fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

Health secrets that women over 50 should know
1.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/11/2023
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ရပ်တန့်ထားလို့ မရတဲ့အထဲမှာ အသက်လည်း ပါဝင်ပါတယ်။ ရာသီတွေ လည်ပတ်နေတာနဲ့အမျှ အသက်တွေလည်း တဖြည်းဖြည်းကြီးလာရတာပါပဲ။ အသက်ရလာနဲ့အမျှ ဗျာဓိလို့ခေါ်တဲ့ ရောဂါဝေဒနာတွေလည်း ပိုများလာတတ်တာ ဓမ္မတာပါပဲ။

အသက်ရလာတဲ့အခါ ငယ်စဥ်ကထက် ကျန်းမာရေးကို ပိုမိုဂရုစိုက်နိုင်မှသာ နုပျိုလန်းဆန်းကျန်းမာပြီး အသက်အရွယ်က ကိန်းဂဏန်းတစ်ခုလို ဖြစ်နေမှာပါ။ ဒါကြောင့် အသက် ၅၀ ကျော်အမျိုးသမီးတွေ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်တွေကို ပြောပြချင်ပါတယ်။

• ကျန်းမာစွာ စားသောက်ပါ
အသက်ရလာတဲ့အခါ ငယ်ငယ်ကလို စားချင်တာကိုပဲစားပြီး မစားချင်တာကို ရှောင်နေလို့ မရတော့ပါဘူး။ နေ့စဥ်စားတဲ့ အစားအသောက်တွေထဲမှာ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးနဲ့ လတ်ဆတ်တဲ့ သစ်သီးတွေ ပါဝင်ဖို့ လိုပါတယ်။ ဆီကြော်တွေ၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ကွတ်ကီး၊ ရေခဲမုန့်၊ဟမ်ဘာဂါ၊ ပီဇာတို့လို ပြုပြင်ထားတဲ့ အစားအစာတွေ၊ ရယ်ဒီမိတ်အစားအစာတွေ၊ ချိုလွန်းငန်လွန်းတဲ့ အစားအစာတွေကိုတော့ မရှောင်နိုင်ရင်တောင် လျှော့စားဖို့ သင့်ပါပြီ။ အချိုရည်တွေအစား လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်နဲ့ ရေများများ သောက်ဖို့ စဥ်းစားပါ။ လက်ဖက်ရည်၊ ကော်ဖီနဲ့ alcohol ပါဝင်တဲ့ အရည်တွေလည်း အလွန်အကျွံ မသောက်သင့်တော့ပါဘူး။

• အိပ်ရေးဝအောင် အိပ်ပါ
အသက်ကြီးတဲ့အခါ အအိပ်အနေ နည်းလာတတ်တယ် ဆိုပေမယ့် တစ်ညကို ၇ နာရီခန့် အိပ်နိုင်ဖို့ ကြိုးစားရပါမယ်။ အိပ်ရေးပျက်တဲ့အခါ cortisol ဟော်မုန်းတွေ အထွက်များပြီး အရေးအကြောင်းတွေ ဖြစ်ကာ အိုမင်းရင့်ရော်လွယ်စေသလို စိတ်ဖိစီးပြီး စိတ်မကြည်တာ၊ ခေါင်းမကြည်တာတွေလည်း ဖြစ်ပါလိမ့်မယ်။

• နေ့စဥ် ကိုယ်လက်လှုပ်ရှားပါ
နေ့စဥ် ကိုယ်လက်လှုပ်ရှားတာက ကောင်းကျိုးများစွာ ရှိပါတယ်။ နေ့စဥ် ကိုယ်လက်လှုပ်ရှားမှု လုပ်ရင် အရိုးအဆစ်တွေ သန်မာပြီး အရိုးပါးအရိုးပွရောဂါကို ကာကွယ်တာ၊ သွေးလှည့်ပတ်မှုကောင်းပြီး နှလုံးသွေးတိုးနဲ့ ဆီးချိုရောဂါတွေကို ကာကွယ်တာ၊ ကိုယ်အလေးချိန်ကျစေတာ၊ ညဘက်ကောင်းစွာ အိပ်ပျော်စေတာ စတဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ လမ်းလျှောက်တာ၊ ယောဂကျင့်တာ၊ zumba ကတာမျိုးကို တစ်နေ့နာရီဝက်ခန့် လုပ်နိုင်ရင်တောင် လုံလောက်ပါတယ်။

• ဆေးလိပ်ဖြတ်ပါ၊ မသောက်တတ်ရင်လည်း အစမလုပ်ပါနဲ့
ဆေးလိပ်ဟာ ကင်ဆာရောဂါတွေ ဖြစ်စေတာ၊ အိုမင်းရင့်ရော်လွယ်စေတာ၊
အဆုတ်၊ နှလုံးနဲ့ သွေးကြောတွေ ထိခိုက်စေတာစတဲ့ ဆိုကျိုးတွေ ဖြစ်စေတဲ့အရာမို့ ဆေးလိပ်ကို အနှေးနဲ့အမြန် ဖြတ်သင့်ပါတယ်။ မသောက်တတ်တဲ့သူတွေကလည်း စိတ်ပြေလက်ပျောက်ဆိုပြီး အစလုပ်ပြီး မသောက်သင့်ပါဘူး။

