fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ကလေးငယ်များ ပုံမှန် ကြီးထွားဖွံ့ဖို့ဆိုရင် …..

88
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/10/2020
in ကျန်းမာစေသော အစားအစာ, မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

သားသားမီးမီးတို့မွေးပြီဆိုကတည်းက `ပေါင်ပြည့်ရဲ့လား’ `အင်္ဂါစုံလင်ရဲ့လား’ စသည်ဖြင့် မိဘတွေမှာ စိတ်ပူကြရပါတယ်။ ကြီးလာတော့လည်းတစ်ဖန်

မိမိတို့ရဲ့ကလေးဟာ အခြားကလေးတွေနဲ့ယှဉ်ရင် လုံလုံလောက်လောက် မကြီးထွားဘဲ သေးသေးညှက်ညှက် ဖြစ်နေကြမှာ၊ စာသင်တာ မလိုက်နိုင်တာ မျိုးဖြစ်ကြမှာကို မိဘတိုင်းက အလွန်စိတ်ပူတတ်ကြပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်များကို ကလေးတစ်ယောက် ပုံမှန်ကြီးထွားဖွံ့ဖြိုးဖို့ ဘာတွေလိုအပ်လဲ ဘာတွေလုပ်ဆောင်ရမလဲ ဆိုတာ သိရှိရအောင် ရေးသားဖော်ပြလိုက်ပါတယ်။

 

ပုံမှန်ကြီးထွားဖွံဖြိုးတယ်ဆိုတာဘာလဲ?

 

ကလေးတစ်ယောက်ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုရှိတယ်ဆိုတာဟာ အရပ်ရှည်လာတာ၊ ထွားလာတာတစ်ခုတည်း ကြည့်လို့မရပါဘူး။ ကလေးတွေရဲ့ သင်ယူနိုင်စွမ်း၊ ဘာသာစကားပြောဆိုနိူင်စွမ်း၊ လူမှုဆက်ဆံနိုင်စွမ်း စသည့် ဦးနှောက်ဖွံ့ဖြိုးမှုအပိုင်းပါ ပုံမှန်ကြီးထွားနေဖို့လိုအပ်ပါတယ်။ မွေးကင်းစကလေးမှစပြီး အရွယ်ရောက်သည်အထိ သူတို့လေးတွေရဲ့ ဖွံ့ဖြိုးမှုမှတ်တိုင်ဟာ လပိုင်း အသက်အပိုင်းအလိုက် အမျိုးမျိုး ရှိကြပါတယ်။ ဒါ့အပြင် ကလေးတစ်ဦးနဲ့တစ်ဦးကြီးထွားဖွံဖြိုးပုံဟာ တစ်ထပ်တည်းကျမနေတတ်လို့ အလွန်အမင်းနောက်ကျတာမျိုးကလွဲရင် မိဘများအနေနဲ့ စိုးရိမ်ပူပန်နေဖို့မလိုအပ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ကလေး ပုံမှန်ကြီးထွားမှုရှိရဲ့လားဆိုတာ အမြဲစောင့်ကြည့်သင့်ပါတယ်။

 

ကလေးများပုံမှန်ကြီးထွားဖို့ လိုအပ်တဲ့အဓိကအချက်တွေကတော့…

 

(၁) အစာအာဟာရမျှတအောင်ကျွေးရပါမယ်။

ပုံမှန်ကြီးထွားဖွံဖြိုးဖို့ အဓိကနေရာကပါဝင်နေတဲ့အစာအာဟာရ အကြောင်းကို အနည်းငယ် အသေးစိတ် ဖော်ပြပေးလိုက်ပါတယ်။

– ပရိုတင်း(အသားဓာတ်) ဟာခန္ဓာကိုယ် ကြီးထွားဖွံဖြိုးဖို့ အရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ပရိုတင်းဓာတ် ပြည့်ဝဖို့ဆိုရင် အသားငါး၊ ပင်လယ်စာ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အစေ့အဆန်တို့ကိုကျွေးရမှာဖြစ်ပါတယ်။

– ကာဘိုဟိုက်ထရိုက် (ကစီဓာတ်) ဟာလည်းကြီးထွားဖွံဖြိုးဖို့ အထောက်အကူပြုတာကြောင့် ထမင်း၊ ပေါင်မုန့်၊ ဂျုံ၊ အချိုမပါတဲ့ cereal စတာတွေကိုကျွေးသင့်ပါတယ်။ ကစီဓာတ်ဟာအဝလွန်ခြင်းဖြစ်စေတာကြောင့် အလွန်အကျွံကျွေးတာမျိုး ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

– အဆီဓာတ် ဟာလည်း ကလေးများ လှုပ်ရှားကစားရာမှာ စွမ်းအင် (energy) ပေးစွမ်းနိုင်တာကြောင့် အဆီမလျော့ထားတဲ့နွားနို့၊ အသား၊ ငါး တို့ကိုအထိုက်အလျောက်ကျွေးပေးဖို့ လိုအပ်ပါတယ်။

