fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

Covid 19 ရောဂါနှင့် သားသားမီးမီးတို့ရဲ့ ကိုယ်ခံအားစနစ်

12
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/10/2020
in ကျန်းမာစေသော အစားအစာ, ကျန်းမာရေးသတင်းများ, ကျန်းမာသော နေထိုင်မှုပုံစံ, ကျန်းမာသောစိတ်, ကိုဗစ်ရောဂါ
1 min read
A A

Covid 19 ရောဂါက နေ့စဉ်နဲ့အမျှ ကမ္ဘာအနှံ့အပြားမှာ အသက်အရွယ်မရွေး ကျား/မ မရွေး ဖြစ်ပွါးနေတော့ လူတိုင်းဟာ ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အချစ်ရဆုံးသူ​တွေ ကူးစက်မှာကို အဓိကစိုးရိမ်ကြောင့်ကြ နေကြရပါတယ်။ ဒီလိုနဲ့ Dr.Z လည်း ဖေဖေမေမေတို့ရဲ့ အချစ်ရဆုံး သားသားမီးမီးလေးတွေ ကူးစက်မှာကို စိတ်ပူကြောင့်ကြနေကြမှာကို တွေးမိပြီး ဒီဆောင်းပါးလေးကို ရေးသားဖော်ပြလိုက်ပါတယ်။

 

Covid 19 ရောဂါဟာ ခုဆိုရင်ကမ္ဘာတစ်ဝှမ်းလူဦးရေပေါင်း ၃၄ သန်းကျော် ဖြစ်ပွါးနေရာ သေဆုံးသူအရေအတွက်ဟာလည်း ခုဆို ၁ သန်းကျော်ရှိလာပါပြီ။ သေဆုံးမှုရာခိုင်နှုန်းက ၃ ရာခိုင်နှုန်းခန့်ရှိပါတယ်။ အများဆုံးသေဆုံးသူများကတော့ အသက်ကြီးတဲ့လူကြီးသူမများ၊ နဂိုရောဂါအခံရှိတဲ့သူများဖြစ်ကြပါတယ်။

 

လက်ရှိဒေတာများအရတော့ ကလေးသူငယ်များဟာ လူကြီးသူမများလောက် covid 19 ရောဂါကိုပြင်းပြင်းထန်ထန်မခံစားဘဲ သေဆုံးမှုနည်းပါးတာကို တွေ့ရပါတယ်။ ကလေးများရဲ့သေဆုံးမှုဟာ ၀.၂၆ ရာခိုင်နှုန်းကျော်သာတွေ့ရှိတယ်လို့ အမေရိကန် ဒေတာများမှာဖော်ပြထားပါတယ်။ ကလေးသူငယ်များမှရောဂါပြင်းပြင်းထန်ထန် ခံစားရသူများဟာလည်း နဂိုရောဂါအခံရှိတဲ့ကလေးး၊ ကိုယ်ခံအားမကောင်းတဲ့ကလေး အများစုဖြစ်ကြပါတယ်။ တချို့ကလေးအနည်းစုဟာတော့ ကိုယ်တွင်းအင်္ဂါတွေရောင်ရမ်းတဲ့ရောဂါလက္ခဏာ (Multisystem inflammatory syndrome in children or MIS-C) မျိုးခံစားရတတ်ပါတယ်။

 

ဒါ့အပြင် ကလေးများရဲ့ကိုယ်ခံအားစနစ်ဟာ လူကြီးများလောက် မကောင်းပါဘူး။ ကိုယ်ခံအားမကောင်းရင် ရောဂါပိုးမွှားများစွာ ပိုမိုဝင်ရောက်နိုင်စွမ်းရှိပါတယ်။ ကိုယ်ခံအားစနစ်ကောင်းပါက ရောဂါပိုးဝင်ရောက်ရင်လည်း ခန္ဓာကိုယ်မှမြန်မြန်တိုက်ထုတ်နိုင်ပါတယ်။ ဒါကြောင့် မေမေဖေဖေတို့က သားသားမီးမီးတို့ကို ကိုယ်ခံအားကောင်းအောင် ကျန်းကျန်းမာမာရှိနေအောင် ပြုစုစောင့်ရှောက်ထားဖို့လိုအပ်ပါတယ်။

 

-သားသားမီးမီးတို့ ကိုယ်ခံအားကောင်းအောင် ဘယ်လိုလုပ်ရမလဲ?

