fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ခန္ဓာကိုယ်ခုခံအားစနစ်ကိုကောင်းမွန်စေသော ဗီတာမင်များနှင့်ဖြည့်စွက်စာများ

176
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/11/2020
in ကျန်းမာစေသော အစားအစာ
1 min read
A A

အခုလိုမျိုး ကူးစက်ကပ်ရောဂါများဖြစ်ပေါ်နေသည့်အချိန်တွင် ခန္ဓာကိုယ်၏ခုခံအားစနစ်ကောင်းမွန် တိုးတက်နေခြင်းထက် ပိုမိုအရေးကြီးသည့်အရာမရှိနိုင်ပေ။

ထိုသို့ခုခံအားစနစ်တိုးတက်ကောင်းမွန်စေရန် ပြုလုပ်နိုင်သည့်နည်းလမ်းများအနက် အလွယ်ကူဆုံးနည်းလမ်းတစ်ခုမှာ အစားအစာများကို အာဟာရပြည့်ဝမျှတအောင် စားသောက်ခြင်းနည်းလမ်းပင်ဖြစ်ပါသည်။

မိမိတို့စားသောက်လိုက်သည့်အစားအစာများထဲတွင် ဗီတာမင်၊ သတ္တုဓါတ်နှင့် Essential Fatty Acids များ အချိုးအစားမျှတစွာ ပါဝင်နေခြင်းသည် ခန္ဓာကိုယ်၏ခုခံအားစနစ်အတွက် လွန်စွာမှအရေးပါပါသည်။

အောက်ပါတို့သည် ခန္ဓာကိုယ်၏ခုခံအားစနစ်အတွက် အရေးပါဆုံးသော ဗီတာမင်များနှင့် ဖြည့်စွက်အာဟာရများဖြစ်ကြပါသည်။

 

ဗီတာမင်–အေ

ဗီတာမင်-အေ သည် ခန္ဓာကိုယ်၏ခုခံအားစနစ်အတွက်ရေးပါသည့် သွေးဖြူဥ အမျိုးအစားတစ်ခုဖြစ်သော Lymphocytes များကိုထုတ်လုပ်ခြင်းနှင့် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို တိုးတက်စေနိုင်သည့် ဂုဏ်သတ္တိရှိပါသည်။

Lymphocytes များသည် ခန္ဓာကိုယ်အတွင်းဝင်ရောက်လာသော ရောဂါပိုးမွှားများကို တိုက်ခိုက်နိုင်သည့်အပြင် ခုခံအားစနစ်အတွက် အရေးပါသည့် ပဋိပစ္စည်းဟုခေါ်သည့် Protein များကို ထုတ်လုပ်သည့်နေရာတွင်လည်း ကူညီပေးနိုင်ပါသည်။

ဗီတာမင်-အေ ကြွယ်ဝသောအစားအစာများမှာ နို့ထွက်အစားအစာများ၊ ဘရိုကိုလီ၊ ကညွတ်နှင့် ကြက်ဥ၊ ဘဲဥ တို့ဖြစ်ကြပါသည်။

 

ဗီတာမင်–စီ

ခန္ဓာကိုယ်အား ရောဂါပိုးမွှားများ၏အန္တရာယ်မှ ရှေ့တန်းက မားမားမတ်မတ်ရပ်တည်ကာကွယ်ပေးနေသည့် နေရာသည် နှာခေါင်း၊ အူလမ်းကြောင်းနှင့် အဆုတ်တွင်ရှိသည့် အပေါ်ယံအလွှာများဖြစ်ကြပါသည်။

ထိုအပေါ်ယံအလွှာများ ကြံ့ခိုင်သန်စွမ်းမှုအတွက် ကော်လာဂျင်များသည် မရှိမဖြစ်အရေးပါသည့်အစိတ်အပိုင်းများ ဖြစ်ကြပါသည်။

ဗီတာမင်-စီသည် ကော်လာဂျင်များ ထုတ်လုပ်မှုအတွက် အရေးပါသည့်အခန်းကဏ္ဍတွင် ရပ်တည်နေပါသည်။

ဗီတာမင်-စီ ချို့တဲ့ပါက ကော်လာဂျင်များမထုတ်လုပ်နိုင်မှုကြောင့် ခန္ဓာကိုယ်၏ခုခံအားစနစ်များသည်လည်း လိုက်ပါကျဆင်းလာတတ်ပါသည်။

ထို့ပြင် ဗီတာမင်-စီသည် ခန္ဓာကိုယ်၏ ခုခံအားကာကွယ်မှုစနစ်တွင် အရေးပါသည့် သွေးဖြူဥများ၊ အင်ဇိုင်းများနှင့် ပဋိပစ္စည်းများ ထုတ်လုပ်မှုကိုတိုးတက်စေခြင်းအားဖြင့်လည်း ဗိုင်းရပ်စ်များ၊ ကူးစက်ရောဂါပိုးများကို ခုခံရာတွင်များစွာ အထောက်အကူပေးပါသည်။

