fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

အချိန်မှန်မှန်စားပါ

eat regularly
221
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/07/2022
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

လူသားတိုင်းဟာ အသက်ရှင်​နေထိုင်ဖို့အတွက် ​နေ့စဉ်အစာစားကြရပါတယ်။ စားတဲ့အခါမှာလည်း ကျန်းမာ​ရေးနဲ့ ညီညွတ်​စေမယ့်အစားအစာ​တွေကို ​ရွေးချယ်စားသုံးဖို့လိုအပ်သလို ​နေ့စဉ်အချိန်မှန်မှန်စားသုံးဖို့ကလည်း အ​ရေးကြီးပါတယ်။ လူအများစုဟာ ​နေ့စဥ် မနက်စာ၊ နေ့လယ်စာ၊ ညစာ စသဖြင့်သုံးနှပ်ပြည့်အောင် စားသုံးလေ့ရှိကြပါတယ်။ သို့သော်လည်း တခါတစ်ရံ အလုပ်များတာကြောင့် မနက်စာမစားဖြစ်လိုက်တာ၊ ညစာမစားဖြစ်တာမျိုး​တွေကို ကြုံ​တွေ့ဖူးကြမှာပါ။

လူ့ခန္ဓာကိုယ်ဟာ တစ်​နေ့ကို ၂၄နာရီပတ်လုံး အလုပ်လုပ်​နေရတာဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ ကုန်ဆုံးသွားတဲ့စွမ်းအင်​တွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် မဖြစ်မ​နေအစားစားကြရပါတယ်။ အစာစားမှသာ လိုအပ်တဲ့ ဂလူးကို့စ်ဓါတ်ရရှိပြီး ​သွေးတွင်းသကြားဓါတ်ကို ထိန်းညှိ​ပေးနိုင်မှာဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း ​သွေးတွင်းသကြားဓါတ်ညီမျှနေမှသာ ​နေ့စဉ်လုပ်ငန်း​ဆောင်တာ​တွေကို ကျန်းမာသွက်လက်စွာ လုပ်​ဆောင်နိုင်မှာဖြစ်ပါတယ်။

နေ့စဉ်အချိန်မှန်မှန်စားခြင်းဟာ ကျန်းမာ​ရေးအတွက် အလွန်သင့်​လျော်တဲ့ နည်းလမ်း​ကောင်းတစ်ခုဖြစ်ပါတယ်။ အချိန်မှန်မှန်စားခြင်းဖြင့် ရရှိလာမယ့် ​ကောင်းကျိုး​တွေက​တော့-

၁) ဆာ​လောင်မှု​ကြောင့်ဗိုက်​အောင့်ဗိုက်နာခြင်းမဖြစ်​အောင် ကာကွယ်နိုင်မယ်
အစာစားချိန်မမှန်ဘဲ အဆာလွန်တဲ့အခါမျိုး​တွေမှာ ဆာ​လောင်မှု​ကြောင့် ​လေထိုး​လေ​အောင့်၊ ဗိုက်​အောင့်ဗိုက်နာ​တွေ ခံစားကြရပါတယ်။ အချိန်မှန်မှန်စားတဲ့အခါမှာ​တော့ ဒီလိုပြဿနာမျိုး​တွေမခံစားရ​တော့တဲ့အတွက် ​နောက်ဆက်တွဲပြဿနာ​တွေဖြစ်တဲ့ အစာအိမ်​ရောင်ခြင်းနဲ့ အစာအိမ်အနာဖြစ်ခြင်း​တွေပါဖြစ်မလာ​အောင် ကာကွယ်​ပေးနိုင်မှာဖြစ်ပါတယ်။

၂) ခန္ဓာကိုယ်​တွင်းဇီဝရုပ်ဖြစ်ပျက်မှု​တွေကို အား​ပေးတယ်
ဇီဝရုပ်ဖြစ်ပျက်မှု​တွေဟာ ခန္ဓာကိုယ်တွင်းကကယ်လိုရီ​တွေကို ​လောင်ကျွမ်း​လျော့ကျ​စေပါတယ်။ အစာစားချိန်မမှန်ဘဲ အစာစားချိန်​နောက်ကျတဲ့အခါ ကယ်လိုရီ​လောင်ကျွမ်းမှု​တွေ​နှေး​ကွေးပြီး ကိုယ်အ​လေးချိန်တက်လာ​စေနိုင်ပါတယ်။

၃) ခွန်အားပြည့်ဝ​စေတယ်
ကား​တွေ​ရွေ့လျားနိုင်ဖို့ ဓါတ်ဆီလိုအပ်သလို လူ့ခန္ဓာကိုယ်တစ်​နေ့တာခွန်အားပြည့်ဝပြီး လှုပ်ရှားသွားလာနိုင်ဖို့ အချိန်မှန်မှန်စား​ပေးဖို့လိုအပ်ပါတယ်။

၄) ကျန်းမာတဲ့စား​သောက်မှုပုံစံဖြစ်လာ​စေနိုင်တယ်
အချိန်မှန်မှန်စားဖြစ်တာ​ကြောင့် မလိုအပ်ဘဲ အသင့်စားအစားအစာ​တွေစားဖြစ်တာ၊ သကြားများတဲ့အချိုရည်​တွေ​သောက်ဖြစ်တာမျိုး​တွေကို ​လျှော့ချလာနိုင်မှာဖြစ်ပါတယ်။

၅) အ​လေ့အကျင့်​ကောင်းတစ်ခု ရရှိ​စေတယ်
အစားကိုအချိန်မှန်မှန်စားခြင်းဟာ ကျန်းမာ​ရေးအတွက် အကျိုး​ကျေးဇူးများ​စေမယ့် အ​လေ့အကျင့်​ကောင်းတစ်ခုဖြစ်ပါတယ်။ အချိန်မှန်မှန်အိပ်၊ မှန်မှန်စားခြင်းဖြင့် ကိုယ်ခံစွမ်းအား​ကောင်းမွန်​စေပြီး ​ရောဂါပိုးမွှား​တွေကို တိုက်ထုတ်​ပေးနိုင်မှာဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို ​နေ့စဥ်အချိန်မှန်မှန်စားသုံး​ပေးမယ်ဆိုရင် ကိုယ်အလေးချိန်လျော့ကျခြင်း၊ ​သွေး​ပေါင်ထိန်းပေးနိုင်ခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချ​ပေးခြင်း စတဲ့ကျန်းမာရေးကောင်းကျိုးတွေကိုပါ ရရှိစေနိုင်မှာဖြစ်ပါတယ်။

Author: Dr.Aye Myat Mon

Previous Post

နေ့စဉ်စားနေတဲ့အစားအစာကနေ ဇင့်ကို ဘယ်လိုရနိုင်မလဲ?

Next Post

တစ်နေကုန်လေးလံ ထိုင်းမှိုင်းနေရင် ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
599

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
If the whole day is heavy and dull

တစ်နေကုန်လေးလံ ထိုင်းမှိုင်းနေရင် ?

Ways to Build Muscle at Home

ကြွက်သားတွေတည်ဆောက်ဖို့အတွက် အကောင်းဆုံးအိမ်တွင်းနည်းလမ်းများ

For strong eyes and clear vision

မျက်စိအားကောင်းပြီး အမြင်အာရုံကြည်လင်ပြတ်သားစေဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.