fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ချောင်းဆိုး၊ ချွဲကျပ်ပြီး အစာမဝင်တဲ့ ကလေးတွေအတွက် ဘယ်လိုတွေ လုပ်ပေးနိုင်မလဲ?

Whooping cough What can be done for children with constipation and malnutrition?
887
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/06/2022
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ခုလိုရာသီအကူးအပြောင်း တုပ်ကွေးရာသီမှာ အရမ်းကို ဂရုစိုက်ရပြီး ရောဂါဖြစ်လွယ်တဲ့ အုပ်စုတွေထဲမှာတော့ ကလေးတွေဟာ ထိပ်ဆုံးကပါပါတယ်။ ကလေးတွေအနေနဲ့ အအေးမိတာ၊ ရာသီတုပ်ကွေး ကူးစက်ခံရတာရဲ့ နောက်ဆက်တွဲ ခံစားရခက်တဲ့ လက္ခဏာတစ်ခုကတော့ ချောင်းဆိုးတာပဲ ဖြစ်ပါတယ်။

ချောင်းဆိုးတဲ့အခါမှာ ချောင်းအစို (သလိပ်ထွက်ချောင်းဆိုးခြင်း)နှင့် ချောင်းအခြောက်(သလိပ်မထွက်ပဲ ချောင်းဆိုးခြင်း) ဆိုပြီး နှစ်မျိုးရှိပါတယ်။ ကလေးတွေမှာ ချောင်းအစိုဆိုးလို့ ချွဲကျပ်ပြီး အစာမဝင်တဲ့အခါ မိဘတွေ၊ မေမေတွေ အရမ်းစိတ်ဒုက္ခရောက် ရပါတယ်။
ကလေးငယ်တွေ ချောင်းဆိုး၊ ချွဲကျပ်ပြီး အစာမဝင်တဲ့အခါ ပထမဆုံး ချောင်းဆိုး၊ ချွဲကျပ်တာကို သက်သာအောင် လုပ်ပေးရပါမယ်။ ကလေးတွေ ချွဲကြပ်ခြင်းကို သက်သာစေရန် လုပ်ပေးနိုင်သော နည်းလမ်းများကတော့

ရေနွေးငွေ့ရှူခိုင်းပါ
တခါတလေ အသက်ရှူလမ်းကြောင်း တစ်လျှောက် ခြောက်သွေ့နေတဲ့အခါမှာလည်း လည်ချောင်းယားပြီး ချောင်းဆိုးနိုင်တဲ့အတွက် ရေနွေးငွေ့ရှူပေးခြင်းဟာ လည်ချောင်းယားယံခြင်းကို သက်သာစေတဲ့အပြင် ချွဲသလိပ်များလည်း ပျော်စေပါတယ်။

ဆားရည်ဖြင့် ပလုတ်ကျင်းခိုင်းပါ
ဆားရည်ဖြင့် ပလုတ်ကျင်းခြင်းဟာ လည်ချောင်းမှာ ကပ်ညိပြီး ဒုက္ခပေးနိုင်တဲ့ ဘတ်တီးရီယား၊ ဗိုင်းရပ်စ် ပိုးတွေကို သေစေပါတယ်။

အရည်များများတိုက်ပါ
ရိုးရိုးရေ၊ ရေနွေးနှင့်ပျားရည်၊ ကြက်စွပ်ပြုတ်ပူပူလေး ကဲ့သို့အရည်လေးတွေ ဝင်အောင်တိုက်ပေးပါ။ အရည်နွေးနွေးလေးတွေဟာ ချွဲသလိပ်တွေကို မခဲစေပဲ ပျော်စေပါတယ်။ ကြက်စွပ်ပြုတ်ဟာ အစာမဝင်တဲ့ ကလေးတွေအတွက်ဆို အင်အားလည်း ဖြစ်စေပါတယ်။

ရေနွေးနွေးလေးဖြင့် ရေချိုးပေးပါ
ရေအေးနဲ့ချိုးတဲ့အခါ လေပြွန်ကြွက်သားတွေ ပိုကျုံ့ပြီး ချောင်းပိုဆိုးနိုင်တဲ့အတွက် ရေကြက်သီးနွေးနဲ့ ရေချိုးပေးပါ။

