တီဘီရောဂါသည် ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် အတွေ့များသော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ လူကြီးများတွင်သာမက ကလေးသူငယ်များတွင်ပါ ဖြစ်ပွားသည်ကို တွေ့ရှိရသည်။
လက္ခဏာများ
၁။ အဖျားတက်ခြင်း
၂။ ချောင်းဆိုးတာရှည်ခြင်း
၃။ ကိုယ်အလေးချိန် ကျသွားခြင်း (သို့) ကိုယ်ခန္ဓာကြီးထွားမှု ရပ်တန့်သွားခြင်း
၄။ အားနည်းခြင်း
၅။ ဂျီကျခြင်း
၆။ ညဘက် အိပ်ပျော်နေစဉ် ချွေးထွက်ခြင်း
၇။ အစားအသောက်နည်းလာခြင်း
၈။ ချောင်းဆိုးသွေးပါခြင်း
တီဘီရောဂါ ဖြစ်ပွားနိုင်သော ကလေးများ
၁။ မိသားစု၀င်တစ်ဉီးတစ်ယောက်တွင် (သို့မဟုတ်) ကလေးနှင့် နေ့စဉ်ထိတွေ့ဆက်ဆံနေရသောသူများတွင် အဆုတ် တီဘီရောဂါ ရှိနေခြင်း
၂။ HIV ပိုးရှိသော ကလေးများ
၃။ ၀က်သက်ပေါက်နေသော ကလေးများ
၄။ ကိုယ်ခံအားနည်းနေသော ကလေးများ
၅။ အဟာရချို့တဲ့နေသော ကလေးများ
၆။ Steroid ကဲ့သို့ ကိုယ်ခံအားကျစေသော ဆေးများကို သောက်သုံးနေရသော ကလေးများ
၇။ BCG ဟုခေါ်သော ပြင်းထန်တီဘီရောဂါ ကာကွယ်ဆေး မထိုးထားသော ကလေးများ
၈။ အသက် (၅) နှစ်အောက် ကလေးများ
၉။ လူနေထူထပ်သော ရပ်ကွက်များတွင် နေထိုင်သော ကလေးများ
၁၀။ လေ၀င်လေထွက် မကောင်းသော နေအိမ်များတွင်နေသော ကလေးများ
ရောဂါပိုး ပါဝင်သောလေကို ရှူရှိုက်မိပါက တီဘီရောဂါကို ဖြစ်ပွားစေပါသည်။ ထို့ကြောင့် ချောင်းဆိုးနေသော သူများ၊ တီဘီရောဂါရှိသူများနှင့် ကလေးသူငယ်များအား အနီးကပ်နေစေခြင်းကို ရှောင်ရှားရမည်။ မိသားစု၀င်ထဲတွင် တီဘီရောဂါရှိပါက ကလေးငယ်များနှင့် သီးသန့် ခွဲနေစေရမည်။ တီဘီရောဂါသည် ကလေးသူငယ်များတွင် ပြင်းထန် ဦးနှောက်အမြှေးပါးရောင် တီဘီရောဂါတို့ ဖြစ်ပွားစေနိုင်သည်။ ယခုအခါတွင် တီဘီရောဂါကို သလိပ်စစ်၍ လည်းကောင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်၍ လည်းကောင်း၊ ကလေးများတွင် Tuberculin skin test ဟုခေါ်သော အရေပြားတွင် စစ်ဆေး၍ သော်လည်းကောင်း သိရှိနိုင်သည်။
ထို့ကြောင့် ကလေးတီဘီရောဂါဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွား၍ ကုသမှု ခံယူသင့်သည်။
Author: Dr. Aye Chan Moe