fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

နားကြပ်တပ်ပြီး သီချင်းနားထောင်တာ နားအတွက်ကောင်းရဲ့လား

127
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/06/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

မ်က္ေမွာက္ေခတ္မွာ နည္းပညာေတြကတစ္ေန႔တစ္ျခားတိုးတက္လာေနပါတယ္။ေခတ္ေပၚအသုံးအေဆာင္ေတြ၊ ဇိမ္ခံပစၥည္းေတြေၾကာင့္ ကြၽန္ေတာ္တို႔ရဲ႕ ေန႔စဥ္လူမႈဘဝဟာ ပိုမိုလြယ္ကူေခ်ာေမြ႕လာပါတယ္။ ဒါေပမယ့္ ဒီတိုးတက္မႈရဲ႕ အျခားတစ္ဖက္မွာေတာ့ လူေတြသိပ္သတိမထားမိတဲ့က်န္းမာေရးဆိုင္ရာဆိုးက်ိဳးေတြလည္း ရွိလို႔ေနျပန္ပါတယ္။

ဒီေန႔ေခတ္မွာ လူငယ္ေတြ အမ်ားဆုံးအသုံးျပဳေလ့ရွိၾကတဲ့နားၾကပ္ေတြမွာလည္း ဒီလိုဆိုးက်ိဳးေတြရွိေနပါတယ္။ နားၾကပ္တပ္ၿပီးသီခ်င္းနားေထာင္ရတာ ဖက္ရွင္လည္းက်သလို သီခ်င္းရဲ႕အရသာကိုလည္းပီပီျပင္ျပင္ခံစားရပါတယ္။ သို႔ေပမယ့္လည္း နားၾကပ္ေၾကာင့္ျဖစ္ႏိုင္တဲ့ ဆိုးက်ိဳးေတြကိုေတာ့ သတိထား ဆင္ျခင္သင့္ပါတယ္။
ဒါေတြကေတာ့

အၾကားအာ႐ုံဆုံးရႈံးျခင္း/ အၾကားအာ႐ုံရႈပ္ေထြးျခင္း
နားၾကပ္နဲ႔သီခ်င္းနားေထာင္တဲ့အခါ သီခ်င္းသံကနားထဲကိုတိုက္႐ိုက္ဝင္သြားတာပါ။ ၉၀ ဒက္စီဘယ္ (90 decibels) ထက္ ေက်ာ္လြန္တဲ့အသံေတြဟာ အၾကားအာ႐ုံကို ရႈပ္ေထြးေစၿပီးအၾကားအာ႐ုံဆုံးရႈံးမႈကိုပင္ ျဖစ္ေစႏိုင္ပါတယ္။ တကယ္လို႔လူတစ္ေယာက္ဟာ ၁၀၀ ဒက္စီဘယ္ (100 decibels) ထက္ ေက်ာ္တဲ့အသံကို နားၾကပ္နဲ႔ ၁၅ မိနစ္ေလာက္ နားေထာင္မယ္ဆိုရင္အၾကားအာ႐ုံဆုံးရႈံးသြားႏိုင္ပါတယ္။ ဒါေၾကာင့္မို႔ နားၾကပ္နဲ႔သီခ်င္းနားေထာင္တဲ့အခါ အသံအက်ယ္ႀကီးဖြင့္ၿပီးနားမေထာင္ဖို႔နဲ႔အခ်ိန္ၾကာၾကာ နားမေထာင္ဖို႔လိုပါတယ္။

နား ပိုးဝင္ျခင္း
နားၾကပ္ကို သုံးတဲ့အခါ ကိုယ္တစ္ဦးတည္းပဲသုံးပါသလား။ ဒါမွမဟုတ္တစ္ျခားသူေတြနဲ႔ မွ်ေဝသုံးစြဲတတ္ပါသလား။ ကြၽန္ေတာ္တို႔အားလုံး
တစ္ခါေလာက္ေတာ့ မိသားစုဝင္ေတြ၊ သူငယ္ခ်င္းေတြနဲ႔မွ်သုံးဖူးၾကမွာပါ။ ဒီလိုအသုံးျပဳျခင္းဟာ နားအတြင္းကိုေရာဂါပိုးေတြ အလြယ္တကူဝင္ေရာက္ ေစႏိုင္ပါတယ္။ ဒါေၾကာင့္မို႔နားၾကပ္ကို တစ္ကိုယ္ရည္သာ အသုံးျပဳသင့္ၿပီး မလႊဲမေရွာင္သာလို႔မွ်ေဝသုံးစြဲခဲ့ရမယ္ဆိုရင္လည္း သန႔္ရွင္းေရး ျပန္လုပ္ေပးဖို႔လိုပါတယ္။

