fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

249
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/08/2023
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ဖောလစ်အက်ဆစ် (Folic acid)ဟာ လူတိုင်းအတွက် အရေးပါတဲ့ ဗိုက်တာမင် B တစ်မျိုး ဖြစ်ပါတယ်။ ဖောလစ်အက်ဆစ်ဆိုတာ လူတွေက ဆေးအနေနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပြီး သဘာဝအတိုင်း သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ အခွံမာသီးတွေမှာ တွေ့ရတာကို ဖောလိတ်( folate) လို့ ခေါ်ပါတယ်။

ဖောလစ်အက်ဆစ်နဲ့ ဖောလိတ်ဟာ အရည်အသွေး ပြည့်ဝတဲ့ သွေးနီဥ (red blood cells) တွေ ထုတ်လုပ်ဖို့ ကူညီပေးပါတယ်။ သွေးနီဥတွေက အောက်ဆီဂျင်ကို ခန္ဓာကိုယ်တစ်ခုလုံးသို့ ပို့ဆောင်ပေးတာ ဖြစ်တဲ့အတွက် သွေးနီဥတွေက အရည်အသွေး မပြည့်တဲ့အခါ ခန္ဓာကိုယ်မှာ အောက်ဆီဂျင် လျော့နည်းလာပြီး folate-deficiency anemia လို့ခေါ်တဲ့ သွေးအားနည်းရောဂါ ဖြစ်လာကာ ဖြူဖျော့နေတာ၊ မောပန်းအားကုန်နေတာမျိုးတွေ ခံစားရပါလိမ့်မယ်။

ဖောလစ်အက်ဆစ်ဟာ အမျိုးသမီးတွေအတွက် ပိုပြီးတော့ အရေးပါပါတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်မဆောင်ခင်နဲ့ ကိုယ်ဝန်ဆောင်နေချိန်မှာ ဖောလစ်အက်ဆစ် ချို့တဲ့ခဲ့ရင် ကလေးမွေးလာတဲ့အခါ neural tube defects တွေဖြစ်တဲ့ ကျောရိုးအာရုံကြောမူမမှန်တာ (Spina bifida) နဲ့ Anencephaly လို့ခေါ်တဲ့ ဦးနှောက်ဆဲလ်တွေ မဖွံ့ဖြိုးတာ (မွေးတဲ့ကလေးမှာ ဦးနှောက်နဲ့ ဦးခေါင်းခွံ ပါမလာတာ) စတဲ့ မွေးရာပါ ချို့ယွင်းချက်တွေ ပါလာနိုင်ပါတယ်။

ကျောရိုးအာရုံကြောမူမမှန် Spina bifida ဖြစ်တဲ့အခါ ကျောရိုးအာရုံကြောမကြီးက ပိတ်မသွားဘဲ ပွင့်နေတဲ့အတွက် ခန္ဓာကိုယ်အောက်ပိုင်းနဲ့ ခြေထောက်တွေ ကောင်းစွာ မလှုပ်ရှားနိုင်ဘဲ တစ်သက်လုံး ဒုက္ခိတဖြစ်သွားနိုင်ပါတယ် (ခွဲစိတ်ကုသမှု များစွာလုပ်ဖို့ လိုအပ်နိုင်ပါတယ်)။ ဦးနှောက်နဲ့ဦးခေါင်းခွံပါမလာတဲ့ Anencephaly လေးတွေကတော့ အသေမွေးတာ သို့မဟုတ် မွေးပြီးမကြာခင်မှာပဲ သေဆုံးတာ ဖြစ်မှာပါ။

ကိုယ်ဝန်ဆောင်ကာလရဲ့ အစဦးပိုင်း ရက်သတ္တပတ်တွေမှာ ဖောလစ်အက်ဆစ်ချို့တဲ့ခဲ့ရင် (ကိုယ်ဝန်ရှိမှန်း မသိလို့ ဖောလစ်အက်ဆစ် မသောက်ခဲ့ရင်) neural tube defects ဖြစ်နိုင်ခြေ ရှိပါတယ်။ ဖောလစ်အက်ဆစ်ဟာ တခြားသော မွေးရာပါချို့ယွင်းချက်တွေနဲ့ ကိုယ်ဝန်ပျက်ကျတာ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဟာ တစ်နေ့ကို ဖောလစ်အက်ဆစ် 400-800 mcg လိုအပ်ပါတယ်။ အကယ်၍ အရင်ကိုယ်ဝန်တွေတုန်းက neural tube defects ပါတဲ့ ကလေးမွေးဖူးတဲ့ ရာဇဝင်ရှိခဲ့ရင် 4000 mcg အထိ လိုအပ်နိုင်ပါတယ်။

ဖောလစ်အက်ဆစ်ကို ဘယ်က ရနိုင်မလဲ?

ဖောလစ်အက်ဆစ်ကို အစားအစာတွေကနေ ဖောလိတ်အနေနဲ့ ရနိုင်ပါတယ်။ဟင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရောင်အရွက်များ၊ သကြားမုန်လာ၊ ပဲအမျိုးမျိုး၊ အခွံမာသီး၊ ငှက်ပျောသီး၊ သရက်သီး၊ ထောပတ်သီး၊ သင်္ဘောသီး၊ သံပုရာနဲ့ လိမ္မော်အုပ်စုဝင် ချဉ်တဲ့အသီးတွေ၊ ကြက်သား၊ ဥအမျိုးမျိုး၊ ပေါင်မုန့်၊ ပါစတာ၊ ကောက်ပဲသီးနှံနဲ့ အစေ့အဆံတွေဟာ ဖောလိတ်ကြွယ်ဝတဲ့ အစားအစာတွေပါ။

ဖောလစ်အက်ဆစ်ကို ဖြည့်စွက်စာအားဆေးအနေနဲ့လည်း ရနိုင်ပါတယ်။ Multivitamins အားဆေးတွေမှာ folic acid ပါဝင်တတ်ပြီး အနည်းဆုံး 400 mcg ပါမပါ စစ်ဆေးသင့်ပါတယ်။ ဖောလစ်အက်ဆစ်သီးသန့် အားဆေးပြားအနေနဲ့လည်း သောက်သုံးနိုင်ပါတယ်။

အမျိုးသမီးတွေအတွက် မရှိမဖြစ် အရေးပါတဲ့ ဖောလစ်အက်ဆစ် မချို့တဲ့ရအောင် ဖောလိတ်ပါတဲ့ အစားအစာတွေ နေ့စဉ်ပါအောင်စားတာ၊ ဖောလစ်အက်ဆစ်ကို အားဆေးအနေနဲ့ သောက်တာတွေ လုပ်ခြင်းဖြင့် ကျန်းမာပြီး ဉာဏ်ရည်ပြည့်ဝတဲ့ မျိုးဆက်သစ်ကလေးတွေ မွေးဖွားနိုင်ကြပါစေ။

Author: Dr.Yee Mon

 

Previous Post

သွေးလည်ပတ်မှုအားကောင်းစေမယ့် Korean Ginseng အကြောင်း

Next Post

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
663

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
628
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.9k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.7k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

ဘယ်လိုလူတွေမှာ ဆီးကျိတ်ရောဂါအဖြစ်များလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.