fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ဖုန်းအကြည့်များလို့ ဇက်ကြောတက်ခြင်း

Frequent phone calls
341
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/06/2022
in ကျန်းမာသော နေထိုင်မှုပုံစံ, အထွေထွေရောဂါများအကြောင်း
1 min read
A A

မိုဘိုင်းဖုန်းနဲ့ အင်တာနက်ကို လူတိုင်းလိုလို အသုံးပြုနေတဲ့ ဒီနေ့ခေတ်မှာ လူအများစုဟာ ဖုန်းကို အချိန်တိုင်းလိုလို လက်ထဲကမချ သုံးမိနေကြတာ တွေ့ရပါတယ်။ ဒီလို တစ်နေ့တာရဲ့ အချိန်အတော်များများကို ဖုန်းနဲ့အင်တာနက်သုံးတာ၊ ဂိမ်းဆော့တာ၊ ရုပ်ရှင်ဇာတ်လမ်းကြည့်တာနဲ့ ကုန်ဆုံးမိနေပြီဆိုရင် ဇက်ကြောတက်တာကို ခံစားဖူးကြပါလိမ့်မယ်။ ဖုန်းနဲ့ စာရိုက်ခြင်းက လည်ပင်းတဝိုက် နာကျင်မှုပြဿနာ အဖြစ်များဆုံး အကြောင်းရင်းဖြစ်ကြောင်း စစ်တမ်းလေ့လာချက်များက ဖော်ပြထားပါတယ်။ ဖုန်းအကြည့်များလို့ လည်ပင်းရဲ့အနေအထား မူမမှန်ဖြစ်ပြီး ဇက်ကြောတက် လည်ပင်းအရိုးအဆစ် နာကျင်မှု ပြဿနာတွေကို Tech neck, text neck, Smartphone/iPhone neck လို့တောင် တင်စားပြီး ပြောကြပါတယ်။

ဖုန်းမျက်နှာပြင်ကို အချိန်ကြာကြာ စိုက်ကြည့်တဲ့အခါ ဦးခေါင်းနဲ့လည်ပင်းက ရှေ့ကိုငိုက်ပြီး အနေအထား ပုံမမှန်ခြင်း Forward Head Posture (FHP) ဖြစ်လာပါတယ်။ ဒီလိုကိုယ်နေဟန်ထား ပုံမမှန်တဲ့အခါ လည်ပင်းတဝိုက်ကြွက်သားများ ဒဏ်ဖြစ်ပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများတောင့်တင်းပြီး ဇက်ကြောတက်ခြင်းနှင့် ခေါင်းကိုက်ဝေဒနာ Tension headache ခံစားရခြင်းအထိ ဖြစ်နိုင်ပါတယ်။

ဇက်ကြောတက်ခြင်းဖြစ်ရတဲ့ အဓိကအစိတ်အပိုင်းမှာ ဦးခေါင်း၏အလေးချိန် ဖြစ်ပါတယ်။ ပုံမှန်အနေအထားတွင် ဦးခေါင်းတည့်တည့်မတ်မတ် ရှိနေရင် ၁၀-၂၀ ပေါင် အလေးချိန်ကိုသာ လည်ပင်းကြွက်သား၊ အရွတ်၊ တွယ်ဆက်တစ်ရှူးများက ထောက်ပံ့ထားရပါတယ်။ ထိုင်လို့ဖြစ်စေ မတ်တပ်ရပ်လို့ဖြစ်စေ ဖုန်းသုံးလို့စာရိုက်တဲ့အခါ ၄၅-၆၀ ဒီဂရီအထိ ရှေ့သို့ငိုက်ထားသော ဦးခေါင်း၏အလေးချိန်ဟာ လည်ပင်းပေါ်ကို ပေါင် ၄၀-၅၀ ခန့် သက်ရောက်နေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီလိုများလာတဲ့ အလေးချိန်ဟာ လည်ပင်းအပေါ် ဖိအားသက်ရောက်မှုဒဏ် ဖြစ်လာပါတယ်။

