fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

သက်ရှည်ကျန်းမာ စိတ်လည်းချမ်းသာ

111
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/07/2020
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ရာသီဥတု သာယာကြည်လင်နေသော နွေရာသီရဲ့မနက်ခင်းတစ်ခု ……

စနေနေ့မို့ အတန်ငယ်ရှုပ်နေသော လမ်းမထက်ဝယ် ဆလွန်းကားအဖြူလေးက

တရွေ့ရွေ့ မောင်းနှင်လာသည်

“စည်သူရေ … လမ်းမှာ ခဏရပ်ပြီး ဘဘကြီးအတွက် အသီးလေးဘာလေး

ဝယ်သွားရအောင်”

“ဟုတ်ကဲ့ မမကြီး”

.

.

သစ်ပင်များအုံ့ဆိုင်းနေသော ခြံဝန်းအတွင်းသို့ ဆလွန်းကားအဖြူလေး

ဝင်ရောက်လာခဲ့သည်……

“ဟော ငါ့တူနဲ့တူမကြီးတို့ပါလား … လာ လာ … အိမ်ထဲဝင်ကြဟေ့

မတွေ့ရတာတောင် ကြာပြီနော် … တူမကြီး

စင်ကာပူမှာကျောင်းစတက်ကတည်းကဆိုတော့

တစ်နှစ်လောက်တောင်ရှိပြီထင်တယ်”

“ဟုတ် ဘကြီးရေ… သမီးတို့လည်း လာမယ်လာမယ်နဲ့ပဲ မရောက်ဖြစ်တာပါ …

ဘဘ နေကောင်းတယ်နော် … ဘွားဘွားကြီးရော …”

 

“အေး ကောင်းပါတယ်ကွယ် … ကျန်းမာရေးကိုတော့ ဂရုစိုက်တယ်ကွဲ့ …

အခုပဲ သမီးတို့ ဘွားဘွားကြီးကို မနက်ခင်း ရေချိုး သနပ်ခါးလူးပေးပြီး မနက်စာ

ငါးဆန်ပြုတ်လေးကျွေး အားဆေးတိုက်ထားတာ … ပြီးမှ ဘဘလည်း ခြံထဲဆင်း

အပင်တွေရေလောင်းနေတာ …

အစိုးရတိုက်နယ်ဆရာဝန်ဘဝကနေ အငြိမ်းစားယူလိုက်ထဲက

အချိန်ပိုလေးတွေရလာတော့ အမေ့ကိုရော ကိုယ့်ကိုယ်ကိုယ်ရော

ပိုကျန်းမာအောင်ဂရုစိုက်ဖြစ်ပါတယ် တူမကြီးရေ”

“ဟုတ်ကဲ့ ဘဘကြီး … ကြားရတာ စိတ်ချမ်းသာလိုက်တာ …

ဒါနဲ့ ဘွားဘွားကို အားဆေးတိုက်တယ်ဆိုတော့ ဘာအားဆေးတိုက်တာလဲဟင် …

အားဆေးက တိုက်ဖို့ရောလိုလို့လား… သမီးကြားဖူးတာတော့

အစားအစာလုံလုံလောက်လောက်စားနေရင် အားဆေးသောက်တာ

အလကားပဲဆိုလို့ပါ… ဘဘက ဆရာဝန်ဆိုတော့ ခုလိုတွေ့ဖြစ်တုန်းလေး

သမီးတို့ကို ပြောပြပါလားဟင်… “

“အေး သမီးပြောတာ မမှားပါဘူး တူမကြီးရေ …

အားဆေးကို လူတိုင်းမဖြစ်မနေသောက်ရမယ်လို့တော့ မဟုတ်ပါဘူး …

 

အားဆေးဆိုတာ အဓိကကတော့ ဗီတာမင်ဓာတ်မျိုးစုံကို

လူတစ်ယောက်နေ့စဥ်လိုအပ်တဲ့ပမာဏအတိုင်း

ပေါင်းစပ်ထည့်သွင်းထားတာမျိုးကွဲ့ …

ဗီတာမင် ဆိုတာကတော့ လူ့ခန္ဓာကိုယ်ရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေအတွက်

