fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

Women and folic acid
1.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/01/2024
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ဖောလစ်အက်ဆစ် (folic acid) ဆိုတာ ဗိုက်တာမင် B9 ပါ။ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ အခွံမာသီးတွေမှာ သဘာဝအတိုင်း တွေ့ရရင် ဖောလိတ် (folate) လို့ခေါ်ပြီး ဆေးအနေနဲ့ ထုတ်လုပ်ထားတာကိုတော့ ဖောလစ်အက်ဆစ် (folic acid) လို့ ခေါ်ပါတယ်။

ဖောလစ်အက်ဆစ်က ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်ဖြစ်ပြီး…

• ဆဲလ်ထဲမှာ DNA တွေကို ထုတ်လုပ်တာနဲ့ ပြင်ဆင်တာ

• ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကြီးမှာ ဖြစ်နိုင်တဲ့ မွေးရာပါ ချို့ယွင်းချက်တွေ မဖြစ်အောင် ကာကွယ်ပေးတာနဲ့

• သွေးနီဥတွေ ထုတ်လုပ်ပေးတာ စတဲ့ လုပ်ငန်းတွေကို အဓိက လုပ်ဆောင်ပါတယ်။
ဖောလစ်အက်ဆစ်က လူတိုင်းအတွက် အရေးပါပေမယ့် အမျိုးသမီးတွေအတွက် ပိုပြီး အရေးပါပါတယ်။

• လစဥ် ဓမ္မတာသွေးဆုံးရှုံးမှု ရှိနေတဲ့ အမျိုးသမီးတွေဟာ အရည်အသွေးပြည့်ဝတဲ့ သွေးနီဥတွေကို ပြန်လည်ထုတ်လုပ်နိုင်ဖို့ ဖောလစ်အက်ဆစ်ကို လိုအပ်ပါတယ်။ သွေးနီဥတွေက အောက်ဆီဂျင်ကို ခန္ဓာကိုယ်တစ်ခုလုံးသို့ ပို့ဆောင်ပေးတာမို့ သွေးနီဥတွေက အရည်အသွေး မပြည့်တဲ့အခါ ခန္ဓာကိုယ်မှာ အောက်ဆီဂျင် လျော့နည်းလာပြီး folate-deficiency anemia လို့ခေါ်တဲ့ သွေးအားနည်းရောဂါ ဖြစ်လာကာ ဖြူဖျော့လာတာ၊ မောပန်းအားကုန်နေတာမျိုးတွေ ခံစားရတတ်ပါတယ်။

• အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ကာလရဲ့ အစဦးပိုင်း ရက်သတ္တပတ်တွေမှာ ဖောလစ်အက်ဆစ်ချို့တဲ့ခဲ့ရင် (ကိုယ်ဝန်ရှိမှန်း မသိလို့ ဖောလစ်အက်ဆစ် မသောက်ခဲ့ရင်) neural tube defects တွေဖြစ်တဲ့ ကျောရိုးအာရုံကြောမူမမှန်တာ (Spina bifida) နဲ့ Anencephaly လို့ခေါ်တဲ့ ဦးနှောက်ဆဲလ်တွေ မဖွံ့ဖြိုးတာ (မွေးတဲ့ကလေးမှာ ဦးနှောက်နဲ့ ဦးခေါင်းခွံ ပါမလာတာ) စတဲ့ မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်နိုင်ခြေ ရှိပါတယ်။

Spina bifida ဖြစ်တဲ့အခါ ကျောရိုးအာရုံကြောမကြီးက ပိတ်မသွားဘဲ ပွင့်နေတဲ့အတွက် ခန္ဓာကိုယ်အောက်ပိုင်းနဲ့ ခြေထောက်တွေ ကောင်းစွာ မလှုပ်ရှားနိုင်ဘဲ တစ်သက်လုံး ဒုက္ခိတဖြစ်သွားနိုင်ပါတယ် (ခွဲစိတ်ကုသမှု များစွာလုပ်ဖို့ လိုအပ်ပြီး လူကောင်းအတိုင်းဖြစ်နိုင်ဖို့ အခွင့်အရေးနည်းပါတယ်)။ ဦးနှောက်နဲ့ ဦးခေါင်းခွံပါမလာတဲ့ Anencephaly လေးတွေကတော့ အသေမွေးတာ သို့မဟုတ် မွေးပြီးမကြာခင်မှာပဲ သေဆုံးသွားမှာပါ။

• ဖောလစ်အက်ဆစ်ဟာ တခြားသော မွေးရာပါချို့ယွင်းချက်တွေနဲ့ ကိုယ်ဝန်ပျက်ကျတာ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ဘယ်လောက်သောက်ရမလဲ?

အမျိုးသမီးတစ်ယောက်ဟာ တစ်နေ့ကို ဖောလစ်အက်ဆစ် 400 mcg သောက်ရင် လုံလောက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးဆိုရင်တော့ တစ်နေ့ကို ဖောလစ်အက်ဆစ် 400-800 mcg လိုအပ်ပါတယ်။ အကယ်၍ အရင်ကိုယ်ဝန်တွေတုန်းက neural tube defects ပါတဲ့ ကလေးမွေးဖူးတဲ့ ရာဇဝင်ရှိခဲ့ရင် 4000 mcg အထိ လိုအပ်နိုင်ပါတယ်။

ဖောလစ်အက်ဆစ် ကြွယ်ဝတဲ့ အစားအစာများ…

ဖောလစ်အက်ဆစ်ကို ဖောလိတ်အနေနဲ့ အစားအစာတွေကနေ ရနိုင်ပါတယ်။ဟင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရောင်အရွက်များ၊ သကြားမုန်လာ၊ ပဲအမျိုးမျိုး၊ အခွံမာသီး၊ ငှက်ပျောသီး၊ သရက်သီး၊ ထောပတ်သီး၊ သင်္ဘောသီး၊ သံပုရာနဲ့ လိမ္မော်အုပ်စုဝင် ချဥ်တဲ့အသီးတွေ၊ ကြက်သား၊ ဥအမျိုးမျိုး၊ ပေါင်မုန့်၊ ပါစတာ၊ ကောက်ပဲသီးနှံနဲ့ အစေ့အဆံတွေဟာ ဖောလိတ်ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။

ဖောလစ်အက်ဆစ်ကို ဖြည့်စွက်စာအားဆေး အနေနဲ့လည်း သောက်သုံးနိုင်ပြီး အနည်းဆုံး 400 mcg ပါမပါ စစ်ဆေးပြီးမှ သောက်သင့်ပါတယ်။

ဖောလစ်အက်ဆစ် ချို့တဲ့ပြီး ကျန်းမာကြံ့ခိုင်တဲ့ မျိုးဆက်တွေ မွေးဖွားပေးနိုင်ခြင်း မရှိသလို မိခင်တစ်ယောက်အနေနဲ့ စိတ်ထိခိုက်ကြေကွဲရတာမျိုး မဖြစ်ရအောင် အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန်မဆောင်ခင်ရော၊ ကိုယ်ဝန်ဆောင်ချိန် တစ်လျှောက်လုံးမှာပါ ဖောလစ်အက်ဆစ် သောက်သုံးသင့်ပါတယ်။

Author: Dr.Yee Mon

Previous Post

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

Next Post

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
599

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
555
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.1k
Why do women urinate frequently?

အမျိုးသမီးတွေ ဘာကြောင့်ဆီးခဏခဏကျင်ရတာလဲ?

2 years ago
1.8k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.