fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

” ကိုယ်ဝန်အစောပိုင်း ( ပထမ ၃လ ) လက္ခဏာများ “

3.6k
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/10/2018
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

 

ကိုယ်ဝန်ရှိကြောင်းကို အလွယ်တကူဝယ်နိုင်တဲ့ ကိုယ်ဝန်စစ်တဲ့ကိရိယာလေးတွေနဲ့ဖြစ်ဖြစ် ၊ Ultrasound ရိုက်ပြီးတော့ပဲဖြစ်ဖြစ် အတည်ပြုလို့ရပါတယ်။ အဲ့သလို အတည်မပြုထားနိုင်ခင်မှာ  ခုဖော်ပြပေးမဲ့လက္ခဏာတွေ တွေ့နေဖြစ်နေရင်လည်း ကိုယ်ဝန်ရှိနေတာဖြစ်နိုင်ကြောင်း သံသယဝင်လို့ရပါတယ်။

နောက်ဆုံးရာသီလာခဲ့တဲ့ ပထမရက်ကနေစပြီး တစ်ပတ်ကို ကိုယ်ဝန်ပထမပတ်လို့ သတ်မှတ်ပါတယ် ။ ခန့်မှန့်မွေးမယ့်ရက်ကိုလည်း အဲ့ဒီရက်ကနေမှ တွက်ချက်ပြီး အဖြေထုတ်တာဖြစ်ပါတယ် ။ ကိုယ်ဝန်အပတ်အလိုက် ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေက မတူပါဘူး ။ ဖြစ်ပေါ်လေ့ရှိတဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ရပါတယ် ။

 

– ၁ပတ်ကနေ ၄ပတ်ကြား လက္ခဏာများ

သားအိမ်က အနည်းငယ်ကိုက်တတ်ပြီး သွေးနည်းနည်း ဆင်းတတ်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ သားအိမ်ရဲ့နံရံကို သန္ဓေသားဖြစ်လာမဲ့ အရည်အိတ်လေးက ထိုးဖောက်တဲ့ အတွက်ကြောင့်မို့လို့ပါ ။ ရာသီလာတာနဲ့လည်း မှားနိုင်ပါတယ် ။ ပုံမှန်အားဖြင့်တော့ ၃ရက်လောက်ပဲ ကြာတတ်ပြီး ကုသမှု ခံယူစရာမလိုပါဘူး ။ဒီအချိန်မှာတော့ ဆေးလိပ် ၊ အရက်သောက်တာတွေက သန္ဓေသားကို ထိခိုက်စေလို့ အသုံးမပြုသင့်ပါဘူး ။

– ၄ပတ် လက္ခဏာများ

သားအိမ်နံရံကို ထိုးဖောက်ပြီးသွားရင်တော့ ခန္ဓာကိုယ်က human chorionic gonadotropin ( hCG ) ဆိုတဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်ပေးပါတယ် ။ အဲ့ hCG က ကိုယ်ဝန်ကိုတည်မြဲအောင် လုပ်ပေးပြီး တစ်လတစ်ခါ မမျိုးဥကြွေတာကိုလည်း ရပ်ပေးလိုက်တာကြောင့် ရာသီမလာတော့ပါဘူး ။

– ၄ပတ် ( သို့ ) ၅ပတ် လက္ခဏာများ

အလွယ်တကူ နုံးနွယ်လာနိုင်တဲ့ အဓိက တရားခံကတော့ progesterone ဆိုတဲ့ ဟော်မုန်း မြင့်တက်လာပြီး အိပ်ချင်စိတ်ဖြစ်ပေါ်အောင် လုပ်နေလို့ပါ ။ အိပ်ရေးဝဝ အိပ်သင့်ပါတယ် ။

– ၄ပတ်ကနေ ၆ပတ် လက္ခဏာများ

ရင်သားတစ်ဝိုက်တင်းလာပြီး ပိုဖွံ့ထွားလာပါမယ် ။

ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ နှလုံးကပုံမှန်ထပ်ပုံပြီး အလုပ်လုပ်ပါတယ် ။ ဒါကြောင့်မို့ ကျောက်ကပ်ကိုလည်း အလုပ်များများလိုက်လုပ်တာကြောင့် ဆီးအိမ်ထဲကို ဆီများများရောက်စေပါတယ် ။ အပေါ့ခဏခဏသွားတာ ၊ ဆီးထွက်သွားတာ မသိလိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ် ။နောက်တစ်ခကတော့ ထွက်လာတဲ့ဟော်မုန်းတွေက အစာချေတဲ့လုပ်ငန်းကိုလည်း နှေးကွေးစေပါတယ် ။ ရလဒ်ကတော့ ရင်ပြည့်တာ ၊ ဝမ်းချုပ်တာတွေ ဖြစ်စေနိုင်ပါတယ် ။

– ၅ပတ်ကနေ ၆ပတ် လက္ခဏာများ

ပျို့တာ ၊ အန်တာတွေကိုတော့ Morning sickness လို့ သိကြတာများပါတယ် ။ တစ်နေ့လုံးလည်း ဖြစ်နိုင်ပါတယ် ။ အများစုကတော့ ပထမ ၃လ ပြီးသွားရင် သက်သာသွားတာများပါတယ် ။

