fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

သင့်ကလေးငိုတာ ဘာကြောင့်ဖြစ်နိုင်လဲ

627
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/06/2017
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

မိမိတို႔ရဲ႕ ဝမ္းကလြယ္ၿပီး ေမြးခဲ့ရတဲ့ ကေလးငယ္မ်ားရဲ႕ ရႈိက္ႀကီးတငင္ ငိုေႂကြးသံဟာ
မိခင္တိုင္းရဲ႕ ရင္ႏွစ္အသည္းႏွလုံးကို စြဲဆုတ္ထားသလို နာက်င္ေစလွပါတယ္။ တစ္ခါတစ္ရံမွာ
ငိုေႂကြးေနတဲ့ ရင္ေသြးေလးကို ဖက္ၿပီး မိမိပါေရာေရာင္ မ်က္ရည္ၿဖိဳင္ၿဖိဳင္က်ခဲ့ဖူးတယ့္
အခ်ိန္ေတြ မိခင္တိုင္းမွာ ရွိခဲ့ဖူးၾကပါလိမ့္မယ္။ဒါေၾကာင့္ ကေလးေတြ သည္းထန္စြာ
ငိုေႂကြးရတယ့္ အေၾကာင္းအရင္းမ်ားနဲ႔ ကိုင္တြယ္ေျဖရွင္းပုံမ်ားကို မိခင္တိုင္း
သိထားသင့္ပါတယ္။

ေမြးကင္းစကေန ၆လ အထိ ကေလးငယ္ေတြျပင္းထန္စြာ ငိုေႂကြးရတဲ့
အေၾကာင္းအရင္းေတြက ဘာလဲ။
အျဖစ္မ်ားတယ့္ အေၾကာင္းအရင္းေတြကေတာ့
●ေလထိုးေလေအာင့္ျခင္း
●အႏွီးသို႔မဟုတ္ ဒိုင္ပါစိုစြတ္ျခင္းေၾကာင့္ မအီမသာျဖစ္ျခင္း
●ဗိုက္ဆာျခင္း
●တစ္ေယာက္တည္းေနရတယ့္အခ်ိန္မ်ိဳးမွာ အထီးက်န္ျခင္း
●ဖ်ားနာျခင္း
●အိပ္ေနခ်ိန္မွာ ပုံမွန္ႂကြက္သားလႈပ္ရွားမႈမ်ားေၾကာင့္ အိပ္ေရးမဝျခင္း
●ခႏၶာကိုယ္၏တစ္ေနရာရာတြင္ ပိုးဝင္ျခင္း ( ႏို႔မစို႔ႏိုင္ျခင္း၊
လန္းဆန္းမႈမရွိျခင္း )
●အိပ္ခ်င္ေနျခင္း
●အဝတ္အစားအရမ္းတင္းၾကပ္လြန္းျခင္း
●ေအးလြန္းေနလွ်င္ေသာ္လည္းေကာင္း
ပူလြန္းေနလွ်င္ေသာ္လည္းေကာင္းတို႔ေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

ဒီအေၾကာင္းေတြထဲကမွ မိခင္တို႔ကို ရင္ထိတ္သဲဖိုအျဖစ္ေစဆုံးအခ်က္ကေတာ့ ေလထိုးေလေအာင့္ျဖစ္လို႔
ငိုျခင္းႏွင့္ ပိုးဝင္ျခင္းေၾကာင့္ငိုျခင္းပဲျဖစ္ပါတယ္။ ဒီေဆာင္းပါးမွာေတာ့ ေလထိုးေလေအာင့္ျဖစ္လို႔
ငိုျခင္းအေၾကာင္းကို ေျပာခ်င္ပါတယ္။ ေလထိုးေလေအာင့္ျဖစ္လို႔ ငိုတဲ့ကေလးဟာ အႏွီးဟာလည္း
စိုစြတ္ေနျခင္းမရွိဘူး။

