fbpx

Myanmar (Covid-19 Stats)

😷 49,072 Total Cases
😥 1,172 Deaths
😇 28,636 Recovered

အလွယ်တကူအိပ်ပျော်အောင် ကူညီပေးနိုင်သည့် သဘာ၀ ဆေးဖက်ဝင် အပင်များ

အိပ်စက်ခြင်းနှင့် ပတ်သတ်၍ အချို့သူများသည် ခေါင်းချလိုက်သည်နှင့်  နှစ်ခြိုက်စွာ အိပ်ပျော်နိုင်သော်လည်း အချို့သူများမှာမူ နှစ်ခြိုက်စွာအိပ်စက်ရန်အတွက်  လွန်စွာမှ အခက်အခဲရှိပါသည်။

ကြိုးစား၍ အိပ်ကာ အိပ်ပျော်ပြန်လျှင်လည်း  တစ်ညလုံး  ဆက်တိုက်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရန် ခက်ခဲနေတတ်ပြန်ပါသည်။ ထိုသို့ တစ်ညလုံးနှစ်ခြိုက်စွာ အိပ်မပျော်နိုင်ခြင်းသည် ရေရှည်တွင် ကျန်းမာရေးကို  ဆိုးရွားစေနိုင်ပါသည်။

ထို့အပြင် မနက်စောစော လေယာဉ်ကွင်းသွားခြင်း သို့မဟုတ် အရေးကြီးသည့်အစည်းအဝေးများရှိခြင်း စသည့်ချိန်းဆိုထားသည့် ကိစ္စများရှိပါက ညဘက်တွင် နှစ်ခြိုက်စွာအိပ်မပျော်ခြင်းသည် ကြီးမားသော အနှောင့်အယှက်တစ်ခုဖြစ်လာပါတော့သည်။

အိပ်ဆေးသောက်ခြင်းဖြင့် အိပ်မရခြင်း ပြဿနာကို ခဏတဖြုတ် ပြေလည်အောင် ဖြေရှင်းနိုင်သော်လည်း ရေရှည်အတွက်မူ ကောင်းကျိုးထက် အိပ်ဆေးများ၏ ဘေးထွက်ဆိုးကျိုုးများကို ပိုမို ခံစားရမည်ဖြစ်ပါသည်။ ထို့ကြောင့် အိပ်ဆေးများကို ရေရှည်အတွက် အားမကိုးသင့်ပေ။

ထို့ကြောင့် သဘာ၀အတိုင်းနှစ်ခြိုက်စွာအိပ်ပျော်စေနိုင်သည့် နည်းလမ်းများကို သိရှိရန် လိုအပ်လာပါသည်။

အိပ်စက်ခြင်းကို အားပေးသော အခြား သဘာ၀ဆေးဘက်ဝင် အပင်များစွာ ရှိပါသည်။ ၎င်းအပင်များကို နည်းလမ်းမှန်စွာ အသုံးချနိုင်ပါက သဘာ၀အတိုင်း နှစ်ခြိုက်စွာ အိပ်စက်နိုင်မည့်အပြင်  ကျန်းမာရေးအတွက်များစွာ အကျိုးရှိမည်ဖြစ်ပါသည်။

၁။        ကန့်ဘလူမြစ်

ကန့်ဘလူမြစ်ကို ဥရောပနှင့် အာရှတွင် စိတ်ငြိမ်ရန်နှင့် နှစ်ခြိုက်စွာ အိပ်ပျော်စေရန် အသုံးပြုလာသည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီဖြစ်ပါသည်။ စနစ်တကျ သုတေသနပြုလေ့လာတွေ့ရှိချက်များအရ ကန့်ဘလူမြစ်သည် အိပ်စက်ခြင်းအပေါ် များစွာ အကျိုးကျေးဇူးရှိကြောင်း‌ေတွ့ရှိရပါသည်။

၎င်းကို အိပ်စက်ခြင်း၏ အရည်အသွေးကို မြင့်တက်စေရန် အသုံးပြုကြလေ့ရှိပါသည်။ ညဘက်တွင် အိပ်မက်ဆိုးများမက်၍ မကြာခဏ လန့်နိုးကာ ကောင်းစွာ မအိပ်စက်နိုင်သည့် အခြေအနေများကို လျှော့ချရန်အတွက်လည်း အသုံးပြုကြပါသည်။

၎င်း၏ အနံ့ နှင့် အရသာကို လူအများစုက များစွာ မနှစ်လိုကြသော်လည်း နှစ်ခြိုက်စွာအိပ်စက်မှုကို ပေးစွမ်းနိုင်သည့် ဂုဏ်သတ္တိကြောင့် ခုံမင်စွာ သုံးစွဲနေကြပါသည်။

၂။         Lavender  လာဗင်ဒါရေမွှေးပန်း

Lavender   သည် စိတ်ဖိစီးမှုများကို လျော့နည်းသက်သာစေခြင်းနှင့် အိပ်စက်ခြင်းကို အထောက်အကူပြုသော ပစ္စည်းတစ်ခုအဖြစ် လူအများက လက်ခံထားကြပါသည်။ ထို့အပြင် Lavender ၏မွှေးရနံ့ကို လူတို့၏ အသုံးအဆောင်ပစ္စည်းအများအပြားတွင်လည်း ထည့်သွင်းအသုံးပြုကြသည်ကို တွေ့ရှိရပါသည်။

လေ့လာတွေ့ရှိချက်များအရ Lavender ၏မွှေးရနံ့ကို ရှူရှိုက်ပြီးမှ အိပ်စက်ခြင်းသည် ပိုမို နှစ်ခြိုက်စွာ အိပ်ပျော်စေကာ မနက်ခင်းတွင် ပိုမို အားအင်ပြည့်၀လန်းဆန်းစေသည်ကို တွေ့ရှိရပါသည်။

ထို့ပြင်မအိပ်စက်ခင်အချိန်တွင် Lavender အဆီဖြင့် နှိပ်နယ်ပေးခြင်းဖြင့်လည်း အိပ်စက်ခြင်း အရည်အသွေးကို ပိုမိုတိုးတက်စေနိုင်သလို နိုးထချိန်တွင်လည်း  အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်ကာ စိတ်ဖိစီးမှုများကို လျော့ကျစေနိုင်ကြောင်းတွေ့ရှိရပါသည်။

၃။        Chamomile (ချာမိုမိုင်းလ် )

               

Chamomile သည်လည်း နှစ်ခြိုက်စွာ အိပ်စက်ခြင်းကို များစွာအထောက်အကူပြုပါသည်။

လေ့လာတွေ့ရှိချက်များအရ

Chamomile သည် ဦးနှောက်ထဲတွင်ရှိသော စိတ်ဖိစီးမှုကိုဖြစ်စေသော  ACTH ဟော်မုန်းထုတ်လုပ်မှုကို လျော့နည်းစေကာ ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ရရှိစေနိုင်ပါသည်။ ထို့ကြောင့် စိတ်ဖိစီးမှုများခြင်းကြောင့် အိပ်မရသည့် ပြဿနာများကို Chamomile မှ အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါသည်။

Chamomile  ကို ရေနွေးကြမ်းအဖြစ် စျေးကွက်ထဲတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။

 

စိတ်ဖိစီးမှု ကင်းစွာဖြင့် သဘာ၀အတိုင်း နှစ်ခြိုက်စွာ အိပ်စက်နိုင်ကြပါစေ။

 

Author: Dr. CK

ဆက်စပ် ဆောင်းပါးများ