fbpx

Myanmar (Covid-19 Stats)

😷 49,072 Total Cases
😥 1,172 Deaths
😇 28,636 Recovered

Vitamin C ချို့တဲ့ရင် ဘယ်လို လက္ခဏာတွေဖြစ်မလဲ

လူ့ခန္ဓာကိုယ်အတွက်အရေးပါပြီး လူသားခန္ဓာဇီဝကမ္မစနစ်အရ မထုတ်လုပ်နိုင်တဲ့ Vitamin C- ascorbic acid ဟာ ကိုယ်ခံစွမ်းအားကောင်းမွန်ဖို့၊ သွေးဖြူဥ၊ သွေးနီဥ၊ ဆဲလ်တစ်ရှူး၊ အရိုးအဆစ်များ ပြောင်းလဲဖို့ စတဲ့အရေးကြီး ဖြစ်စဥ်တွေအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးအတွက် အရေးပါပါတယ်။

ဗီတာမင်စီပါဝင်တဲ့ အစားအစာတွေကတော့ ချဥ်သောအရသာရှိတဲ့ သံပုရာသီး၊ ရှောက်သီး၊ လိမ္မော်သီး၊ သင်္ဘောသီး၊ ခရမ်းချဥ်သီး၊ ကျွဲကောသီး၊ စတော်ဘယ်ရီနှင့် ဘယ်ရီသီး၊ ကီဝီသီး၊ ပန်းငရုတ်ပွရောင်စုံ၊ မာလကာသီး၊ စပျစ်သီးတို့ဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့Vitamin C ပမာဏလျော့နည်းချို့တဲ့သူတွေမှာ လုံလောက်တဲ့ဖြည့်စွက်ကုသမှူမရှိခဲ့လျှင် တစ်လအတွင်းမှာ ဖြစ်ပေါ်လာနိုင်တာတွေကတော့

 

  1. ကနဦးလက္ခဏာအနေနှင့်ပင်ပန်းနွမ်းနယ်၊ အားအင်ကုန်ခန်းခြင်းများစတင်ခံစားရနိုင်ပြီး၊ နောက်ပိုင်းခံတွင်းသွားဖုံးယောင်ယမ်းတာဖြစ်လာနိုင်တဲ့အပြင်သွားဖုံးသွေးယို စတဲ့ သွားကျန်းမာရေးထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။

 

  1. သွေးဖြူဥ White blood cell ထုတ်တာလျော့နည်းလာပြီးရောဂါပိုးမွှားကာကွယ်ပေးတဲ့ကိုယ်ခံစွမ်းအားကျတတ်ပြီး (Poor Immunity) နမိုးနီးယားအဆုတ်ယောင်နှင့် covid 19 ကဲ့သို့ဗိုင်းရပ်စပိုးဝင်ရောက်ခြင်းပိုဖြစ်နိုင်ပါတယ်။ သံဓါတ်စုပ်ယူမှူနည်းခြင်းကြောင့် သံဓါတ်နှင့်သွေးအားနည်းရောဂါအထိ ဖြစ်နိုင်ပါတယ် (Persistent Iron Deficiency Anemia )

 

  1. သွေးတွင်းကိုလက်စထရောချပေးပြီးသွေးပျစ်တာ ကာကွယ်ပေးတဲ့ Vitamin C ချို့တဲ့ရင်ကိုယ်တွင်းအဆီဓါတ်ခြေဖျက်မှုလျော့လာပြီး ကိုယ်အလေးချိန်တက်နိုင်ပါတယ်။

 

  1. ကလေးတွေရဲ့ အရိုးဖွံ့ဖြိုးတာထိခိုက်ပြီးအရိုးနဲ့ပါတ်သက်တဲ့ရောဂါတွေဖြစ်လာနိုင်ပါတယ်။ uric acid (ယူရစ်အက်ဆစ်)မလျှော့ချပေးနိုင်တဲ့အတွက် အဆစ်ယောင်ရောဂါပိုဆိုးတာ၊ အဆစ်အမြစ်တွေယောင်ယမ်းနာကျင်တာတွေခံစားရနိုင်ပါတယ်။