 

(၁) အစာအာဟာရပြည့်ဝအောင်ကျွေးပါ။

အာဟာရပြည့်ဝမှ သားသားမီးမီးတို့ရဲ့ ကိုယ်ခံအားတက်စေမှာဖြစ်ပါတယ်။ ပရိုတင်းဓာတ် ရှိတဲ့အသားငါး၊ ပဲအမျိုးမျိုး၊ ကြက်ဥများ အပြင် အရည်ရွှမ်းအသီးအနှံများဟာလည်း ဗီတာမင် စီ ကြွယ်ဝပါတယ်။ ဗီတာမင် အေ၊ ဘီ၊ ကယ်လ်စီယမ် နှင့်သံဓာတ်များပြည့်ဝတဲ့ အစိမ်းရောင်ရှိတဲ့အရွက်များကိုလည်းကျွေးရမှာဖြစ်ပါတယ်။ ဒါမှ အသားဓာတ်၊ ရေဓာတ်၊ ဗီတာမင်စုံလင်စွာနဲ့ သားသားမီးမီးတို့ရဲ့ကိုယ်ခံအားစနစ်ကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။


(၂) အိပ်ရေးဝဝအိပ်စေပါ။

ကလေးများဟာ လူကြီးများထက် အိပ်ချိန်ပိုမိုလိုအပ်ပါတယ်။ သားသားမီးမီးတို့အိပ်ချိန်ဟာ အသက်အရွယ်အလိုက် တစ်နေ့လျှင်ပျမ်းမျှ ၁၀နာရီ မှ ၁၄ နာရီထိ လိုအပ်ပါတယ်။ အိပ်ရေးဝမှ ကိုယ်ခံအားစနစ်ကောင်းမှာဖြစ်ပါတယ်။

 

(၃) ခန္ဓာကိုယ်လှုပ်ရှားမှု ရှိအောင်ထားပါ။

ခုဆိုရင် lockdown နှင့် social distancing ၊ကျောင်းများပိတ်ထားခြင်းများကြောင့် ကလေးများဟာ ခါတိုင်းထက် အပြင်ထွက်ဆော့ကစားမှုနည်းပါးလာမှာပါ။ ဒါကြောင့် အိမ်ထဲမှာပဲနေရင်း လှုပ်လှုပ်ရှားရှားဖြစ်စေမဲ့ လေကျင့်ခန်းများ၊ ကစားနည်းများ ဆော့ဖြစ်အောင် မိဘများက လေ့ကျင့်ပေးရပါမယ်။ ကိုယ်လက်လှုပ်ရှားမှုရှိမှ ကိုယ်ခန္ဓာပိုမိုကြံ့ခိုင်ပြီး ကျန်းမာမှုရှိမှာပါ။

 

(၄) စိတ်ကျန်းမာအောင် ထားပါ။

ကလေးများဟာလည်း လူကြီးများလိုပဲစိတ်ဖိစီးမှုတွေ ရှိတတ်ပါတယ်။ ခုလိုကပ်ရောဂါကာလမှာ သူတို့လေးတွေဟာလည်း နေထိုင်မှုပုံစံအသစ်ကြောင့် စိတ်ဖိစီးမှုများ ရှိတတ်ကြပါတယ်။ ဒါကြောင့်မိဘများဟာ ဒါကိုနားလည်ထားပြီး သားသားမီးမီးတို့အားအချိန်ပေးပြီး စကားပြောပေး၊ နားထောင်ပေး၊ ဆော့ကစားပေးများ ပြုလုပ်ပေးသင့်ပါတယ်။ စိတ်ကျန်းမာမှ ကိုယ်ကျန်းမာဆိုတဲ့အတိုင်း စိတ်ကျန်းမှာမှ ကိုယ်ခံအားစနစ်ကောင်းမှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုရှိရင် ခန္ဓာကိုယ်မှ ဟော်မုန်းတစ်မျိုးထွက်ပြီး ကိုယ်ခံအားစနစ်ကို လျော့ကျစေပါတယ်။

