fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

မိုးမိပြီး အရိုးအဆစ်တွေ ကိုက်ခဲတဲ့အခါ

When it rains and my joints ache
261
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/06/2022
in ကျန်းမာသော နေထိုင်မှုပုံစံ, အထွေထွေရောဂါများအကြောင်း
1 min read
A A

မိုးရာသီမှာ အအေးမိတာ၊ ချောင်းဆိုးရင်ကျပ်တာအပြင် လူအများစုဟာ မိုးမိပြီးရင် အရိုးအဆစ်တွေ ကိုက်ခဲတတ်ကြပါတယ်။ မိုး ရွာ/မရွာကို အရိုးအဆစ်နာရောဂါရှိသူတွေက မိုးလေဝသပညာရှင်တွေထက် ပိုခန့်မှန်းနိုင်ကြတယ်လို့တောင် အချို့က ဆိုကြလေ့ရှိပါတယ်။ သုတေသနလေ့လာချက်များက မိုးမိခြင်းဟာ အရိုးအဆစ်တွေအပေါ် သက်ရောက်မှု တိတိကျကျမရှိဟု ဖော်ပြကြသော်လည်း လူအများစုက မိုးမိပြီးတဲ့အခါ အရိုးအဆစ်တွေ ကိုက်ခဲတာ ခံစားရလေ့ရှိပါတယ်။

မိုးရာသီလို အေးမြစိုစွတ်တဲ့ရာသီဥတုကို ပြောင်းတဲ့အခါ barometric pressure ခေါ် လေထုဖိအား၊ လေထုစိုထိုင်းဆ humidity နှင့် အပူချိန် စသည်တို့ ပြောင်းလဲမှုကြောင့် အရိုးအဆစ်ကိုက်ခဲခြင်းဖြစ်တာလို့ သုတေသနပညာရှင်များက ယူဆကြပါတယ်။ ခန္ဓာကိုယ်ရှိ အရိုးနုများပျက်စီးပြီး အရိုးအဆစ်ရောင်ရောဂါ arthritis ရနေသူများတွင် barometric pressure ပြောင်းလဲမှုကို အာရုံကြောများက ပိုခံစားသိရှိသဖြင့် အရိုးအဆစ်ကိုက်ခဲခြင်း ပိုခံစားရခြင်းဖြစ်နိုင်သလို အေးသောအချိန်တွင် အရွတ်၊ ကြွက်သား၊ အမာရွတ်စသည်တို့ ကျုံ့ဆန့်ခြင်းဖြစ်ပြီး နာကျင်ခြင်းကို ခံစားရနိုင်ပါတယ်။ အရိုးအဆစ်ကြားရှိ အရည်များသည် အပူချိန်ကျလာသည်နှင့် ပိုပျစ်လာပြီး အဆစ်များတောင့်တင်းကာ နာကျင်ကိုက်ခဲတတ်ပါတယ်။

အထူးသဖြင့် အသက်(၄၀) ကျော်လာလျှင် အရိုးအဆစ်ကိုက်ခဲနာကျင်မှု ပြဿနာ ပိုကြုံလာရနိုင်ပါတယ်။ မိုးရွာတဲ့အခါ၊ မိုးမိတဲ့အခါ အရိုးအဆစ်တွေ ကိုက်ခဲခြင်းမခံရအောင် နွေးနွေးထွေးထွေး နေသင့်ပါတယ်။ မိုးကာဝတ်ခြင်း၊ အနွေးထည်ဝတ်ဆင်ခြင်း၊ ရေနွေးဖြင့်ရေချိုးခြင်း၊ စောင်ခြုံအိပ်ခြင်း၊ အပူပေးကိရိယာအသုံးပြုခြင်း၊ ကိုက်ခဲသည့်နေရာ ရေနွေးအိတ်ကပ်ပေးခြင်း၊ အကိုက်အခဲ နာကျင်မှုသက်သာစေမယ့် လိမ်းဆေးလိမ်းပေးခြင်းတို့ ပြုလုပ်ပေးနိုင်ပါတယ်။

နေ့စဉ်စားသောက်မှုပုံစံတွင် နွားနို့ပုံမှန်သောက်ပေးခြင်း၊ ကြက်ဥအကာစားပေးခြင်း၊ အရိုးအဆစ်နာကျင်မှု လျော့စေတဲ့ curcumin ဓာတ်ပါသော နနွင်း စားသုံးပေးခြင်း၊ အစိမ်းရောင်အသီးအရွက်များ၊ အစေ့အဆန်များ၊ ငါးသေးသေးလေးများ၊ ကယ်လ်ဆီယမ် Calcium၊ ဖော့စဖိုရပ်စ် Phosphorus၊ မဂ္ဂနီဆီယမ်ဓာတ် Magnesium ကြွယ်ဝသော အစားအစာများကို ပုံမှန်စားပေးခြင်းဖြင့် အရိုးအဆစ်ကို အားဖြည့်ပေးနိုင်ပါတယ်။ မိုးရာသီတွင် အရိုးအဆစ်ကိုက်ခဲစေမယ့် ယူရစ်အက်ဆစ်ဓာတ် တက်စေတဲ့ အစားအစာများဖြစ်သော မှို၊ မျှစ်၊ အရက်၊ ဘီယာ၊ ကလီစာများကို တတ်နိုင်သမျှ ရှောင်ကျဉ်သင့်ပါတယ်။

