fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ဘယ်အချိန်ဆို  အပျိုဖြစ်ပြီလဲ

451
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/10/2018
in ကျန်းမာသော နေထိုင်မှုပုံစံ, အမျိုးသမီး ကျန်းမာရေး
1 min read
A A

ဘယ်အချိန်ဆို  အပျိုဖြစ်သလဲ

ယေဘူယျအားဖြင့် ကလေးဘဝကနေ လူကြီးအဖြစ်ပြောင်းသည့်အခါ (တစ်နည်းဆိုရလျှင် အရွယ်ရောက်သည့်အခါ ) ခန္ဓာကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှင့် လိင်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ကြုံရတတ်ပါတယ်။ အမျိုးသမီးများမှာ အမျိုးသားများ ထက်ပိုစောစွာ အရွယ်ရောက်လေ့ရှိပါတယ်။ ဟော်မုန်းပြောင်းလဲမှုကြောင့် အဆိုပါပြောင်းလဲမှုများ ကြုံရခြင်းဖြစ်ပါတယ်။ ယခုတစ်ခေါက်မှာ အမျိုးသမီးများ အပျိုဖော်ဝင်ချိန်တွင်ကြုံရသော ပြောင်းလဲမှုဖြစ်စဉ်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

 

•ကိုယ်အလေးချိန်တက်ကာ အရပ်ရှည်လာခြင်း

အသက် ၉ နှစ်လောက်မှစ၍ အရပ်များပိုထွက်လာတတ်ကြပါတယ်။ မိန်းကလေးအများစုမှာ ပထမဆုံးရာသီသွေးမပေါ်ခင် ၆ လ အလိုလောက်တွင် ကြီးထွားနှုန်း အမြန်ဆုံးဖြစ်တတ်ပါတယ်။

ထို့အပြင် အဆိုပါကာလတွင် ကိုယ်အလေးတိုးလာသည့်အပြင် လက်မောင်း၊ ပေါင် နှင့် နောက်ကျောတို့တွင် အဆီများတက်လာကာ တင်ပါးမှာလည်း လုံးဝန်းကာ ကားလာတတ်ပြီး ၊ ခါးများ သိမ်လာတာကို တွေ့ရတတ်ပါတယ်။ ထိုသို့ ဝိတ်တက်လာလျှင် အရပ်နှင့် ကိုယ်အလေးချိန် ပုံမှန်တိုင်းကာ ကိုယ်အလေးချိန်တက်နှုန်း မြန်နေလျှင် အစားကိုဂရုတစိုက် ထိန်းပြီးစားရန်လိုအပ်ပါတယ်။

 

• ရင်သား ဖွံဖြိုးလာခြင်း

ရင်သား ဖွံဖြိုးလာခြင်းဟာ အပျိုဖော်ဝင်ခြင်း၏ အစောပိုင်းလက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။ ထိုသို့ရင်သားဖွံ့ဖြိုးလာပါက မိခင်နှင့်တိုင်ပင်ကာ သင့်တော်သော အတွင်းခံ အင်္ကျီပြောင်းဝတ်သင့်ပါတယ်။

 

• အမွှေးများပေါက်လာခြင်း

အပျိုဖော်ဝင်သည်နှင့် တပြိုင်နက် လက်မောင်း၊ ခြေထောက်၊ ချိုင်း နှင့် ဆီးခုံတစ်ဝိုက်တွင် အမွှေးများပေါက်လာတတ်တာကလည်း ပုံမှန်ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။

 

• ရာသီသွေးပေါ်ခြင်း

ရင်သားဖွံ့ဖြိုးပြီးနောက် အသက် ၁၂ နှစ်လောက်တွင် ရာသီသွေးစပေါ်တတ်ကြပါတယ်။ အချို့မှာ ၁၂ နှစ်ထက် စောပေါ်တတ်ပြီး နောက်ကျမှ ပေါ်တတ်ခြင်းများလည်းရှိပါတယ်။

