fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အစွမ်းထက် ကညွတ်

265
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/05/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

မီးဖိုချောင်ကလာတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တစ်မျိုးကတော့ ကညွတ်ပဲဖြစ်ပါ တယ်။ ကညွတ်ဟာ အမျှင်ဓာတ်၊ အသားဓာတ် စတာတွေနဲ့ ပြည့်ဝပြီး ကိုယ်ခံအားနဲ့ အစာချေဖျက်မှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါ့ပြင် ကညွတ်မှာ anti-inflammatory compounds အများအပြားပါဝင်တာကြောင့် ဆီးချို၊ သွေးချိုနဲ့ နှလုံးရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ ဗီတာမင်ကေကလည်း ပါဝင်တာကြောင့် ကျန်းမာရေးအတွက် လိုအပ်တဲ့သွေးခဲမှုကို ကောင်းမွန်စေတဲ့အပြင် အရိုးအဆစ်တွေကိုလည်း အားကောင်းစေပါတယ်။
အစိမ်းရောင်ကညွတ်၊ အဖြူရောင်ကညွတ်၊ ခရမ်းရောင်ကညွတ်ဆိုပြီး သုံးမျိုးသုံးစား ရှိပါတယ်။ အစိမ်းရောင်ကညွတ်က အဖြူရောင်ကညွတ်ထက်ပိုပြီး ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ကညွတ်ထဲမှာပါတဲ့ ဗီတာမင်အေကလည်း အမြင်အာရုံအတွက် ကောင်းမွန်ပြီး ပိုတက်စီယမ်ကတော့ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ လှည့်ပတ်စေနိုင်တဲ့အပြင် သတ္တုဓာတ်တွေကလည်း ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။

ကညွတ်ဟာ လီလီပန်းမိသားစု အနွယ်ဝင်ဖြစ်ပြီး ပန်းခြံတွေထဲမှာ အလွယ်တကူ စိုက်ပျိုး ပေါက်ရောက်နိုင်ပါတယ်။ တစ်ရာသီကျပြီးရင် နောက်တစ်ရာသီ သူ့အလိုလို ပြန်ပေါက်လာတတ်တဲ့ အမျိုးဖြစ်လို့ စိုက်ထားရင် ဆယ်စုနှစ်တစ်စုစာလောက် အသာလေးစားသုံးလို့ရပါတယ်။ ကညွတ်ကို အစေ့ကနေ စိုက်ပျိုးလို့ ရနိုင်သလို အမြစ်ကိုယူပြီးလည်း စိုက်ပျိုးနိုင်ပါတယ်။
ကညွတ်တစ်ပန်းကန်မှာ ပိုတက်စီယမ် ၂၈၈ မီလီဂရမ်ပါဝင်ပါတယ်။ ပိုတက်စီယမ်က ဝမ်းဗိုက်က အဆီတွေကို လျော့ချပေးနိုင်တဲ့ သတ္တုဓာတ်တစ်မျိုးပါ။ ဒါ့အပြင် အမျှင်ဓာတ် ကတော့ အစာချေဖျက်မှုစနစ်ကို သန့်စင်စေနိုင်ပါတယ်။ သဘာဝအားဖြင့် ကညွတ်ထဲမှာ ဆိုဒီယမ်ဓာတ်ပါဝင်လာတာကြောင့် ရာသီမလာခင်ကာလ မအီမသာဖြစ်ချိန်မှာ ဖြစ်တတ်တဲ့ လေပွတာမျိုးကို မဖြစ်စေနိုင်တော့ပါဘူး။ အဆီနဲ့ ကိုလက်စထရောတွေလည်း မပါဝင်တဲ့အပြင် ကညွတ်တစ်ပန်းကန်မှာ ကယ်လိုရီ ၄၀လောက်ပါဝင်ပါတယ်။ ဒါကြောင့် လေ့လာသူတွေက ကညွတ်ဟာ အဆိပ်အတောက်ကို ပြယ်စေရုံမက ကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့ ဟင်းသီးဟင်းရွက်အဖြစ် စားသုံးသင့်တယ်လို့ဆိုထားပါတယ်။

ပိုတက်စီယမ်၊ ဗီတာမင်အေနဲ့ ဖိုလိတ်ဓာတ်တွေ ကညွတ်မှာပါဝင်တဲ့အပြင် အမိုင်နိုအက်ဆစ် ကွန်ပေါင်းတစ်မျိုးဖြစ်တဲ့ Glutachione လည်း မြင့်မားတဲ့အတွက် Antioxidant စွမ်းရည်မြင့်မားပါတယ်။ Glutachione ဆိုတာက ဆဲလ်သေတွေနဲ့ Free radicals တွေကို ဖယ်ရှားပေးနိုင်တဲ့ ဓာတ်တစ်မျိုးဖြစ်လို့ နုပျိုမှုအတွက် စားသင့်တဲ့ အဓိကအစားအစာလည်း ဖြစ်ပါတယ်။