ေလဝင္ေလထြက္ နည္းပါးျခင္း
ဒီေန႔ေခတ္မွာ နားၾကပ္ေတြဟာ အသံပိုင္းဆိုင္ရာအရည္အေသြးလြန္စြာေကာင္းမြန္လာပါတယ္။ ဒါနဲ႔အတူပဲက်န္းမာေရးအႏၲရာယ္ကလည္းကပ္ပါလာပါတယ္။ အသံထြက္ေကာင္းေကာင္းၾကားရဖို႔ နားၾကပ္ဟာနားထဲအတြင္းက်က်ေရာက္ဖို႔လိုပါတယ္။ ဒါက သီခ်င္းကိုေကာင္းေကာင္းနားဆင္ႏိုင္ေပမယ့္ ေလဝင္ေလထြက္ေကာင္းေကာင္းမရွိလို႔ နားပိုးဝင္ဖို႔အႏၲရာယ္ပိုမ်ားပါတယ္။ ဒါ့အျပင္ဒီလိုနားေထာင္ျခင္းက နားဖာေခ်းကိုလည္းပိုျဖစ္ေစၿပီး
နားအူျခင္း၊ နားပိုးဝင္ျခင္းေတြကို ျဖစ္ေစႏိုင္ပါတယ္။

နားနာျခင္း
နားၾကပ္အသုံးျပဳသူေတြအေတာ္မ်ားမ်ား ျဖစ္ေလ့ရွိတာတစ္ခုကနားနာတာပါ။ ဒါကေတာ့ နားၾကပ္ကို အခ်ိန္ၾကာၾကာတပ္ထားရင္အျဖစ္မ်ားပါတယ္။

ဦးေႏွာက္ကိုထိခိုက္ေစျခင္း
အတြင္းပိုင္းနား (inner ear) ဟာ ဦးေႏွာက္နဲ႔ ခ်ိတ္ဆက္ေနပါတယ္။ဒါေၾကာင့္ အတြင္းပိုင္းနား ကိုေရာဂါပိုးအနည္းငယ္ဝင္ေရာက္တာနဲ႔ကို ဦးေႏွာက္ကို တိုက္႐ိုက္ထိခိုက္ႏိုင္ၿပီးဆိုး႐ြားတဲ့က်န္းမာေရး ျပႆနာေတြျဖစ္ေစႏိုင္ပါတယ္။

မေတာ္တဆမႈမ်ားျဖစ္ႏိုင္ျခင္း
နားၾကပ္တပ္ၿပီး လမ္းေလွ်ာက္တာက ယာဥ္အႏၲရာယ္ကို ဖိတ္ေခၚတာပါပဲ။သီခ်င္းသံေၾကာင့္ ကားဟြန္းတီးသံ၊ ရထားဥဩသံမၾကားမိပဲမေတာ္တဆမႈျဖစ္တဲ့ ျဖစ္ရပ္ေတြဟာ ဒီေန႔ေခတ္မွာ ပိုလို႔မ်ားျပားလာပါတယ္။ဒါေၾကာင့္ လမ္းေလွ်ာက္ေနတုန္း နားၾကပ္နဲ႔သီခ်င္းနားေထာင္တဲ့ကိစၥကို လုံးဝေရွာင္ၾကဥ္သင့္ပါတယ္။

