fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးများနှင့် မီးယပ်ချမ်းခြင်း

205
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/09/2019
in အမျိုးသမီး ကျန်းမာရေး
စာဖတ်ရန်ကြာချိန် 1 မိနစ်
A A
0 0

အမျိုးသမီးများနှင့် မီးယပ်ချမ်းခြင်း

ယောကျာ်းမှာဆီး မိန်းမမီးဆိုသည့်အတိုင်း အမျိုးသမီးများနှင့် မီးယပ်ရောဂါများ ဆိုသည်မှာ ခွဲ၍မရအောင်ပင် အဖြစ်များလှသည်။ ၎င်းမီးယပ်ရောဂါများအနက်မှ အမျိုးသမီးများတွင် မကြာခဏ ဖြစ်ပွားခံစားရလေ့ရှိသည့် ရာသီဥတု ပူနေသော်လည်း ချမ်းနေတတ်ခြင်း၊ မီးဖွားပြီးနောက်ပိုင်းဖြစ်တတ်သော ချမ်းတုန်ခြင်းများနှင့် အခြားသော အကြောင်းအရင်း မယ်မယ်ရရမရှိပဲ ချမ်းတုန်နေတတ်ခြင်းများကို စုပေါင်း၍ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် မီးယပ်ချမ်းဟု ခေါ်ဆိုလေ့ရှိသည့် ရောဂါတမျိုးအကြောင်း သိသင့် သည်များ ဖော်ပြလိုသည်။

အဆိုပါ မီးယပ်ချမ်းခြင်းပြဿနာကို ခံစားနေရသည့် အမျိုးသမီးများအနေနှင့် ရောဂါတခုခု၏ လက္ခဏာပြနေခြင်းဟု သိရှိကြခြင်းမရှိပဲ အမျိုးသမီးသဘာဝ သာမန် ဖြစ်တတ်သည့် လက္ခဏာတခုဟုသာ ယူဆတတ်ကြသည်။ နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် တိုင်ပင်ပြသ ကုသမှု ခံယူကြခြင်းမရှိပဲ ရိုးရာဆေးမြီးတိုနည်းများဖြစ်သည့် ဝါးမီးလှုံခြင်း၊ အခန်းအတွင်း အပူအောင်းခြင်း၊ နနွင်းမှုန့်ကို အရည်ပူပူထဲ ထည့်၍ သောက်ခြင်းနှင့် အရက်အနည်းငယ် သောက်ခြင်းများသာ ပြုလုပ်လေ့ရှိတတ်ကြပြီး လတ်တလော ချမ်းနေခြင်းမှ သက်သာသွားနိုင်သော်လည်း နောက်ပိုင်းတွင် ပို၍ ဆိုးလာသည့် အခြေအနေများ ဖြစ်နေကြသည်။

ဖြစ်ပွားရသော အကြောင်းအရင်းကိုလိုက်၍ အစားအသောက် အနေအထိုင် ပြုပြင်လိုက်ခြင်းဖြင့် သူ့အလိုလိုသက်သာပျောက်ကင်း သွားနိုင်သည့် အကြောင်းအရင်း များလည်း ရှိသလို ကုသရန်လိုသည့် အကြောင်းအရင်းများလည်းရှိသည်။ အထက် ဆေးမြီတိုများ အသုံးပြုကြသည့် အမျိုးသမီး များတွင် အစပိုင်း၌ လက္ခဏာများ သက်သာသလိုရှိတတ်ကြသော်လည်း ကုသရန် လိုသည့် အကြောင်း အရင်းများ ခံစားနေရသည့် ဝေဒနာရှင်များတွင် ၎င်းတို့၏ နောက်ဆက်တွဲ လက္ခဏာများ ခံစားလာရပြီး နောက်ကျမှသာ ဆေးရုံ၊ ဆေးခန်းများသို့ ရောက်လာ တတ်ကြသည်။

နောက်ကျရသည့် အားလျော်စွာ ကုသပျောက်ကင်းရန်လည်း ကြာမြင့်နိုင်သလို အခြားသော ပြင်းထန်သည့် နောက်ဆက်တွဲများကို အချိန်ကြာမြင့်စွာ ခံစားရနိုင်သည့်အတွက် မီးယပ်ချမ်းခြင်း ဆိုသည်မှာ ပေါ့ဆမနေသင့်သည့် လက္ခဏာ တခုဖြစ်ကြောင်း သိရှိထားကြသင့်သည်။

