fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home သွားနှင့် ခံတွင်း ကျန်းမာရေး

သွားတိုက်ခြင်းအကြောင်း

1.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/02/2018
in သွားနှင့် ခံတွင်း ကျန်းမာရေး
1 min read
A A

သွားတိုက်ခြင်းအကြောင်း

သွားဆိုတာဟာ ကျွန်တော်တို့ နေ့စဉ်စားသမျှ အစာတွေကို ကြိတ်ဝါးပေးတဲ့အရာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစားအသောက်တွေ စားသောက်တဲ့အခါမှာ အရင်ဆုံး ပါးစပ်ထဲမှာ ကြေညက်အောင်သွားတွေက ဝါးပေးပါတယ်။ အဲ့လိုဝါးပေးမှသာ ပါးစပ်ထဲက တံတွေးနဲ့အစားတွေနဲ့ ရောသွားပြီး အစာလုံးအသေးလေးတွေအနေနဲ့ ပထမအဆင့် အစာကြေညက်ခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ အကြမ်းအားဖြင့် နေ့စဉ် အစာ ၃နပ် စားပါတယ်။ ဒါ့အပြင် အဲ့ကြားထဲမှာ သွားရေစာလည်း စားတတ်လေ့ ရှိပါတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ သွားတွေကြားထဲတွေမှာ အစာတွေကပ်ညှိနေတာ၊ ခံတွင်းထဲမှာ အစာအပိုင်းအစတွေ ကျန်နေတာတွေ ဖြစ်နိုင်လို့ တစ်နေ့ကို အနည်းဆုံး မနက်တစ်ကြိမ် ညတစ်ကြိမ် သွားနဲ့ ခံတွင်းသန့်ရှင်းအောင် သွားတိုက်သင့်ပါတယ်။ ဒီလိုမလုပ်ပါက ရေရှည်မှာ သွားပိုးစားခြင်းတွေ၊ သွားဖုံးရောင်ရောဂါတွေ သို့မဟုတ် ရေစီးကမ်းပြိုရောဂါ တို့ဖြစ်ပါတယ်။

ဒီလိုသွားနဲ့ ခံတွင်းသန့်ရှင်းဖို့ သွားတိုက်ရာမှာလည်း စနစ်တကျနဲ့ သွားတိုက်နည်း မှန်ဖို့လိုပါတယ်။မဟုတ်ပါက လုပ်ကားလုပ်၏ မရ ဆိုသလို နည်းစနစ်မမှန်ဘဲ သွားတိုက်ပါက သွားနဲ့ခံတွင်း သန့်ရှင်းမှုအတွက် အကျိုးမဖြစ်နိုင်တဲ့အပြင် သွားတွေ၊ သွားဖုံးတွေပါ ပျက်စီးလာနိုင်ပါတယ်။

ဒါကြောင့် သွားတိုက်ခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်လေးတွေကို အောက်ပါအတိုင်း သိသလောက် တင်ပြလိုက်ရပါတယ်။

(၁)အရင်ဆုံး အိပ်ရာကထထချင်း သွားမတိုက်ပါနဲ့။

လူအချို့က အိပ်ရာထ သွားတိုက် မျက်နှာသစ် ဆိုပြီး မှတ်ယူကာ အိပ်ရာထထချင်း သွားကို အရင်တိုက်တာမျိုး လုပ်ကြပါတယ်။ ဒါဟာ အယူမှားပါ။ အိပ်ရာထထချင်း သွားကိုအရင်တိုက်ပါက ခန္ဓာကိုယ်အနှံ့မှာရှိသော တညလုံးအောင်းနေတဲ့ အပူတွေဟာ ရေနဲ့အရင်ထိတဲ့ သွားနဲ့ခံတွင်းထဲကိုရောက်ကာ အပူကြွပြီး သွားတွေပျက်စီးနိုင်ပါတယ်။

လုပ်သင့်တာက အိပ်ရာထထချင်း မျက်နှာကို ရေများများနဲ့ သေချာသစ်ပါ။ မျက်နှာသစ်ပြီးမှ သွားကိုတိုက်ပါ။ သုတေသနတခုကဆိုရင် မနက်တကြိမ်သွားတိုက်တာကို အိပ်ရာထထချင်းမတိုက်ဘဲ မနက်စာစားပြီး နာရီဝက်လောက်အကြာမှ တိုက်သင့်ပါတယ်လို့တောင် ရေးထားပါတယ်။