ရာသီသွေးပေါ်ခြင်းဆိုတာ အမျိုးသမီးတိုင်းတွင် ဖြစ်တတ်သောအရာဖြစ်သောကြောင့် ရှက်ကြောက်ရန်မလိုပေ။ ရာသီစပေါ်ပြီဆိုတာနှင့် မိမိ၏ အမေ သို့မဟုတ် အစ်မ တို့ကို ပြောသင့်ပါတယ်။ ထိုသို့ ဓမ္မတာလာစဉ် အတွင်း အမျိုးသမီး လစဉ်သုံးပစ္စည်းကို အသုံးပြုသင့်ပါတယ်။

 

•ဓမ္မတာလာခြင်း နှင့် ကိုက်ခဲခြင်း

မိန်းကလေးများ ရာသီစပေါ်ပြီဆိုတာနှင့် ဓမ္မတာလာချိန်အတွင်း ဟော်မုန်းပြောင်းလဲမှုများကြောင့် ကိုက်ခဲမှုများကြုံရတတ်ပါတယ်။ အဖြစ်များသော ကိုက်ခဲမှုတွေကတော့

  • ပေါင်နားတဝိုက်ကိုက်ခဲခြင်း
  • နောက်ကျောနာခြင်း
  • ခါးကိုက်ခြင်း
  • ဗိုက်ပွခြင်း
  • ဗိုက်အောင့်ခြင်း
  • နုံးခြင်း အစရှိသော ဝေဒနာများခံစားရနိုင်ပါတယ်။

Ibuprofen နှင့် Mefenemic acid (Dolfenal) ကဲ့သို့သော ဆေးများဖြင့်ဝေဒနာသက်သာအောင်လုပ်ပေးနိုင်ပါတယ်။ အကယ်၍ ကိုက်ခဲခြင်းမှာ အလွန်အမင်းပြင်းထန်ပါက ဆရာဝန်နှင့်ပြသသင့်ပါတယ်။

 

•စိတ်ခံစားချက်ပြောင်းလဲ မှုများခြင်း

ဟော်မုန်းအတက်အကျမြန်ခြင်းကြောင့် စိတ်ခံစားချက်များ ပြောင်းလဲတတ်ပါတယ်။ အထူးသဖြင့်

-စိတ်တို၊ စိတ်ဆတ်ခြင်း

-အိပ်မပျော်ခြင်း

-စိုးရိမ်လွန်ခြင်း

-အစာစားချင်စိတ်လွန်ကဲခြင်းတို့ ဖြစ်လေ့ရှိပါတယ်။ အဆိုပါဝေဒနာ များကို ဓမ္မတာမလာခင် ခံစားရသောဝေဒနာစု (Premenstrual Syndrome /PMS) လို့ခေါ်ပါတယ်။

 

သတိပြုရမည်မှာ အဆိုပါကာလအတွင်း အစာအာဟာရမျှတအောင်စားခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း တို့လုပ်ဆောင်သင့်ပါတယ်။

 

မိန်းကလေးများ အပျိုဖော်ဝင်ချိန်တွင်ပြောင်းလဲမှုဖြစ်စဉ်များမှာ သဘာဝဖြစ်သောကြောင့် ရှက်ကြောက်ခြင်း မရှိပဲ ကျန်းမာရေးကောင်းအောင် နေထိုင်ကာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစွာဖြင့်လန်းလန်းဆန်းဆန်းနေနိုင်ရန် အကြံပြုတင်ပြလိုက်ရပါတယ်။

 

Dr.Z

Previous Post

ကိုယ်ဝန်ဆောင်စဉ် ဗိုက်ပြင်ခြင်း

Next Post

နို့တိုက်မိခင်မဟုတ်ပဲ  နို့ထွက်နေတာ   ရောဂါလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125
Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
590
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နို့တိုက်မိခင်မဟုတ်ပဲ  နို့ထွက်နေတာ   ရောဂါလား

" ချစ်တင်းနှောခြင်း၏ အကျိုးအာနိသင်များ "

မျက်ကွင်းတွေ မညိုအောင် ဘယ်လိုလုပ်မလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.