fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 357 Total Cases
😥 6 Deaths
😇 305 Recovered

စောင့်ကြည့်သင့်တဲ့ ကလေးတစ်ယောက်ရဲ့ ဘဝမိုင်တိုင်များ

ကလေးလေးတစ်ယောက်ရဲ့ ပုံမှန်အတိုင်းကြီးထွားဖွံ့ဖြိုးနေလားဆိုတာ သားသားမီးမီးတို့ရဲ့ မိဘများ၊ ဆွေမျိုးများဟာ သားသားမီးမီးတို့ရဲ့အသက်အရွယ်အလိုက် ပြောင်းလဲမှုဖြစ်စဉ်လေးတွေ တနည်းအားဖြင့် ဘဝမိုင်တိုင်လေးတွေကိုသေချာစောင့်ကြည့် နေဖို့လိုပါတယ်။ သူတို့ရဲ့ ဘဝမိုင်တိုင်လေးတွေကို စောင့်ကြည့်တဲ့နေရာမှာ အပိုင်းလေးပိုင်းခွဲပြီး သတ်မှတ်ထားပါတယ်။ အဲ့ဒါတွေကတော့

  1. Social development ( ပတ်ဝန်းကျင်နှင့် နှီးနွယ်ဆက်ဆံပုံ )
  2. Language & communication development ( စကားပြောဆိုဆက်ဆံပုံ )
  3. Cognitive development ( အသိဉာဏ်ပညာ တိုးတက်ဖွံ့ဖြိုးပုံ )
  4. Physical development ( ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ပုံ ) အဲ့ဒီ ၄မျိုး ကို ဘယ်အသက်အရွယ်မှာ ဘယ်လိုပြောင်းလဲမှုဖြစ်နေတယ်ဆိုတာကို သေချာစောင့်ကြည့်ရပါတယ်။ အသက် ၆လမှာ ရှိရမယ့် အပိုင်းလေးပိုင်းလုံးရဲ့ တိုးတက်မှုတွေက အသက် ၁နှစ်အထိ မတွေ့ရသေးဘူးဆိုရင် developmental delay ဖြစ်နေတယ် တနည်းအားဖြင့် ဖွံ့ဖြိုးမှုနှေးကွေးနေတယ်လို့ သံသယဝင်ပြီး သက်ဆိုင်ရာ ကလေးအထူးကုဆရာဝန်များနှင့် သေချာပြသပြီးဆွေးနွေးသင့်ပါတယ်။

ကဲအဲ့ဒီတော့ ကလေးလေးတွေရဲ့ အသက်အရွယ်အလိုက်ပြောင်းလဲမှုလေးတွေကို ကြည့်ရအောင်။

Developmental milestones

အသက်

Social development

Language development

Cognitive development

Physical development

မွေးစမှ ၂လအထိ ပြုံးပြတတ်တယ်

ဖေဖေ၊ မေမေတို့ကိုကြည့်တတ်တယ်

အသံရှိတဲ့နေရာ

လိုက်ကြည့်တတ်တယ်

အရာဝတ္ထုလေးတွေ

ကိုလိုက်ကြည့်တတ်

သူသိတဲ့လူတွေကို

သတိပြုမိတတ်တယ်။

ခေါင်းထောင်

ခေါင်းတော့မခိုင်သေး

ဝမ်းလျားမှောက်နေရင်း
ထောင်ကြည့်ဖို့ကြိုးစား

လက်တွေခြေထောက်တွေ
လှုပ်ရှားတတ်

 