ပျားရည်တိုက်ပါ
ပျားရည်ဟာ ချောင်းဆိုး၊ ချွဲကြပ် သက်သာစေတဲ့ သဘာဝဆေးဖြစ်ကြောင်း လေ့လာတွေ့ရှိချက်များ ရှိပါတယ်။ ဒါပေမဲ့ တစ်နှစ်အောက်ကလေးများကို လုံးဝမတိုက်ရပါဘူး။

ပရုတ်ဆီလိမ်းပေးပါ
မုန့်ညှင်းဆီလိုမျိုး အရမ်းမပူတဲ့ အဆီလေးတွေ လိမ်းပေးခြင်းဟာ ချွဲပျော်စေပါတယ်။
အသက်(၆)နှစ်အထက် ကလေးများကို ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ ချောင်းဆိုးချွဲပျော်ဆေး တိုက်နိုင်ပါတယ်။

အစာမဝင်တဲ့အခါ ဘယ်လိုလုပ်သင့်လဲဆိုတဲ့အပိုင်းကို ပြောပြချင်ပါတယ်။ အရေးကြီးဆုံးကတော့ အစာမဝင်ရင်တောင် အရည်ဝင်အောင် တိုက်ရပါမယ်။ ကလေးငယ်တွေမှာ ရေဓါတ်ဆုံးရှုံးမှု မဖြစ်စေဖို့ ရိုးရိုးရေ၊ အိမ်မှာသန့်သန့်ရှင်းရှင်း ပြုလုပ်ထားတဲ့ ဆန်ပြုတ်၊ စွပ်ပြုတ်၊ နွားနို့၊ အုန်းရည်၊ ဆရာဝန်ညွှန်ကြားသော ကလေးဓါတ်ဆား စတာတွေကို နည်းနည်းချင်း ဝင်အောင်တိုက်ဖို့ အရေးကြီးပါတယ်။
ထမင်းလုံးဝ မစားနိုင်တဲ့အခါ အခြားမိမိကလေး ကြိုက်တတ်တဲ့ အာဟာရဖြစ်မယ့် မုန့်လေးတွေ နည်းနည်းစီ လုပ်ပြီးကျွေးကြည့်လို့ ရပါတယ်။ အစာကြေလွယ်တဲ့ နို့ဆန်ပြုတ်၊ ပူတင်း၊ ကြက်ဥပြုတ်၊ အာလူးပြုတ်၊ ကန်ဇွန်းဥပြုတ် စတာလေးတွေလည်း ကျွေးကြည့်လို့ ရပါတယ်။

ချောင်းဆိုးတာဟာ ပုံမှန်ဆို နှစ်ပတ်အတွင်း ပြန်လည် သက်သာသွားတာပါ။ သင့်ကလေး ချောင်းဆိုးတာဟာ (၂)ပတ်ထက်ကျော်လွန်ပြီး နို့မစို့နိုင်ခြင်း၊ အစာလုံးဝမဝင်ခြင်း၊ မောခြင်း၊ ခြေလက် ၊နှုတ်ခမ်း၊ လျှာများ ပြာနှမ်းလာခြင်း၊ သတိလစ်မေ့မြောခြင်း စသည့်လက္ခဏာများပေါ်လာလျှင်အခြားအန္တရာယ်ရှိသော အကြောင်းအရင်းများကြောင့် ဖြစ်နိုင်၍ ဆရာဝန်ဆီ အမြန်သွားရောက် ပြသသင့်ပါတယ်။

 

Author: Dr.Yee Mon

Previous Post

မိုးမိပြီး အရိုးအဆစ်တွေ ကိုက်ခဲတဲ့အခါ

Next Post

ဖုန်းအကြည့်များလို့ ဇက်ကြောတက်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 months ago
121

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

3 months ago
371
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

7 months ago
358
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

9 months ago
292
When newborn babies have red spots on their faces

မွေးကင်းစကလေးတွေ မျက်နှာမှာအနီစက်လေးတွေထွက်တဲ့အခါ

9 months ago
695
What does it take to be an ideal mother?

စံပြမိခင်တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်လဲ?

10 months ago
240

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Frequent phone calls

ဖုန်းအကြည့်များလို့ ဇက်ကြောတက်ခြင်း

About Heme iron and Non-heme iron

သံဓာတ် အဓိက အမျိုးအစား (၂)ခုအကြောင်း

Adolescents and acne problems

ဆယ်​ကျော်သက်နှင့် ဝက်ခြံပြဿနာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.