fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

မျက်စိအားကောင်းစေတဲ့ Bilberries အကြောင်းသိကောင်းစရာ

Good to know about Bilberries that improve eyesight
289
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/07/2022
in ကျန်းမာစေသော အစားအစာ
1 min read
A A

Bilberry (Vaccinium myrtillus) ဟာ သေးငယ်ပြီး ချုံပုတ်လိုခပ်အုပ်အုပ် ပုံစံပေါက်ရောက်တဲ့ မြေနိမ့်ပင်တစ်မျိုးဖြစ်ပါတယ်။ ဥရောပမှာ အတွေ့ရများပြီး မြောက်အမေရိက blue berry ရဲ့ မျိုးနွယ်နီးစပ်တဲ့ အပင်တစ်မျိုးလည်း ဖြစ်ပါတယ်။ သူတို့ နှစ်မျိုးဟာ အသွင်သဏ္ဍန်ဆင်တူတာကြောင့် bilberry ကို ဥရောပရဲ့ blue berry လို့တောင် တင်စားကြပါတယ်။ တခါတရံ whortleberry, huckleberry လို့လဲ သုံးနှုန်းလေ့ရှိကြပါတယ်။

Blueberry နဲ့ အဓိကခွဲခြားနိုင်တာကတော့ bilberry ရဲ့ အတွင်းသားဟာ အနီရောင် (သို့) ခရမ်းနုရောင် ဖြစ်ပြီးတော့ blueberry ကတော့ အစိမ်းနုရောင် (သို့) အဖြူရောင် အတွင်းသား ရှိနေတာ ဖြစ်ပါတယ်။ Bilberries ရဲ့ trademark ကတော့ ဓါတ်တိုးဆန့်ကျင်သတ္တိ antioxidant အများကြီး ပါဝင်တာ ဖြစ်ပါတယ်။

Bilberries မှာ အများဆုံးပါဝင်တဲ့ antioxidant anthocyanin ဟာ bilberry ရဲ့ အခွံမှာရှိတဲ့အတွက် ခူးဆွတ်တဲ့အနေအထား (သို့) အသီးရဲ့ရင့်မှည့်မှုပေါ် မူတည်ပြီး ပါဝင်တဲ့ပမာဏ လျော့နည်းသွားနိုင်ပါတယ်။ ဒီဒြပ်ပေါင်းဟာ bilberry ရဲ့ အပြာရင့်ရောင်ကို ဖြစ်စေပြီးတော့ free radicals ခေါ် ခန္ဓာကိုယ်ဆဲလ်တွေရဲ့ ပုံမှန်လုပ်ငန်းတွေကို ကမောက်ကမဖြစ်စေပြီး ရောဂါမျိုးစုံဖြစ်စေတဲ့ဓါတ်တွေကိုလဲ ဖယ်ထုတ်ပေးပါတယ်။

ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ free radicals တွေဟာ မျက်လုံးဆဲလ် တစ်ရှူးတွေမှာ စုပုံလာရင် ပိုမိုပြင်းထန်လာပြီး ကုသလို့မရတဲ့အထိ ပျက်စီးပြီး အမြင်အာရုံ ကွယ်ပျောက်သွားနိုင်တာကြောင့် bilberries ကို ဟိုးယခင် အလယ်ခေတ်များထဲက ဆေးဖက်ဝင်မျက်စိအားဆေးအဖြစ် အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။