(၂) သွားတိုက်တံ

သွားနဲ့ကိုက်ညီသင့်တော်မယ့် သွားပွတ်တံကို ရွေးသုံးဖို့လည်း လိုပါတယ်။ သွားပွတ်တံ အမွှေးအရမ်းကြမ်းတဲ့မာတဲ့ သွားပွတ်တံမျိုးကို မရွေးပါနဲ့။ သွားတွေ ပျက်စီးနိုင်လို့ပါ။ သွားပွတ်တံလက်ကိုင်မှာ မချော်တဲ့ အထစ်လေးတွေပါတဲ့ သွားပွတ်တံမျိုးကို ရွေးပါ။

သွားတိုက်တံထိပ်အဖျားက ရှုးရှုးလေးဖြစ်သွားတဲ့ပုံစံရှိတဲ့ သွားပွတ်တံမျိုးကို သုံးသင့်ပါတယ်။ အကြမ်းအားဖြင့်ကတော့ ၃လ တကြိမ်လောက် ၆လ တကြိမ်လောက် သွားပွတ်တံအသစ်လဲပေးပါ။

(၃) သွားတိုက်ပြီးပြီးချင်း ပလုတ်ကျင်းပစ်ခြင်း

လူတိုင်းနီးပါး သွားတိုက်ပြီးပြီးချင်း ပါးစပ်ထဲကသွားတိုက်ဆေးတွေပြောင်အောင်ဆိုပြီး ရေနဲ့ ပလုတ်ကျင်းလေ့ရှိပါတယ်။ မိဘအတော်များများဟာလည်း ကလေးတွေကို ငယ်ကတည်းက သွားတိုက်ပြီးပြီးချင်း ပလုတ်ကျင်းဖို့ သင်ပေးလေ့ရှိပါတယ်။ ဒါဟာလည်း မှားယွင်းတဲ့ အယူအဆပါပဲ။

သွားတိုက်ပြီးပြီးချင်း ရေနဲ့ပလုတ်ကျင်းခြင်းဖြင့် သွားတိုက်ဆေးထဲတွင်ပါသော သွားကိုကာကွယ်ပေးနိုင်သော ဖလိုရိုက်ဓါတ်များ ရေထဲပါသွားကာ သွားတိုက်ဆေး အာနိသင် ကျဆင်းသွားရသည်။ ဒါကြောင့် သွားတိုက်ပြီးလျှင် အနည်းဆုံး တစ်မိနစ်၊ နှစ်မိနစ်ခန့် စောင့်ပြီးမှ ပလုတ်ကျင်းသင့်သည်။

(၄) သွားမတိုက်သင့်သည့် အချိန်မှာတိုက်ခြင်း

လှချင်လွန်းလို့သွားကိုတိုက် ရေစီးကမ်းပြိုလိုက် ဆိုတဲ့စကားပုံကို ကြားဖူးကြမှာပါ။ တချို့လူတွေက လှချင်လွန်းသောကြောင့် အစာစားပြီးတိုင်း သွားတိုက်တာမျိုး လုပ်တတ်ကြပါတယ်။ ဒီလိုမလုပ်သင့်ပါ။ သွားမတိုက်သင့်တဲ့ အချိန်ဆိုတာ ရှိပါတယ်။

အချဉ်ဓါတ်ပါသော အသီးတွေ စားပြီးပြီးချင်း သွားလုံးဝမတိုက်သင့်။ ထို့အတူ ဝိုင်အပါအဝင် အယ်လ်ကိုဟောပါသော အရည်များ သောက်ပြီးပြီးချင်း သွားမတိုက်သင့်။ ထိုအချိန်များတွင် သွားအပေါ်ဖုံးထားသော ကြွေလွှာသည် နုအိပျော့ပျောင်းနေသည် ဖြစ်ရာ သွားတိုက်ပါက ကြွေလွှာများ ပျက်စီးစေနိုင်ပါတယ်။ သို့ဖြစ်ရာ စားပြီးသောက်ပြီးလျှင် အနည်းဆုံး မိနစ် (၃၀) လောက်ခြားပြီးမှ သွားတိုက်သင့်သည်။

