fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

308
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/08/2023
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

အောက်ဖော်ပြပါအချက်များသည် သားသားမီးမီးတို့ အအေးမိချောင်းဆိုးဖြစ်သည့်အခါ မေမေတို့ အနေဖြင့် သိထားသင့်သော အချက်များဖြစ်ကြပါသည်။

(၁) ခုခံအားစနစ်ကောင်းမွန်‌​စေရန် အာဟာရပြည့်၀သော အစားအစာများနှင့် ဗီတာမင်ဖြည့်စွက်အားဆေးများ တိုက်ကျွေးပါ

အအေးမိတုပ်ကွေးရောဂါဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားစနစ် ကျဆင်းသောအချိန်တွင် ရောဂါပိုးကူးစက်ခြင်းကြောင့် ဖြစ်ပါသည်။ထို့ကြောင့် ကလေးများအအေးမိနှာစေးချောင်းဆိုးအမြန်သက်သာစေရန် အောက်ပါအစားအစာများကို ပိုမိုကျွေးမွေးသင့်ပါသည်။

– အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ
– ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ နာနတ်သီး၊ ပန်းသစ်တော်သီးအစရှိသော သစ်သီး အမျိုးမျိုး
– ကြက်ဥ
– နွားနို့
– ထမင်း၊ ဆန်ပြုတ်၊ ပေါင်မုန့်စသော ကစီဓာတ်များသော အစားအစာများ
– ကြက်စွပ်ပြုတ်ရည်
– အုန်းရည် စသည်
ထို့ပြင် အောက်ပါ ဖြည့်စွက်အာဟာရများနှင့် ဗီတာမင်များကလည် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါသည်။

Probiotics
အူလမ်းကြောင်းတွင်ရှိသော အကျိုးပြုဗက်တီးရီးယားများဖြစ်သည့် Probiotics သည် ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်သော အာနိသင်လည်းရှိသောကြောင့် အအေးမိချောင်းဆိုးနေသော ကလေးများ အမြန်သက်သာစေရန် တိုက်ကျွေးသင့်ပါသည်။

Vitamin C
ဗီတာမင်ဓာတ်များတွင် ဗီတာမင် စီ သည် ခုခံအားစနစ်ကိုကောင်းမွန်စေသော အစွမ်းအာနိသင် အပြည့်အ၀ရှိကြောင်း တွေ့ရှိရပါသည်။ထို့ကြောင့် တုပ်ကွေးရောဂါခံစားနေရသော ကလေးများအား ဗီတာမင် စီ ပါဝင်သော အားဆေးဖြည့်စွက်စာများ တိုက်ကျွေးရန်လိုအပ်ပါသည်။

Zinc
ဇင့်ဓာတ်သည် ခန္ဓာကိုယ်၏ခုခံအားစနစ်ကို မြင့်တက်စေနိုင်သော အာဟာရသတ္တုဓာတ်တစ်မျိုး ဖြစ်သောကြောင့် ဖျားနာနေသော သားသားမီးမီးများအမြန်သက်သာပျောက်ကင်းစေရန် ဇင့်ဓာတ် ပါသော အားဆေးများတိုက်ကျွေးပေးပါ။

( ၂ ) အရည်များများတိုက်ကျွေးပါ
အရည်များများသောက်ခြင်းကြောင့် ရောဂါလက္ခဏာများသက်သာစေခြင်းမဟုတ်ပါ။
သို့သော် ဖျားနာသည့်အခါ ရေဓာတ်လျော့နည်းခြင်းတွဲ၍ ရှိနေတတ်သောကြောင့် ရေ၊ သို့မဟုတ် အာဟာရပြည့်၀သော အရည်များကို များများတိုက်ကျွေးပေးခြင်းဖြင့် ကလေးများအား ရေဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်မည် ဖြစ်ပါသည်။

အာဟာရဓာတ်ပြည့်၀သော အရည်များမှာ
– အိုဗာတင်း
– မိုင်လို
– ‌ဟောလစ်
– ကြက်စွပ်ပြုတ်ရည်
– ဓာတ်ဆားရည် စသည်တို့ဖြစ်ပါသည်။

( ၃ ) အဖျားကျအောင် ပြုလုပ်ပါ
အဖျားကြီးသော ကလေးများအား ပြုစုရာတွင် အောက်ပါအချက်များကို သတိပြုရန်လိုအပ်ပါသည်။
– ထူထပ်သော အဝတ်များဝတ်ဆင်ပေးခြင်းမပြုရပါ။
– စောင်များထူထဲစွာ ခြုံပေးထားခြင်းမပြုရပါ။
– အဖျားအမြန်ကျစေရန် ရေပတ်တိုက်ပေးပါ။
– ကလေးများအားလေဝင်လေထွက်ကောင်းသော နေရာတွင်ထားပါ။
– ကလေးများ အဖျားကြီးခြင်းကြောင့် တက်ခြင်း၊ အာရုံကြောစနစ် ထိခိုက်ခြင်းမှ ကာကွယ်ရန် နဖူးကပ် အဖျားကျပလာစတာကို ကပ်ထားပေးပါ။

( ၄ ) ပျားရည်နှင့် ရေနွေး ရောတိုက်ပါ
ထို့ပြင် ပျားရည်ကို ရေနွေးနွေးဖြင့် ရော၍တိုက်ပေးခြင်းဖြင့်လည်း ကလေးများ ချောင်းဆိုးလည်ပင်းနာ ဝေဒနာများကို သက်သာပျောက်ကင်းစေနိုင်ကြောင်းတွေ့ရှိရပါသည်။

( ၅ ) အိပ်ရေးဝပါစေ
အအေးမိချောင်းဆိုးနေသော ကလေးများအား ပုံမှန်အချိန်ထက်ပို၍ အိပ်စက်အနားယူစေခြင်းဖြင့် ကိုယ်ခံစွမ်းအားကောင်းမွန်စေကာ ရောဂါအမြန်သက်သာပျောက်ကင်းစေနိုင်မည်ဖြစ်ပါသည်။

( ၆ ) အောက်ပါအစားအစာများကို ကျွေးမွေးခြင်းမှ ရှောင်ကြဉ်ပါ
အအေးမိချောင်းဆိုးနေသော ကလေးများအား အောက်ပါအစားအစာများကို ကျွေးခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။
ရေခဲချောင်း၊ ရေခဲမုန့်နှင့် အေးသော အချိုရည်များ
ဆီကြော်မုန့်များ
ချိုလွန်းသော အစားအစာများ (ဥပမာ – သကြားလုံး၊ ချောကလက်၊ ဂျယ်လီ) စသည်တို့ကို ကျွေးခြင်းမပြုသင့်ပါ။

Author: Dr. CK

Previous Post

Next Post

ဘယ်လိုလူတွေမှာ ဆီးကျိတ်ရောဂါအဖြစ်များလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
254

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
814

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
985
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
663
When newborn babies have red spots on their faces

မွေးကင်းစကလေးတွေ မျက်နှာမှာအနီစက်လေးတွေထွက်တဲ့အခါ

3 years ago
1.6k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဘယ်လိုလူတွေမှာ ဆီးကျိတ်ရောဂါအဖြစ်များလဲ?

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.