– ၆ပတ် လက္ခဏာများ

ဒီအချိန်ရောက်လာရင်တော့ Oestrogen နဲ့ Progesterone ဆိုတဲ့ ဟော်မုန်း ၂ မျိုးက မြင့်တက်နေပါပြီ ။ အဲ့ဟော်မုန်းတွေ များလာတာကြောင့် ပုံမှန်ထက်ပိုပြီးတော့ စိတ်အရမ်းခံစားလွယ်လာပါတယ် ။ စိတ်ဓာတ်ကျတာ ၊ ဆတ်ဆတ်ထိမခံတော့တာ ၊ စိတ်အရမ်းလှုပ်ရှားလွယ်တာတို့ ဖြစ်တတ်ပါတယ် ။၆ပတ်မြောက်မှာ ပုံမှန် ကိုယ်အပူချိန်ထက်လည်း နည်းနည်းများနေတတ်ပါသေးတယ် ။ လေ့ကျင့်ခန်းလုပ်တာ ၊ ရာသီဥတုပူတာတို့ ဖြစ်လာရင် ကိုယ်အပူချိန်မြင့်တက်လာတဲ့ အတွက်ကြောင့်မို့ ရေများများသောက်ပြီး သတိနဲ့ လေ့ကျင့်ခန်း လုပ်သင့်ပါတယ် ။

– ၈ပတ် လက္ခဏာများ

အများအားဖြင့်တော့ တက်လာတဲ့ သွေးပေါင်ချိန်တွေက ကိုယ်ဝန်အစပိုင်းမှာပဲ ဘာနဲ့မှမကုသပဲနဲ့ သူ့အလိုလို ပျောက်သွားတတ်ပါတယ် ။ တကယ်လို့ ပြန်မကျဘူးဆိုရင်တော့ မိခင်ရော ၊ ကလေးပါ ထိခိုက်နိုင်တဲ့ အတွက်ကြောင့်မို့လို့ ဆရာဝန်နဲ့ အမြန်တိုင်ပင်သင့်ပါတယ် ။

– ၉ပတ် လက္ခဏာများ

ကိုယ်ဝန်ကြောင့် ထွက်လာတဲ့ ဟော်မုန်းတွေက အစာအိမ်နဲ့ အစာရေမျိုလမ်းကြောင်းကို ကျယ်လာစေတဲ့ အတွက်ကြောင့်မို့လို့ အစာအိမ်ထဲက အစာတွေပြန်တက်လာနိုင်ပြီး ရင်ပူတတ်ပါတယ် ။

– ၈ပတ်ကနေ ၁၀ပတ် လက္ခဏာများ

ဒီအပတ်တွေမှာတော့ နှလုံးကပုံမှန်ထက် ပြင်းပြင်းနဲ့ မြန်မြန်ခုန်နေမှာပါ ။ ရင်တုန်တာတွေလည်း ရှိလာနိုင်ပြီး ဟော်မုန်းတွေကြောင့်ပဲ ဖြစ်တာပါ ။ စိတ်ပူစရာမရှိပေမဲ့ နှလုံးရောဂါရှိရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး နှလုံးဆေးအနည်းငယ်ကို မှိဝဲလို့ရပါတယ် ။

– ၁၁ပတ် လက္ခဏာများ

နို့သီးနားတစ်ဝိုက်က Areola လို့ခေါ်တဲ့ အစိတ်အပိုင်းလေးကလည်း ပိုမိုကြီးထွားလာပြီး ပို အရောင်ရင့်လာပါမယ် ။ဝက်ခြံပေါက်လေ့ရှိသူတွေကလည်း ဝက်ခြံပြန်ထွက်လာနိုင်ပါတယ် ။နောက်တစ်ခုက ကိုယ်အလေးချိန် သိသိသာသာ တက်လာတာပါ ။ စားသောက်တဲ့ပုံစံ မပြောင်းပေမဲ့ တက်လာတဲ့ အကြောင်းရင်းကတော့ ရင်သား ၊ သားအိမ် ၊ ရေမွှာရေ ၊ အချင်း ၊ သွေးလည်ပတ်မှုတွေ ကြီးထွားပြီး များလာလို့ ဖြစ်ပါတယ် ။ ၃လအတွင်း ၄ပေါင်လောက် တက်နိုင်ပါတယ် ။

– ၁၂ပတ် လက္ခဏာများ

ဒီအချိန်မှာတော့ မေမေတွေကို လှလာတယ်လို့ ပြောကြပါလိမ့်မယ် ။ အဆီဂလင်းတွေ နဲ့ ဟော်မုန်းတွေရဲ့ ပူးပေါင်းလုပ်ဆောင်မှုကြောင့် အသားအရေတွေက စိုပြေပြီးတောက်ပနေမှာပါ ။ တစ်ဖက်မှာလည်း အဆီဂလင်းတွေ အရမ်းအလုပ်လုပ်လာတဲ့ အတွက်ကြောင့်မို့ ဝက်ခြံတွေ ပေါက်လာနိုင်သေးပါတယ် ။

နိဂုံးချုပ်ရရင်တော့ ဒီလက္ခဏာတွေအများစုက ကိုယ်ဝန် ၃လပြီးတာနဲ့ ပျောက်သွားတတ်ပါတယ် ။ တကယ်လို့ လက္ခဏာတွေ လျော့ပါးသွားအောင် လုပ်ချင်ရင်လည်း သားဖွားမီးယပ် ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးလို့ရကြောင်း တင်ပြလိုက်ရပါတယ် ။ ။

Dr.Z

Previous Post

သေရာပါနိုင်တဲ့ အမာရွတ်များ (Keloids)

Next Post

အနာပဆုပ်ကို ဘယ်လိုအခြေအနေမှာ အချိန်မဆွဲဘဲ ဆေးခန်းပြသင့်သလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
613

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
574
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အနာပဆုပ်ကို ဘယ်လိုအခြေအနေမှာ အချိန်မဆွဲဘဲ ဆေးခန်းပြသင့်သလဲ

ချဉ်ပေါင်ရွက်ရဲ့ အံ့သြစရာကောင်းကျိုးများ

ပိန်ချင်တယ် ဘာသောက်ရမလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.