ဒါေတြကေတာ့ နားၾကပ္ရဲ႕က်န္းမာေရးဆိုင္ရာဆိုးက်ိဳးေတြပါ။ ဒါေပမယ့္နားၾကပ္တပ္ၿပီး သီခ်င္းနားေထာင္ရတာကလည္း ႏွစ္ၿခိဳက္ဖို႔ေကာင္းေတာ့ဒီဝါသနာကို စြန႔္လႊတ္ဖို႔ခက္ပါတယ္။ ဒါဆိုရင္ကိုယ့္ရဲ႕က်န္းမာေရးကိုမထိခိုက္ေအာင္ နားၾကပ္ကို ဘယ္လိုအသုံးျပဳသင့္ပါသလဲ။

နားၾကပ္ကိုအသုံးျပဳတဲ့အခါ –
●နားအတြင္းပိုင္းထဲကို တိုက္႐ိုက္ဝင္သြားမယ့္
ေသးလြန္းတဲ့နားၾကပ္ေတြကိုေရွာင္သင့္ပါတယ္။
●နားၾကပ္ကို တစ္ကိုယ္ရည္ပဲ အသုံးျပဳသင့္ပါတယ္။
●နားၾကပ္အစြပ္ေလးေတြကို တစ္လတစ္ခါေလာက္ လဲေပးသင့္ပါတယ္။
တကယ္လို႔ အစြပ္မပါတဲ့ နားၾကပ္ေတြဆိုရင္ေတာ့
သန႔္ရွင္းေရးလုပ္ေပးဖို႔လိုပါတယ္။
●လမ္းေလွ်ာက္ေနတဲ့အခ်ိန္၊ ကားစီး ရထားစီးေနတဲ့အခ်ိန္ေတြမွာ
နားၾကပ္တပ္ၿပီး သီခ်င္းနားမေထာင္သင့္ပါဘူး။
●နားၾကပ္နဲ႔သီခ်င္းနားေထာင္တဲ့အခါ အသံကိုအက်ယ္ႀကီးနားမေထာင္သင့္ပါဘူး။

နည္းပညာေတြက ကြၽန္ေတာ္တို႔ရဲ႕ ေန႔စဥ္ဘဝကိုလြယ္ကူေခ်ာေမြ႕ေစပါတယ္။ ဒါေပမယ့္ တန္ေဆးလြန္ေဘးဆိုတဲ့အတိုင္း ဘယ္အရာကိုမဆို အတိုင္းအတာအကန႔္အသတ္နဲ႔ပဲအသုံးျပဳသင့္ပါတယ္။

Author: AKS (OnDoctor)

Ref: TrendsnHealth.com

(Unicode)

မျက်မှောက်ခေတ်မှာ နည်းပညာတွေကတစ်နေ့တစ်ခြားတိုးတက်လာနေပါတယ်။ခေတ်ပေါ်အသုံးအဆောင်တွေ၊ ဇိမ်ခံပစ္စည်းတွေကြောင့် ကျွန်တော်တို့ရဲ့ နေ့စဉ်လူမှုဘဝဟာ ပိုမိုလွယ်ကူချောမွေ့လာပါတယ်။ ဒါပေမယ့် ဒီတိုးတက်မှုရဲ့ အခြားတစ်ဖက်မှာတော့ လူတွေသိပ်သတိမထားမိတဲ့ကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေလည်း ရှိလို့နေပြန်ပါတယ်။

ဒီနေ့ခေတ်မှာ လူငယ်တွေ အများဆုံးအသုံးပြုလေ့ရှိကြတဲ့နားကြပ်တွေမှာလည်း ဒီလိုဆိုးကျိုးတွေရှိနေပါတယ်။ နားကြပ်တပ်ပြီးသီချင်းနားထောင်ရတာ ဖက်ရှင်လည်းကျသလို သီချင်းရဲ့အရသာကိုလည်းပီပီပြင်ပြင်ခံစားရပါတယ်။ သို့ပေမယ့်လည်း နားကြပ်ကြောင့်ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကိုတော့ သတိထား ဆင်ခြင်သင့်ပါတယ်။
ဒါတွေကတော့