၂လမှ ၄လအထိ ပြုံးပြတတ်

မြူတာကိုကြိုက်

ပြုံးတာမဲ့ပြတာကို လိုက်လုပ်တတ်

ဘူဘူစပြော

သူကြားတဲ့အသံလေးတွေကို
အသံလိုက်ထွက်တတ်

ဆာရင် နာရင် ပင်ပန်းရင် ငို

အရုပ်တွေကိုလှမ်းကိုင်

မျက်နှာတွေကိုလိုက်မှတ်

အနားမှာအမြဲရှိတဲ့သူတွေကို
သိတတ်

ခေါင်းခိုင်လာပြီ

လှိမ့်တတ်လာပြီ

အရုပ်ကိုလက်တစ်ဖက်နှင့်
ကိုင်ပြီး ပစ်ပေါက်တတ်

ခြေစမ်းထောက်ကြည့်တတ်

၄-၆လ သူစိမ်းကိုခွဲခြားတတ်

မှန်ကြည့်တတ်လာ

အသံပေးပြီးပြန်ထူးတတ်

သူ့နာမည်သူသိလာပြီ

မမ၊ ဘဘ၊ ၂လုံးတွဲလေးတွေ
စပြောတတ်

သူ့အနားက ပစ္စည်းလေးတွေကိုလိုက်ကြည့်တတ်

စပ်စုလာ

ပစ္စည်းကို လက်ထဲအပြောင်းအလဲ
လုပ်ပြီး ကိုင်တတ်လာ

ငုတ်တုတ်စထိုင်ပြီ

ထခိုင်းရင် ခြေ ထောက်ပြီး ကန်တတ်

မှောက်လျက်တွားသွားတတ်ပြီ

၆-၉လ သူစိမ်းကိုကြောက်တတ်

ထိန်းတဲ့သူတွေကို ဂျီကျတတ်

ကြိုက်တဲ့အရုပ်ဆိုအနားမှာယူထားတတ်

ရက်စ်၊ နိုး ဆိုတာကို နားလည်လာတတ်

အသံအမျိုးမျိုးလုပ်တတ်လာတယ်

လုပ်ပြတဲ့ အသံ နဲ့ အမူအရာကို လိုက်လုပ်ပြတတ်လာ

လက်ချောင်းတွေနဲ့ညွှန်ပြတတ်

တူတူရေဝါး ဆော့တတ်လာ

လက်မနဲ့လက်ညှိုးသုံးပြီး ပစ္စည်းတွေကိုယူတတ်လာ

 

မတ်တပ်စစမ်းပြီ

ငုတ်တုပ်အေးဆေးထိုင်နိုင်ပြီ

တွားသွားတတ်

မတ်တပ်ထထကြည့်

၁နှစ် သူစိမ်းတွေကိုရှက်/ကြောက်တတ်

အမြဲထိန်းတဲ့သူဘေးကထွက်သွားရင်
ငိုတတ်လာ

သူတို့အကြိုက်ပစ္စည်းလေးတွေ လူတွေရှိတတ်

ရိုးရှင်းတဲ့မေးခွန်းလေးတွေကို သိပြီးပြန်လုပ်ပြတတ်

ခေါင်းညိမ့်ခေါင်းခါ လုပ်

တာ့တာ ပြတတ်

စကားလိုက်ပြောဖို့ကြိုးစားတတ်

ဖွက်ထားတဲ့အရာတွေကိုရှာတတ်

လက်ညှိုးနဲ့ညွှန်ပြတတ်

 

ထိုင်ရာက ထတတ်လာ

တစ်ခုခုကိုင်ပြီး လမ်းလျှောက်တတ်

မကိုင်ဘဲ ၃-၄လှမ်းလှမ်းတတ်

အကူမပါဘဲ မတ်တပ်ရပ်တတ်လာ

၁နှစ်ခွဲ (၁၈လ ) လူတွေကို ဂရုပြုလာတတ် စကားစုလေးတွေ ပြောလာတတ်

လိုချင်တာလေးတွေပြောတတ်

နေ့စဉ်မြင်နေကျအရာလေးတွေကိုသိ

ရိုးရှင်းတဲ့လုပ်ခိုင်းတာလေးတွေ
လုပ်ပေးတတ် ဥပမာ- ထိုင်၊ စား၊ အိပ်။

တစ်ယောက်တည်း
လမ်းလျှောက်တတ်စပြေးတတ်လာအရုပ်တွေကိုဆွဲပြီးပြေးတတ်ခွက်နှင့်ရေသောက်တတ်ဇွန်းနဲ့ အစာစားတတ်
၂နှစ် တခြားကလေးတွေ့ရင် ပျော်တတ်