မီးယပ်ချမ်းခြင်း ဖြစ်ပွားစေနိုင်သည့် အကြောင်းအရင်းများ

မီးယပ်ချမ်းဟုသာ အလွယ်ခေါ်ဆိုနေကြ သော်လည်း အသက်အရွယ်၊ သားသမီး မွေးဖွားဖူးခြင်း ရှိ/မရှိနှင့် အခြား အခြေအနေ အရပ်ရပ်ကို မူတည်ပြီး လူနာတဦးချင်း အလိုက် မီးယပ်ချမ်းခြင်း ဖြစ်စေနိုင်သော အကြောင်းအရင်းများ များစွာရှိသည်။ အချို့သော အမျိုးသမီးများအနေနှင့် ကလေးမွေးဖူးသူများ၊ သားပျက်/သားလျောခြင်း ဖြစ်ပွားဖူးသူများသာဖြစ်တတ်သည်ဟု အထင်မှားတတ်ကြပြီး အသက်ငယ်ငယ် အပျို အရွယ်များတွင် မဖြစ်တတ်ဟုလည်း ယူဆတတ်ကြသည်။

အဓိကအားဖြင့် သိုင်းရွိုက်ဟော်မုန်းဟုခေါ်သည့် လည်ပင်းရှိ အကျိတ်ငယ်တခုမှ ထုတ်ပေးနေသည့် ဟော်မုန်းတမျိုး ချို့တဲ့ခြင်းကြောင့် အများဆုံး ဖြစ်ပွားရခြင်း ဖြစ်ပြီး အချို့ အမျိုးသမီးများတွင် ခန္ဓာကိုယ်အတွင်း ရောဂါပိုးဝင်ရောက်မှုကြောင့် ဖြစ်သည့် ဖျားနာခြင်းများနှင့်တွဲ၍လည်း မီးယပ်ချမ်းခြင်းလက္ခဏာများကို ခံစားရနိုင်သည်။

မီးယပ် ချမ်းခြင်းကို အများဆုံးဖြစ်ပွားစေသည့် အကြောင်းအရင်းများမှာ

– ကလေးမွေးနေစဉ်၊ မွေးပြီးချိန်များ၊ သားပျက်/သားလျောခြင်း ဖြစ်ထားသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် မွေးလမ်းကြောင်းအတွင်း ရောဂါပိုးဝင်ခြင်းနှင့် အခြားသော လိင်မှတဆင့်ကူးစက်တတ်သည့် ရောဂါများ ခံစားနေရခြင်း
– သံဓာတ်အားနည်းခြင်း
– အစားရှောင်လွန်းခြင်းနှင့်
– သိုင်းရွိုက်ဟော်မုန်း ချို့တဲ့ခြင်းများတွင် မီးယပ်ချမ်းခြင်း ပြဿနာကို ခံစားရနိုင်သည်။

 

သိုင်းရွိုက် ဟော်မုန်း ချို့တဲ့ခြင်းကို ဖြစ်စေသည့် အကြောင်းအရင်းများမှာ-

– အိုင်အိုဒင်းဓာတ် ချို့တဲ့ခြင်းကြောင့် သိုင်းရွိုက်ဟော်မုန်း ချို့တဲ့ခြင်း
– ကလေးမွေးဖွားပြီးနောက်ပိုင်းဖြစ်တတ်သော သိုင်းရွိုက်ဂလန်းရောင်ရမ်းခြင်း
– သိုင်းရွိုက်ဟော်မုန်းအထွက်နည်းစေသည့် ရောဂါများ ခံစားနေရခြင်း
– ဆေးဝါးများကြောင့်ဖြစ်သော သိုင်းရွိုက်ဟော်မုန်းချို့တဲ့ခြင်း စသည်တို့ကြောင့် သိုင်းရွိုက်ဟော်မုန်း လျော့နည်းနေနိုင်ပြီး

