fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ပိုးသတ်ဆေးများနှင့် ကျန်းမာရေး

164
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/09/2018
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

အပင်တွေအသီးအနှံတွေစိုက်ပျိုးရာမှာဖျက်ဆီးတတ်တဲ့ပိုးမွှားများအန္တရာယ် ကာကွယ်နိုင်ဖို့အတွက် ပိုးသတ်ဆေး ပေါင်းသတ်ဆေး စတာတွေကို ခေတ်နဲ့အညီ အသုံးပြု တွင်ကျယ်လာကြပြီဖြစ်ပါတယ်။

ပိုးမွှားများကို သတ်နိုင်တဲ့ ဆေး၊ ပေါင်းသတ်ဆေးတွေ(ပိုးသတ်ဆေး)ဟာ ပိုးမွှားတွေကိုသတ်နိုင်ရုံမက လူကိုပါဒုက္ခပေးနိုင်တာကို သတိထားကြရမှာဖြစ်ပါတယ်။

ပိုးသတ်ဆေးအများစုဟာ လေနဲ့ အလင်းရောင်မှာ မြန်မြန်ပျောက်ကွယ်သွားတတ်ကြလို့ အများစုက အန္တရာယ်ကင်းသွားပြီလို့ထင်မိတတ်ကြပါတယ်။ လူကို ဒုက္ခပေးနိုင်တဲ့ လူမမြင်နိုင်တဲ့ အကြွင်းအကျန်လေးတွေ အငွေ့အသက်လေးတွေဟာ အသီးအနှံ အရွက်အညွန့်တွေမှာ ကျန်နေနိုင်ဆဲဆို တာ ကိုသတိမမူမိတတ်ကြပါဘူး။ ပိုးသတ်ဆေးတွေရဲ့ အန္တရာယ်ကို စိုက်ပျိုးရေး သမားတွေကရှုမိ ထိတွေ့မိ ပါးစပ်ထဲနည်းအမျိုးမျိုးနဲ့ဝင်မိရာက ပိုခံစားရနိုင်သလို၊ စားသုံးသူတွေအနေနဲ့လည်း သေချာစွာသန့်စင်ထားခြင်းမရှိတဲ့ အသီးအနှံ အရွက်အညွန့်တွေကို စားသုံးရာက နေ ထိတွေ့စားသုံးမိတတ်ကြပါတယ်။ တချို့သော တားမြစ်ပိုးသတ်ဆေးတွေသုံးထားတဲ့ အသီးအနှံတွေမှာဆို ပိုဆိုးပါတယ်။ ပိုးသတ်ဆေးတွေရဲ့အန္တရာယ်ဟာ မိမိနဲ့ လက်တကမ်းအကွာမှာပဲရှိနေတယ်လို့ဆိုရမှာလည်းဖြစ်ပါတယ်။

ပိုးသတ်ဆေးအမျိုးမျိုးကတော့

(1)အင်းဆက်သတ်ဆေးများ(insecticides)

-ဥပမာ။ Malathion, Parathion, Diazinon, Dichlorvos, Chlorpyrifos etc.

(2)Nerve gas ခေါ်ပိုးသတ်ဆေးများ

-ဥပမာ။ Soman, Sarin, Tabun, VX etc.

(3)ပေါင်းသတ်ဆေးများ(Herbicides)

-ဥပမာ။ Tribufos (DEF) etc.

စတာတွေပဲဖြစ်ပါတယ်။

ဒီလို ပိုးသတ် ဓာတုပစ္စည်းတွေကို ရှုမိ ထိမိ စားမိရာက ပိုးသတ်ဆေးတောက်ခြင်း (Organophosphate Poisoning) ဖြစ်လာစေပါတယ်။

ပိုးသတ်ဆေးတောက်ခြင်းကြောင့်

(1) ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာရောဂါများ

(2)အသည်းနဲ့ကျောက်ကပ်ပျက်စီးမှုများ

(3)ကင်ဆာဖြစ်ပွားနိုင်ချေများလာခြင်း

(4)မျိုဆက်ပွားကျန်းမာရေးထိခိုက်မှုများနဲ့မွေးရာပါချို့ယွင်းမှုများ

(5)ရုတ်တရက် အသက်အန္တရာယ် ထိခိုက်လောက် အောင်ထိခိုက်မှုများ စတာတွေဖြစ်စေနိုင်ပါတယ်။

ပိုးသတ်ဆေးတောက်ရာမှာ ပါဝင်တဲ့ ဓာတုပစ္စည်းအမျိုုးအစား၊ ထိတွေ့တဲ့ပမာဏ နဲ့ ကာလ၊ ထိတွေ့ပုံနည်းလမ်း၊ လူတစ်ဦးစီရဲ့ ၎င်းဓာတုပစ္စည်းအပေါ်ခြေဖျက်နိုင်စွမ်းအပေါ်မူတည်ပြီး ရောဂါလက္ခဏာ က ပြင်းထန်မှုကွာခြားစေနိုင်ပါတယ်။