မလုပ်နဲ့ဆိုတဲ့အရာလေးတွေလုပ်တတ်

မိသားစုနာမည်ကိုသိ

ကိုယ်ခန္ဓာအစိတ်အပိုင်းကိုသိ

စကားစုလေးတွေပြောတတ်လာ။

လုပ်ခိုင်းတာလေးတွေ လုပ်တတ်။

အတုံး ၄တုံးဆင့်ပြီး တာဝါဆောက်တတ်

ဖိနပ်ကောက်ပြီးစင်ပေါ်တင် လို အဆင့်၂ဆင့်ပါတဲ့ ခိုင်းတာမျိုးလုပ်ပေးတတ်လာ

မျဉ်းဖြောင့် နဲ့ စက်ဝိုင်းဆွဲတတ်လာ

ခြေဖျားထောက်တတ်

ဘောလုံးစကန်လာ

ပြေးတတ်

အမြင့်တက်တတ်

လှေကားကိုခြေ စုံတက် စုံဆင်းလာ

 

၃နှစ် သူငယ်ချင်းထားတတ်၊ မိတ်ဖွဲ့တတ်

လူကြီးတွေလုပ်တဲ့အရာလိုက်လုပ်

တတ်

သူငယ်ချင်းအမည်ပြောတတ်

နာမ်စားတွေသုံးတတ်

စာကြောင်းရှည်ရှည်ပြောတတ်လာ

Puzzle gameတွေဆော့ရတာကြိုက်လာ

အတုံး၆တုံးအထက်ဆင့်ပြီး တာဝါဆောက်တတ်လာ

စာအုပ်လှန်တတ်လာ

လှေကားကို တစ်ဖက်စီ
အဆင်း အတက် လုပ်တတ်ပြီ၃ဘီးကလေး စက်ဘီး စစီးတတ်ကောင်းကောင်းပြေးတတ်
၅နှစ် သူငယ်ချင်းတွေနဲ့နေရတာကြိုက်လာ

သီချင်းဆို၊ ကရတာကြိုက်လာ

ယောကျ်ားလေးမိန်းကလေးခွဲတတ်လာ

စကားကိုသေသေချာချာပြောတတ်လာ

အမည် နေရပ်လိပ်စာကိုမှန်မှန်ပြောတတ်လာ

လုပ်မယ့်အရာလေးတွေပါကြိုပြောတတ်လာ

၁-၁၀ ရေတွက်တတ်

လူပုံ ၊ ခန္ဓာကိုယ်အစိတ်အပိုင်းပုံဆွဲတတ်

စက်ဝိုင်း၊ တြိဂံ၊ စတုရန်းပုံတွေဆွဲတတ်

နေ့စဉ်သုံးတဲ့အရာလေးတွေသိလာ

 ခြေတစ်ဖက်တည်းရပ်တတ်

ခက်ရင်းဇွန်းကောင်းကောင်းသုံးတတ်

အိမ်သာကိုယ့်ဘာသာသွားတတ်

ဒါန်းစီးတာကြိုက်တတ်

 

မိမိကလေးလေးတွေရဲ့ ပြောင်းလဲမှုကိုအသေးစိတ်ကြည့်ပြီး checklist ပုံစံမျိုးစစ်နိုင်တဲ့ application တွေ website တွေလည်း အခုခေတ်မှာအများကြီးပေါ်လာတဲ့အတွက် စိတ်ချရတဲ့ website ကနေကြည့်ပြီး တောက်လျှောက်မှတ်ထားလို့ရပါတယ်။

Author : Dr. Khaing

ဆက်စပ် ဆောင်းပါးများ