fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး
ကိုယ်ဝန်ဆောင်နှင့် သားပျက်ခြင်း
634
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/03/2017
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A
(Zawgyi)
(Unicode)
ကျန်းမာခြင်းဟာ လာဘ်တစ်ပါးလို့ ဆိုရိုးရှိတာနဲ့အညီ လူမှုရေး၊ စီးပွားရေး၊ ပညာရေးစတဲ့ အရာခပ်သိမ်းကို ကျန်းမာရေးပြည့်စုံမှ အောင်မြင်အောင် ဆောင်ရွက်နိုင်မှာဖြစ်တယ်။ ဘဝတစ်သက်တာကျန်းမာဖို့၊ သန္ဓေတည်စကတည်းက စတင်လို့ ကျန်းမာသန်စွမ်းတဲ့ကလေးမွေးဖွားနိုင်ဖို့ ပြုစုဖို့ကာကွယ်ရပါမယ်။ မကျန်းမာ၊ အင်္ဂါမစုံဘဲ မွေးခဲ့ရင်ကာယကံရှင်ကိုယ်တိုင် လူ့လောကမှာ တင့်တင့် တယ်တယ်မရှိတဲ့အပြင် မိခင်ဖခင်ရဲ့ ပတ်ဝန်းကျင်မှာလည်း အဲဒီကလေးဟာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေလိမ့်မယ်။
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အကြောင်းအမျိုးမျိုးနဲ့ အချို့ကိုယ်ဝန် ပျက်ကျ၊ အချို့ကိုယ်ဝန်ဖျက်ချ၊ အချို့ အသေမွေးဖွားခြင်းတို့ အမျိုးမျိုးဖြစ်တတ်တယ်။
ပျက်ကျတဲ့ အမျိုးအစားတွေကတော့ –
(က) ပျက်မည်ဖြစ်တဲ့ ကိုယ်ဝန် (Threatened Abortion)
(ခ) ပျက်မည်အမှန်ဖြစ်ခြင်း (Inevitable Abortion)
(ဂ) စုံလင်စွာ ပျက်ခြင်း (Complete Abortion)
(ဃ) မစုံမလင် ပျက်ခြင်း (Incomplete Abortion)
(င) အတွင်းတွင် သားပျက်ကျ (Missed Abortion)
(က) ပျက်မည်ဖြစ်တဲ့ ကိုယ်ဝန် (Threatened Abortion)
လက္ခဏာများကတော့ သွေးအနည်းငယ်ဆင်းခြင်း၊ ဗိုက်နာခြင်း၊ သန္ဓေ ရက်သတ္တ ၁၂ပတ်ကျော်လျှင် ဝမ်းဗိုက်ကို စမ်းကြည့်တဲ့အခါ သားအိမ်ထိပ်ကို စမ်းသပ် တွေ့နိုင်တယ်။ အတွင်းစမ်းသပ်ကြည့်ရင် သားအိမ်ဟာ မီးယပ်ထိမ်နေတဲ့ လပိုင်း အရွယ်လောက်ရှိပြီး သားအိမ်လုံး၀ ပိတ်နေတယ်။
(ခ) ပျက်မည်အမှန်ဖြစ်ခြင်း (Inevitable Abortion)
ကိုယ်ဝန်လနုစဉ် သားအိမ်ရဲ့ ကြွက်သားများဟာ ညှစ်အားများလို့ သားအိမ်ဝပွင့်ပြီး သန္ဓေအိတ် (Produced of Conception) သားအိမ်မှာ ပြူထွက်နေတယ်။ လူနာဟာ သွေးဆင်းခြင်း၊ ဝမ်းဗိုက်အောက်ပိုင်းနာခြင်း ဆက်တိုက်ဖြစ်ပြီး သားအိမ်ဝပွင့်နေလို့ သန္ဓေအိတ်ဟာ ပြူထွက်နေတယ်။
(ဂ) စုံလင်စွာပျက်ခြင်း (Complete Abortion)
သားအိမ်အတွင်းက သန္ဓေသားဟာ အချင်းနဲ့တကွ ရေ>မာအိတ်ပါ အစုံအလင် ကျဆင်းပြီး သားအိမ်၀ ပြန်ပြီး ပိတ်သွားတယ်။ သားမြှော်မြှေးဟာ နောက်ရက်မှာ တဖြည်းဖြည်း ေ<ကကျပြီးဆင်းတတ်တယ်။ ကိုယ်ဝန်လ နုစဉ်အတွင်း လူနာဟာ ဝမ်းဗိုက်နာပြီး သွေးဆင်းကာ သန္ဓေသားအချင်းနဲ့ ရေ>မာအိတ်ပါ စုံလင်စွာကျလာပြီး သားအိမ်ဝပိတ်သွားမယ်။ ရက်အနည်းငယ်ကြာရင် မီးယပ်လာချိန် ရောက်ပြီး နေ့စဉ် သွေးအနည်းငယ်နဲ့ ရက်ဆက်ဆင်းတတ်တယ်။
(ဃ) မစုံမလင်ပျက်ခြင်း (Incomplete Abortion)
သားအိမ်ဟာ ပွင့်နေပြီး သားအိမ်အတွင်းက သန္ဓေသားကျလာပြီး အချင်း တစ်ခုလုံးဖြစ်ဖြစ်၊ တစ်ပိုင်းဖြစ်ဖြစ် ကျဆင်းလာခြင်းကို ခေါ်တယ်။ ဤသားလျှောခြင်း မျိုးမှာ လူနာဟာသွေးအမြောက်အမြားဆင်းကြောင်းနဲ့အသားတုံးများ ကျဆင်းကြောင်း ပြောတတ်တယ်။ သွေးများများဆင်းနေရင်၊ ရပ်လိုက်ဆင်းလိုက်ဖြစ်နေရင်သွေးလန့်တဲ့ လက္ခဏာရှိမယ်။ မစုံမလင်ပျက်ကျပြီး သားအိမ်ဝမှာကျန်ရှိတဲ့အရာတွေ ခြစ်မထုတ် မချင်း သွေးတစိမ့်စိမ့်ဆင်းပြီး သွေးအားနည်းနေတတ်တယ်။
(င) အတွင်းမှာ ပျက်၍နေခြင်း (Missed Abortion)
