fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ရာသီစက်ဝန်းလေးမှန်ကန်စေဖို့

To correct the menstrual cycle
1.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/09/2022
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

အမျိုးသမီးတစ်ယောက်အတွက် အပျိုဖော်ဝင်တဲ့အချိန်ကစလို့ သွေးမဆုံးခင်အချိန်အထိ တစ်လတစ်ခါ ရာသီစက်ဝန်းလေးမှန်နေဖို့က အရေးကြီးပါတယ်။ အပျိုဖော်ဝင်ခါစမှာ ဟော်မုန်းဓါတ်မညီမျှသေးတဲ့အတွက် ရာသီမမှန်တာဟာဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။ အပျိုဖော်ဝင်ပြီး(၁)နှစ်၊ (၂)နှစ်လောက်ကြာတဲ့ အခါ ရာသီစက်ဝန်းဟာ တစ်လတစ်ခါပုံမှန်လည်ပတ်သွားပါပြီ။

ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက်မှာ ကိုယ်ဝန်ရှိတဲ့ အချိန်ကလွဲလို့ သွေးမဆုံးမီအထိ ရာသီတစ်လတစ်ခါပုံမှန်လာပါတယ်။ ရာသီမမှန်ဘူးဆိုရင်တော့ ကိုယ်ဝန်ရှိတာမဟုတ်ရင် အမျိုးသမီးရောဂါတစ်ခုခုကြောင့် ရာသီမမှန်တာဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် ရာသီတစ်လတစ်ခါပုံမှန်လည်ပတ်အောင် ဘယ်လိုတွေပြုမူနေထိုင်ရမလဲဆိုတာ ဆက်ကြည့်ရအောင်။

 

ရာသီစက်ဝန်းဆိုတာဘာလဲ? ရာသီမှန်ဖို့အရေးကြီးပါသလား?

ရာသီစက်ဝန်းဆိုတာအပျိုဖော်ဝင်လာတဲ့အချိန်ကစပြီး အမျိုးသမီးတို့ရဲ့ သားဥအိမ်လေးကနေ မျိုးပွားရန်အတွက် တစ်လတစ်ခါ သားဥကြွေပေးရပါတယ်။ သားဥကြွေတဲ့အချိန်မှာ မျိုးအောင်ဖို့ သုတ်ပိုးမရှိဘူးဆိုရင် သားဥလေးဟာ မျိုးမအောင်တော့ဘဲ ရာသီသွေးထဲပါသွားပါတယ်။ အဲ့ဒီဖြစ်စဉ်တစ်ခုလုံးကို ရာသီစက်ဝန်းလို့ခေါ်ပါတယ်။ ရာသီစက်ဝန်းတစ်ခုဟာ အများအားဖြင့် ၂၈ရက်-၃၂ရက်ကြာတတ်ပါတယ်။ ရာသီစက်ဝန်းတစ်လတစ်ခါမှန်မှန်လည်ပတ်ဖို့ကလည်း အမျိုးသမီးတိုင်းအတွက် အရေးကြီးပါတယ်။

 

ရာသီစက်ဝန်းကိုဟော်မုန်းတွေက ထိန်းချုပ်ပေးထားတာလား?

ဟုတ်ပါတယ်။ ရာသီစက်ဝန်းမှန်စေဖို့ အီစထရိုဂျင်ဟော်မုန်း၊ပရိုဂျက်စထရုန်းဟော်မုန်း တို့က အဓိကထိန်းချုပ်ဆောင်ရွက်နေတာပါ။ တခြားဟော်မုန်းတွေလည်း အများကြီးပါဝင်ပါသေးတယ်။

 

ရာသီမမှန်တဲ့အကြောင်းအရင်းတွေကဘာတွေရှိလဲ?

အမျိုးသမီးတစ်ယောက်မှာ ရာသီပုံမှန်လာတာကနေ တစ်လနှစ်လပျောက်သွားတယ်ဆိုရင်တော့ အမျိုးသားနှင့်လည်းအတူတူနေဖူးတယ်ဆိုရင် ကိုယ်ဝန်ရှိတာကြောင့်ရာသီမလာတာ ဖြစ်ဖို့အများဆုံးပါ။ တခြားအကြောင်းအချက်တွေကတော့ သားဥအိမ်ရေအိတ်တည်ခြင်း၊ သားဥအိမ်အလုံးများတည်ခြင်း၊ သားအိမ်အလုံးအကျိတ်တည်ခြင်းစတဲ့ အမျိုးသမီးရောဂါတွေအပြင် ဟော်မုန်းဓါတ်မညီမျှတဲ့ရောဂါတွေ ကြောင့် ရာသီမမှန်တာဖြစ်တတ်ပါတယ်။

 

ရာသီစက်ဝန်းလေးမှန်စေဖို့ဘယ်လိုတွေပြုမူနေထိုင်စားသောက်ရမလဲ?

ရာသီစက်ဝန်းဆိုတာဟာ ဟော်မုန်းတွေကနေ ထိန်းချုပ်ထားတာ ဖြစ်တဲ့အတွက် ဟော်မုန်းဓါတ်ညီမျှနေဖို့အရေးကြီးပါတယ်။ ဟော်မုန်းဓါတ်တွေဆိုတာကလည်း စိတ်အခြေအနေပြောင်းလဲမှုနဲ့ ဆက်စပ်နေတတ်ပါတယ်။ တနည်းအားဖြင့် နေမကောင်းဖြစ်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ကိုယ်အလေးချိန် ပြောင်းလဲမှုဖြစ်ခြင်း အထူးသဖြင့် အဝလွန်ခြင်း ဖြစ်စဉ်တို့မှာ ရာသီကမောက်ကမ ဖြစ်တတ်တာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့် ရာသီစက်ဝန်းလေးမှန်စေဖို့ စိတ်ဖိစီးမှုကင်းအောင်နေမယ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေပဲ နေ့စဉ်ရွေးချယ်စားသောက်မယ်၊ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင်ထိန်းမယ် ဆိုရင် ရာသီတစ်လတစ်ခါ ပုံမှန်လာစေပါတယ်။ အထူးသဖြင့် ဗီတာမင်အီးနှင့် ဇင့်ဓါတ်ပါဝင်တဲ့အစားအသောက်တွေ ဒါမှမဟုတ် အားဆေးတွေကို နေ့စဉ်မှီဝဲပေးမယ်ဆိုရင် ရာသီစက်ဝန်းမှန်စေတယ်လို့သုတေသနတွေအရ တွေ့ရှိရပါတယ်။

 

ရာသီမမှန်ရင်ဘာလုပ်ရမလဲ?

၃လနှင့်အထက် ရာသီမလာဘူး၊ မမှန်ဘူးဆိုရင် မရှက်ပါနှင့်၊ သက်ဆိုင်ရာသားဖွားမီးယပ်ဆရာဝန်နဲ့ပြသပြီး သေချာဆေးကုသမှုခံယူပေးရပါမယ်။

 

Author: Dr.Kh

Previous Post

အိပ်ရေးပျက်ခြင်းနှင့် အရေပြားကျန်းမာရေးအကြောင်း

Next Post

အသားအရေ စိုပြေလှပစေမယ့် သဘာဝသစ်သီးဖျော်ရည်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
601

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
558
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Natural fruit juices that make the skin soft and beautiful

အသားအရေ စိုပြေလှပစေမယ့် သဘာဝသစ်သီးဖျော်ရည်များ

Uterus and cysts

သားအိမ်နှင့် အလုံးအကျိတ်

What the color of your tongue says about your health

လျှာအရောင်က ပြောတဲ့ သင့်ကျန်းမာရေးအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.