သာမန်အားဖြင့်အဆိပ်ဟုသတ်မှတ်ထားသောအရာများသာမက နေ့စဉ်သုံးစွဲနေသော၊ကိုင်တွယ်သုံးစွဲ နေသော အရာများသည်လည်းအဆိပ်ဖြစ်နိုင်ကြောင်း သတိပြုရမည်။ အထူးသဖြင့် ကလေးငယ်များအတွက် ပို၍မှန်ကန်သည်။ သွေးချိုဆီးချိုရောဂါအတွက် လူကြီးတစ်ဦးသောက်သော ဆေးတစ်ခဲသည် ကလေးငယ် အတွက်အဆိပ်ဖြစ်နိုင်သည်။ နှလုံးရောဂါဆေးများသည်လည်းအလားတူအန္တရာယ်ရှိသည်။ အိမ်သုံးပစ္စည်း တချို့ (ဥပမာ – ရေမွှေးများ၊ ချွတ်ဆေးများ၊ ပိုးသတ်ဆေးများ၊ အနံ့အသက်ပျောက်ဆေးများ) သည်မတော်တဆအဆိပ်သင့်မှုကိုအများဆုံးဖြစ်စေသည်။ယင်းသို့အဆိပ်သင့်မှုကိုကာကွယ်ရန်အတွက် အောက်ပါ အချက်များကို အလေးထားလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အန္တရာယ်ကင်းအောင် သုံးစွဲပါ
• ဆေးဝါးများ၊ ဓာတုဗေဒပစ္စ္စည်းများကိုသုံးစွဲရာတွင် အညွှန်းအတိုင်းအတိအကျလိုက်နာရန် အရေးကြီး ပါသည်။ သုံးပြီးလျှင် လုံခြုံစွာထုပ်ပိုးသိမ်းဆည်းရပါမည်။
• သေချာစွာ သော့ခတ်သိမ်းပါ။
• ဆေးများနှင့် အခြားအန္တရာယ်ဖြစ်စေနိုင်သောပစ္စည်းများကို ဗီဒို၊ အံဆွဲများတွင် သော့ခပ်၍ သိမ်းရပါ မည်။ သော့ကို တပ်ဆင်၍ လုံခြုံစွာသိမ်းထားရန် ဖြစ်ပါသည်။
• ဆေးဝါးများက ိုပုလင်း၊ ဘူးအမှန်အတိုင်းထည့်ထားပါ။
• ဆေးဝါးများကို မူလပုလင်းသို့ ဘူးမှာပင်ထည့်ပါ။ အခြားပုလင်းခွံ၊ ဘူးခွံများတွင်ထည့်ထားခြင်းသို့ ခွဲထည့်ခြင်း မပြုသင့်ပါ။ သူ့ဆေးနှင့် သူ့ပုလင်းမှန်ဖို့ အရေးကြီးသည်။
• ရက်လွန်ဆေးဝါးများ ချက်ချင်းစွန့်ပစ်ပါ။
•ရက်လွန်ဆေးဝါးများကို ဆက်လက်သိမ်းလှောင်ထားခြင်း မပြုပါနှင့်။ ရက်လွန်သွားပါက ယင်းဆေးဝါးများကို ချက်ချင်းစွန့်ပစ်ပါ။
• ဆေးများကို အရမ်းမညွှန်းပါနှင့်။
• ဆေးဝါးများကို မိမိသုံးဖူး၊ သောက်ဖူးသဖြင့် အခြားကလေးများအားတိုက်ရန်မညွှန်ကြားပါနှင့်။ မိမိကိုယ်တိုင်လည်းမိမိ၏ကလေးငယ်များအားမိမိသဘောဆန္ဒနှင့်မတိုက်ကျွေးပါနှင့်။ ဆေးပညာရှင်များညွှန်ကြားမှသာသုံးစွဲပါ။
• ဆေးများသို လှောင်ရာနေရာမှန်ကန်ပါစေ။
• ဆေးဝါးများကို ကလေးများမမီနိုင်သောနေရာသို့ သော့ခတ်ထားသောဗီဒို၊ အံဆွဲစသည်တို့မှာသာ သိမ်းဆည်းသိုလှောင်ရန်ဖြစ်ပါသည်။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)