မီးယပ်ချမ်းဖြစ်ခြင်းနှင့် တွဲ၍ခံစားရနိုင်သည့် လက္ခဏာများ

မီးယပ်ချမ်းခြင်းသည်ပင် ရောဂါလက္ခဏာတခု ဖြစ်သော်လည်း ၎င်းနှင့်တွဲ၍ ခံစားရသော လက္ခဏာများကို သိရှိထားခြင်းဖြင့် ဖြစ်ပွားရသော အကြောင်းအရင်းကို ခန့်မှန်းသိရှိနိုင်သည်။

– မီးယပ်ချမ်းခြင်းနှင့်တွဲ၍ အဖြူဆင်းခြင်း၊ ပုံမှန်မဟုတ် သွေးဆင်းခြင်း၊ အနံ့ဆိုးများ ထွက်ခြင်းနှင့် ကိုယ်အလေးချိန် လျော့ကျလာခြင်း၊ အချို့အမျိုးသမီးများ ဖျားနာခြင်း (မွေးလမ်းကြောင်းအတွင်း ပိုးဝင်ရောက်မှုနှင့် လိင်မှတဆင့် ကူးစက် တတ်သော ရောဂါများကြောင့်ဖြစ်သော မီးယပ်ချမ်းခြင်းဟု ခန့်မှန်းသိရှိနိုင်ပြီး အမြန်ဆုံး ကုသမှု ခံယူရန် လိုသည်)

– မီးယပ်ချမ်းခြင်းနှင့် မျက်လုံးအတွင်း မျက်သားများ၊ မျက်ဆံများ ဖြူဖျော့နေခြင်း၊ လက်ဖဝါး၊ ခြေဖဝါးများ ဖြူဖျော့နေခြင်း၊ အာရုံစူးစိုက်မှု လျော့နည်းခြင်း (သံဓာတ် ချို့တဲ့ခြင်းကြောင့်ဖြစ်သော မီးယပ် ချမ်းခြင်းဟု သိရှိနိုင်ပြီး သံဓာတ်အားဆေးများ သောက်သုံးရန်လိုပြီး အသားဓာတ်ကြွယ်ဝစွာပါဝင်သည့် အစားအသောက် များများ စားရန်လိုသည်။ အချိန်ကြာမြင့်စွာ ခံစားရနေသူများတွင် သံဓာတ်အားနည်းသည့် အကြောင်းအရင်းကို ရှာဖွေကုသရန် အတွက် နီးစပ်ရာ ဆရာဝန်နှင့် တိုင်ပင် ပြသ သင့်သည်။)

– ပိန်းလွန်းသူများနှင့် အစားရှောင်လွန်းသူများတွင် ကိုယ်ခံအားနည်းခြင်းနှင့် ရောဂါ ပိုးမွှားများ ကူးစက်ခံရနိုင်ချေမြင့်ပြီး မီးယပ်ချမ်းခြင်းကဲ့သို့သော လက္ခဏာများကို မကြာခဏ ခံစားရနိုင်ခြေရှိသဖြင့် အစားရှောင်ခြင်းကို ဆင်ခြင်သင့်ပြီး မိမိအတွက် ရှိသင့်သော ကိုယ်အလေးချိန် ပြည့်မီအောင် အဟာရပြည့်ဝစွာ စားသောက်သင့်သည်။