ကေလးငယ္ကို ႏို႔တိုက္လည္းအငိုမတိတ္ဘဲ ေခ်ာ့မရ ေျခာက္မရ ငိုေကြၽးၿမဲ
ငိုေႂကြးေနတတ္ပါတယ္ ။ဒီလိုဆိုရင္ မိခင္တို႔အေနနဲ႔ ေလထိုးေလေအာင့္ျဖစ္ျခင္းဆိုတာ ဘာလဲ?
ဘယ္လိုအခါမွာ ေလထိုးေလေအာင့္ျဖစ္တယ္လို႔ ေျပာႏိုင္လဲ? ဆိုတာ သိခ်င္ေနၾကမွာပါပဲ
ေလထိုးေလေအာင့္ျဖစ္ျခင္းဆိုတာဟာ ပုံမွန္အတိုင္းက်န္းမာေနတဲ့ ကေလးငယ္တစ္ေယာက္ဟာ
အခ်ိန္မွန္နီးပါးကို ဆိုးဆိုးဝါးဝါးငိုေႂကြးတဲ့ စိတ္ဒုကၡေရာက္စရာ
အေျခအေနတစ္ခုပဲျဖစ္ပါတယ္။ကေလးငယ္ဟာ တစ္ေန႔ကို ၃ နာရီၾကာပိုငိုတယ္။

တစ္ပတ္ကို၃ရက္ထက္ပိုငိုတတ္တယ္။ ၃ ပတ္တိတိ ဒါမွမဟုတ္ ၃ ပတ္ထက္ပို ငိုေႂကြးတတ္တယ္ဆိုရင္
ေလထိုးေလေအာင့္တယ္ေျပာႏိုင္ပါတယ္။
ေလထိုးတဲ့ကေလးငယ္ေတြဟာ တစ္ေန႔နဲ႔တစ္ေန႔ ငိုေကြၽးခ်ိန္တူေနတတ္တယ္။မ်ားေသာအားျဖင့္
ညေနပိုင္းေတြ တစ္ခါတစ္ရံ ေန႔လည္ပိုင္းေတြမွာ ပိုငိုတတ္တယ္။ငိုေႂကြးခ်ိန္ဟာ မိနစ္အနည္းငယ္ကေန ၃
နာရီေက်ာ္ထိ ၾကာေလ့ရွိတယ္။ကေလးငယ္ဟာျပင္းျပင္းထန္ထန္ အာေခါင္ျခစ္ၿပီး ေအာ္ငိုတတ္တယ္
ဆိုရင္ေတာ့ အျခားအေၾကာင္းအရင္း ရွာမေတြ႕ဘူးဆိုရင္ ေလထိုးေလေအာင့္လို႔ ငိုေႂကြးတာ
ျဖစ္ေနႏိုင္ပါတယ္။မ်က္ႏွာဟာ တစ္ခါတစ္ေလ နီရဲေနေလ့ရွိပါတယ္။အရပ္အေခၚအရ
ေလနာေရာဂါပါလာတယ္လို႔လဲ သိၾကပါတယ္။

ကေလးငယ္ေတြ ေလထိုးေလေအာင့္ဘယ္အ႐ြယ္ေတြမွာ အျဖစ္မ်ားသလဲ???
ေမြးကင္းစ ရက္သတၱပတ္အနည္းငယ္ကေန ၃ လေလာက္မွာ စျဖစ္တတ္ပါတယ္။၄ လကေန ၅လ
သားအ႐ြယ္ကေလးငယ္ေတြမွာ ျပန္ၿပီးသက္သာသြားေလ့ရွိပါတယ္။