မရှိမဖြစ်လိုအပ်တဲ့ သက်စောင့်ဓာတ်တွေ ဆိုပါတော့ကွယ် …

ဗီတာမင်တွေကို အဓိက အုပ်စုကြီးနှစ်ခု ခွဲထားတယ် …

ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင် ဘီအုပ်စု ဗီတာမင်စီ …

ရေမှာမပျော်ဝင်နိုင်တဲ့ ဗီတာမင် အုပ်စု … ဗီတာမင်အေ၊ ဒီ၊ အီး၊ ကေ ရယ်လို့

နှစ်အုပ်စုခွဲထားတယ်… ခန္ဓကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေ ချောမွေ့စေဖို့အတွက်

အဲ့ဗီတာမင်အမျိုးအစားအကုန်လုံးကို နေ့စဥ် သင့်တင့်တဲ့ပမာဏအတိုင်း

စားသုံးပေးဖို့လိုတယ်ကွဲ့ … အစားအစာအမျိုးအစား တစ်ခုထဲမှာတော့

ဗီတာမင်အုပ်စုအကုန်မပါနိုင်ဘူး … ဥပမာ … ဗီတာမင်အေ ဆိုရင် အဝါရောင်

အနီရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာပါတယ် … ဗီတာမင်စီကျတော့

အရည်ရွှမ်းတဲ့ အချဥ်ဓာတ်ရှိတဲ့ အသီးအနှံတွေမှာပါတယ် … အယ် …

ဗီတာမင်ဒီကျပြန်တော့ အရိုးပါစားနိုင်တဲ့ငါးကလေးတွေ

နို့ထွက်ပစ္စည်းတွေမှာပါတယ် …

 

အဲ့တော့ တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင်အမျိုးအစားတွေအကုန်လုံး