 

(၅) ကလေးကာကွယ်ဆေးများပုံမှန်ထိုးပေးပါ။

ကပ်ရောဂါကြောင့် ကာကွယ်ဆေးပုံမှန် ရက်ချိန်းပြည့်နေပေမဲ့ သွားရမှာခက်ခဲပြီး အဆင်မပြေတာ၊ ရောဂါကူးမှာစိုးလို့ မသွားတာ စသည်ဖြင့်ရှိတတ်ပါတယ်။ ဒါကြောင့်  မသွားမီ ဆေးရုံဆေးခန်းဆီသို့ ဖုန်းဖြင့်ကြိုတင်ဆက်သွယ်မေးမြန်းပြီး သားသားမီးမီးတို့ရဲ့ လိုအပ်သောကာကွယ်ဆေးများကို တတ်နိုင်သမျှ မှန်မှန်ထိုးပေးသင့်ပါတယ်။ ဒါမှရောဂါပိုးတွေမဖြစ်အောင် ကာကွယ်နေပြီး ကိုယ်ခံအားစနစ်ကောင်းမွန်နေမှာ ဖြစ်ပါတယ်။

 

-သားသားမီးမီးများရဲ့ ဘယ်လိုလက္ခဏာတွေကိုသတိထားရမလဲ?

 

covid 19 ဟာ တုပ်ကွေးရောဂါလိုမျိုးလက္ခဏာဆင်တူပါတယ်။ ပုံမှန် ဖျားနာတာ၊ ချောင်းဆိုး၊ နှာစေး အပြင် ဝမ်းပျက်ဝမ်းလျော၊ ခေါင်းကိုက်တာ၊ အနံ့မရတာမျိုးတွေဖြစ်တတ်ပါတယ်။ မိဘတွေအနေနဲ့ မိမိကလေးမှာ အဖျားအလွန်ကြီးလာမယ်၊ ဗိုက်အောင့်မယ်၊ အသက်ရှူကြပ်လာမယ်၊ အကြောင်းရင်းလည်းရှာမရဘူးဆိုရင်ဆေးရုံဆေးခန်းသို့သွားသင့်ပါတယ်။

 

ဒါတွေအားလုံးအပြင် သားသားမီးမီးတို့ကိုလည်း covid 19 ရောဂါအကြောင်း နားလည်လွယ်အောင် ပြောပြထားရပါမယ်။ လက်မှန်မှန်ဆေးနည်း၊ mask တပ်နည်း၊ ချောင်းဆိုးနှာစေးနည်း များကိုလည်း အကျင့်ဖြစ်အောင် သင်ထားပေးရမှာဖြစ်ပါတယ်။ မေမေဖေဖေတို့ကလည်း လူစုလူဝေးတွေကြား ကလေးကိုမခေါ်သွားတာမျိုး၊ နေမကောင်းတဲ့လူနား ကလေးကို မကပ်ခိုင်းတာမျိုး သတိထားစောင့်ရှောက်ပေးရမှာဖြစ်ပါတယ်။

 

အထက်မှာရေးသားခဲ့တဲ့အတိုင်း လိုက်နာစောင့်ရှောက် ကာကွယ်ကြရင်း သားသားမီးမီးတို့ရော မေမေဖေဖေတို့ရော covid 19 ရောဂါမှ ကင်းဝေကြပါစေလို့ Dr.Z မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

 

Dr.Z

Previous Post

ကလေးငယ်များ ပုံမှန် ကြီးထွားဖွံ့ဖို့ဆိုရင် …..

Next Post

ဗီတာမင်  A က ကလေးများရဲ့ ခန္ဓာကိုယ်အတွက် ဘယ်လိုအရေးပါသလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
126

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
606

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဗီတာမင်  A က ကလေးများရဲ့ ခန္ဓာကိုယ်အတွက် ဘယ်လိုအရေးပါသလဲ

Lc FOS နဲ့ ကလေးတို့ရဲ့ ကျန်းမာရေး

သားသားမီးမီးတို့ စားလိုက်တဲ့ အစားအစာတွေ အားလုံးကို ကောင်းစွာ ချေဖျက်ပြီး စုပ်ယူနိုင်ဖို့ ဆိုရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.