အဓိက ရောဂါဖြစ်ပွားစေပုံကတော့ ပိုးသတ်ဆေးတွေဟာ လူ့ခန္ဓာကိုယ်မှာ ရှိတဲ့ ဦးနှောက်နဲ့အာရုံကြော ကြွက်သားအမျိုးမျိုးကိုလှုံ့ ဆွပေးတဲ့ ဓာတ်ပစ္စည်း Acetylcholine( ACh= အစီတိုင်းလ်ခိုလင်း) ကို ထိန်းညှိပေးတဲ့စနစ် အားပျက်ပြားစေတာပါပဲ။လက္ခဏာတွေ

မျိုးဆက်ပွားကျန်းမာရေးအတွက်အန္တရာယ်

ပိုးသတ်ဆေးတွေမှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် မျိုးဆက်ပွားကျန်းမာရေးနဲ့ သန္ဓေသား/ကလေး ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ ကြီးမားတဲ့ထိခိုက်မှုတွေလည်းရှိတယ်ဆိုတာ ခုနောက်ပိုင်းတွေ့ရှိလာရပြီဖြစ်ပါတယ်။ ပိုးသတ်ဆေးတွေကြောင့်အောက်ပါမျိုးဆက်ပွားကျန်းမာရေးထိခိုက်မှုတွေကြုံ တွေ့ရနိုင်ပါတယ်။

အမျိုးသားတွေမှာ—

  • သုတ်ပိုးအရေအတွက်
  • သုတ်ရည်ပမာဏ
  • သုတ်ပိုးအရည်အသွေး နဲ့သုတ်ကောင်လှုပ်ရှားနိုင်မှု

အားလုံးလျော့ကျစေနိုင်ပါတယ်။

အမျိုးသမီးတွေ မှာ–

  • ဓမ္မတာ ပြောင်းလဲဖောက်ပြန်မှုများ
  • ကလေးအရခက်တဲ့ပြဿနာများ
  • ကလေးပျက်ကျခြင်း
  • ကလေးအသေမွေးဖွားခြင်း
  • သန္ဓေသားမှာ ဖွံ့ဖြိုးကြီးထွားမှုထိခိုက်စေခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

မွေးဖွားလာတဲ့ကလေးမှာလည်း–

  • ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု
  • စိတ်ပိုင်းဆိုင်ရာနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု
  • ဖြတ်ထိုးဉာဏ်နဲ့တီထွင်နိုင်စွမ်း စတာတွေအပေါ်ကြီးမားစွာ ထိခိုက်စေတယ်လို့ဆိုပါတယ်။
    Chlorpyrofos(CPF)လို ဆေးတွေကကြာင့် ဦနှောက် တည်ဆောက်ပုံမူမမှန်တာ၊ ဖွံ့ဖြိုးမှုမမှန်တာ၊ IQနိမ့်တာ စတာတွေတွေ့ရတယ်လို့လည်းဆိုထားပါတယ်။

နေ့စဉ်နဲ့အမျှ စားသုံး ကိုင်တွယ်နေတဲ့ အသီးအနှံ အရွက်အညွန့်တွေမှာ သဘာဝအတိုင်း တန်ဖိုးဖြတိမရတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်နေတာမို့ လူအများကျန်းမာရေးအတွက် မရှိမဖြစ် လို့ဆိုရင်မမှားပါဘူး။ သို့သော်လည်း ဖော်ပြပါ ပိုးသတ်ဆေး သုံးစွဲမှုတွေရဲ့အန္တရာယ်တွေကိုလည်းသတိထားရမှာဖြစ်ပါတယ်။

ခေတ်အခါအရ ပိုးသတ်ဆေးကင်းတဲ့ သစ်သီး သစ်နှံ (Organic အသီးအရွက်)တွေဟာရှားပါးလာပြီလည်းဖြစ်ပါတယ်။

ဒါ့ကြောင့် ဟင်းသီးဟင်းရွက် အသီးအနှံတွေစားသုံးကိုင်တွယ်ကြရာမှာ သတိထားကြဖို့၊ ပိုးသတ်ဆေးကင်းတဲ့သဘာဝအတိုင်း ရနိုင်တဲ့ အမျိုးအစားကိုရွေးချယ် စားသုံးတတ်ကြဖို့၊Organic အသီးအနှံတွေ မစားဖြစ်ရင်လည်း ပိုးသတ်ဆေး သုံးထားတဲ့ ဟင်းသီးဟင်းရွက်တွေစားသုံးရာမှာ သတိထားပြီးကိုင်တွယ်၊ ရေနဲ့စင်ကြယ်အောင်ဆေး ဖို့အချိန်ပေးတတ်ကြဖို့ အရေးကြီးကြောင်း အသိပေးရပါတယ်။

Dr. Lynn

Previous Post

ဆီးကပြောတဲ့ ကာလသားရောဂါ

Next Post

အချင်းရှေ့ရောက်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.1k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
123

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
596

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အချင်းရှေ့ရောက်ခြင်း

အမျိုးသမီးများတွင်လည်း မရှားပါ အဆုတ် ကင်ဆာ

အချိုဓာတ်နည်းလို့ ကျန်းမာရေးအတွက် ပိုသင့်တော်တဲ့ သစ်သီးဝလံများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.