fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

အိုမီခရွန်ကူးစက်မခံရအောင် ဘယ်လိုကာကွယ်မလဲ

254
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/01/2022
in ကိုဗစ်ရောဂါ
1 min read
A A

ကိုဗစ်ဗီဇပြောင်းမျိုးစိတ်သစ် Omicron variant အိုမီခရွန်သည် ကူးစက်နိုင်စွမ်းမြန်သောအမျိုးအစားတစ်မျိုးဖြစ်ပြီး ယခုအခါ  မြန်မာနိုင်ငံတွင်ပါ စတင်တွေ့ရှိနေရပြီဖြစ်၍ ကူးစက်မခံရအောင် အလေးထားဂရုစိုက်ကာကွယ်ဖို့ လိုအပ်ပါသည်။

အိုမီခရွန် မျိုးကွဲကူးစက်မခံရအောင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ သတ်မှတ်ထားသော ကိုဗစ်ကာကွယ်ရေးနည်းလမ်းများကို အထူးဂရုပြု လိုက်နာဆောင်ရွက်သင့်ပါသည်။ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး တစ်မီတာအကွာနေပြီး Social Distancing ကိုလိုက်နာပါ။ တစ်ဦးနှင့်တစ်ဦးထိတွေ့ကိုင်တွယ်ခြင်း၊ ဖက်ပွေ့နမ်းရှုံ့ခြင်းများ ရှောင်ကြဉ်ပါ။ မဖြစ်မနေ ကိစ္စအရေးတကြီးရှိ၍ အပြင်သွားရလျှင် ပါးစပ်နှင့်နှာခေါင်းစည်း (တတ်နိုင်လျှင် Mask ၂ ထပ် – Double Mask)၊ Face Shield အကာ ၊ ဆံပင်အုပ် Cap၊ တစ်ခါသုံးလက်အိတ် စသည်တို့ကို သေချာတပ်ဆင်ပါ။

အပြင်သွားလျှင် နှာခေါင်းစည်းအပို အမြဲဆောင်ထားပြီး အနည်းဆုံး ၆ နာရီကြာတစ်ခါ အသစ်တစ်ခု လဲလှယ်ဝတ်ဆင်ပေးပါ။ ရောဂါပိုးကပ်ငြိနိုင်သည့်ပစ္စည်း၊ မျက်နှာပြင်များကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း ဆပ်ပြာ၊ ရေအသုံးပြု၍ စက္ကန့် ၂၀ကြာလက်ဆေးခြင်း သို့မဟုတ် Alcohol ပါလက်သန့်ဆေးရည်ဖြင့် လက်ကိုသေချာစွာ ဆေးကြောပေးပါ။ ရောဂါပိုးသယ်ဆောင်နိုင်သော ငွေစက္ကူအသုံးပြုခြင်းထက် Contact Less ဒီဂျစ်တယ်ငွေပေးချေမှုနည်းများ ဦးစားပေးအသုံးပြုပါ။

အသုံးပြုပြီးသား Mask များကို သေချာထုပ်ပိုးစွန့်ပစ်ပါ။ အပြင်မှပြန်လာလျှင် အတူပါလာသော ပစ္စည်းများကို ပိုးသတ်ပါ။ အဝတ်လဲပြီး ရေချိုးသန့်စင်ပါ။

လူစုလူဝေးကြားတွင် လူအချင်းချင်းထိတွေ့မှုသည် ရောဂါပိုးကူးစက်နိုင်ခြေကို ပိုမိုမြင့်တက်သွားစေနိုင်တာကြောင့်  မလိုအပ်လျှင် အပြင်မထွက်ဘဲ အိမ်ထဲတွင်သာ နေသင့်ပါသည်။ မိမိနေထိုင်ရာ အိမ်၊ အလုပ်အခန်း၊ မော်တော်ယာဉ်တို့ကို လေဝင်လေထွက် ကောင်းမွန်အောင် ထားရှိပါ။ ချောင်းဆိုးနှာချေသည့်အခါ နှာခေါင်းနှင့်ပါးစပ်ကို သေချာအုပ်ထားပါ။ လူစုလူဝေးထူထပ်သော အလုံပိတ်အခန်းကဲ့သို့ နေရာသွားခဲ့လျှင် ရောဂါပိုးရှိနေသူများနှင့် ထိစပ်မှုရှိနိုင်သောကြောင့် နောက် ၅-၇ ရက်အတွင်းမှာ သီးသန့်ခွဲနေထိုင်ခြင်း သို့မဟုတ် လိုအပ်လျှင် ဆေးစစ်မှုခံယူခြင်းတို့ လုပ်ဆောင်ကြည့်နိုင်ပါသည်။

