fbpx

Myanmar (Covid-19 Stats)

😷 49,072 Total Cases
😥 1,172 Deaths
😇 28,636 Recovered

Lc FOS နဲ့ ကလေးတို့ရဲ့ ကျန်းမာရေး

ကလေးတို့ ကျန်းမာသန်စွမ်းဖို့ဆိုရင် အာဟာရဓါတ်ကောင်းစွာရရှိဖို့ဆိုတာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အာဟာရဓါတ် ကောင်းစွာရရှိဖို့ဆိုရင် အစာချေဖျက်မှု ကောင်းမွန်ဖို့လိုသလို ချေဖျက်ပြီးသော အာဟာရဓါတ်များကို ပြည့်၀အောင် စုပ်ယူနိုင်မှုတွင်လည်း အဆင်ပြေနေဖို့ လိုအပ်ပါတယ်။ ထိုသို့ အစာချေဖျက်မှုကို ကောင်းမွန်စေရန် အကူအညီပေးတဲ့ အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ အူလမ်းကြောင်းတစ်လျှောက်မှာ နေထိုင်တဲ့  Probiotics လို့ခေါ်တဲ့ အကျိုးပြု မိတ်ဆွေ ဘက်တီးရီးယားများပဲဖြစ်ပါတယ်။ ထို ဘက်တီးရီးယားများ ရှင်သန်ပွားများလေလေ အစာချေစနစ်သည်လည်း ပိုမိုကောင်းမွန်လေလေဖြစ်ပါတယ်။ ထို့ပြင် အကျိုးပြု ဘက်တီးရီးယားများ များပြားလာခြင်းသည် ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိသော ရန်သူ ဘက်တီးရီးယားများကို လျော့နည်းစေပါတယ်။ ထို့ကြောင့် အူလမ်းကြောင်းတလျှောက်မှာ အကျိုးပြု ဘက်တီးရီးယားများ များပြားစေရန် ကြိုးစားလုပ်ဆောင်သင့်ပါတယ်။

ထိုအကျိုးပြုမိတ်ဆွေ ဘက်တီးရီးယားများ ကြီးထွားများပြားလာစေရန် အားပေးသော အစားအစာများကို Prebiotics လို့ခေါ်ဆိုပါတယ်။ ကလေးများအတွက် သင့်လျော်တဲ့ Prebiotics အများအပြားရှိပါတယ်။ ၎င်းတို့ထဲက တစ်ခုကတော့ Long chain Fructo-oligosaccharides (LcFOS) ပဲဖြစ်ပါတယ်။

Lc FOS) တွေဟာ အပင်ကရတဲ့ သဘာဝသကြားဓာတ်တစ်မျိုဖြစ်ပါတယ်။ အချို့သော အာဟာရပညာရှင်များက သူတို့ကို fiber အမျိုးအစားထဲမှာလည်း ထည့်သွင်းထားကြပါတယ်။


LcFOS ရဲ့ ကောင်းကျိုးများ

LcFOS တွေက

  • အစာချေဖျက်ခြင်း၊ စုပ်ယူခြင်းတွေမှာ အားပေးကူညီပေးပါတယ်။
  • ခုခံအားစနစ်ကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။
  • ဝမ်းပျက်၊ ဝမ်းလျှောရောဂါများကိုလည်း သက်သာစေပါတယ်။
  • လေနာရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။
  • ဒါအပြင် ကလေးတွေမှာ ပန်းနာရင်ကြပ်နဲ့
  • အရေပြားဓါတ်မတည့်ခြင်းရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

 

LcFOS ကြွယ်၀တဲ့ အစားအစာတွေက ဘာတွေလဲ

LcFOS ကို

  • ကြက်သွန်နီ၊
  • ကြက်သွန်ဖြူ၊
  • ငှက်ပျောသီး၊
  • အာလူး၊
  • ပဲပိုးသီး၊
  • ကညွတ်၊
  • ပန်းဂေါ်ဖီစိမ်း၊
  • ဂျုံ၊
  • ဘာလီတို့မှာ တွေ့ရပါတယ်။ ဒါအပြင် LcFOS ဖြည့်တင်းထားတဲ့ နို့မှုန့်များမှာလည်း တွေ့ရပါတယ်။

ထို့ကြောင့်  ကလေးများ၏ အစာချေဖျက် စုပ်ယူမှုများအပြင် အထွေထွေ ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်စေသော LcFOS ကို ဖေဖေမေမေတို့အနေနဲ့ ဂရုပြုပြီး ပြည့်၀အောင် ကျွေးမွေးသင့်လှပါတယ်။

Dr. CK

ဆက်စပ် ဆောင်းပါးများ