ထို့ပြင် ခုခံအား တုံ့ပြန်မှုဖြစ်စဉ်များအတောအတွင်း ထွက်ပေါ်လာသည့် Free Radicals များကြောင့် ဖြစ်ပေါ်လာသည့် တစ်ရှူးများ၊ ဆဲလ်များပျက်စီးမှုများကို ကန့်သတ်တားမြစ်ပေးရာတွင်လည်း ဗီတာမင်-စီသည် အရေးပါပါသည်။

ရောင်ရမ်းမှုဆန့်ကျင့်သည့် အကျိုးအသက်ရောက်မှုများနှင့် ဓါတ်တိုးဆန့်ကျင်အကျိုးသက်ရောက်မှုများလည်း ဗီတာမင်-စီတွင် ရှိပါသည်။

ဗီတာမင်-စီ ကြွယ်ဝသောအစားအစာများမှာ ချဉ်သောအသီးအနှံများနှင့် ဖျော်ရည်များ၊ ငရုတ်သီး၊ ဘယ်ရီသီး၊ ဟင်းနုနွယ်တို့ဖြစ်ကြပါသည်။

 

ဗီတာမင်–အီး

ဗီတာမင်-အီးသည် ခန္ဓာကိုယ်ဆဲလ်များ၏ ဆဲလ်နံရံများအား တောင့်တင်းခိုင်မာစေခြင်းအားဖြင့် ဆဲလ်များကိုကာကွယ်ရာတွင် ကူညီပေးနိုင်သည့် အစွမ်းထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး ဖြစ်ပါသည်။

ထို့ပြင် ခုခံအားစနစ်၏ စစ်သားများဖြစ်ကြသော T-cells သွေးဖြူဥများကိုလည်း ထောက်ပံ့ကူညီပေးပါသည်။

ဗီတာမင်-အီး ကြွယ်ဝသော အစားအစာများမှာ အသီးအနှံများ၊ အဆီများ၊ အခွံမာသီးများနှင့် အစေ့အဆန်များ ဖြစ်ကြပါသည်။

 

ဗီတာမင်–ဒီ

ခုခံအားစနစ်၏ များစွာသောဆဲလ်များတွင် ဗီတာမင်-ဒီ Receptors များရှိခြင်းကြောင့် ဗီတာမင်-ဒီ သည်လည်း ခုခံအားစနစ်အတွက် အရေးပါဆုံးအာဟာရဓာတ်တစ်မျိုးဖြစ်ပါသည်။

ဗီတာမင်-ဒီ သည် ခုခံအားစနစ်၏အရေးပါသော T-cells များကို လှုံ့ဆော်မှုပေးခြင်းအားဖြင့် အရေးပါသောအခန်းကဏ္ဍတွင် တည်ရှိနေပါသည်။

ထို့ပြင် ဗက်တီးရီးယားများနှင့် ဗိုင်းရပ်စ်များကို တိုက်ခိုက်ရာတွင် အရေးပါသည့် Inflammatory Cytokines များထုတ်လုပ်ခြင်းကိုလည်း ထိန်းညှိပေးပါသည်။

ဗီတာမင်-ဒီ သည် ငါးကြီးဆီများနှင့် ကြက်ဥ၊ ဘဲဥများတွင်သာ ပါဝင်ပါသည်။

 

ဇင့်ဓာတ်

ဇင့်ဓာတ်နည်းပါပါက ပထမဆုံး စတင်အားနည်းမည့်စနစ်သည် ခုခံအားတုန့်ပြန်သည့်စနစ်များ ဖြစ်ပါသည်။

ထို့အပြင် ဓာတ်တိုးဖိစီးမှု (Oxidative stress) များနှင့် ရောင်ရမ်းနာကျင်မှုဖြစ်စဉ်များလည်း ဖြစ်ပေါ်လာနိုင်သည့် အလားအလာများရှိပါသည်။

ခန္ဓာကိုယ်၏ခုခံအားစနစ်တွင် အရေးပါသည့် T-cells များ ထုတ်လုပ်ပေးသော Thymus gland များ၏ ကျန်းမာရေးတွင်လည်း ဇင့်ဓာတ်သည် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်နေပါသည်။

ဇင့်ဓါတ် ပါဝင်သော အစားအစာများမှာ ပင်လယ်စာများ၊ ဝက်သားနှင့် ပဲတို့ ဖြစ်ကြပါသည်။

Author : Dr. CK

Previous Post

ဝိတ်ကျစေမဲ့ ရွှေဖရုံသီး

Next Post

OnDoctor အပလီကေးရှင်း WITSA ကပေးအပ်သည့် Innovative E-Health Solutions Award ရရှိ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
461
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
207
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

3 years ago
384
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
391
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

3 years ago
446
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

3 years ago
327

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

OnDoctor အပလီကေးရှင်း WITSA ကပေးအပ်သည့် Innovative E-Health Solutions Award ရရှိ

အရေပြားနေလောင်ခြင်းကို ကာကွယ်ကုသရန်နည်းလမ်းများ

အစာအိမ်အနာနှင့် အူသိမ်ဦးပိုင်း အနာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.