ကိုယ်ခံအားကောင်းမွန်အောင် အာဟာရပြည့်ဝမျှတစွာ စားသုံးခြင်း၊ ရေများများသောက်ခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးခြင်း၊ စိတ်ဖိစီးမှုများကို တတ်နိုင်သလောက်လျှော့ချပေးခြင်း စသည်တို့ကို ပြုလုပ်ပေးသင့်ပါသည်။ ဆေးလိပ်၊ မူးယစ်ဆေး အရက်သေစာ သောက်သုံးခြင်းရှောင်ကြဉ်ပါ။ မိမိတွင် နှလုံး၊ ဆီးချို၊ ပန်းနာရင်ကျပ်ကဲ့သို့ ရောဂါအခံရှိလျှင် ဆရာဝန်နှင့်ပုံမှန်တိုင်ပင် ဆွေးနွေးပြီး ဆေးကုသမှုခံပါ။ ရက်ချိန်းပုံမှန်ပြပါ။ ရက်ချိန်းပြသည့်အခါ ဆေးရုံ၊ဆေးခန်းသို့ မသွားရောက်ဘဲ အွန်လိုင်းမှတစ်ဆင့်ပြသမှု Teleconsultation အသုံးပြုရန် တတ်နိုင်လျှင် ဆောင်ရွက်ပါ။

ကိုဗစ်ရောဂါနှင့် အလားတူလက္ခဏာရှိသည့် ရာသီအကူးအပြောင်း တုပ်ကွေးဖျားနာခြင်းအတွက် ရာသီတုပ်ကွေးကာကွယ်ဆေးကိုလည်း ထိုးထားသင့်ပါသည်။ အရေးအကြီးဆုံးအချက်မှာ လက်လှမ်းမှီပြီးစိတ်ချရသည့် ကိုဗစ်ကာကွယ်ဆေးကို သတ်မှတ်အကြိမ်ရေအတိုင်းထိုးပြီး၊ ထပ်ဆောင်းထိုးနှံခြင်း Booster Dose ကို အမျိုးအစားတူ ကာကွယ်ဆေးဖြင့် ထပ်ထိုးပေးခြင်းတို့ ပြုလုပ်ပေးခြင်းဖြင့် အိုမီခရွန်မျိုးကွဲ ကူးစက်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်မည်ဖြစ်ပါသည်။

Author: Dr. Yee Mon

Previous Post

အားကစားလုပ်ခြင်းက အမျိုးသားတွေရဲ့စွမ်းဆောင်‌ရည်ကိုမြှင့်တင်နိုင်သလား

Next Post

ဗိုက်ထဲကဘေဘီလေးတွေ လုပ်လေ့ရှိတဲ့အံ့ဩစရာကောင်းတဲ့အရာတွေ 

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အိုမီခရွန်ဖြစ်ပြီးနောက်ပိုင်း ချောင်းဆိုးကျန်နေတယ်ဆိုလျှင် …

3 years ago
505

ကာကွယ်ဆေးတွေက အိုမီခရွန်အတွက် စွမ်းရဲ့လား

3 years ago
234

အိမ်မွေးတိရစ္ဆာန်တွေကို ကိုဗစ်ကူးစက်နိုင်သလား

3 years ago
181

ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒါတွေစစ်ပါ

3 years ago
189

အိုမီခရွန်က တခြားမျိုးကွဲတွေထက် ဘာကြောင့်ကူးစက်မှုပိုမြန်တာလဲ ?

3 years ago
395

ကိုဗစ်ကာကွယ်ကုသမှုနဲ့ပတ်သက်တဲ့ အယူအဆအမှားများ

3 years ago
124

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဗိုက်ထဲကဘေဘီလေးတွေ လုပ်လေ့ရှိတဲ့အံ့ဩစရာကောင်းတဲ့အရာတွေ 

ရိုးရိုးမွေးမယ့်မေမေလောင်းတို့ သိထားသင့်တဲ့အချက်တွေ 

အသားအရေထိန်းသိမ်းဖို့ သင့်ခြံထဲမှာစိုက်ထားသင့်တဲ့ ဆေးဖက်ဝင်အပင်လေးတွေ 

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.