းလမ်းတွေထဲက ကိုယ်နဲ့အဆင်ပြေမယ့် နည်းလမ်းကို အသုံးပြုပြီး ကိုယ်ဝန်မရအောင်တားဆီးကာကွယ်သင့်ပါကြောင်း၊ ကိုယ်ဝန်ရမှ ဖျက်ချတာမျိုး မလုပ်ကြစေလိုကြောင်း ပြောကြားရင်း ကျနော့်ရဲ့ ရာသီပွင့်လန်း မနွမ်းစေချင် ဆိုတဲ့ဆောင်းပါးကို နိဂုံးချုပ်လိုက်ပါရစေဗျာ။

Author: ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်)

Previous Post

အမျိုးသမီးနှင့်ရင်သားကင်ဆာ

Next Post

အိမ်သုံးပစ္စည်းလေးတွေသုံးပြီးလှကြရအောင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
645

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
618
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.9k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
787

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိမ်သုံးပစ္စည်းလေးတွေသုံးပြီးလှကြရအောင်

ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းနှင့် ပတ်သက်နေသော လက္ခဏာများ အပိုင်း (၂)

လည်ပင်းကျီးပေါင်းတက် ခေါင်းမူးခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.