fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

လူနာတို့ရဲ့အလေ့အထများ

21
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/05/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ဆေးရုံဆေးခန်းတွေ လုပ်နေရင်း လူနာမျိုးစုံနဲ့ ကြုံကြရတယ် ကိုယ်တွေရဲ့ဆရာကြီးတွေဆို လူနာနဲ့အထိအတွေ့ ပိုတောင်များမယ် ဆေးခန်း ထိုင်တာကြာလာတာနဲ့အမျှ လူနာအကြောင်းနည်းနည်း သိလာတာလည်းရှိလာတယ် လူနာအကြိုက်လိုက်မလုပ်ပေးတတ်တော့ အမြဲအဆင်ပြေတယ်တော့မဟုတ်ဘူးပေါ့ ဘာပဲဖြစ်ဖြစ်တော့လုပ်ခဲ့သမျှက လူနာကောင်းဖို့ပဲဖြစ်ရင်တော်ပြီလို့စိတ်ကတွေထားတယ်

တချို့လူနာတွေမှာ တစ်လတစ်ခါအားဆေးထိုးချင်ကြတယ် အားဆေးမှမထိုးရရင် နေမကောင်းသလို နုန်းတယ် အစားမစားချင်ဘူး ခေါင်မကြည်ဘူး စသဖြင့် ပြောတတ်ကြတယ် အားဆေး ဆိုတာ တကယ်လိုအပ်ရင် သောက်တာထိုးတာလုပ်လို့ကောင်းပေမယ့်မလိုဘဲ မသောက်သင့်ဘူး အားဆေးများတိုင်းလည်းမကောင်းပါဘူး သဘာဝကပေးတဲ့ အားဆေးတွေ အစားအစာတွေမှာ ပါပြီးသားပါ အားလုံးကိုမျှမျှတတစားပေးနေရင်လုံလောက်ပါတယ် အားဆေးသောက်ဖို့ထိုးဖို့ တကယ်လိုအပ်လာရင်လည်း ရက်ပြည့်အောင် သောက်ရထိုးရတာပါ ခဏတဖြုတ်နဲ့ မပြီးပါဘူး

နောက်တစ်ခုက ဆေးတွေပေးတဲ့အခါ ရောဂါတစ်မျိုးချင်းစီအတွက်ဆေးလိုချင်တတ်ကြတယ် ဖျားနေလို့ ကိုယ်လက်ကိုက်လို့ခေါင်းကိုက်လို့ အိပ်မပျော်လို့ စတဲ့ အကြောင်းအရာတွေ တစုတစည်းတည်းပြောတတ်တယ် ခေါင်းမူးတဲ့အခါ ရင်တုန်တယ် ချွေးစေးပြန်တယ် နေလို့မကောင်းဘူးဆရာ အိပ်လည်းမပျော်ဘူး စသဖြင့်ပြောတတ်ကြတယ် ဖြစ်တာတွေကိုပြောပါ လိုအပ်တာကို ဆရာတွေ ကုပေးမှာပါ ဆေးတွေမလိုဘဲ များနေတာကလည်းလူနာအတွက်မကောင်းပါဘူး

နောက်တစ်ခုကတော့ လတ်တလော ရောဂါတခုဖြစ်လို့ ဆေးခန်းတခုပြတယ် ညနေဖြစ်ဖြစ် နောက်နေ့ဖြစ်ဖြစ်မသက်သာလို့ နောက်ဆေးခန်းထပ်ပြတယ် နောက်ဆရာဝန်ပြောင်းပြတယ် အရင်ပြတုန်းက ဆေးစာအုပ်လည်းမပါ ဆေးတွေလည်းမပါ ဆေးလည်းပြည့်အောင်မသောက်ဖြစ်တော့ ဒီဆေးခန်းလည်းမသက်သာရင် ထပ်ပြောင်းပြကြဦးမှာပဲ ဆေးတခုထဲအားကိုးနေလို့လဲမရဘူး အနေအထိုင်အစားအသောက်ပုံစံလည်းပြင်ဦးမှပါ ကိုယ်ပြထားတာမှာမသက်သာရင် ပြထားတဲ့ ဆေးခန်းမှာအရင်ထပ်ပြပြီးအကျိုးအကြောင်းပြောပါ မေးမြန်းပါ လိုအပ်တာကို လုပ်ပေးမှာပါ

