fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

မိခင်တိုင်းသိဖို့လိုတဲ့ သဘာဝကရမဲ့ Prebiotics တွေအကြောင်း

124
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/05/2020
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

အရင်ဆုံး ပရီဘိုင်အိုးတစ်(Prebiotics) ဆိုတဲ့ နည်းနည်းစိမ်းနေသေးမဲ့ စကားလုံးတစ်ခုနဲ့ အရင်မိတ်ဆက်ပေးချင်ပါတယ်။

ပရိုဘိုင်အိုးတစ်(probiotics) ဆိုတဲ့ စကားလုံးကိုတော့ နည်းနည်းပိုလူသိများပါတယ်။
ဝမ်းပျက်ရင် Probiotics သောက်ပါ.. အစာမကြေရင် Probiotics သောက်ပါ စတဲ့ စကားလုံးတွေ ကြားဖူးကြမှာပါ။

Prebiotics ဆိုတာဘာလဲ ?

ပရီဘိုင်အိုးတစ်ဆိုတာကို မရှင်းခင် ပရိုဘိုင်အိုးတစ်ဆိုတာကို အရင်သိဖို့လိုပါတယ်။

ကျွန်တော်တို့စားသောက်လိုက်တဲ့ အစာတွေအကုန်လုံးကို အစာအိမ်ထဲမှာ အတော်အသင့်ခြေပြီးတဲ့အခါ အူထဲကိုပို့ပြီး ဆက်လက်ခြေဖျက်စေရပါတယ်။
ဒီနေရာမှာ အူထဲက အကျိုးပြုဘက်တီးရီးယားလေးတွေ ၊ မှိုပိုးလေးတွေ ရဲ့ အကူအညီယူရပါတယ်။

ဒီအကျိုးပြုဘက်တီးရီးယားလေးတွေကို ပရိုဘိုင်အိုးတစ်လို့ခေါ်ပါတယ်။
Lactobaccilus, Bifidobacterium, Saccharomyces Boulardii စသည်ဖြင့် Probiotcs အမျိုးအစားကွဲတွေရှိပါတယ်။

ဒီပရိုဘိုင်အိုးတစ်တွေ အင်အားနည်းလာတဲ့အခါ ချို့တဲ့တဲ့အခါမှာ ဝမ်းပျက်တာ၊ အစာမကြေတာ၊ ဗိုက်ကယ်တာ၊ ရင်ပြည့်တာ၊ စိတ်မရွှင်လန်းစိတ်ဓာတ်ကျလာတာ၊ ဗီတာမင်ဓာတ်တွေပါချို့တဲ့လာတာ စတဲ့ ပြဿနာတော်တော်များများဖြစ်လာတတ်ပါတယ်။

တခါတလေမှာ နေမကောင်းဖြစ်ချိန် ပဋိဇီဝဆေးတွေသောက်မိတဲ့အခါမျိုးမှာ ဒီအကျိုးပြုပိုးကောင်လေးတွေပါ သေသွားတတ်ပြီး ဝမ်းပျက်တာ၊ အန်ချင်တာစတဲ့ လက္ခဏာတွေပေါ်လာတတ်ပါတယ်။

ဒီအခါမှာ ဒီပရိုဘိုင်အိုးတစ်တွေကို ဆေးအနေနဲ့လည်း ပြန်သောက်နိုင်သလို ပရိုဘိုင်အိုးတစ်ကြွယ်ဝတဲ့ ဒိန်ချဉ်လို အစားအသောက်တွေပြန်စားပေးပြီးတော့လည်း ပြန်အဆင်ပြေစေနိုင်ပါတယ်။

ပရိုဘိုင်အိုးတစ်ပိုးကောင်လေးတွေရဲ့ အစာကတော့ အပေါ်မှာပြောခဲ့တဲ့ ပရီဘိုင်အိုးတစ်(Prebiotics)ပါပဲ။

 

Prebiotics တွေကို ဘယ်ကရမလဲ ?

 

Prebiotics တွေကိုတော့ များသောအားဖြင့် အသီးအနှံ အသီးအရွက်တွေကရပါတယ်။

အစာအိမ်က မခြေဖျက်နိုင်တဲ့  အမျှင်ဓာတ်တွေ ဖြစ်ပါတယ်။

ခန္ဓာကိုယ်တွင်းကနေဆိုရင် မိခင်နို့က ရနိုင်ပြီး ခန္ဓာကိုယ်ပြင်ပကနေဆိုရင်တော့ အစားအသောက်တွေက ရနိုင်သလို ဆေးဝါးအနေနဲ့ပါ ထုတ်လုပ်ရောင်းချတာတွေလည်း ရှိပါတယ်။

အခုနောက်ပိုင်းမှာဆိုရင် တချို့သော ကလေးဆေးဝါးတွေ၊ နို့မှုန့်တွေမှာ Prebiotics တွေကိုပါ ထည့်သွင်းဖော်စပ်ပြီး ကလေးတွေရဲ့ အစာခြေစနစ်ပိုကောင်းအောင် အားဖြည့်ပေးလာတာလည်း တွေ့ရပါတယ်။

Fructo Oligosaccharides(Fos) နဲ့ Glacto Oligosaccharides(Gos) တွေရယ်လို့ အမျိုးအစားကွဲတွေရှိပါတယ်။

များသောအားဖြင့် တော်တော်များများဟာ ကိုယ့်ကိုယ်ကို ပရီဘိုင်အိုးတစ်တွေ စားလို့စားမိနေမှန်းမသိတာလည်း ဖြစ်တတ်ပါတယ်။

ဘယ်အစားအသောက်တွေက ပရီဘိုင်အိုးတစ်ကြွယ်ဝတဲ့ အူကို အကျိုးပြုတဲ့ အစားအသောက်တွေဖြစ်တယ်ဆိုတာ သိထားရင် မိမိကလေးကို ငယ်စဉ်ကတည်းက အူကျန်းမာရေးအတွက် အစားအသောက်အလေ့အကျင့်ကောင်းကောင်း မွေးမြူပေးနိုင်မှာဖြစ်ပါတယ်။

Prebiotics ကြွယ်ဝတဲ့ အစားအစာတွေက ဘာတွေလဲ ?

– ငှက်ပျောသီး

– ပန်းသီး

– ကြက်သွန်နီ

– ကြက်သွန်ဖြူ

– ကြက်သွန်မြိတ်

– ကညွတ်

– ဂျေရုစလင် artichoke

– ပန်းသီး

– chicory အမြစ်

– Dandelion green အရွက်
စတာတွေကတော့ ပရီဘိုင်အိုးတစ်ကြွယ်ဝတဲ့ အစာခြေစနစ်ကို အထောက်အကူပြုတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။

ကလေးတိုင်း ကျန်းမာပျော်ရွှင်ကြပါစေ..

Dr ဖြိုးဝေလင်း  

Previous Post

စိတ်ဖိစီးမှုနဲ့ ကိုယ်ခံအား၊ ကြယ်ပဲ နဲ့ အိုမီဂါ 3,6,9

Next Post

ကျန်းမာရေးအတွက်အရေးကြီးတဲ့ Food Label ဖတ်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
258

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
828

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
671

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကျန်းမာရေးအတွက်အရေးကြီးတဲ့ Food Label ဖတ်ခြင်း

လေထိုးလေအောင့်ခြင်း

ကလေးတွေကို ကိုယ်ခံအားအမြန်ဆုံးတက်စေမဲ့ အစားအစာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.