အကြားအာရုံဆုံးရှုံးခြင်း/ အကြားအာရုံရှုပ်ထွေးခြင်း
နားကြပ်နဲ့သီချင်းနားထောင်တဲ့အခါ သီချင်းသံကနားထဲကိုတိုက်ရိုက်ဝင်သွားတာပါ။ ၉၀ ဒက်စီဘယ် (90 decibels) ထက် ကျော်လွန်တဲ့အသံတွေဟာ အကြားအာရုံကို ရှုပ်ထွေးစေပြီးအကြားအာရုံဆုံးရှုံးမှုကိုပင် ဖြစ်စေနိုင်ပါတယ်။ တကယ်လို့လူတစ်ယောက်ဟာ ၁၀၀ ဒက်စီဘယ် (100 decibels) ထက် ကျော်တဲ့အသံကို နားကြပ်နဲ့ ၁၅ မိနစ်လောက် နားထောင်မယ်ဆိုရင်အကြားအာရုံဆုံးရှုံးသွားနိုင်ပါတယ်။ ဒါကြောင့်မို့ နားကြပ်နဲ့သီချင်းနားထောင်တဲ့အခါ အသံအကျယ်ကြီးဖွင့်ပြီးနားမထောင်ဖို့နဲ့အချိန်ကြာကြာ နားမထောင်ဖို့လိုပါတယ်။

နား ပိုးဝင်ခြင်း
နားကြပ်ကို သုံးတဲ့အခါ ကိုယ်တစ်ဦးတည်းပဲသုံးပါသလား။ ဒါမှမဟုတ်တစ်ခြားသူတွေနဲ့ မျှဝေသုံးစွဲတတ်ပါသလား။ ကျွန်တော်တို့အားလုံး
တစ်ခါလောက်တော့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့မျှသုံးဖူးကြမှာပါ။ ဒီလိုအသုံးပြုခြင်းဟာ နားအတွင်းကိုရောဂါပိုးတွေ အလွယ်တကူဝင်ရောက် စေနိုင်ပါတယ်။ ဒါကြောင့်မို့နားကြပ်ကို တစ်ကိုယ်ရည်သာ အသုံးပြုသင့်ပြီး မလွှဲမရှောင်သာလို့မျှဝေသုံးစွဲခဲ့ရမယ်ဆိုရင်လည်း သန့်ရှင်းရေး ပြန်လုပ်ပေးဖို့လိုပါတယ်။

လေဝင်လေထွက် နည်းပါးခြင်း
ဒီနေ့ခေတ်မှာ နားကြပ်တွေဟာ အသံပိုင်းဆိုင်ရာအရည်အသွေးလွန်စွာကောင်းမွန်လာပါတယ်။ ဒါနဲ့အတူပဲကျန်းမာရေးအန္တရာယ်ကလည်းကပ်ပါလာပါတယ်။ အသံထွက်ကောင်းကောင်းကြားရဖို့ နားကြပ်ဟာနားထဲအတွင်းကျကျရောက်ဖို့လိုပါတယ်။ ဒါက သီချင်းကိုကောင်းကောင်းနားဆင်နိုင်ပေမယ့် လေဝင်လေထွက်ကောင်းကောင်းမရှိလို့ နားပိုးဝင်ဖို့အန္တရာယ်ပိုများပါတယ်။ ဒါ့အပြင်ဒီလိုနားထောင်ခြင်းက နားဖာချေးကိုလည်းပိုဖြစ်စေပြီး
နားအူခြင်း၊ နားပိုးဝင်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

နားနာခြင်း
နားကြပ်အသုံးပြုသူတွေအတော်များများ ဖြစ်လေ့ရှိတာတစ်ခုကနားနာတာပါ။ ဒါကတော့ နားကြပ်ကို အချိန်ကြာကြာတပ်ထားရင်အဖြစ်များပါတယ်။

ဦးနှောက်ကိုထိခိုက်စေခြင်း
အတွင်းပိုင်းနား (inner ear) ဟာ ဦးနှောက်နဲ့ ချိတ်ဆက်နေပါတယ်။ဒါကြောင့် အတွင်းပိုင်းနား ကိုရောဂါပိုးအနည်းငယ်ဝင်ရောက်တာနဲ့ကို ဦးနှောက်ကို တိုက်ရိုက်ထိခိုက်နိုင်ပြီးဆိုးရွားတဲ့ကျန်းမာရေး ပြဿနာတွေဖြစ်စေနိုင်ပါတယ်။