ဖုန်းအကြည့်များပြီး ဇက်ကြောတက်ခြင်းမဖြစ်အောင် ဖုန်းသုံးတဲ့အခါ ဦးခေါင်းကွေးပြီး လည်ပင်းအရိုးနဲ့ ကြွက်သားဒဏ်ဖြစ်စေတဲ့ အနေအထားမဖြစ်အောင် တတ်နိုင်သမျှ ဂရုစိုက်သင့်ပါတယ်။ ဖုန်းမျက်နှာပြင်ကို တတ်နိုင်သမျှ မျက်လုံးနဲ့ တပြေးထဲထားပြီး အသုံးပြုသင့်ပါတယ်။ အချိန်အကြာကြီး ဖုန်းတောက်လျှောက်ကြည့်တာမျိုး မလုပ်ဘဲ အနားပေးသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးရင်း လည်ပင်းနှင့်ဦးခေါင်း လေ့ကျင့်ခန်းများ ပြုလုပ်ပေးနိုင်ပါတယ်။ cervical retraction ခေါ် လည်ပင်းကျောရိုး အနေအထားတည့်မတ်ပေးတဲ့ လေ့ကျင့်ခန်းကို ပြုလုပ်ပေးနိုင်ပါတယ်။

ဖုန်းကြည့်တာ ကြာလာတာနဲ့ သတိထားပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများ အထူးသဖြင့် ဦးခေါင်း၊ လည်ပင်း၊ ပုခုံးနှင့်နောက်ကျော အပေါ်ပိုင်းတို့ကို ဆန့်ထုတ်အကြောလျှော့ခြင်း Stretching ကို ပြုလုပ်ပေးသင့်ပါတယ်။ အဓိကအားဖြင့် ကိုယ်နေဟန်ထား မှန်အောင်ပြုလုပ်ပေးတဲ့ လေ့ကျင့်ခန်းများ၊ ကျောရိုးနှင့်လည်ပင်းကို ဖြေလျော့ပေးသည့် လေ့ကျင့်ခန်း၊ ယောဂကျင့်ခြင်းတို့ ပြုလုပ်ပေးခြင်းဖြင့် ဇက်ကြောတက်ခြင်းကို သက်သာစေနိုင်ပါတယ်။

ဖုန်းအကြည့်များလို့ ဇက်ကြောတက်သူများအနေနဲ့ မိုဘိုင်းဖုန်း screen time ကို သတိပေးချက် ပြုလုပ်ထားခြင်း၊ ဖုန်းကြည့်လျှင် head-flexion posture ခေါင်းရှေ့သို့ငိုက်ကြည့်ခြင်း မပြုခြင်း၊ လိုအပ်ပါက လေ့ကျင့်ခန်းကုသမှုခံယူခြင်း stretching and strengthening program ပြုလုပ်နိုင်ပါတယ်။ ဇက်ကြောတက်ခြင်းအပြင် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်း၊ ဖျားခြင်း၊ လက်မောင်းနှင့် လက်တလျှောက် ထုံကျင်ခြင်း၊ နာကျင်ခြင်းနှင့် အခြားလက္ခဏာများပါ ခံစားရလာရင် ဆရာဝန်နှင့် သွားရောက်တိုင်ပင်ပြသမှုခံယူဖို့ လိုအပ်ကြောင်း အသိပေး ရေးသားလိုက်ရပါတယ်။

 

Author: Dr. Yee Mon

Previous Post

ချောင်းဆိုး၊ ချွဲကျပ်ပြီး အစာမဝင်တဲ့ ကလေးတွေအတွက် ဘယ်လိုတွေ လုပ်ပေးနိုင်မလဲ?

Next Post

သံဓာတ် အဓိက အမျိုးအစား (၂)ခုအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin C deficiency and complications

ဗီတာမင်စီ ချို့တဲ့ခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ

11 hours ago
14
Rainy season and flu

မိုးရာသီနဲ့ တုပ်ကွေး

11 hours ago
26

အဆီချပြီး အဆီမကျဖြစ်နေပြီလား?

2 days ago
108
Flu that should go to the hospital

ဆေးရုံသွားသင့်တဲ့ တုပ်ကွေး

4 days ago
49
What is the temperature of the body to define a fever?

ကိုယ်ပူချိန်ဘယ်လောက်ဆိုရင် အဖျားရှိတယ်လို့ သတ်မှတ်လဲ?

4 days ago
93
Is glaucoma hereditary?

မျက်လုံးတိမ်စွဲခြင်းက မျိုးရိုးလိုက်တတ်လား?

6 days ago
94

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
About Heme iron and Non-heme iron

သံဓာတ် အဓိက အမျိုးအစား (၂)ခုအကြောင်း

Adolescents and acne problems

ဆယ်​ကျော်သက်နှင့် ဝက်ခြံပြဿနာ

What are the barriers to iron absorption?

သံဓာတ်စုပ်ယူမှုကို ဘယ်လိုအရာတွေက အဟန့်အတားဖြစ်စေလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.