fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးများအာဟာရဖွံ့ဖြိုးရေး

166
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/04/2017
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးငယ်များ အာဟာရ ဖွံ့ဖြိုးရေးရဲ့အစ မှာ အာဟာရပြည့်ဝပြီး ကျန်းမာတဲ့မိခင်က ကိုယ်ဝန်ဆောင်တာ ကိုယ်အလေးချိန် မှန်မှန်တိုးလာတာကနေ စတင်တာပါပဲ။ ကလေးသူငယ်အာဟာရဟာ သန္ဓေသားကစပါတယ်။
မွေးစကလေးရဲ့ အလေးချိန်ဟာအနည်းဆုံးငါးပေါင်ခွဲတို့ နှစ်ကီလိုဂရမ်ခွဲ ရှိမှ ကိုယ်အလေးချိန်ပြည့်တယ်။ မွေးစမှ ကိုယ်အလေးချိန်ပြည့်မှ ကလေးကျန်းမာပြီး ပုံမှန်ကြီးထွားဖွံ့ဖြိုးမယ်။ ကိုယ်ဝန်ဆောင်မိခင်အာဟာရပြည့်ဝမှ ကလေးဟာ ကျန်းမာ ပြီး ပုံမှန်ကြီးထွား ဖွံ့ဖြိုးတယ်။ ကိုယ်အလေးချိန်ပြည့်တဲ့ ကလေးကို မွေးဖွားမယ်။ ကိုယ်ဝန်ဆောင်မိခင်ဟာ အာဟာရပြည့်ဝအောင် အစားပိုစားရမယ်။ သားငါး၊ သီးနှံ စုံအောင်စားရတယ်။ နို့သောက်ရမယ်။ ကိုယ်ဝန်ဆောင်စဉ် သွေးအားကောင်းစေဖို့ သံဓာတ်ဆေးပြား မှန်မှန်မှီဝဲရပါမယ်။

မိခင်နို့က အကောင်းဆုံးဖြစ်လို့ အသက်(၆)လအထိ မိခင်နို့က တိုက်ကျွေးဖို့ လိုပါတယ်။ မိခင်နို့ကိုမွေးပြီး နာရီဝက်အတွင်း တိုက်ရင်လဲ၊ မီးဖွားပြီး ပထမ တစ်ရက်၊ နှစ်ရက်မှာ ထွက်တဲ့နို့ရည်ကြည် (နို့ဦးရည်)ကိုတိုက်ဖြစ်အောင် တိုက်ရတယ်။ အာဟာရပြည့်ဝသလို၊ ရောဂါကာကွယ်ပေးနိုင်စွမ်းလည်းရှိပါတယ်။ ကလေးအသက် (၆)လအထိဘာမှမတိုက်ကျွေးရ။ မိခင်နို့သာတိုက်ကျွေးရမယ်။ အသက်(၆)လကစပြီး မိခင်နို့နှင့် ဖြည့်စွက်စာကျွေးရင်း၊ မိခင်နို့ကို အသက်နှစ်နှစ်ထိ တိုက်ကျွေးရမယ်။ နို့တိုက်မိခင်က အာဟာရပြည့်ဝအောင် အစာပိုစားရမယ်။ သားငါး သီးနံှစုံအောင် စားရပါမယ်။ နို့သောက်သင့်တယ်။
ကလေးအသက်(၆)လပြည့်ရင် မိခင်နို့နဲ့အတူ အခြားအစားအစာများ ဖြည့်စွက်ကျွေးဖို့ လိုအပ်တယ်။ ဆန်ပြုတ် (သို့) ထမင်းပျော့ပျော့စတင်ကျွေးနိုင်တယ်။ ဆီအနည်းငယ်ထည့်ပြီး ကျွေးရမယ်။

အသက်(၆)လကျော်ရင် ဥ၊ ငါး၊ အသည်းစတဲ့ ပျော့ပျောင်းတဲ့အစာများကစလို့ ပဲနှင့်အသားအမျိုးမျိုးကို နူးနပ်အောင် ချက်ပြီး ဟင်းထဲမှဟင်းရွက်များကို ကြေအောင်ချေလို့ တဖြည်းဖြည်း အကျင့်လုပ်ကာ ကျွေးနိုင် ပါတယ်။ ငှက်ပျောသီးမှည့်၊ သင်္ဘေသီးမှည့်၊ အသီးအနှံများကို လတ်လတ်ဆတ်ဆတ် ကျွေးသင့်ပါတယ်။ သားငါးသီးနှံစုံလင်အောင် ကျွေးမှအာဟာရဓာတ်များ စုံစုံလင်လင် ပြည့်ပြည့်၀၀ရနိုင်မယ်။ ကလေးကိုအစာကျွေးသူ တစ်ကိုယ်ရေသန့်ရှင်းမှုရှိစေဖို့၊ ကျွေးတဲ့အစာ၊ ပန်းကန်ခွက်ယောက်များ သန့်ရှင်းဖို့အရေးကြီးတယ်။