မတော်တဆမှုများဖြစ်နိုင်ခြင်း
နားကြပ်တပ်ပြီး လမ်းလျှောက်တာက ယာဉ်အန္တရာယ်ကို ဖိတ်ခေါ်တာပါပဲ။သီချင်းသံကြောင့် ကားဟွန်းတီးသံ၊ ရထားဥဩသံမကြားမိပဲမတော်တဆမှုဖြစ်တဲ့ ဖြစ်ရပ်တွေဟာ ဒီနေ့ခေတ်မှာ ပိုလို့များပြားလာပါတယ်။ဒါကြောင့် လမ်းလျှောက်နေတုန်း နားကြပ်နဲ့သီချင်းနားထောင်တဲ့ကိစ္စကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။

ဒါတွေကတော့ နားကြပ်ရဲ့ကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေပါ။ ဒါပေမယ့်နားကြပ်တပ်ပြီး သီချင်းနားထောင်ရတာကလည်း နှစ်ခြိုက်ဖို့ကောင်းတော့ဒီဝါသနာကို စွန့်လွှတ်ဖို့ခက်ပါတယ်။ ဒါဆိုရင်ကိုယ့်ရဲ့ကျန်းမာရေးကိုမထိခိုက်အောင် နားကြပ်ကို ဘယ်လိုအသုံးပြုသင့်ပါသလဲ။

နားကြပ်ကိုအသုံးပြုတဲ့အခါ –
●နားအတွင်းပိုင်းထဲကို တိုက်ရိုက်ဝင်သွားမယ့်
သေးလွန်းတဲ့နားကြပ်တွေကိုရှောင်သင့်ပါတယ်။
●နားကြပ်ကို တစ်ကိုယ်ရည်ပဲ အသုံးပြုသင့်ပါတယ်။
●နားကြပ်အစွပ်လေးတွေကို တစ်လတစ်ခါလောက် လဲပေးသင့်ပါတယ်။
တကယ်လို့ အစွပ်မပါတဲ့ နားကြပ်တွေဆိုရင်တော့
သန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်။
●လမ်းလျှောက်နေတဲ့အချိန်၊ ကားစီး ရထားစီးနေတဲ့အချိန်တွေမှာ
နားကြပ်တပ်ပြီး သီချင်းနားမထောင်သင့်ပါဘူး။
●နားကြပ်နဲ့သီချင်းနားထောင်တဲ့အခါ အသံကိုအကျယ်ကြီးနားမထောင်သင့်ပါဘူး။

နည်းပညာတွေက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကိုလွယ်ကူချောမွေ့စေပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ဘယ်အရာကိုမဆို အတိုင်းအတာအကန့်အသတ်နဲ့ပဲအသုံးပြုသင့်ပါတယ်။

Author: AKS (OnDoctor)

Ref: TrendsnHealth.com

(Unicode)

 

Previous Post

သင့်ကလေးငိုတာ ဘာကြောင့်ဖြစ်နိုင်လဲ

Next Post

အလုပ်မှာရော နေ့စဉ်ဘဝမှာပါ ပျော်ရွှင်ကျန်းမာအောင်နေတဲ့ ဖက်ရှင် ဒီဇိုင်နာ သက်နှင်းအေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
619

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
588
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အလုပ်မှာရော နေ့စဉ်ဘဝမှာပါ ပျော်ရွှင်ကျန်းမာအောင်နေတဲ့ ဖက်ရှင် ဒီဇိုင်နာ သက်နှင်းအေး

ယောဂနည်းပြဆရာမ မိလဝန်းပြောပြတဲ့ သူ့ကျန်းမာရေးအကြောင်း

ခရီးအမြဲထွက်တဲ့သူတွေက ကျန်းမာတာ များတယ်ဆိုတဲ့ မမေဇွန်ဝင်း (ET Tour)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.