ကမ္ဘာကြီးကို ခြိမ်းခြောက်နေဆဲ အမြင်အာရုံလုံးဝဆိတ်သုဉ်းသွားနိုင်တဲ့ အဓိကရောဂါတွေကတော့ အတွင်းတိမ်၊ ရေတိမ်၊ မြင်လွှာ အလယ်ရောင်ခြယ် ပျက်သုဉ်းခြင်း ၊ မျက်လုံးအာရုံကြောရောဂါနဲ့ မြင်လွှာကင်ဆာတို့ပဲ ဖြစ်ပါတယ်။ တခြားသော အမြင်အာရုံကွယ်သွားစေနိုင်တဲ့ အကြောင်းတွေကတော့ မျက်လုံးအတွင်း ပိုးဝင်ကူးစက်ခံရခြင်းနှင့် မျက်လုံးကိုထိခိုက်မိခြင်းတို့ကြောင့် ဖြစ်ပါတယ်။ မျိုးရိုးလိုက်တဲ့ အခြေအနေအချို့ ရှိသော်လည်း တချို့ အရာတွေကတော့ အစာအာဟာရကောင်းကောင်းစားရုံနဲ့ ကာကွယ်နိုင်တာလည်းတွေ့ရပါတယ်။

ရောဂါတွေအတွက် စမ်းသပ်မှုတွေလုပ်ရင်း လေ့လာတွေ့ရှိချက်တွေအရ bilberries မှာ မြင်လွှာပုံမမှန်ဖြစ်တာတွေကို ပြန်လည် တိုးတက်ကောင်းမွန်လာစေခြင်း၊ ဆံခြည်မျှင် သွေးကြောလေးတွေရဲ့ ခံနိုင်ရည်အား မြှင့်တင်ပေးခြင်း၊ မျက်စိမှန်ဘီလူး မှုန်ဝါးခြင်းဖြစ်စဉ်ကို နှေးသွားစေခြင်နှင့် ညဘက်အမြင်အာရုံ ပိုမိုကောင်းမွန်လာစေခြင်းစတဲ့ အာနိသင်ကောင်းတွေရှိနေပါတယ်။

အသက်ကြီးလို့ဖြစ်တဲ့ အတွင်းတိမ်ရောဂါသည် အယောက်ငါးဆယ်ကို bilberries နှင့်ဆက်စပ်ပြီး လေးလအကြာ စမ်းသပ်မှုလုပ်ရာမှာ 97% ဟာ ရောဂါဖြစ်စဉ် ဆက်လက်ဆိုးရွားမလာတော့တာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ယနေ့ခေတ်မှာ ဖြည့်စွက်စာအနေနဲ့ bilberries extract တွေကို မှီဝဲလာနေကြပြီ ဖြစ်ပါတယ်။

Bilberries ဟာ သွေးခဲခြင်းကိုဟန့်တားတဲ့အတွက် သွေးကျဲဆေးသောက်နေရသူတွေ၊ သွေးမတိတ်တတ်တဲ့ ရောဂါအခံရှိသူတွေအပြင် သွေးတွင်းသကြားဓာတ်လည်းကျဆင်းစေတာကြောင့် ဆီးချိုကျဆေးသောက်နေရသူတွေ သောက်သုံးရင် သတိထားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိသောက်သုံးမယ့် ဆေး၊ ဖြည့်စွက်စာရဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို သေချာသိရှိနားလည်ပြီး နားလည်တတ်ကျွမ်းသူနှင့် တိုင်ပင်သောက်သုံးခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါ့ကြောင့် နူးညံ့တဲ့မျက်ဝန်းလေးတွေရဲ့ စက္ခုအာရုံ စွမ်းဆောင်ရည်ကို အသက်အရွယ်ကြောင့် ဘေးဖယ်ထားလိုက်ရတာမျိုး မဖြစ်ရလေအောင် bilberries ကို သုံးစွဲနိုင်ကြောင်း မျှဝေလိုက်ရပါတယ်။

Author : Dr.Yee Mon

Previous Post

ကိုယ်ခံအား ကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့

Next Post

ရာသီအကူးအပြောင်းနှင့် ကိုယ်ခံစွမ်းအား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
457
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
207
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

3 years ago
383
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
383
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

3 years ago
445
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

3 years ago
327

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Menopause and Immunity

ရာသီအကူးအပြောင်းနှင့် ကိုယ်ခံစွမ်းအား

Misconceptions about health

လွဲမှားနေသော ကျန်းမာရေး အယူအဆများ

How to prevent seasonal flu in the rainy season?

မိုးရာသီမှာ ရာသီတုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.