ကလေးသူငယ်များရဲ့ အာဟာရအခြေအနေကို မြှင့်တင်ပေးခြင်းပါ။ အနာဂတ်နိုင်ငံတော် တည်ထောင်ရေး အတွက် အုတ်မြစ်ချပေးခြင်းပဲဖြစ်တယ်။
သုံးနှစ်ကလေးများ ကိုယ်အလေးချိန်မှတ်တမ်းထားရှိရပါသည်။ ကလေးများ ကျန်းမာပြီး အာဟာရပြည့်ဝနေရင် ကိုယ်အလေးချိန် မှန်မှန်တိုးမယ်။ ကိုယ်အလေးချိန် မတိုးပဲ တန့်နေရင်(သို့)ကိုယ်အလေးချိန်လျော့သွားရင် ရောဂါ တစ်ခုခုခံစားနေရခြင်း (သို့) အာဟာရပြည့်ဝစွာ မစားသုံးရခြင်းတို့ကြောင့်ဖြင့်နိုင်ပါတယ်။ မွေးစမှ တစ်နှစ် အရွယ်ထိ တစ်လတစ်ကြိမ် ကိုယ်အလေးချိန်၊ ချိန်ပြီးမှတ်တမ်းတင်ထားရမယ်။ တစ်နှစ်မှသုံးနှစ်အရွယ်ထိ၊ သုံးလတစ်ကြိမ်ကိုယ် အလေးချိန်၊ ချိန်ပြီးမှတ်တမ်းတင် ထားရမယ်။ နီးစပ်ရာ ကျန်းမာရေးဌာန သားဖွားဆရာမ (သို့) အရန် သားဖွားဆရာမ ထံမှာ ကိုယ်အလေးချိန်ပြီး မှတ်တမ်းပြုလုပ်ထားရမယ်။

ကလေးငယ်ကိုဘယ်လို အစာကျွေးရမယ်ဆိုတာကို မေးမြန်းသင့်တယ်။ ငါးနှစ်အောက်ကလေးများက လူကြီးများလိုတစ်ကြိမ်တည်းနဲ့ အစာအများကြီး မစားနိုင်ကြဘူး။ လူကြီးတွေလိုတစ်နေ့မှာ နှစ်ကြိမ်စားရုံနဲ့ မလုံလောက်ဘူး။ တစ်နေ့ မှာ ထမင်းသုံးကြိမ်ကျွေးရမယ်။ အာဟာရပြည့်ဝတဲ့ မုန့်ပဲသရည်စာများ ခဏခဏ ကျွေးရမယ်။ ရေများများတိုက်ရမယ်။ အချိုရည်ဘူး မတိုက်သင့်ဘူး။

ကလေးနေမကောင်းဖြစ်နေရင်၊ အစာမကျွေးပဲမထားသင့်ဘူး။ အစာပျော့ပျော့ ကျွေးရမယ်။ အရည်များများ တိုက်ရမယ်။ မိခင်နို့ကိုဆက်ပြီး တိုက်ရမယ်။ အာဟာရ ပြည့်ဝမှ မြန်မြန်နာလန်ထမယ်။
ဝမ်းပျက်ဝမ်းလျှောဖြစ်နေစဉ် ဓာတ်ဆားရည်(သို့) ဆား၊သကြား၊ သောက်ရေ သန့်မှာဖျော်ပြီးတိုက်ရမယ်။ မိခင်နို့ကိုဆက်တိုက်ရမယ်။ ဆန်ပြုတ်၊ စွပ်ပြုတ် တိုက်ရမယ်။ အစာပျော့ပျော့ကျွေးရမယ်။
ကာကွယ်ဆေး (၆)မျိုးကို ကလေးမှာ အပြီးထိုးထားရမယ်။ ကူးစက်ရောဂါ တွေဖြစ်ရင် အာဟာရချို့တဲ့မယ်။ ကလေးကို အဆုတ်ရောဂါကာကွယ်ဆေး အသက် တစ်လခွဲမှာ ထိုးရမယ်။ (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊အသည်းရောင်(ဃ)၊ ဦးနှောက် အမြှေးရောင် ကာကွယ်ဆေးကို ကလေးအသက်(၉)လပြည့်ရင် ထိုးနှံပေးရမယ်။