သိုင်းရွိုက်ဟော်မုန်းချို့တဲ့မှုကြောင့်ဖြစ်သော မီးယမ်ချမ်းဖြစ်ခြင်းတွင်

ရာသီဥတု ပူသော်လည်း ချမ်းနေတတ်ခြင်းနှင့် တွဲ၍
– အသားအရေ ခြောက်သွေ့ခြင်း
– မောပန်းလွယ်ခြင်း၊ နုံးချိနေတတ်ခြင်း
– အလုပ်တခုခုအပေါ် အာရုံစိုက်၍မရခြင်း၊ စိတ်ပျံ့လွှင့်လွယ်ခြင်း
– ဝမ်းမကြာခဏ ချုပ်ခြင်း၊ အစာကြေရန် ခက်ခဲခြင်း၊ အစာစားပြီးတိုင်း ရင်ပြည့် နေတတ်ခြင်း၊
– အစားစားချင်စိတ်မရှိ၊ အစားလျော့စားသော်လည်း ကိုယ်အလေးချိန် တက်လာ တတ်ခြင်း၊
– ခြေလက်များ ဖောယောင်နေတတ်ခြင်း၊
– အသက်ရှုမဝခြင်း
– တလတခါ ရာသီပေါ်ရာတွင်လည်း ရာသီသွေးပုံမှန်ထက် ပို၍ဆင်းခြင်း
– ခြေဖျား၊ လက်ဖျားများ ထုံကျင်နေတတ်ခြင်း
– မျက်စိကြည့်ရမကောင်ခြင်း၊ နားအူနေတတ်ခြင်း စသည့်လက္ခဏာများနှင့် တွဲ၍ ခံစားရနိုင်ပြီး ကုသမှု မခံယူသူများတွင် နောက်ဆက်တွဲ ပြဿနာများ ခံစားရလာနိုင် သဖြင့် လိုအပ်သော ဟော်မုန်းဆေးများဖြင့် ကုသမှုကို အမြန်ဆုံးရယူရန် လိုအပ်သည်။

အမျိုးသမီးများတွင် ဖြစ်ပွားလေ့ရှိသည့် မီးယပ်ချမ်းခြင်းနှင့် ပတ်သတ်၍ ပေါ့ဆ မနေသင့်ပဲ မိမိနှင့် မိမိပတ်ဝန်းကျင်တွင်ရှိသော အမျိုးသမီးများတွင် အထက်ဖော်ပြပါ လက္ခဏာများနှင့်တွဲ၍ ခံစားနေရခြင်းများရှိလျှင် ဆေးမြီးတိုများအသုံးပြုနေခြင်းထက် ဖြစ်ပွားရသော အကြောင်းအရင်းကို ရှာဖွေ၍ လိုအပ်သောကုသမှုကို ခံယူနိုင်ရန် အတွက် နားလည် တတ်ကျွမ်းသော ဆရာဝန်နှင့် အမြန်ဆုံး သွားရောက် ပြသစေရေး တိုက်တွန်း သွားကြရန်အတွက် အကြံပြုပြောကြားလိုသည်။

ကျန်းမာရေးပြဿနာအနည်းဆုံးနှင့် အဆင်ပြေကြပါစေ။

Dr. Tint Tal

Previous Post

ကလေးများနှင့် သံချဆေး

Next Post

ကြွက်တက်ခြင်းကို သက်သာစေနိုင်သည့် နည်းလမ်းများ

205
VIEWS
Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ခါးနာခြင်းသက်သာစေဖို့ဆိုရင်

4 weeks ago

ကလေးများအတွက် မဖြစ်အနေလိုအပ်သော အာဟာရဓါတ်များ

1 month ago

ရင်ပူခြင်းအကြောင်းသိကောင်းစရာများ

1 month ago

ဆောင်းရာသီမှာအဖြစ်များတဲ့ရောဂါများ နှင့်နာကျင်ကိုက်ခဲမှုများအကြောင်း

1 month ago

နာတာရှည်အူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများနှင့် သင့်လျော်သောအစားအစာများ

1 month ago

သွေးအားနည်းရောဂါဖြစ်ပွားရသော အကြောင်းရင်းများ

1 month ago

ကျန်းမာရေးအမျိုးအစားအလိုက် ခေါင်းစဉ်များ

  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • စအိုဖြင့် လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • အရေပြားကျန်းမာရေးအတွက် ရှားစောင်းလက်ပပ်၏ကောင်းကျိုးများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အစာအိမ်ရောင်သောအခါ စားသင့်သော အစားအစာများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0
  • ရင်ဘတ်အောင့်တာအစာအိမ်ကြောင့်လား၊ နှလုံးကြောင့်လား ။

    0 shares
    Share 0 Tweet 0
  • သွေးတိုးရောဂါရှင်များအတွက်ဆောင်ရန်/ရှောင်ရန် ( ၁၀ )ချက်

    0 shares
    Share 0 Tweet 0
Next Post

ကြွက်တက်ခြင်းကို သက်သာစေနိုင်သည့် နည်းလမ်းများ

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f
Youtube
Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms below to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

Subscribe For Latest Updates

Sign up to best of business news, informed analysis and opinions on what matters to you.
Invalid email address
We promise not to spam you. You can unsubscribe at any time.
Thanks for subscribing!