ဘာေၾကာင့္ျဖစ္ရတာလဲ??
ဘာေၾကာင့္ျဖစ္တယ္ဆိုတဲ့ အေၾကာင္းအရာကို ခုထိတိတိက်က်မသိႏိုင္ေသးပါဖူး။ဒါေပမယ့္
ကေလးငယ္ေတြရဲ႕ အူလမ္းေၾကာင္းဆိုင္ရာအဖြဲ႕အစည္းေတြ ေကာင္းစြာမဖြံၿဖိဳးေသးလို႔ျဖစ္ႏိုင္တယ္လို႔
ယူဆပါတယ္။ ပူပန္ေသာကမ်ားတဲ့မိခင္ေတြရဲ႕ ကေလးငယ္ေတြမွာ ပိုျဖစ္တာ ေတြ႕ႏိုင္ပါတယ္။မိခင္ဟာ
ကိုယ္ဝန္ေဆာင္ေနစဥ္အခ်ိန္အတြင္း ဒါမွမဟုတ္ ေမြးဖြားၿပီးခ်ိန္ထိ ေဆးလိပ္ေသာက္တတ္တယ္ဆိုလဲ
ေမြးလာတဲ့ကေလးေတြမွာ ေလထိုးေလေအာင့္ အျဖစ္မ်ားတာ ေတြ႕ရပါတယ္။

ေလထိုးေလေအာင့္ျဖစ္ျခင္းဟာ စိုးရိမ္ရလား???
ကေလးငယ္ရဲ႕ ဆိုးဆိုးဝါးဝါး ငိုေႂကြးသံဟာ မိသားစုအားလုံးကို ေနမထိထိုင္မသာျဖစ္ေစေပမဲ့
ေလထိုးေလေအာင့္ ျဖစ္ျခင္းဟာ စိုးရိမ္ရတဲ့ ေနာက္ဆက္တြဲ ဆိုးက်ိဳးျဖစ္ပြားမႈ နည္းပါတယ္။

ဘယ္လိုနည္းနဲ႔ သက္သာေပ်ာက္ကင္းေစႏိုင္ပါသလဲ???
ေလထိုးေလေအာင့္ျခင္းကို သက္သာေပ်ာက္ကင္းေစႏိုင္တဲ့ Simethicone ပါတဲ့ေလေဆးေတြ တိုက္ျခင္းျဖင့္
သက္သာေစႏိုင္ပါတယ္။ႏို႔တိုက္ေကြၽးေနစဥ္အတြင္း ကေလးကို အတတ္ႏိုင္ဆုံး
ေထာင္မတ္ထားသင့္ပါတယ္။

မိခင္ႏို႔တိုက္ေကြၽးလွ်င္ ႏို႔တစ္ဖက္ ကုန္ခါနီးမွ အျခားတစ္ဖက္ကို
ေျပာင္းတိုက္ေပးတာမ်ိဳး ၊ နည္းနည္းနဲ႔ မၾကာခဏ တိုက္ေကြၽးတာမ်ိဳးကလည္း
ေလထိုးေလေအာင့္ျဖစ္ပြားျခင္းကို သက္သာေစႏိုင္ပါတယ္။တကယ္လို႔ အေမမွာ
အစားအစာဓာတ္မတည့္တာမ်ိဳးရွိတယ္ဆိုရင္ေတာ့ မိခင္ႏို႔တိုက္ေကြၽးေနစဥ္မွာ ဓာတ္မတည့္မႈကို
မ်ားေသာအားျဖင့္ ျဖစ္ပြားေစတတ္တဲ့ ေျမပဲလိုမ်ိဳးေတြ ႏို႔ထြက္ပစၥည္းလိုမ်ိဳးေတြကို
ေရွာင္ရွားသင့္ပါတယ္။အဲလိုေရွာင္ရွားလိုက္ျခင္းျဖင့္ ကေလးငယ္ရဲ႕ ေလထိုးေလေအာင့္ျဖစ္ပြားျခင္းဟာ
၂ပတ္အတြင္းမွာ သက္သာလာႏိုင္ပါတယ္။ႏို႔တိုက္ၿပီးတိုင္းမွာလည္း ကေလးငယ္ကို
ေလထုတ္ေပးသင့္ပါတယ္။