(၂၀၁၄)ခုနှစ်ကျောင်းများမှာ ဝက်သက်နှင့် ဂျိုင့်သိုးကာကွယ်ဆေးများ ထိုးနှံခဲ့ကြတာ မှတ်မိကြလိမ့်မယ်။ လိုအပ်ရင်၊ လိုအပ်တဲ့ကာကွယ်ဆေးများ ထိုးနှံ ထားဖို့ လိုအပ်ပါတယ်။ ပိုလီယိုအကြောဆေး ကာကွယ်ဆေးကို အချိန်မှန်အကြိမ်ပြည့် (ကလေးနှစ်လ၊ လေးလနှင့် ခြောက်လသား) အရွယ်မှာသုံးကြိမ် တိုက်ကျွေးရမယ်။ (က) အင်အားဖြစ်ထွန်းစေတဲ့အစာများ။ ။ ကစီဓာတ်ပိုများသော အစာများနှင့် အဆီဓာတ်များ ပါဝင်တယ်။ ကစီဓာတ်ကို ဆန်စပါး၊ ဂျုံ၊ ပြောင်း၊ လူး၊ ဆပ် တို့က ရရှိပြီး၊ မပြည့်ဝဆီကို မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီပြည့်ဝဆီကို ဝက်ဆီ၊ ဆီအုန်းတို့က တဆင့်ရရှိတယ်။ အဆီဓာတ်ဟာ ကစီထက် ဝန်ကျဉ်းပြီးအရေးပါတယ်။

(ခ) ခန္ဓာကိုယ်ကြီးထွားသောအစာအုပ်စု ။ ။ ခန္ဓာကိုယ်က တပ်စဉ်တည်ဆောက် ထားရာကလာသည်မှာအသားဓာတ်အများဆုံးပါတယ်။ ပထမတန်းစား ပရိုတိန်း (အသားဓာတ်) ကိုဝက်သား၊ အမဲသား၊ ငါး၊ ကြက်သား၊ ဆိတ်သားတို့မှရရှိတယ်။ ဒုတိယတန်းစား ပရိုတိန်းကို ပဲအမျိုးမျိုးကရရှိတယ်။ အသားဓာတ် ၁ ဂရမ်ဟာ၊ ကစီဓာတ်နှင့်အညီပင် ၄ ကယ်လိုရီ အင်အား ဖြစ်စေပါတယ်။
၁။ ရောဂါကိုကာကွယ်တဲ့အုပ်စု (က) စိမ်းလန်းတဲ့ဟင်းရွက်များ၊ ကန်စွန်းရွက်၊ ဟင်းနုနွယ်၊ မြင်းခွာ၊
၂။ အခြားဟင်းသီးဟင်းရွက်များအုပ်စု ခရမ်းချဉ်သီး၊ ရုံးပတီသီး၊ ခရမ်းသီး၊ သခွားသီး၊ ပါဝင်တယ်။

၃။ သစ်သီးများအုပ်စုမှာ ငှက်ပျောသီး၊ ပိန်းနဲသီး၊ မာလကာသီး၊ သရက်သီး၊ သင်္ဘောသီး၊ ပန်းသီးပါဝင်သော ဟင်းသီးဟင်းရွက်များမှာ အစာမချေဖျက်နိုင်တ အမျှင်များ ပါဝင်နေရာ ဝမ်းဖောဝမ်းရောင်သွားခြင်း၊ ဝမ်းမှန်ခြင်းစတဲ့ ကောင်းကျိုးများ အပြင် ဗီတာမင်နှင့် သက်စောင့်ဓာတ်များ ပါဝင်လို့ မျှတစွာကျွေးသင့်တယ်။

Author: Dr.လွင်သန့်

Previous Post

ပထမဆုံးအကြိမ် ငှက်ဖျားကာကွယ်ဆေး စမ်းသပ်မှုကို အာဖရိကတွင် ပြုလုပ်

Next Post

ကလေးဘဝကာကွယ်ဆေးများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
824

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
993
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
670

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးဘဝကာကွယ်ဆေးများ

ဘောလုံးကို ခေါင်းတိုက်ခြင်းနဲ့ လက်ဝှေ့ထိုးရာတွင် ဦးခေါင်းကို အထိုးခံရခြင်းဟာ ဘေးဖြစ်စေသလား

လင်မယားအတူနေစဉ် ကြုံတွေ့ရတဲ့ အယူအဆအမှားများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.