(၅) သွားတိုက်ဆေး

သွားပိုးစားသူများအနေနင့် fluoride ပါသော သွားတိုက်ဆေးများကို ရွေးချယ်သင့်ပါတယ်။ ကလေးငယ်များ အနေနင့် ကလေးတွက် သီးသန့်ထုတ်သော သွားတိုက်ဆေးကိုသာ သုံးသင့်ပါတယ်။

(၆) သွားတိုက်နည်း

ညာဘက်အခြမ်းမှာ ရှိသောသွားများကို တိုက်မည်ဆိုပါက သွားပွတ်တံကို ဘယ်လက်နဲ့ကိုင်ပါ။ ဘယ်လက်ကို အလေ့အကျင့် လုပ်ပေးထားပါ။ ထို့အတူ ဘယ်ဘက်အခြမ်းမှာရှိသော သွားများကို သွားတိုက်မည်ဆိုပါက သွားပွတ်တံကို ညာလက်နဲ့ကိုင်ပါ။

သွားပွတ်တံကို သွားနဲ့ သွားဖုံးဆုံသည့် နေရာလောက်မှာ လေးဆယ့်ငါး ဒီဂရီစောင်းတင်ပါ။ ပြီးရင်အပေါ်အောက် နဲ့အောက်အပေါ် ဆွဲချပြီးတိုက်ပါ။ ဆိုလိုတာက အောက်သွားဆိုရင် အပေါ်ကို ဆွဲတင်ခြင်းဖြင့် သွားတိုက်ပါ။ အပေါ်သွားကို တိုက်မည်ဆိုလျှင် လေးဆယ့်ငါးဒီဂရီ စောင်းထားတဲ့သွားပွတ်တံကို အောက်ကိုဆွဲချခြင်းဖြင့် သွားတိုက်ပါ။ တနေရာလျှင် ၁၀ခေါက်လောက် တိုက်ပါ။ နေရာအနှံ့တိုက်ပါ။ သွားရဲ့အတွင်း မျက်နှာပြင်တွေ၊ အစာဝါးတဲ့ မျက်နှာပြင်တွေပါအောင် သေချာတိုက်ပါ။ ပြီးရင် လျှာကိုပါ ပွတ်ပါ။ သွားတိုက်ချိန်ဟာ အနည်းဆုံး ၂မိနစ်လောက် ကြာသင့်ပါတယ်။

အဆုံးသတ်အနေနဲ့ကတော့ မိမိတို့ရဲ့သွားကို တိုက်တဲ့သွားပွတ်တံကို သန့်ရှင်းစွာထားပါ။ အိမ်တော်တော်များများမှာဆိုရင် သွားပွတ်တံတွေကို ခွက်တခု သို့မဟုတ် ခြင်းတခုထဲ တိုက်ပြီး စုထားတတ်ကြပါတယ်။ အဲ့ဒါမျိုး မလုပ်သင့်ပါ။ မိမိသွားပွတ်တံကို ခြောက်သွေ့ပြီး သန့်ရှင်းသော နေရာမှာ သပ်သပ်သိမ်းထားရပါမယ်။ အဖုံးကလေးရှိပါက စွပ်ထားတာ ပိုကောင်းပါတယ်။

Author : Dr. 528

Previous Post

“နောက်” မလုပ်သင့်တဲ့အကြောင်းများ

Next Post

အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

To choose the right toothpaste

သွားတိုက်ဆေး မှန်ကန်စွာရွေးချယ်တတ်ဖို့

3 years ago
809
Why do you have to stop going every now and then?

ဘာလို့သွားခဏ ခဏကျဉ်နေရတာလဲ?

3 years ago
635

သွားကလေးများ ကျန်းမာဖို့

3 years ago
719

မေးရိုးနာကျင်ခြင်းဖြစ်စေသော အကြောင်းရင်းများ

4 years ago
3.7k

သွားရောဂါကင်းဝေးဖို့ ဘယ်လိုစားသောက်မလဲ

4 years ago
918

ပါးစပ်ထဲမှာ ခါးခါးနေတာ ဘာလို့လဲ

4 years ago
8.6k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

လိင်မှတဆင့်ကူးစက်တတ်သောရောဂါများ

ကိုယ်အလေးချိန် လျော့ကျခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.