တကယ္လို႔ ႏို႔မႈန႔္ဝယ္တိုက္တယ္ဆိုရင္ ကေလးငယ္ရဲ႕အူဟာ ႏို႔မႈန္မွာပါတဲ့
ဓာတ္တစ္ခုကို မတည္လို႔လဲျဖစ္ႏိုင္ပါေသးတယ္။အဲလိုဆိုရင္ေတာ့ Hydrolysate infant formula ကို
ေျပာင္းတိုက္သင့္ပါတယ္။ဒီလိုေျပာင္းတိုက္ျခင္းျဖင့္ ကေလးငယ္ဟာ ၂ ရက္အတြင္းမွာ ေလထိုးေလေအာင့္
သက္သာသြားႏိုင္ပါတယ္။ႏို႔ဗူး၊ႏို႔သီးေခါင္း အမ်ိဳးအစားမ်ားကိုလည္း ေျပာင္းလဲသင့္ပါတယ္။
ကေလးငယ္ငိုေႂကြးေနစဥ္မွာလည္း အ႐ုပ္၊ ေဆာ့ကစားတစ္ခုခုနဲ႔ ေခ်ာ့ျမဴျခင္း ၊အနည္းငယ္တင္းၾကပ္စြာ
ဖက္ထားျခင္း ၊ ကေလးငယ္ကိုခ်ီၿပီး လမ္းေလွ်ာက္ျခင္းမ်ိဳးလည္း ျပဳလုပ္ေပးႏိုင္ပါတယ္။

ဘယ္လိုအေျခအေနမ်ိဳးမွာ အေရးေပၚဆရာဝန္ကိုျပသင့္သလဲ???
●ကေလးငယ္ဟာ ငိုေနစဥ္အတြင္းမွာ ႏႈတ္ခမ္းေတြ၊အသားေတြျပာသြားတယ္
●ဝမ္းဗိုက္ကို အထိမခံေအာင္ျဖစ္ေနတယ္
●အစားမဝင္ေတာ့ဘူး
●အဆက္မျပတ္အန္လာတယ္
●ဝမ္းေတြဆီးေတြမသြားေတာ့ဘူးဆိုရင္ေတာ့ ကေလးငိုတာဟာ ေလထိုးလို႔ငိုတာမ်ိဳးမဟုတ္ေတာ့ဘဲ
အူပိတ္တာလိုမ်ိဳးအေရးေပၚအေျခအေနမ်ိဳးေၾကာင့္ ျဖစ္ေနႏိုင္ပါတယ္။

ဒါေၾကာင့္ ေဆး႐ုံေဆးခန္းကို
အျမန္ဆုံးသြားေရာက္ကုသဖို႔ လိုအပ္ပါတယ္။ကေလးငယ္တိုင္း႐ႊင္လန္း မိခင္တိုင္း
စိတ္ခ်မ္းသာၾကေစရန္ ဆုမြန္ေကာင္းေတာင္းရင္း ဒီေဆာင္းပါးေလးကို နိဂုံးခ်ဳပ္အပ္ပါတယ္။

Author: Dr.ေမ
(Unicode version)
မိမိတို့ရဲ့ ဝမ်းကလွယ်ပြီး မွေးခဲ့ရတဲ့ ကလေးငယ်များရဲ့ ရှိုက်ကြီးတငင် ငိုကြွေးသံဟာ
မိခင်တိုင်းရဲ့ ရင်နှစ်အသည်းနှလုံးကို စွဲဆုတ်ထားသလို နာကျင်စေလှပါတယ်။ တစ်ခါတစ်ရံမှာ
ငိုကြွေးနေတဲ့ ရင်သွေးလေးကို ဖက်ပြီး မိမိပါရောရောင် မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ဖူးတယ့်
အချိန်တွေ မိခင်တိုင်းမှာ ရှိခဲ့ဖူးကြပါလိမ့်မယ်။ဒါကြောင့် ကလေးတွေ သည်းထန်စွာ
ငိုကြွေးရတယ့် အကြောင်းအရင်းများနဲ့ ကိုင်တွယ်ဖြေရှင်းပုံများကို မိခင်တိုင်း
သိထားသင့်ပါတယ်။

