fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ကြားသုံးကြားမှ လင်မယားကြား

425
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/08/2016
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ကြား (၃) ကြားမဝင်နဲ့

ဟုရှေးဆိုရိုးစကားရှိငြားသော်လည်း၊ ဆရာဝန်တစ်ဦးအနေဖြင့် မလွှဲ မရှောင်သာ လင်မယားကြား ဝင်ရတတ်ပါသည်။ အမျိုးသမီးများသည် မိမိတို့၏ခင်ပွန်းအား အရက် သောက်ခြင်းကို မနှစ်သက်ကြပေ။ အကြောင်းကြုံကြိုက်၍ အမျိုးသားများ ဆေးခန်း လာရောက်ပြသသောအခါ “ဆရာ….ကျွန်မယောကျာ်း အရက်မသောက်ဖို့ ပြောပေးပါ” ဟုတောင်းဆိုတတ်ကြသည်။ တစ်ခါတစ်ရံ “သူ့ ရောဂါက အရက်နဲ့မတည့်ဘူး မဟုတ်လားဆရာ” “အရက်ဖြတ် ရမယ်မဟုတ်လား” စသဖြင့် နမိတ်ပြ မေးခွန်းများ မေးကြသည်။ ယောကျာ်းဖြစ်သူကလည်း အရက်မဖြတ်လို၊ မိန်းမဖြစ်သူကလည်း အရက်ဖြတ်စေချင်။ ဆရာဝန် အနေဖြင့် ကြားဝင်ရတော့သည်။ အဝင်မတတ်ရင်တော့ အမှန်းပွားနိုင်သည်။ မိန်းမဘက်လိုက်လျှင် ယောကျာ်း မုန်းမည်။ ယောကျာ်းဘက်လိုက်လျှင် မိန်းမက မုန်းမည်။ ဤတွင် စာရေးသူ၏ လက်သုံးစကားမှာ ‘ အရက်က သင့်တင့်မှုျတရုံသောက်ရင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်တယ်” “အလွန်အကျွံ ဆိုရင်တော့ ရောဂါဖြစ်နိုင်တာပေါ့၊ အန္တရာယ်ရှိတာပေ့ါဗျာ”…………ဟူတည်း။ဆရာဝန်များကျန်းမာရေးပညာပေးသောအခါစီးကရက်သောက်ခြင်းနှင့် ပတ်သတ်၍ အကြံပေး လမ်းညွှန်ရာတွင် “စီးကရက်လုံးဝမသောက်ပါနှင့်” ဟု ဆိုတတ်ကြသော်လည်း၊ အရက်နှင့် ပတ်သက်၍မူ “အရက်အလွန်အကျွံမသောက်ပါနှင့်” ဟုသာ အကြံပေးစကားဆိုလေ့ရှိသည်။ “အရက်လုံးဝမသောက် ပါနှင့်” ဟု ပြောလေ့မရှိပါ။ အရက်သည် သင့်တင့်မျှတရုံသောက်ပါကနှလုံးရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံး ရောဂါနှင့် နှလုံးသွေးကြောဆိုင်ရာပြဿနာများကိုကာကွယ်ပေးနိုင်သည်။ အမျိုးသားများကလည်း ဆရာဝန်က “ငါ့အားအရက်မဖြတ်ခိုင်း” ဟု၊ အမျိုးသမီးများလည်း “လျှော့သောက်ရန် လမ်းညွှန်သည်” ဟု လင်မယားနှစ်ဦးစလုံး၏ ကျေနပ်မှုကို ရနိုင်သည်ဖြစ်ပေသည်။သင့်တင့်မျှတရုံဆိုသည့်အဓိပ္ပါယ်မှာ ဆေးပညာတွင်အမျိုးသားတစ်ဦးသည် နေ့စဉ် ‘၃’ ယူနစ်၊ တစ်ပတ် လျှင် ‘၂၁’ ယူနစ် ပိုမသောက်သင့်ဟု ဆိုလိုသည်။ အမျိုးသမီးတစ်ဦး နေ့စဉ် ‘၂’ ယူနစ်၊ တစ်ပတ်လျှင်၊ ‘၁၄’ ယူနစ် ထက် မပိုသင့်ပေ။ “တန်ဆေး၊လွန်ဘေး” ဟူသောစကားမှာ အရက်အတွက်သင့်လျော်မှန်ကန်သည်ဟု ဆိုနိုင်သည်။ အရက်ကို အလွန်အကျွံသောက်ခြင်းကြောင့် ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်း အားလုံး၌ ရောဂါဖြစ်နိုင်သည်။ အဓိကအနေဖြင့် အသည်းသည် အရက်ကြောင့် အန္တရာယ်အရှိဆုံးအင်္ဂါဖြစ်သည်။ အရက်ကို ဇီဝဓာတုသဘော အရ အသည်းက ဖျက်ဆီးစွန့်ပစ်ပေးရသည်။ ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသော အရက်ကို အသည်းက အဆင့်ဆင့် ဓာတ်ပြုပျက်ပြယ်စေရသည်။ အရက်၏ ဇီဝဓာတုဖြစ်စဉ်တွင် ဖြစ်ပေါ်လာခဲ့သောပစ္စည်းများသည် အသည်းအားထိခိုက်ပျက်စီးစေသည်။အသည်းအဆီဖုံးခြင်း၊အသည်းရောင်ခြင်း၊အသည်းမာအသည်းခြောက်ခြင်း၊ အသည်းကင်ဆာ စသည့် ရောဂါဖြစ်စေနိုင်သသည်။ အရက်ကိုအလွန်အကျွံ မသောက်ပါနှင့်ဟု ဆိုခဲ့ငြားလည်း၊ လုံးဝမသောက်လျှင် အကောင်းဆုံး ဖြစ်သည်။ အရက်သည် စွဲလန်းစေသော သဘောရှိသည်။ ရုပ်ပိုင်းဆိုင်ရာ စွဲလန်းခြင်းသာမက စိတ်ပိုင်းဆိုင်ရာ စွဲလန်းခြင်းလည်း ဖြစ်စေသည်။ အရက်ကိုထိန်း၍ (limit ထား၍) သောက်သည်ဟု ဆိုသော်လည်း ကာလ ကြာရှည်လာသောအခါ ပမာဏတိုး၍ သောက်လာကြလေ့ ရှိသည်။ ထို့ကြောင့် လုံးဝမသောက်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။ အကယ်၍ ဤသုံးသပ်ချက်ကို အရက်သောက်သော အမျိုးသားများ၏ ဇနီး မယားတို့ ဖတ်ရခဲ့သော် စာရေးသူအား လက်ခုပ်သြဘာ ပေးကြလိမ့်မည်ထင်ပါသည်။

 

Author – ဒေါက်တာဇာနည်

Previous Post

ကလေးငယ်များနှင့် အဆိပ်သင့်မှု

Next Post

ရနံ့တွေရှူခြင်းရဲ့ကောင်းကျိုးများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရနံ့တွေရှူခြင်းရဲ့ကောင်းကျိုးများ

ကျွန်တော် ဆရာဝန်တစ်ယောက်ပါ….

HIV ပိုး ကျွန်တော့တွင် ရှိနေပြီ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.