ကညွတ်မှာပါဝင်တဲ့ ဓာတ်သဘာဝအရတင် မကပါဘူး။ ပုံသဏ္ဍာန်အားဖြင့်ပါ ကညွတ်ဟာ လိင်စိတ်ကို နိုးကြားစေတယ်လို့ဆိုပါတယ်။ ကညွတ်ကို အင်္ဂလိပ်လို  Aspasragus လို့ခေါ်ပြီး ပြင်သစ်လို Asperge လို့ခေါ်ပါတယ်။ အဲဒါက ဘန်းစကားအနေနဲ့ လိင်အင်္ဂါကိုခေါ်တဲ့ စကားလုံးလို့ဆိုပါတယ်။
ကညွတ်မှာ ကင်ဆာရောဂါကို အဓိကတိုက်ဖျက်နိုင်တဲ့ အရေးအကြီးဆုံး ဓာတ်တစ်မျိုး ဖြစ်တဲ့ ဖိုလိတ်ဓာတ်မြင့်မားပါတယ်။ တကယ်တော့ ဖိုလိတ်ဓာတ်က အစိမ်းရောင်ရှိတဲ့ ဟင်းသီး ဟင်းရွက်နဲ့ သံပရာအနွယ်ဝင်အသီးတွေတိုင်းမှာ တွေ့နိုင်ပါတယ်။ ဖော်လစ်အက်ဆစ်နဲ့ ဖိုလိတ် အတူတူပဲလို့  ဆိုကြပေမယ့် ဖော်လစ်အက်စစ်က ဖြည့်စွက်မှုအတွက် သက်သက်ဖြစ်ပြီး ဖိုလိတ်ဓာတ်ကို ရဖို့ဆိုရင် သဘာဝအတိုင်းပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးမှ သာရမှာပါ။

လေ့လာတွေ့ရှိချက်တွေအရ ကညွတ်မှာ ဗီတာမင်ကေပါဝင်တာကြောင့် အရိုးပွခြင်းနဲ့ အဆစ်အမြစ်ကိုက်ခဲခြင်းတွေကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဗီတာမင်ကေက အရိုးဖြစ် တည်မှုနဲ့ ကျိုးအက်သွားတဲ့ အရိုးတွေပြန်လည်ကောင်းမွန်ဖို့အတွက် အထောက်အကူပြုပါတယ်။ ဒါ့ပြင် အရိုးတွင်းက ပရိုတင်းဓာတ်တစ်မျိုးဖြစ်တဲ့ Osteocalcin ဖြစ်တည်မှုအတွက် အရေးပါ ပါသေးတယ်။ ကညွတ်ဟာ ဗီတာမင်ကေအမြင့်မားဆုံးပါဝင်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။

ကညွတ်ကိုစားသုံးခြင်းဖြင့် ကိုယ်ဝန်ဆောင်တွေမှာ လိုအပ်တဲ့ သံဓာတ်ကို အပြည့်အဝ ရရှိစေပါတယ်။ ဖိုလိတ်ဓာတ်က သားအိမ်ကို အားဖြည့်ထိန်းညှိပေးတဲ့အတွက် လမစေ့ပဲ မွေးဖွားတာမျိုးကိုလည်း မဖြစ်စေပါဘူး။ ဒါ့ပြင် လေ့လာတွေ့ရှိချက်အရ ကညွတ်ရဲ့ အာဟာရ တန်ဖိုးတွေက ဆီးလမ်းကြောင်းမှာ ဖြစ်တတ်တဲ့ ပိုးဝင်မှုနဲ့ ကျောက်ကပ်မှာ ကျောက်တည်မှုတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ခြုံပြောရရင် ကညွတ်ဟာ ပိုတက်စီယမ်၊ ဗီတာမင်အေ၊ ဖိုလိတ်ဓာတ်နဲ့ Glutachione ဗီတာမင်ကေတွေ အမြောက်အများပါဝင်တဲ့အပြင် အမျှင်ဓာတ်များပြားပြီး ဆိုဒီယမ်လုံးဝ မပါဝင်ပါဘူး။ ကယ်လိုရီလည်းနည်းပြီး အဆီနဲ့ ကိုလက်စထရော မပါဝင်တဲ့အတွက် လူတိုင်းရဲ့ ကျန်းမာရေးအတွက် သင့်လျော်တဲ့ အစားအစာ တစ်မျိုးဖြစ်တတ်ပါတယ်။

ကညွတ်ကို တချို့က အစိမ်းစားပြီး တချို့က ရေနွေးဖျောစားကြတယ်။ ရေနွေးငွေ့နဲ့ လည်း  ပေါင်းခံစားကြပါတယ်။ ကညွတ်သတ္တုရည်ကို တစ်နေ့တစ်ခွက်လောက် သောက်ပေးမယ်ဆိုရင် အဆိပ်အတောက် ကင်းစင်တဲ့အတွက် လူကို ကျန်းမာပြီး ရောဂါကင်းစေပါတယ်။

Author: ညီညီကျော် Healthcare Journal Vol8,No11

Previous Post

ဗီတာမင် အေချို့တဲ့ခြင်း

Next Post

အမေများ သက်တော်ရာကျော် ရှည်စေသတည်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.4k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
133

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.4k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
626

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမေများ သက်တော်ရာကျော် ရှည်စေသတည်း

ထုံနာကျဉ်နာ

အသားပက်ခြင်း အသားခြောက်သွေ့ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.