မွေးကင်းစကနေ ၆လ အထိ ကလေးငယ်တွေပြင်းထန်စွာ ငိုကြွေးရတဲ့
အကြောင်းအရင်းတွေက ဘာလဲ။
အဖြစ်များတယ့် အကြောင်းအရင်းတွေကတော့
●လေထိုးလေအောင့်ခြင်း
●အနှီးသို့မဟုတ် ဒိုင်ပါစိုစွတ်ခြင်းကြောင့် မအီမသာဖြစ်ခြင်း
●ဗိုက်ဆာခြင်း
●တစ်ယောက်တည်းနေရတယ့်အချိန်မျိုးမှာ အထီးကျန်ခြင်း
●ဖျားနာခြင်း
●အိပ်နေချိန်မှာ ပုံမှန်ကြွက်သားလှုပ်ရှားမှုများကြောင့် အိပ်ရေးမဝခြင်း
●ခန္ဓာကိုယ်၏တစ်နေရာရာတွင် ပိုးဝင်ခြင်း ( နို့မစို့နိုင်ခြင်း၊
လန်းဆန်းမှုမရှိခြင်း )
●အိပ်ချင်နေခြင်း
●အဝတ်အစားအရမ်းတင်းကြပ်လွန်းခြင်း
●အေးလွန်းနေလျှင်သော်လည်းကောင်း
ပူလွန်းနေလျှင်သော်လည်းကောင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။

ဒီအကြောင်းတွေထဲကမှ မိခင်တို့ကို ရင်ထိတ်သဲဖိုအဖြစ်စေဆုံးအချက်ကတော့ လေထိုးလေအောင့်ဖြစ်လို့
ငိုခြင်းနှင့် ပိုးဝင်ခြင်းကြောင့်ငိုခြင်းပဲဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ လေထိုးလေအောင့်ဖြစ်လို့
ငိုခြင်းအကြောင်းကို ပြောချင်ပါတယ်။ လေထိုးလေအောင့်ဖြစ်လို့ ငိုတဲ့ကလေးဟာ အနှီးဟာလည်း
စိုစွတ်နေခြင်းမရှိဘူး။

ကလေးငယ်ကို နို့တိုက်လည်းအငိုမတိတ်ဘဲ ချော့မရ ခြောက်မရ ငိုကျွေးမြဲ
ငိုကြွေးနေတတ်ပါတယ် ။ဒီလိုဆိုရင် မိခင်တို့အနေနဲ့ လေထိုးလေအောင့်ဖြစ်ခြင်းဆိုတာ ဘာလဲ?
ဘယ်လိုအခါမှာ လေထိုးလေအောင့်ဖြစ်တယ်လို့ ပြောနိုင်လဲ? ဆိုတာ သိချင်နေကြမှာပါပဲ
လေထိုးလေအောင့်ဖြစ်ခြင်းဆိုတာဟာ ပုံမှန်အတိုင်းကျန်းမာနေတဲ့ ကလေးငယ်တစ်ယောက်ဟာ
အချိန်မှန်နီးပါးကို ဆိုးဆိုးဝါးဝါးငိုကြွေးတဲ့ စိတ်ဒုက္ခရောက်စရာ
အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ကလေးငယ်ဟာ တစ်နေ့ကို ၃ နာရီကြာပိုငိုတယ်။

တစ်ပတ်ကို၃ရက်ထက်ပိုငိုတတ်တယ်။ ၃ ပတ်တိတိ ဒါမှမဟုတ် ၃ ပတ်ထက်ပို ငိုကြွေးတတ်တယ်ဆိုရင်
လေထိုးလေအောင့်တယ်ပြောနိုင်ပါတယ်။
လေထိုးတဲ့ကလေးငယ်တွေဟာ တစ်နေ့နဲ့တစ်နေ့ ငိုကျွေးချိန်တူနေတတ်တယ်။များသောအားဖြင့်
ညနေပိုင်းတွေ တစ်ခါတစ်ရံ နေ့လည်ပိုင်းတွေမှာ ပိုငိုတတ်တယ်။ငိုကြွေးချိန်ဟာ မိနစ်အနည်းငယ်ကနေ ၃
နာရီကျော်ထိ ကြာလေ့ရှိတယ်။ကလေးငယ်ဟာပြင်းပြင်းထန်ထန် အာခေါင်ခြစ်ပြီး အော်ငိုတတ်တယ်
ဆိုရင်တော့ အခြားအကြောင်းအရင်း ရှာမတွေ့ဘူးဆိုရင် လေထိုးလေအောင့်လို့ ငိုကြွေးတာ
ဖြစ်နေနိုင်ပါတယ်။မျက်နှာဟာ တစ်ခါတစ်လေ နီရဲနေလေ့ရှိပါတယ်။အရပ်အခေါ်အရ
လေနာရောဂါပါလာတယ်လို့လဲ သိကြပါတယ်။