– ကယ်လ်ဆီယမ် ဟာအရိုးသန်မာတောင့်တင်းဖို့၊ ကြွက်သားဖွံ့ဖြိုးဖို့ ၊ အရပ်ရှည်ဖို့ အလုပ်လုပ်တဲ့နေရာမှာ အဓိကပါဝင်ပါတယ်။ ဒါကြောင့်ကယ်လ်ဆီယမ်ပါဝင်တဲ့ အစားအစာများဖြစ်တဲ့ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ဒိန်ချဉ်၊ အစ်ိမ်းရောင်ရှိသော အရွက်များ၊ Cereals နှင့် တို့ဖူးတို့ကိုကျွေးပေးသင့်ပါတယ်။

– ကယ်လ်ဆီယမ်နှင့်အတူ ဗီတာမင်ဒီ၊ ကေ၊ မက်က်နီဆီယမ် တို့ဟာလည်း အရိုးကျန်းမာသန်စွမ်းအောင် အထောက်အကူပြုပါတယ်။ ဗီတာမင်ဒီကို နေရောင်နှင့်ထိတွေ့ခြင်းဖြင့် အလွယ်တကူရယူနိုင်ပြီး နွားနို့၊ ပဲနို့၊ အုတ်နို့၊ ချိစ်၊ ဆယ်လ်မွန်၊ တူနာငါး တို့ကိုကျွေးပေးခြင်းဖြင့်လည်း ရယူနိုင်ပါတယ်။

– အမျှင်ဓာတ် ဟာသွေးတွင်းအဆီဓာတ်ကိုလျော့ကျစေပြီး ကလေးများ အဝလွန်ခြင်း၊ ဆီးချိုရောဂါ နှလုံးရောဂါဖြစ်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ သဘာဝ အစေ့အဆန်များဟာ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများဖြစ်ပါတယ်။ ရောဂါကင်းစင်မှ ပုံမှန်ကြီးထွားနိုင်မှာဖြစ်ပါတယ်။

– သံဓာတ် ဟာ ဦးနှောက်နှင့်ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်ကိုပို့ဆောင်ပေးတဲ့ သွေးနီဥမှာပါဝင်တာကြောင့် အရေးပါပါတယ်။ ဆံပင်နှင့် လက်သည်းတို့ကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်။ သံဓာတ်ဟာလည်း အသားငါးနှင့် ဟင်းသီးဟင်းရွက်များမှာပါဝင်ပြီးဖြစ်ပါတယ်။

– ဗီတာမင်စီ ဟာကိုယ်ခံအားကောင်းမွန်စေပြီး ကျန်းမာဖွံ့ဖြိုးဖို့အထောက်အကူပြုတာကြောင့် ဗီတာမင်စီ ကြွယ်ဝတဲ့ လိမ္မော်သီး၊ သံပရာသီး၊ စပျစ်သီး၊ ဂရိတ်ဖရု၊ ခရမ်းချဉ်သီး စသည့်အသီးအနှံမျိုးစုံကိုလည်း အဆာပြေအစားအစာအနေနဲ့ ထည့်ကျွေးသင့်ပါတယ်။

– အထက်မှာဖော်ပြခဲ့တဲ့ ဓာတ်များအပြင် ရေဓာတ်၊ ဗီတာမင် အေ၊ ဘီ၊ အီး စသည်ဖြင့်အစာအာဟာရ ပြည့်ဝနေအောင် မျှမျှတတ ကျွေးသင့်ပါတယ်။ ဒါမှ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုအပြင် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုပါ ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသင့်စား အစားအစာများ၊ အချိုများ အငန်များတဲ့အစားအစာများကိုလည်း အလွန်အကျွံမကျွေးသင့်ပါဘူး။

(၂) အိပ်ချိန်မှန်ပြီး အိပ်ရေးဝအောင်အိပ်ခိုင်းရပါမယ်။

ကလေးတွေဟာ ငယ်ရွယ်စဉ်မှာ ကြီးထွားဖွံ့ဖြိုးဖို့အတွက်ဆိုရင် အိပ်ချိန်ဟာ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ကြီးထွားစေတဲ့ဟော်မုန်း (growth hormone) တွေဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်တဲ့အချိန်မှာ ထွက်တာကြောင့် အိပ်ရေးဝဝအိပ်ဖို့လိုအပ်ပါတယ်။ အသက်ငယ်လေ အိပ်ချိန်ပိုပြီးလိုအပ်လေ ဖြစ်ပါတယ်။ တစ်နေ့နှစ်ကြိမ်နှုန်းဖြင့် နေ့လည်နေခင်း ၁-၂နာရီခန့် ပေးအိပ်ခြင်းဟာလည်း အထောက်အကူပြုစေပါတယ်။ ခုဆိုရင် ကလေးများပါ တီဗီ၊ ဖုန်း၊ ကွန်ပြူတာ၊ တက်ဘလက်တို့ကိုသုံးစွဲလာတတ်တာကြောင့် ထိုအရာများသုံးစွဲမှုကို အချိန်ကန့်သတ်ထားဖို့လိုပြီး အိပ်ရာဝင်ခါနီး ပေးမသုံးဖို့လိုအပ်ပါတယ်။