ခန္ဓာကိုယ်အလေးချိန် များရင်လည်း အရိုးအဆစ်များ ဒဏ်ဖြစ်ပြီး ကိုက်ခဲနာကျင်မှု ပိုဖြစ်နိုင်တဲ့အတွက် သင့်တင့်သော ကိုယ်အလေးချိန်ကို ထိန်းထားသင့်ပါတယ်။ အရိုးအဆစ်များ ဒဏ်မဖြစ်စေတဲ့ ကိုယ်လက်လှုပ်ရှားမှုများဖြစ်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ ဆန့်ထုတ် အကြောလျှော့ခြင်း Stretching၊ Yoga ယောဂကျင့်ခြင်း၊ တိုက်ချိ Taichi ကစားခြင်း၊ ရေကူးခြင်းတို့ကို ပုံမှန်ပြုလုပ်ပေးခြင်းဟာ အရိုးအဆစ်ကိုက်ခဲမှု သက်သာဖို့ အရေးပါပါတယ်။ လေ့ကျင့်ခန်းမပြုလုပ်ခင်နှင့် ပြုလုပ်ပြီးတိုင်း အကြောလျှော့ လေ့ကျင့်ခန်းများကိုလည်း လုပ်ပေးသင့်ပါတယ်။

မိုးရာသီမှာ မိုးမိပြီး အရိုးအဆစ်ကိုက်ခဲမှု မဖြစ်ရအောင် မိုးမမိအောင် ဂရုစိုက်ခြင်း၊ အထက်ပါ စားသောက်နေထိုင်မှုပုံစံများ ပြောင်းလဲပြီး ကာကွယ်နိုင်သကဲ့သို့ အရိုးအဆစ်ကိုက်ခဲမှု ခံစားရရင်လည်း အကိုက်အခဲပျောက် လိမ်းဆေး၊ သောက်ဆေးများ အသုံးပြုခြင်း၊ အရိုးအဆစ်ဖြည့်စွက် အားဆေးအာဟာရများ မှီဝဲခြင်း၊ လေ့ကျင့်ခန်းကုသမှု ခံယူခြင်း၊ ဖယောင်းအပူပေး ကုသမှုခံယူခြင်းတို့ကို ဆရာဝန်နှင့်တိုင်ပင် ကုသမှုခံယူပြီး သက်သာပျောက်ကင်းနိုင်ပါတယ်။

 

Author: Dr. Yee Mon

Previous Post

အရွယ်ရောက်ပြီးသား အမျိုးသားတွေအတွက်ရော သံဓာတ်လိုလား?

Next Post

ချောင်းဆိုး၊ ချွဲကျပ်ပြီး အစာမဝင်တဲ့ ကလေးတွေအတွက် ဘယ်လိုတွေ လုပ်ပေးနိုင်မလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin C deficiency and complications

ဗီတာမင်စီ ချို့တဲ့ခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ

12 hours ago
17
Rainy season and flu

မိုးရာသီနဲ့ တုပ်ကွေး

12 hours ago
27

အဆီချပြီး အဆီမကျဖြစ်နေပြီလား?

2 days ago
110
Flu that should go to the hospital

ဆေးရုံသွားသင့်တဲ့ တုပ်ကွေး

4 days ago
49
What is the temperature of the body to define a fever?

ကိုယ်ပူချိန်ဘယ်လောက်ဆိုရင် အဖျားရှိတယ်လို့ သတ်မှတ်လဲ?

4 days ago
93
Is glaucoma hereditary?

မျက်လုံးတိမ်စွဲခြင်းက မျိုးရိုးလိုက်တတ်လား?

6 days ago
94

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Whooping cough What can be done for children with constipation and malnutrition?

ချောင်းဆိုး၊ ချွဲကျပ်ပြီး အစာမဝင်တဲ့ ကလေးတွေအတွက် ဘယ်လိုတွေ လုပ်ပေးနိုင်မလဲ?

Frequent phone calls

ဖုန်းအကြည့်များလို့ ဇက်ကြောတက်ခြင်း

About Heme iron and Non-heme iron

သံဓာတ် အဓိက အမျိုးအစား (၂)ခုအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.