“အင်း နွေးလဲ ကလေးတွေ စာမေးပွဲ အလုပ်ခွင် အင်တာဗျူးတွေ စီးပွားရေး လူမှုရေးတွေနဲ့ စိတ်တွေ ရှုပ်နေတာ ဒီရက်ပိုင်းကိုယ့်ကို ကိုယ်တောင် ဂရုမစိုက်ဖြစ်ဘူး လူ တစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေ တဲ့ ဆယ်ကုဋေမက သလိုပါပဲ အေးရယ် အေးလို လေး ငြိမ်းချမ်းချင်လိုက်တာ” မျက်နှာချောင်ချောင်လေးနဲ့ ဗျာများနေသော သူငယ်ချင်းကို အေးစာဖတ်ရင်း လှမ်းကြည့်မိသည်။
“နွေးရယ် စိတ်ဖိစီးမှုတွေ လျော့ပါနော် အဲ့ဒါတွေက သွေးတိုးနှလုံး ဆီးချို အိုမင်းရင့်ရော်မှုရဲ့ လမ်းစတွေပဲ၊ စိတ်ဖိစီးလာရင် သွေးကြောတွေကိုမာကျစ်စေတယ် သွေးဖိအားကို တက်စေတယ်လေ၊ သွေးကြောထဲက အာဟာရတွေကို ခန္ဓာကိုယ် အနှံ့ ဖြန့်ဝေဖို့ ခက်စေတယ်အစာချေစနစ်ကို ပျက်စီးစေတယ် ၊ အို ဆိုးကျိုးတွေကို စုံလို့ ၊လူတိုင်းစိတ်ဖိစီး စိတ်ရှုပ်စရာတော့ ရှိတာပေါ့ နွေးရယ် အေး လဲ နွေးလေးကို ကိုယ်ကျန်းမာ စိတ်ချမ်းသာ ဖြစ်စေချင်ပါတယ် အခု အေးလုပ်နေတဲ့ နည်းလေးတွေ နွေးကို ပြောပြမယ်နော်”
” ပထမဆုံး အာဟာရ ပြည့်ဝအောင် အစာကို ဂရုစိုက်ပြီး စားရမယ်နော် အေးတို့ငယ်ငယ်တုန်းက ကျောင်းမှာသင်တဲ့ အစာအုပ်စုတွေမှတ်မိတယ်မှတ်လား”
“မှတ်မိတာပေါ့ အေးရယ် ဆန်၊ဂျုံ၊ ပြောင်း က တစ်စု၊ အသားငါးနှင့် ပဲ အမျိုးမျိုးက တစ်စုနှင့် ဟင်းသီးဟင်းရွက်တွေက တစ်စု မှတ်လား အေးရဲ့ ”
” ဟုတ်တာပေါ့ နွေးရယ် စုံအောင်စားမှ လိုအပ်တဲ့ အာဟာရဓာတ်တွေ အစုံရမှာပေါ့ ၊ ပြီးတော့ အိပ်ရေးဝအောင် အိပ်စက် အနားယူရမယ်နော် ၊အိပ်မေပျာ်ရင် အိပ်ခါနီး နွားနို့ ပူပူလေးသောက် ၊ကိုယ်တို့ရဲ့ ခန္ဓာကိုယ်ကြီးကို တစ်နေကုန် ကိုယ်တို့ ခိုင်းလာခဲ့ပြီးပြီ မှတ်လား အလုပ်ကို အလုပ်မှာပဲထားခဲ့ အိမ်မှာ တော့ recreation မိမိကိုယ်ကို ပြန်လည်တည်ဆောက်ခြင်း လုပ်ရမယ်လေနော် ၊ ပြီးတော့ရေချိုး skin care လုပ်ပေါ့ ၊ ဒါ ကိုယ်ကျန်းမာအောင် လုပ်တဲ့ နည်းပေါ့ ”
“ပြီးတော့ စိတ်ချမ်းသာအောင်လုပ်တဲ့နည်းကတော့ ကိုယ်ကိုးကွယ်ရာ ဘာသာ အလိုက် တရားထိုင်တာ ၊ ဆုတောင်းတာ၊ ကျမ်းစာဖတ်တာ စိတ်ငြိမ်းချမ်းစေမယ့် သီချင်းတွေနားထောင်တာလေးတွေ အေးကတော့ လုပ်တယ် ၊ အရေးကြီးဆုံးက စိတ်ရှုပ်စရာတွေ အကြာကြီး ဆွဲဆန့် မထားဖို့ပဲလိုတယ် ပြဿနာကို ဖြေရှင်းဖို့ဆိုတာ ခေါင်းအေးမှ နည်းလမ်း ထွက်လာတတ်တာမျိုး နွေးရဲ့”
” ပြီးတော့ ဆေးတွေရဲ့ အကူအညီလည်း လိုအပ်နိုင်တယ် နွေးဆို အစာရွေးတယ် နည်းတယ် နေ့စဉ်လိုအပ်ချက်တွေကို ပြည့်မီအောင် မစားနိုင်ဘူး အာ့တော့ အားဆေးတွေကူရမယ်နော် vitamin B complex နဲ့ Vitamin C တွေက လူပန်းစိတ်ပန်းတာတွေ အတွက် ကူညီပေးနိုင်တယ် ၊ အဓိက ကတော့ စိတ်ကလေး ရှင်းနေအောင်နေရမယ်နော် ၊ စိတ်ရှုပ်စရာဟာ ဖယ်ထုတ်စရာ ပါ နွေးရေ ”
အကြံတွေ တသီကြီးပေးပြီး အေးကတော့ နွေးကို စိတ်ဖိစီးမှု ကင်းကင်းနဲ့ ကလေးငယ်လေးအသွင် ပြန်မြင်ယောင်ကြည့်မိပါသည်။ အော် ငယ်သူငယ်ချင်းပေမို့လား။