သန္ဓေသားဟာ သားအိမ်အတွင်း သေနေပြီး အပြင်ကို ပျက်ကျဆင်း မလာဘဲ အတွင်းမှာ ရှိနေတယ်။ သားအိမ်ညှစ်အားမပေးလို့ အပြင်ကို မထွက်နိုင်ဘူး။ သန္ဓေသားကျုံ့ပြီး သေးသွားတယ်။ အချိန်တန်ရင် သားအိမ်အတွင်းပျက် သန္ဓေသား ကြောင့် ပြင်ပကို ထွက်လာခြင်းမရှိဘဲ သန္ဓေသားလုံးပေါ်မှာ သွေးခဲအဖြစ် တည်ရှိ နေတယ်။ အဲဒီလို လစဉ်ဖြစ်ပွားမှုဟာ ကျုံ့နေတဲ့သန္ဓေသားကို သွေးခဲတွေ ဝန်းရံလျက် ရှိတယ်။ ကြာရင် သားအိမ်က ညှစ်လို့ သွေးညိုညိုညစ်ညစ်ဆင်းပြီး သားအိမ်တွင်းက သန္ဓေသားဟာ ကတ္တရာရောင်သွေးခဲတွေ ဝန်းရံလျက် စုံလင်စွာ ပျက်ကျလာသည်။
သန္ဓေသားပျက်ကျသော လူနာကို ပြုစုတဲ့နည်းတွေကတော့ –
  1. သန္ဓေသား ပျက်ကျတဲ့လူနာကို အိပ်ရာမှာ စိတ်ရောကိုယ်ပါ အနားယူ စေရမယ်။ အနီးကပ် စောင့်ကြည့် ရမယ်။
  2. သန္ဓေသားပျက်ကျခြင်းမှာ မိန်းမကိုယ်လမ်းကြောင်းက သွေးဆင်း ခြင်း၊ သွေးအနည်းအများ၊ သန္ဓေသားအစအနများ၊ သွေးတုံးသွေးခဲများ၊ ဝမ်းဗိုက် အောက်နာခြင်း၊ သားအိမ်ညှစ်ခြင်း ရှိ၊ မရှိ ကြည့်ရမယ်။
  3. လူနာရဲ့ အပူချိန်၊ အသက်ရှူနှုန်း၊ သွေးခုန်နှုန်း၊ သွေးပေါင်ချိန် တိုင်းခြင်းကို မှတ်သားထားရမယ်။ သွေးထိတ်လန့်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ပြီးရှိရင် ဆရာဝန်၊ ပါရဂူပြသရမယ်။
  4. လူနာအားရှိစေဖို့ အာဟာရဖြစ်တဲ့အစားအစာကျွေးရမယ်။
  5. လူနာကို ရေဝင်၊ ရေထွက်ဇယား (Intake, Output) မှတ်ထားရမယ်။ မော်နီတာ လုပ်ရမယ်။
  6. စိတ်ငြိမ်ဆေးနဲ့ ပဋိဇီဝဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ပေးရမယ်။
  7. သန္ဓေပြုတ်ကျ၊ မကျနဲ့ သားအိမ်၀ ပွင့်၊ မပွင့် ကြည့်ရှုရမယ်။ သားအိမ်ဝပွင့်ရင် သားအိမ်ခြစ်ရန်တွက် သားဖွား၊ မီးယပ်ပါရဂူ၊ သို့မဟုတ် ဆရာဝန်ကို ဆက်ဆက်သတင်းပို့ရမယ်။ တကယ်လို့ လူနာဟာ ဆေးရုံမှာမဟုတ်ဘဲ အိမ်မှာဖြစ်ခဲ့ရင် ဖော်ပြပါ သူနာပြုစုခြင်းအပြင် သွေးထိတ်လန့်ခြင်း၊ သွေးလွန်ခြင်းလွန်ကဲမှုမရှိစေဖို့ ဆေးရုံကို အမြန်ဆုံးပို့ပြီး ဆရာဝန်ရဲ့ ကုသမှုကို မဖြစ်မနေခံယူရမှာဖြစ်ပါတယ်။
Author – ဒေါက်တာလွင်သန့်
Previous Post
တဝီဝီနဲ့ ကျန်းမာရေးကို ဆိုးဝါးစေသော ခြင်အကြောင်းတစေ့တစောင်း
Next Post
တိရစ္ဆာန်များနဲ့ကျန်းမာရေး
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
Important health and beauty for a woman
အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း
1 year ago
642
သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ
1 year ago
614
Ovarian coagulation and pregnancy
သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း
1 year ago
1.8k
Caution Urinary tract infection
သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ
1 year ago
1.5k
Women and folic acid
အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်
1 year ago
1.6k
Health secrets that women over 50 should know
၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ
2 years ago
1.2k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
တိရစ္ဆာန်များနဲ့ကျန်းမာရေး
ဗယ်လင်တိုင်းချစ်သူများနှင့် ကျန်းမာရေး
တားဆေး ထိုးဆေးများ - ၃လ ခံဆေး Progestongen Only Injectables
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.