• အရက် လျှော့သောက်ပါ
အရက်ကို အလွန်အကျွံသောက်ရင် အသည်းကင်ဆာ၊ အသည်းရောင်အသည်းခြောက်ရောဂါ၊ နှလုံးရောဂါ၊ ဦးနှောက်နဲ့ အာရုံကြောရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် သွေးဆုံးချိန် estrogen ဟော်မုန်းလျော့နည်းမှုကြောင့် အရိုးပါးအရိုးပွရောဂါ ဖြစ်နိုင်ခြေများတဲ့ ၅၀ ကျော် အမျိုးသမီးတွေ အမူးလွန်ပြီး ဟန်ချက်မညီဘဲ ချော်လဲတဲ့အခါ အရိုးကျိုးလွယ်တာမို့ အရက်ကို လျှော့သောက်တာက အကောင်းဆုံးပါ။

• မူးယစ်ဆေး ရှောင်ပါ
Bar တွေ၊ club တွေ မှိုလိုပေါက်နေပြီး Hi ခန်းတွေမှာ မူးယစ်ဆေးတွေ အလွယ်တကူ ရနိုင်၊ သုံးစွဲနိုင်တဲ့ ခေတ်ကြီးမှာ ၅၀ ကျော်အန်တီတွေပေမယ့် လွတ်လပ်ပေါ့ပါးစွာ ပျော်ရွှင်ချင်လို့၊ အပေါင်းအသင်းကောင်းလို့ ရောက်သွားခဲ့ရင် စမ်းသပ်သုံးစွဲတာမျိုးနဲ့ အစမလုပ်မိဖို့ သတိထားပါ။

• ကိုယ်အလေးချိန်ထိန်းပါ
အဝလွန်တာက နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ ကင်ဆာရောဂါတွေကို ဖိတ်ခေါ်နေသလို obstructive sleep apnoea (OSA) လို့ခေါ်တဲ့ အိပ်နေစဥ် အသက်ရှူလမ်းကြောင်းပိတ်သွားတဲ့ ရောဂါလည်း ဖြစ်စေနိုင်ပြီး အလှလည်း ပျက်စေတာမို့ ကိုယ်အလေးချိန်ကို ဂရုတစိုက် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

• အသွားအလာ ဂရုစိုက်ပါ
၅၀ ကျော်အရွယ်မှာ ငယ်စဥ်ကလို ဖြိုးဖြိုးဖျပ်ဖျပ် ဇိုးဇိုးဇပ်ဇပ်နဲ့ လှုပ်ရှားနေဖို့ မသင့်တော့ပါဘူး။ ထိမိခိုက်မိတာ၊ ချော်လဲတာမျိုး ဖြစ်ခဲ့ရင် အရိုးတွေ (အထူးသဖြင့် တင်ပဆုံရိုးနဲ့ လက်ကောက်ဝတ်အရိုး) ကျိုးလွယ်တဲ့ အရွယ်မို့ အသွားအလာ အနေအထိုင်မှာ သတိကပ်သင့်ပါတယ်။

• သွေးဆုံးကိုင်လက္ခဏာတွေကို ဂရုပြုပါ
၅၀ ကျော်အရွယ်ဟာ သွေးဆုံးကိုင် လက္ခဏာတွေ ခံစားရတဲ့ အရွယ်ပါ။ Estrogen ဟော်မုန်း လျော့နည်းလာမှုကြောင့် ခန္ဓာကိုယ်က ပူနေတာ၊ ညဘက်ချွေးထွက်တာ၊ စိတ်အတက်အကျ အပြောင်းအလဲမြန်တာ၊ စိတ်ဓာတ်ကျတာ၊ အသားအရေ ခန်းခြောက်လာတာ၊ မိန်းမကိုယ် ခြောက်သွေ့တာ၊ လိင်စိတ်ဆန္ဒ နည်းပါးလာတာ၊ ဝလာတာ စတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။ ရောဂါလက္ခဏာတွေ ပိုပြီးဆိုးလာရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှုခံယူဖို့ လိုအပ်နိုင်ပါတယ်။

• Medical check up ပုံမှန်လုပ်ပါ
၅၀ ကျော် အမျိုးသမီးတွေဟာ သွေးပေါင်မှန်မှန်ချိန်တာ၊ သွေးတွင်းသကြားဓာတ်နဲ့ သွေးတွင်းအဆီ ပမာဏကို စစ်ဆေးတာ၊ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနဲ့ အူမကြီးကင်ဆာ ရှိမရှိ စစ်ဆေးတာ၊ ဘီပိုး၊ စီပိုး၊ HIV ပိုးနဲ့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ရှိမရှိစစ်ဆေးတာ၊ တုပ်ကွေးကာကွယ်ဆေး နှစ်စဥ်ထိုးတာတွေ လုပ်ဖို့ လိုအပ်ပါတယ်။

အသက်ကြီးလာတာကို ရပ်တန်လို့ မရပေမယ့် အိုမင်းရင့်ရော်တာ နှေးစေပြီး
ကျန်းမာစွာ အသက်ရှည်လို့တော့ ရပါတယ်။ ကျန်းမာစွာ အသက်ရှည်ချင်ရင် အခုပြောခဲ့တဲ့ အချက်တွေကို လိုက်နာဖို့တော့ လိုပါလိမ့်မယ်နော်။

Author : Dr.Yee Mon

Previous Post

ဒူးနာ၊ ခါးနာခြင်းကိုဖြစ်စေတဲ့ နေထိုင်မှုပုံစံအလွဲများ

Next Post

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
616

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
582
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Why do women urinate frequently?

အမျိုးသမီးတွေ ဘာကြောင့်ဆီးခဏခဏကျင်ရတာလဲ?

2 years ago
1.8k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.