လုံလောက်အောင်စားသောက်ဖို့ဆိုရင် အစားအစာအုပ်စုအများကြီးကို

သင့်တင့်တဲ့ပမာဏနဲ့စားသောက်ဖို့လိုလာရော …

ကိုယ်က အဲ့လို စုံလင်အောင်စားနိုင်တယ် … အဲ့လိုစုံလင်တဲ့အစားအသောက်တွေ

ပြင်ဆင်ချက်ပြုတ်ဖို့လည်း အချိန်ပေးနိုင်တယ် … ချက်ပြုတ်တဲ့အခါမှာလည်း

အစားအစာထဲမှာပါတဲ့ ဗီတာမင်ဓာတ်တွေကို မပျက်စီး

မဆုံးရှုံးအောင်ချင်ပြုတ်ပြင်ဆင်တတ်တယ် ဆိုရင်တော့ အကောင်းဆုံးပေါ့ကွယ် …

အကြောင်းအမျိုးမျိုးကြောင့် အဲ့လို စုံလင်အောင်မစားသောက်ဖြစ်တဲ့သူတွေ …

အသက်ကြီးလာလို့ သွားကမကောင်း အစားသေချာမစားနိုင်တော့တဲ့

လူကြီးသူမတွေ … နောက်ပြီး ရောဂါတစ်ခုခုကြောင့် ဗီတာမင်ချို့တဲ့နိုင်တဲ့သူတွေ …

အစားရှောင်တဲ့သူတွေ… ဒီလိုလူမျိုးတွေအတွက်ကျတော့ ဗီတာမင်အားဆေးတွေ

သောက်ပေးတာဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတာပေါ့ကွယ် …

ဘဘ အရင် တိုက်နယ်မှာ ဆရာဝန် လုပ်တုန်းကဆို လူနာတွေများလွန်းတော့

နေ့လယ်စာလွတ်တဲ့အချိန် ညစာလွတ်တဲ့အချိန်တွေလည်းရှိ …

ဖြစ်သလိုစားလိုက်ရတာမျိုးလည်းရှိ … လူကလည်းပင်ပန်းနွမ်းနယ်နေတော့ …

ဗီတာမင်အားဆေးတစ်နေ့တစ်လုံးသောက်​ခဲ့တာပါပဲ …

အခု အသက်ကြီးတော့လည်း သောက်ဖြစ်တယ် …

ဘွားဘွားကြီးကိုလည်း တိုက်ဖြစ်တယ်ဆိုပါတော့ …

သူလည်းအသက်ကြီးလာတော့ အစားသေချာမစားနိုင်တော့ဘူးလေ …

ခန္ဓကိုယ်က ကျန်းမာနေမှ စိတ်ကလည်း ရွှင်လန်းနိုင်မယ်မလား …

အစားအစာတွေကိုလည်း သင့်တင့်မျှတအောင်စား

ဖြည့်စွက်ဗီတာမင်အားဆေးလေးလည်းသောက် …

သင့်တင့်တဲ့လေ့ကျင့်ခန်းလည်းလုပ်ရတာပေါ့ကွယ် …”

“ဟုတ်ကဲ့ ဘဘကြီး … ဟုတ်မယ်နော်

သမီးလည်း ခုစင်ကာပူမှာ ကျောင်းကတစ်ဖက် … အချိန်ပိုင်းအလုပ်ကတစ်ဖက်နဲ့ …

ဖြစ်သလိုပဲစားဖြစ်တာများတယ် … ဟင်းသီးဟင်းရွက် အသားငါး

စုံအောင်မစားဖြစ်ဘူး … ဘဘကြီး ပြောသလိုပဲ ဗီတာမင်အားဆေး တစ်နေ့တစ်လုံး

သောက်ရင်ကောင်းမယ်ထင်တယ် …… အခုက အသက်ငယ်သေးတော့

ဘာမှသိပ်မသိသာသေးပေမယ့် အသက်ကြီးလာတဲ့အခါ

ကျန်းမာရေးချို့တဲ့တာမျိုး ဖြစ်လာမှာစိုးတယ်…

အဲ့ဗီတာမင်ဆေးပြားတွေ သောက်လို့ ခန္ဓကိုယ်မှာ ပိုသွားရင်ရော

အန္တရာယ်ရှိနိုင်လားဟင် “

“ဗီတာမင်ဆေးပြားတွေမှာ လူ့ခန္ဓကိုယ်အတွက် တစ်နေ့တာလိုအပ်တဲ့

ပမာဏတွေကို အချိုးအစားနဲ့ ထည့်သွင်းဖော်စပ်ထားတာဆိုတော့

 

ဆရာဝန်ညွှန်ကြားတဲ့ပမာဏအတိုင်းသောက်မယ်ဆိုရင် အန္တရာယ်မဖြစ်နိုင်ပါဘူး

… ညွှန်ကြားတဲ့ပမာဏထက်တော့ ပိုပြီးမသောက်နဲ့ပေါ့ကွယ်”

“ဟုတ်ကဲ့ပါ ဘဘကြီး …

အခုလိုပြောပြတော့ သမီးတို့လည်း တော်တော်လေး နားလည်သွားတယ်…

ကျေးဇူးပါနော် … ဒီမှာ ဘဘကြီးနဲ့ ဘွားဘွားအတွက် အသီးတွေဝယ်လာတယ် …”

“မလိုပါဘူးကွာ … မင်းတို့လာတာနဲ့တင်ကို ဘဘက ပျော်နေတာ”

.

.

“ လာ စည်သူ … တို့တွေ ဘဘကြီးကိုကန်တော့ရအောင် …”

.

.

“အေးကွယ် … သာဓု သာဓု သာဓု … သက်ရှည်ကျန်းမာ

စိတ်လည်းချမ်းသာကြပါစေကွယ် …”

 

Author: ဒေါက်တာစုလှိုင်ဖြိုး

Previous Post

အိပ်စက်ရာမှာ စည်းဝါးကျစေဖို့ရာ

Next Post

စူပါမေမေရဲ့သားသားမီးမီးတွေအတွက် စူပါမီနူး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
610
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စူပါမေမေရဲ့သားသားမီးမီးတွေအတွက် စူပါမီနူး

စောင့်ကြည့်သင့်တဲ့ ကလေးတစ်ယောက်ရဲ့ ဘဝမိုင်တိုင်များ

စိတ်ရှုပ်စရာဟာ ဖယ်ထုတ် ပစ်စရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.