ကလေးငယ်တွေ လေထိုးလေအောင့်ဘယ်အရွယ်တွေမှာ အဖြစ်များသလဲ???
မွေးကင်းစ ရက်သတ္တပတ်အနည်းငယ်ကနေ ၃ လလောက်မှာ စဖြစ်တတ်ပါတယ်။၄ လကနေ ၅လ
သားအရွယ်ကလေးငယ်တွေမှာ ပြန်ပြီးသက်သာသွားလေ့ရှိပါတယ်။

ဘာကြောင့်ဖြစ်ရတာလဲ??
ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းအရာကို ခုထိတိတိကျကျမသိနိုင်သေးပါဖူး။ဒါပေမယ့်
ကလေးငယ်တွေရဲ့ အူလမ်းကြောင်းဆိုင်ရာအဖွဲ့အစည်းတွေ ကောင်းစွာမဖွံဖြိုးသေးလို့ဖြစ်နိုင်တယ်လို့
ယူဆပါတယ်။ ပူပန်သောကများတဲ့မိခင်တွေရဲ့ ကလေးငယ်တွေမှာ ပိုဖြစ်တာ တွေ့နိုင်ပါတယ်။မိခင်ဟာ
ကိုယ်ဝန်ဆောင်နေစဉ်အချိန်အတွင်း ဒါမှမဟုတ် မွေးဖွားပြီးချိန်ထိ ဆေးလိပ်သောက်တတ်တယ်ဆိုလဲ
မွေးလာတဲ့ကလေးတွေမှာ လေထိုးလေအောင့် အဖြစ်များတာ တွေ့ရပါတယ်။

လေထိုးလေအောင့်ဖြစ်ခြင်းဟာ စိုးရိမ်ရလား???
ကလေးငယ်ရဲ့ ဆိုးဆိုးဝါးဝါး ငိုကြွေးသံဟာ မိသားစုအားလုံးကို နေမထိထိုင်မသာဖြစ်စေပေမဲ့
လေထိုးလေအောင့် ဖြစ်ခြင်းဟာ စိုးရိမ်ရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်ပွားမှု နည်းပါတယ်။

ဘယ်လိုနည်းနဲ့ သက်သာပျောက်ကင်းစေနိုင်ပါသလဲ???
လေထိုးလေအောင့်ခြင်းကို သက်သာပျောက်ကင်းစေနိုင်တဲ့ Simethicone ပါတဲ့လေဆေးတွေ တိုက်ခြင်းဖြင့်
သက်သာစေနိုင်ပါတယ်။နို့တိုက်ကျွေးနေစဉ်အတွင်း ကလေးကို အတတ်နိုင်ဆုံး
ထောင်မတ်ထားသင့်ပါတယ်။

မိခင်နို့တိုက်ကျွေးလျှင် နို့တစ်ဖက် ကုန်ခါနီးမှ အခြားတစ်ဖက်ကို
ပြောင်းတိုက်ပေးတာမျိုး ၊ နည်းနည်းနဲ့ မကြာခဏ တိုက်ကျွေးတာမျိုးကလည်း
လေထိုးလေအောင့်ဖြစ်ပွားခြင်းကို သက်သာစေနိုင်ပါတယ်။တကယ်လို့ အမေမှာ
အစားအစာဓာတ်မတည့်တာမျိုးရှိတယ်ဆိုရင်တော့ မိခင်နို့တိုက်ကျွေးနေစဉ်မှာ ဓာတ်မတည့်မှုကို
များသောအားဖြင့် ဖြစ်ပွားစေတတ်တဲ့ မြေပဲလိုမျိုးတွေ နို့ထွက်ပစ္စည်းလိုမျိုးတွေကို
ရှောင်ရှားသင့်ပါတယ်။အဲလိုရှောင်ရှားလိုက်ခြင်းဖြင့် ကလေးငယ်ရဲ့ လေထိုးလေအောင့်ဖြစ်ပွားခြင်းဟာ
၂ပတ်အတွင်းမှာ သက်သာလာနိုင်ပါတယ်။နို့တိုက်ပြီးတိုင်းမှာလည်း ကလေးငယ်ကို
လေထုတ်ပေးသင့်ပါတယ်။