နောက်တစ်ခုကတော့ တချို့ဆေးတွေစွဲသောက်ဖို့လိုပါတယ် လူနာရဲ့စိတ်သဘောတစ်ခုထဲနဲ့ ငါသက်သာတာပဲဆိုပြီးဆေးမဖြတ်ရပါဘူး ဥပမာအားဖြင့် သွေးတိုးရောဂါ နှလုံးသွေးကြောကျဉ်းရောဂါ အတက်ရောဂါ တွေပါ လတ်တလောသက်သာတော့ အပြီးပျောက်တယ်ထင်တတ်ကြတယ် ဒီရောဂါတွေက တကယ်ဖြစ်ပြီဆိုမှ ဆေးတွေသောက်ရတာပါ သောက်ရင်လည်းရေရှည်သောက်ရတယ် မလိုအပ်လို့ရပ်မယ်ဆိုရင်တောင် ဆရာဝန်တွေ ပြန်ပြပြီး တိုင်ပင်သင့်တယ်

နောက်တစ်ခုကတော့ လူနာတွေအများစုဖြစ်တတ်ကြတာပါ ဆေးခန်းပြဖို့ဝန်လေးကြတယ် ငွေရေးကြေးရေးကုန်ကျမှာလည်းကြောက်ကြတယ် ဆေးခန်းသွားတာနဲ့ ဟိုစစ်ဒီစစ် လုပ်မှာပဲဆိုုပြီး ဆေးခန်းမပြဘဲ ဆေးဆိုင်တွေမှာ ဆေးစပ်သောက်ကြတယ် တချို့တွေ သက်သာကြတယ် ဆေးတွေကြည့်ကြည့်လိုက်ရင် အမြန်သက်သာရင်ပြီးရောဆိုပြီး Steroid တွေ ပါထည့်ပေးတတ်ကြတယ် ဒီဆေးတွေသောက်တာခဏနဲ့သက်သာပေမယ့် ဒီ steroid တွေကမလိုဘဲမသောက်ရပါဘူး နောက်တခုက စပ်ဆေးတွေဝယ်သောက်တော့ ဘယ်နှစ်ခွက်စာဆိုပြောပြီးဝယ်ကြတယ် ပိုးသတ်ဆေးတွေပါပါနေပြီဆိုရင် ဆေးက dose ပြည့်မှာလည်းမဟုတ်တော့ဘူး နည်းနည်းသက်သာတာနဲ့ ဆေးတွေရပ်လိုက်ကြရော ကြာလာတဲ့အခါ ပိုးသတ်ဆေး မတိုးတာတွေဖြစ်လာတတ်ပါတယ် စပ်ဆေးတွေ သောက်လို့ ဆေးမတည့်တာဖြစ်ဖြစ် ဆေးရဲ့ဆိုးကျိုးပဲဖြစ်ဖြစ် တခုခုဖြစ်တယ်ဆိုရင်လည်း စပ်ဆေးလုပ်ပေးတဲ့သူတွေက ဘာမှ တာဝန်မခံပါဘူး စပ်ဆေးတွေ အကုန်နဲ့ကုထားပြီးမှ မသက်တော့မှ ဆေးရုံဆးခန်းတွေလည်းရောက်ရော ဆေးတွေမတိုးတာနဲ့ လိုတာတွေ ထပ်ပြီးပြန်စစ်နေရတာနဲ့ ကုန်ကျစရိတ်တောင်ပိုကြီးတယ် ရောဂါကုသတဲ့နေရာမှလည်းနောက်ကျပါတယ် အပ်နဲ့ထွင်းရမယ့်နေရာမှ ပုဆိန်နဲ့ပေါက်ရသလိုဖြစ်လိမ့်မယ်