  1. ဆဲလ်တွေကိုဖျက်ဆီးတဲ့နာတာရှည်ယောင်ယမ်းမမှု တားဆီးပေးတဲ့ (antioxidant properties) ဓါတ်တိုးဆန့်ကျင်အစွမ်းရှိတဲ့ Vitamin C ချို့တဲ့ရင်နှလုံးရောဂါကာကွယ်ခြင်း၊ ကျောက်ကပ်အားကောင်းခြင်း၊ ဦးနှောက်မှတ်ဥာဏ်ဖွံဖြိုးခြင်းစတဲ့အကျိုးတွေမရနိုင်ပါဘူး။ သတိမေ့လွယ်တာမျိုးတွေဖြစ်နိုင်ပါတယ်။

 

  1. Poor Mood & depression – စိတ်ရွှင်လန်းတက်ကြွမှူမရှိတာ ဖြစ်တဲ့အပြင် Vitamin C ချို့တဲ့ရောဂါဟာ စိတ်ကျရောဂါရနိုင်တဲ့အထိ အချို့လူတွေမှာ ပြင်းထန်ပါတယ်။

 

  1. အရေပြားကျန်းမာရေးမှာအဓိကကျတဲ့ဓါတ်ဖြစ်တဲ့အတွက် အရေပြားခြောက်သွေ့ကြမ်းတမ်းပျက်စီးတာ၊ အရေးအကြောင်း၊ ကြာဆူး၊ ဝက်ခြံ၊ အဆီဖုပြဿနာတွေဖြစ်နိုင်တဲ့အပြင်ထိခိုက်ဒဏ်ရာကြောင့်အရေပြားအညိုအမဲ၊ အကွက်စွဲ၊အနာကျက်နှေးတာတွေခံစားရတတ်ပါတယ်။

 

  1. ခန္ဓာကိုယ်အမွှေးအမျှင်ထွက်တဲ့မွှေးညှင်းအိတ်လေးတွေမှာပုံမမှန်တာတွေလည်းဖြစ်နိုင်ပါတယ်။ ခြေ/လက်သည်းကျန်းမာရေးမှာ Vitamin C နည်းတဲ့လက္ခဏာကတော့လက်သည်းခွံပေါ်မှာအစင်းကြောင်းထွက်တာ spoon-shaped ဇွန်းပုံစံလက်သည်းခွံပုံမမှန်ဖြစ်တာပဲဖြစ်ပါတယ်။

 

  1. Vitamin C ချို့တဲ့ရောဂါ Scurvyဟာ ပြင်းထန်တဲ့အခါ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဗီတာမင်စီကို လုံလောက်စွာရအောင် အထူးဂရုပြု စားသောက်သင့်သူတွေကတော့ ကိုယ်ခံအားနည်းတဲ့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ဆီးချို၊ ကင်ဆာစတဲ့နာတာရှည်ရောဂါရှိသူတွေနှင့် ရောဂါပိုးကူးစက်နိုင်မှူများတဲ့လူတွေပဲဖြစ်ပါတယ်။ နေ့စဉ် အစားအသောက်မှာ လုံလောက်မှူမရှိရင် VitaminC အားဖြည့်ဆေးတွေကို နံနက်ခင်းပိုင်းမှာ ရေများများနဲ့ ဖြည့်စွက်သောက်သုံးနိုင်ပါတယ်။

ဒါကြောင့် နေ့စဉ် ခန္ဓာကိုယ်ကျန်းမာပြီး စိတ်ဓါတ်တက်ကြွပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ Vitamin C ချို့တဲ့မှုလက္ခဏာတွေကို သတိပြုပြီး ကြိုတင်ကာကွယ်နိုင်ကြပါစေနော်…

Author : Dr.Mon