တကယ်လို့ နို့မှုန့်ဝယ်တိုက်တယ်ဆိုရင် ကလေးငယ်ရဲ့အူဟာ နို့မှုန်မှာပါတဲ့
ဓာတ်တစ်ခုကို မတည်လို့လဲဖြစ်နိုင်ပါသေးတယ်။အဲလိုဆိုရင်တော့ Hydrolysate infant formula ကို
ပြောင်းတိုက်သင့်ပါတယ်။ဒီလိုပြောင်းတိုက်ခြင်းဖြင့် ကလေးငယ်ဟာ ၂ ရက်အတွင်းမှာ လေထိုးလေအောင့်
သက်သာသွားနိုင်ပါတယ်။နို့ဗူး၊နို့သီးခေါင်း အမျိုးအစားများကိုလည်း ပြောင်းလဲသင့်ပါတယ်။
ကလေးငယ်ငိုကြွေးနေစဉ်မှာလည်း အရုပ်၊ ဆော့ကစားတစ်ခုခုနဲ့ ချော့မြူခြင်း ၊အနည်းငယ်တင်းကြပ်စွာ
ဖက်ထားခြင်း ၊ ကလေးငယ်ကိုချီပြီး လမ်းလျှောက်ခြင်းမျိုးလည်း ပြုလုပ်ပေးနိုင်ပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာ အရေးပေါ်ဆရာဝန်ကိုပြသင့်သလဲ???
●ကလေးငယ်ဟာ ငိုနေစဉ်အတွင်းမှာ နှုတ်ခမ်းတွေ၊အသားတွေပြာသွားတယ်
●ဝမ်းဗိုက်ကို အထိမခံအောင်ဖြစ်နေတယ်
●အစားမဝင်တော့ဘူး
●အဆက်မပြတ်အန်လာတယ်
●ဝမ်းတွေဆီးတွေမသွားတော့ဘူးဆိုရင်တော့ ကလေးငိုတာဟာ လေထိုးလို့ငိုတာမျိုးမဟုတ်တော့ဘဲ
အူပိတ်တာလိုမျိုးအရေးပေါ်အခြေအနေမျိုးကြောင့် ဖြစ်နေနိုင်ပါတယ်။

ဒါကြောင့် ဆေးရုံဆေးခန်းကို
အမြန်ဆုံးသွားရောက်ကုသဖို့ လိုအပ်ပါတယ်။ကလေးငယ်တိုင်းရွှင်လန်း မိခင်တိုင်း
စိတ်ချမ်းသာကြစေရန် ဆုမွန်ကောင်းတောင်းရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်အပ်ပါတယ်။

Author: Dr.မေ

Previous Post

အမျိုးသမီးတွေအတွက် မသိမဖြစ်ပြဿနာများ

Next Post

နားကြပ်တပ်ပြီး သီချင်းနားထောင်တာ နားအတွက်ကောင်းရဲ့လား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
314

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
823

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
990
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
667

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နားကြပ်တပ်ပြီး သီချင်းနားထောင်တာ နားအတွက်ကောင်းရဲ့လား

အလုပ်မှာရော နေ့စဉ်ဘဝမှာပါ ပျော်ရွှင်ကျန်းမာအောင်နေတဲ့ ဖက်ရှင် ဒီဇိုင်နာ သက်နှင်းအေး

ယောဂနည်းပြဆရာမ မိလဝန်းပြောပြတဲ့ သူ့ကျန်းမာရေးအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.