နောက်တစ်ခုကတော့ ဆေးခန်းလာပြတဲ့အခါ ဆရာဝန်ကလူနာကိုလိုအပ်တယ်ထင်လို့ဆေးရုံ လွှဲပေးတယ်ဆိုရင် မသွားချင်ကြဘူး အရေးပေါ်ကိစ္စတွေဆိုသွားတတ်ကြတယ် လိုအပ်လို့ သမားတော်တွေ အထူးကုတွေလွှဲပြီးစစ်ဆေးသင့်တယ်ပြောတာနဲ့ ဒီဆရာဝန်က သူမကုနိုင်တော့လို့ထင်တတ်ကြတယ် ဆေးခန်းကဆရာတွေက မလိုအပ်ပဲအလွှဲပါဘူး ထိုနည်းတူပဲ လူနာအတွက်ပိုကောင်းမယ်ထင်တဲ့အခါလည်း ကိုယ့်လက်ထဲမှာပဲ လူနာကိုထားပြီးအချိန်ဆွဲကုနေလို့မရဘူး သင့်တော်တဲ့ဆရာတွေကိုလွှဲပေးရတယ် လူနာအတွက်အကောင်းဆုံးကိုရွေးချယ်ရတာပါ ဒါပေမယ့် မြန်မာနိုင်ငံမှာက လူနာတွေကိုအထူးကုတွေဆီလွှဲပေးတဲ့အခါ အထူးကုဘက်က လူနာကို လိုအပ်သလိုကြည့်ပေးပြီးရင် မိမိတို့ရဲ့ဆရာတွေနဲ့ပြန်ပြီးတိုင်ပင်ကုသလို့ရတယ်ဆိုတာ လူနာတွေလည်း မသိကြပါဘူး ဒီလိုမှပဲ ဆရာကြီးတွေအနေနဲ့လည်း ကြည့်ရတဲ့လူနာပမာဏနည်းသွားတဲ့အခါ စိတ်ပိုပြီးစုစည်းနိုင်ပါတယ် လူနာတွေမှာလည်း ပြဖို့တန်းစီစောင့်နေရတဲ့ အချိန် သက်သာပါလိမ့်မယ်

နောက်တစ်ခုအနေနဲ့ကတော့ ဆရာဝန်တွေနဲ့တိုင်ပင်ဆွေးနွေးတဲ့အခါမှာ လူနာကိုကိုယ်တိုင် မစစ်ဆေးမစမ်းသပ်ပဲ မှန်းပြီးဆေးကုလို့မရပါဘူး လူနာတွေအတွက် ရော ဆရာဝန်တွေအတွက်ရောပါပါတယ် ဘာဆေးစာအထောက်အထားမှမရှိဘဲဆေးကုတဲ့အခါ တစ်ခုခုဆိုတာဖြစ်လာရင် ဘယ်လိုမှမရှင်းနိုင်ပါဘူး လူနာအတွက်သင့်တော်မယ့် နေထိုင်မှုစားသောက်မှုပုံစံပဲပေးလို့ရမယ် အကြံဉာဏ်ပဲပေးလို့ရမယ် ဘေးမဖြစ်တဲ့ဆေးပဲပေးလို့ရမယ် ဒါတောင် သေချာရှင်းပြပြီးမှပေးလို့ရတယ် ဒါတွေကို လူနာတွေ သိစေချင်ပါတယ်
လူနာတချို့ရဲ့ အလေ့အထလေးတွေပါ

Author: Dr. CST

Previous Post

သွေးလွန်တုပ်ကွေးကာကွယ်ပေး

Next Post

လူနာရဲ့ရောဂါ ဘယ်သူသိသင့်သလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လူနာရဲ့ရောဂါ ဘယ်သူသိသင့်သလဲ

နွေရာသီမှာ ဝိတ်ချမယ်

စကားပြောသော မျက်လုံးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.