 

(၃) ချစ်ခြင်းမေတ္တာတွေပြည့်ဝအောင်ထားပေးရပါမယ်။

ဒီအချက်ကိုတော့ မိဘများဟာ လက်လွတ်စပယ် ဖြစ်တတ်ကြပါတယ်။ မေမေဖေဖေတို့အချင်းချင်း စကားများရန်ဖြစ်တာ၊ အလုပ်တွေရှုပ်နေလို့ ဂရုမစိုက်နိုင်တာ၊ ကလေးကို အမြဲလိုလို ဆူပူကြိမ်းမောင်းနေတာတွေဟာ ကလေးများစိတ်ဒဏ်ရာရတတ်ကြပါတယ်။ ဒါ့အပြင် သူတို့လေးတွေရဲ့ဦးနှောက်ဖွံဖြိုးမှုအပိုင်းမှာပါ ထိခိုက်စေတတ်ပါတယ်။ ဒါကြောင့် ကလေးတွေအပေါ် ဂရုစိုက်ချစ်ခင်ကြင်နာပြဖို့ အထူးလိုအပ်ပါတယ်။ ချစ်ခင်ကြင်နာတဲ့မိသားစုမှ ကြီးထွားလာတဲ့ ကလေးများဟာ ပိုမို ထူးချွန်ထက်မြက်တတ်ကြပါတယ်။ စာအုပ်ဖတ်ပြတာမျိုး၊ ဥာဏ်ရည်တိုးတက်စေမဲ့ ကစားနည်းမျိုးများကို ကလေးများနဲ့အတူတူ ကစားပေးပါက ကလေးများဟာ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ ချစ်ခင်ကြင်နာမှုတို့ကိုပါ တစ်ပြိုင်တည်းရရှိမှာဖြစ်ပါတယ်။

 

(၄) ကိုယ်လက်လှုပ်ရှားမှုရှိအောင် လေ့ကျင့်ပေးရပါမယ်။

လေ့ကျင့်ခန်းလုပ်ခြင်းဟာလည်း ကြီးထွားစေသောဟော်မုန်း ကိုထွက်စေပါတယ်။ ဒါကြောင့် ခုခေတ် ဒစ်ဂျစ်တယ်ပစ္စည်းများနှင့် ကလေးငြိမ်ရင်ပြီးရော ဆိုပြီး မထားသင့်ပါ။ လှုပ်လှုပ်ရှားရှားဆော့ကစားစေမှ ကိုယ်ခန္ဓာ ဖွံ့ဖြိုးပြီး အရိုးအဆစ်များ ကျန်းမာသန်စွမ်းမှာဖြစ်ပါတယ်။

 

အထက်ပါဖော်ပြထားတဲ့ (၄)ချက်အပြင် ကလေးငယ်များ ပုံမှန်ကြီးထွားဖို့ဟာ မေမေတို့ ကိုယ်ဝန်ဆောင်ကတည်းက အာဟာရပြည့်ဝမှု၊ ကျန်းမာရေးအခြေအနေများ အပေါ်တွင်လည်းမူတည်နေပါတယ်။ နောက်ပြီး မေမေဖေဖေတို့ရဲ့ မျိုးရိုးဗီဇပေါ်မူတည်ပြီး အရပ်ရှည်တာ ပုတာဟာလည်း ကွာခြားသွားတတ်ပါတယ်။ ကျန်းမာနေမှ ကောင်းကောင်းဖွံ့ဖြိုးနိုင်မှာမို့ ကလေးအသက်အလိုက် လိုအပ်သော ကာကွယ်ဆေးများ၊ ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ပုံမှန်လုပ်ဆောင်သင့်ပါတယ်။ ဒီအချက်တွေကို လိုက်နာလျှင်တော့ သားသားမီးမီးတို့ဟာ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ကြီးထွားဖွံဖြိုးနိုင်မှာ အမှန်ဖြစ်ပါတယ်။

 

Author : Dr.Z

Previous Post

ကလေးများတွင် Calcium ဓာတ်၏ အရေးပါပုံ

Next Post

Covid 19 ရောဂါနှင့် သားသားမီးမီးတို့ရဲ့ ကိုယ်ခံအားစနစ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
825

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
461
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
207

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Covid 19 ရောဂါနှင့် သားသားမီးမီးတို့ရဲ့ ကိုယ်ခံအားစနစ်

ဗီတာမင်  A က ကလေးများရဲ့ ခန္ဓာကိုယ်အတွက် ဘယ်လိုအရေးပါသလဲ

Lc FOS နဲ့ ကလေးတို့ရဲ့ ကျန်းမာရေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.