Q. သားအိမ်ခေါင်းဆိုတာ?
— သားအိမ်ခေါင်းဆိုတာ သားအိမ်နှင့်မိန်းမကိုယ်လမ်းကြောင်း ကြားရှိသားအိမ်အဝနေရာဖြစ်သည်။ 4cm ရှည်ပြီး မိန်းမကိုယ်လမ်းကြောင်း အပေါ်ပိုင်း 2cm အထိနေရာယူထားပါတယ်။ သားအိမ်နှင့် သားအိမ်အပေါ်ပိုင်းမီးယပ်အင်္ဂါများပိုးမဝင်အောင်နှင့် သုတ်ပိုးသားအိမ်ထဲ ဝင်နိုင်အောင် လုပ် ဆောင်ပေးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။
Q. ရောဂါသဘာဝ
— သားအိမ်ခေါင်းရောင်ရခြင်း အများစုမှာ STD လို့ခေါ်တဲ့ လိင်မှတစ်ဆင့် ကူးစက်စေသော ရောဂါပိုး များကြောင့် ဖြစ်တယ်။
ရောဂါပိုးကြောင့်မဟုတ်သော အကြောင်းအရင်းများကြောင့်လည်း သားအိမ်ခေါင်း ရောင်နိုင်ပါ တယ်။
တစ်ခါတစ်လေ လက္ခဏာမပြပဲ ဆရာဝန်မှ သားအိမ်ခေါင်းစစ်ဆေးရာမှ တွေ့ရှိသည့် အနေအထား တစ်ခုဖြစ်နိုင်ပါတယ်။ဖြစ်စေသော အကြောင်းအရင်းကို သေချာကုသရန်လိုပါတယ်။
Q. ရောဂါလက္ခဏာများ
— ၁. ပုံမှန်မဟုတ်သော အဖြူဆင်းခြင်း
၂. ရာသီမဟုတ်ပဲ ကြားရက်သွေးဆင်းခြင်း
၃. လိင်ဆက်ဆံချိန်နာခြင်း
၄. လိင်ဆက်ဆံပြီးချိန် သွေးဆင်းခြင်း
၅. ဆီးသွားလျှင်နာခြင်း၊ မကြာခဏဆီးသွားခြင်း
၆. ခါးနာခြင်း
၇. ဝမ်းဗိုက်အောက်ပိုင်း လေးနေခြင်း
Q. ဘယ်သူတွေ ပိုဖြစ်နိုင်သလဲ?
— ၁. အကာအကွယ်မသုံးပဲ လိင်ဆက်ဆံလေ့ရှိသူများ
၂. ဆက်ဆံဖော်များသူများ
၃. မိမိရဲ့ဆက်ဆံဖော်သည် ရှုပ်ပွေသူများ
၄. အသက်ငယ်စဉ် လိင်ဆက်ဆံမှု စရှိခဲ့သူများ
၅. လိင်မှတစ်ဆင့် ကူးစက်ရောဂါ ဖြစ်ဖူးသူများ
၆. အရက်နှင့်မူးယစ်ဆေး သုံးတတ်သူများ
Q. ဖြစ်စေသော အကြောင်းအရင်းများ
— ၁. လိင်မှတစ်ဆင့် ကူးစက်သောပိုးများ
i. ဂနိုရောဂါပိုး (ဆီးပူညောင်းကျရောဂါပိုး)
ii. ခလာမိုင်းဒီးယားပိုး
iii. ထရိုင်ခရိုမိုနပ်ပိုး
iv. လိင်အင်္ဂါရေယုန်ပိုး
၂. ပိုးကြောင့်မဟုတ်သော အကြောင်းအရင်းများ
(i) (၁) တိုက်ရိုက်ထိခိုက် ဒဏ်ရာဖြစ်ခြင်း
(eg. သားအိမ်ဝတွင် ကွင်း (pessary) ထည့်ထားခြင်း
