fbpx

Myanmar (Covid-19 Stats)

😷 87,977 Total Cases
😥 1,887 Deaths
😇 67,588 Recovered

OnDoctor အပလီကေးရှင်း WITSA ကပေးအပ်သည့် Innovative E-Health Solutions Award ရရှိ

ပြည်တွင်းမှ ကျန်းမာရေးဝန်ဆောင်မှုအပလီကေးရှင်းတစ်ခုဖြစ်သည့် OnDoctor သည် WITSA ကပေးအပ်သည့် Innovative E-Health Solutions Award (Merit Award) ရရှိခဲ့ပါသည်။

World Information Technology and Services Alliance (WITSA) အနေဖြင့် နိုဝင်ဘာ ၁၉ ရက်နေ့တွင် သူ၏ ပထမဆုံးသော Virtual Global ICT Excellence Awards ကို ကြေညာခဲ့ခြင်းဖြစ်ပါသည်။

WITSA က ပေးအပ်သည့်ဆုများတွင် ကဏ္ဍ ၉ ခုရှိပြီး OnDoctor App က Innovative E-Health Solutions ကဏ္ဍ၏ Merit Award Winner အဖြစ် ရွေးချယ်ခံရခြင်းဖြစ်ပါသည်။ ထို့အတူ ပြည်တွင်းက အခြား App တစ်ခုဖြစ်သည့် Saw Saw Shar သည်လည်း Covid-19 Tech Solutions For Countries & Regions ကဏ္ဍတွင် Merit Award ရရှိခဲ့သည်ဟု သိရပါသည်။

အဆိုပါဆုပေးပွဲကို WITSA အနေဖြင့် ၂၀၀၀ ပြည့်နှစ်ကတည်းက စတင်ကျင်းပခဲ့သော်လည်း မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ယခုနှစ်တွင် OnDoctor နှင့် Saw Saw Shar တို့က ပထမဆုံးအကြိမ်ရရှိခြင်းဖြစ်ပါသည်။

OnDoctor သည် ဆရာဝန်များနှင့်ဆက်သွယ်ပြီး အကြံဉာဏ်ရယူနိုင်သလို ကျန်းမာရေးအသိပညာများ ရယူနိုင်သည့် မိသားစုကျန်းမာရေးစောင့်ရှောက်မှုမိုဘိုင်းအပလီကေးရှင်းတစ်ခုဖြစ်ပါသည်။

OnDoctor App ကို ၂၀၁၆ တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် Android နှင့် Ios ဖုန်းများတွင် တွင်ကျယ်စွာအသုံးပြုနိုင်နေပြီလည်း ဖြစ်ပါသည်။ App ကို အသုံးပြုပြီး ကျန်းမာရေးသတင်းများ၊ ဆောင်းပါးများဖတ်ရှုနိုင်သလို ဆရာဝန်များနှင့် ဆက်သွယ်စကားပြောခြင်း၊ Video Call ပြောဆိုခြင်းတို့ပြုလုပ်နိုင်ပါသည်။

ယခုလက်ရှိအချိန်တွင် OnDoctor Application မှ တစ်နှစ်လျှင် ကျန်းမာရေးအမေးအဖြေပေါင်း ၉.၆ သန်းကျော် ဖြေကြားပေးလျက် ရှိသလို အောင်မြင်မှုများအနေဖြင့် ASEAN Business Award 2019 အပါအဝင် ပြည်တွင်းပြည်ပဆုတံဆိပ်ပေါင်းများစွာကို ရရှိထားသည့် App တစ်ခုလည်းဖြစ်ပါသည်။

WITSA ကို ၁၉၇၈ ခုနှစ်တွင် စတင်ထည်ထောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်က အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်တွင် လွတ်လပ်သောအဖွဲ့အစည်းအဖြစ် တရားဝင်အဖွဲ့စည်းခဲ့ပါသည်။ ကမ္ဘာတစ်ဝန်းနိုင်ငံပေါင်း ၈၀ ကျော်မှ ICT အဖွဲ့အစည်းအသင်းဝင်များပါဝင်သည့် ဦးဆောင်အဖွဲ့အစည်းတစ်ခုဖြစ်သလို အသင်းဝင်များအနေဖြင့် ကမ္ဘာ့အိုင်စီတီစျေးကွက်၏ ၉၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုလျက်ရှိသည့် အဖွဲ့အစည်းလည်းဖြစ်ပါသည်။

WITSA အနေဖြင့် ICT သည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး၏ အဓိကမောင်းနှင်သည့်ကဏ္ဍဖြစ်သည့်အလျောက် အဆိုပါကဏ္ဍကို တွန်းအားပေးရန်နှင့် ပိုမိုကြီးထွားစေရန်ရွယ်ရွယ်လုပ်ဆောင်လျက်ရှိပါသည်။

 

ဆရာဝန်ကြီးများနှင့်မေးမြန်းရာမှာ အသုံးပြုနိုင်ဖို့
အပ်ပလီကေးရှင်း ဒေါင်းလုပ် လုပ်ပြီး
လက်ဆောင် ၁၅ ပွိုင့်ပါ တခါတည်း ရယူလိုက်ပါ