fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးငယ်များတွင်အဖြစ်များသော လေပြွန်လေးများရောင်ရမ်းပြီးပိတ်ခြင်း

91
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/08/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးငယ်များမှာအဖြစ်များတဲ့ လေပြွန်လေးများရောင်ရမ်းခြင်းပိတ်ခြင်းကို ဆေးပညာအရ Bronchiolitis လို့ခေါ်ပါတယ်။

၂နှစ်အောက်ကလေးငယ်လေးတွေမှာအဖြစ်များပြီး အထူးသဖြင့် ၁လကနေ ၉လကြား အသက်အရွယ်မှာပိုမိုဖြစ်ပွားပါတယ်။

ဆောင်းရာသီမှာပိုပြီးဖြစ်လေ့ရှိပါတယ်။

Bronchiolitis ဖြစ်တဲ့ အဓိကအကြောင်းအနေနဲ့ကတော့ Respiratory Syncitial Virus,Influenza Virus,Parainfluenza Virus,Adeno virus ဆိုတဲ့ ဗိုင်းရပ်စ်ပိုးတွေ ဝင်ရောက်ကူးစက်ခြင်းခံရလို့ပါ။

ဒီဗိုင်းရပ်စ်တွေထဲမှာမှ အများဆုံးဝင်ရောက်ကူးစက်တဲ့ဗိုင်းရပ်စ်ကတော့ Respiratory Syncitial Virus(RSV) ပဲဖြစ်ပါတယ်။

Bronchiolitis ဖြစ်တဲ့ကလေးအယောက်၁၀၀မှာ အယောက်၇၀ကျော်လောက်ဟာ ဒီRSV ဗိုင်းရပ်စ် ကူးစက်တာကြောင့်ဖြစ်လေ့ရှိပါတယ်။

အများအားဖြင့်တော့ အသက်ရှုလမ်းကြောင်းကတဆင့် ဝင်ရောက်ကူးစက်ပါတယ်။

ဗိုင်းရပ်စ်ပိုးတွေက လေပြွန်ငယ်လေးတွေကို ရောင်ရမ်းစေပြီး၊လေပြွန်ငယ်လေးတွေထဲမှာချွဲသလိပ်တွေကိုဖြစ်စေကာ အသက်ရှုရခက်စေပါတယ်။

ရောဂါလက္ခဏာတွေအနေနဲ့ကတော့ ဖျားတာ၊ချောင်းဆိုးတာ၊နှာချေတာ၊အစာသိပ်မဝင်တာ၊ပျို့အန်တာ၊အသက်ရှုတဲ့အခါမှာတရွှီရွှီမြည်တာ၊ဖြူဖျော့တာ၊နှုတ်ခမ်းပြာတာ၊နှလုံးခုန်မြန်တာ စသဖြင့်ဖြစ်နိုင်ပါတယ်။

စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ လည်ပင်းနဲ့နှာခေါင်းက အကျိအချွဲကိုယူစစ်တာ၊ရင်ဘတ်ဓါတ်မှန်ရိုက်တာ၊သွေးဖောက်စစ်တာ စသဖြင့်လုပ်နိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာဖြစ်လို့ တိကျတဲ့ဆေးတော့မရှိပါဘူး။ရောဂါခံစားရတာသက်သာအောင် အောက်စီဂျင်ပေးတာ၊အရည်များများတိုက်တာတွေလုပ်နိုင်ပါတယ်။

လမစေ့ဘဲမွေးတဲ့ကလေးတွေ၊မွေးရာပါနှလုံးရောဂါ၊အဆုတ်နဲ့ပတ်သက်တဲ့ရောဂါအခံရှိတဲ့ကလေးတွေမှာရောဂါအခြေအနေက ပိုဆိုးနိုင်ပါတယ်။

ပိုဆိုးတဲ့အခြေအနေတွေမှာဆိုရင်တော့ အသက်ရှုလမ်းကြောင်းထဲပိုက်ထည့်ပြီးစက်နဲ့ရှုတာ(Intubation and Ventilation) တွေလည်းလုပ်နိုင်ပါတယ်။

အများအားဖြင့်တော့ ဒီရောဂါဟာ နောက်ဆက်တွဲဆိုးကျိုးမကျန်ဘဲ ပြန်ကောင်းသွားလေ့ရှိပါတယ်။သို့သော် ပြန်ပြန်ဖြစ်တတ်ပါတယ်။

Bronchiolitis မဖြစ်အောင် ရာနှုန်းပြည့်ကာကွယ်နိုင်တဲ့ကာကွယ်ဆေးတော့မရှိသေးပါ။သို့သော် Bronchiolitis ဖြစ်စေရာမှာ ၇၀ရာခိုင်နှုန်းကျော်ပါဝင်တဲ့ Respiratory Syncitial Virus ကိုကာကွယ်နိုင်တဲ့ထိုးဆေးကိုတော့ အဖြစ်များတဲ့ကာလတွေမှာ လစဉ်ထိုးပေးတာမျိုးလုပ်နိုင်ပါတယ်။

တခြားကာကွယ်နည်းတွေအနေနဲ့ကတော့ မိမိကလေးကို ကိုယ်ခံအားကောင်းဖို့အတွက် အာဟာရပြည့်စုံအောင်ကျွေးပါ။တကိုယ်ရေသန့်ရှင်းရေးကိုဂရုစိုက်ပါ။

လူထူထပ်တဲ့နေရာ၊ချောင်းဆိုးနှာစေးဖြစ်နေတဲ့သူတွေရဲ့အနီးနား၊ဆေးလိပ်သောက်တတ်တဲ့သူရဲ့အနီးနား စတဲ့နေရာတွေကို မိမိကလေး မသွားမိအောင်ဂရုစိုက်ပါ။

Dr. 528

Previous Post

ရင်သားကင်ဆာ

Next Post

ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ဘဝကို ပိုင်ဆိုင်ဖို့ လုပ်ဆောင်သင့်တဲ့ အချက်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
260

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
832

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
672

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ဘဝကို ပိုင်ဆိုင်ဖို့ လုပ်ဆောင်သင့်တဲ့ အချက်များ

နမိုးနီးယားအဆုတ်ရောင်ရောဂါအကြောင်း အပိုင်း(၂)

ဆေးစစ်ချက်အဖြေများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.