(၂) သားအိမ်ထဲထည့် သန္ဓေတားပစ္စည်းထည့်ရာတွင် ချန်ထားခဲ့သည့်ကြိုးစ
(၃) တန်ပွန် (tem pon) သုံးခြင်း
(၄) သားအိမ်ဝစွပ် သန္ဓေတားပစ္စည်း (Cervical Cap)
(ii) ဓါတ်ရောင်ခြည်ပေးခြင်း
(iii) သားအိမ်ခေါင်းကင်ဆာ
(iv) Behcot ရောဂါ
(v) ဓါတ်မတည့်ခြင်း (သုတ်ပိုးသေဆေး၊ အမျိုးသမီး သန့်စင်ဆေး)
၃. မိန်းမကိုယ်ထဲရှိ သဘာဝပိုး ပိုများလာခြင်းကြောင့်
Q. နောက်ဆက်တွဲ ဆိုးကျိုးများ
— (၁) သားအိမ်တွင်းပိုးရောက်ခြင်း (သားအိမ်ရောင်ခြင်း)
(၂) မီးယပ်နှင့် သက်ဆိုငသော အင်္ဂါများရောင်ခြင်း
(၃) ကိုယ်ဝန်ရရန် ခက်ခဲစေနိုင်ခြင်း
(၄) ကိုယ်ခံအားကျစေသော HIV ပိုးကူးစက်စေနိုင်ခြင်း
(၅) သားအိမ်ပြင်ပ သန္ဓေတည်ခြင်း
(၆) ကိုယ်ဝန်ပျက်ကျခြင်း
(၇) ရေမွှာစောပေါက်ခြင်း
(၈) လမစေ့ပဲ ကလေးမွေးခြင်း
(၉) အချို့လိင်အင်္ဂါရေယုန်ပိုးသည် သားအိမ်ခေါင်း ကင်ဆာဖြစ်စေခြင်း
Q. ဘယ်လိုသိနိုင်မလဲ?
ရောဂါရာဇဝင်မေးမြန်းခြင်း
စမ်းသပ်စစ်ဆေးခြင်း
မိန်းမကိုယ် နှင့် သားအိမ်ခေါင်း ချွဲစစ်ဆေးခြင်း။
Q. ကုသခြင်း။
ဖြစ်စေသော အကြောင်းအရင်းကို ကုသရပါမယ်။
လိင်မှ တစ်ဆင့် ကူးသော ပိုးများအတွက် သတ်မှတ်ထားသော ပိုးသတ်ဆေးကို ကာလတစ်ခု သောက်ရပါမယ်။
ဓာတ်မတည့်ခြင်းအတွက် ရှောင်ရန်မှလွဲ၍ ကုသစရာ ထွေထွေထူးထူး မလိုပါ။
လိင်မှ တစ်ဆင့် ကူးသော ပိုးအတွက် မိမိအဖော်နှင့် အတူတူ ကုသမှု ခံယူရပါမယ်။
Q. ကာကွယ်ခြင်း
လိင်ဆက်ဆံလျှင် အကာအကွယ် (ကွန်ဒုံး) သုံးပါ။
တစ်လင် တစ်မယား စနစ် ကျင့်သုံးပါ။
ဓာတုပစ္စည်းများနှင့် အနံ့ပါသော သန့်စင်ဆေး/ TEMPON နှင့် မိန်းမကိုယ်အတွင်းထည့်၍ သုံးသော သန္ဓေတားပစ္စည်းများ သုံးခြင်း ရှောင်ပါ။
Q. ဘယ်အချိန်ဆရာဝန်နှင့် ပြမလဲ?
ပုံမှန် မဟုတ်သော အဖြူဆင်းခြင်း ဆက်တိုက်ရှိနေလျှင်
လိင်ဆက်ဆံချိန်နာလျှင်
ရာသီပေါ်ချိန် မဟုတ်ပဲ ကြားဖောက်သွေးဆင်းလျှင်
သားအိမ်ခေါင်း ယောင်သည်ဟု သံသယရှိလျှင်
Dr.Yin Yin Win
M.B.B.S (Ygn)
Dip.Med.Sc (Family Medicine)
##