fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

457
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/11/2022
in ကျန်းမာစေသော အစားအစာ
9 min read
A A

လူတို့၏ ပတ်ဝန်းကျင်တွင် မမြင်နိုင်သော ရောဂါပိုးများစွာရှိပါသည်။ အဆိုပါ ရောဂါပိုးများသည် လူသားတို့၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကာ ကျန်းမာရေး ပြဿနာများကို ဖန်တီးရန် အစဉ်အမြဲပင် ကြိုးစားနေကြပါသည်။ ထို့ကြောင့် အဆိုပါ ရောဂါပိုးများ ခန္ဓာကိုယ်အတွင်းသို့ မဝင်ရောက်စေရန် တားဆီးကာကွယ်ရေးသည် အရေးကြီးသကဲ့သို့ ဝင်ရောက်လာသော ရောဂါပိုးများကို ရှင်းလင်းဖယ်ရှားရေးသည်လည်း အရေးပါလှပါသည်။

ရောဂါပိုးများကို ခန္ဓာကိုယ်မှ အဓိက ကာကွယ်၊ တားဆီး၊ ရှင်းလင်း၊ ဖယ်ရှားပေးသည့် စနစ်ကို ပြပါဟုဆိုလျှင် ကိုယ်ခံအားစနစ်ကိုပင် ညွှန်ပြရမည် ဖြစ်ပါသည်။ ပတ်ဝန်းကျင်တွင် ရောဂါပိုးများ များပြားစွာရှိသကဲ့သို့ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်၏ ကာကွယ်၊ တားဆီး၊ ရှင်းလင်း၊ ဖယ်ရှားရေး လုပ်ငန်းများတွင် ပါဝင် လုပ်ဆောင်၊ အားဖြည့်၊ ကူညီပေးနေကြသော ဆဲလ်များ၊ တစ်ရှူးများသည်လည်း များစွာရှိပါသည်။

အဆိုပါ ကိုယ်ခံအားစနစ် အားပြည့်၊ ကောင်းမွန်၊ အစွမ်းထက်နေသ၍ ခန္ဓာကိုယ်သည် ရောဂါဘယတို့၏ ဘေးမှ လွတ်မြောက်၊ သက်သာ၊ ချမ်းသာနေမည် ဖြစ်ပါသည်။ သို့သော် ကိုယ်ခံအားစနစ် ချွတ်ယွင်း၊ ပျက်စီးလာပါမူ ခန္ဓာကိုယ်သည် အမျိုးမျိုးသော ယိုယွင်း ပျက်စီးမှုတို့ကို ရင်ဆိုင်ရမည် ဖြစ်ပါတော့သည်။

ကိုယ်ခံအားစနစ်ကို ပျက်စီးကျဆင်း စေတတ်သောအကြောင်းရင်း များစွာရှိပါသည်။ ၎င်းတို့အနက် အသက်အရွယ် ကြီးရင့်မှုသည်လည်း တစ်ခု အပါအဝင် ဖြစ်ပါသည်။ ထို့ကြောင့် အသက်အရွယ် ကြီးရင့်လာသည့် လူကြီးများတွင် ကိုယ်ခံအားစနစ်ကို ပြန်လည်တိုးတက်စေရန် ဂရုပြု၍ လုပ်ဆောင်ပေးသင့်ပါသည်။

ကိုယ်ခံအားစနစ်ကို ပိုမို ကောင်းမွန် တိုးတက်လာစေရန် လုပ်ဆောင်နိုင်သည့် နည်းလမ်းများစွာ ရှိသည့်အနက် အမူအကျင့်၊ အပြုအမူများကို ပြောင်းလဲခြင်းအားဖြင့် လုပ်ဆောင်နိုင်သကဲ့သို့ အစားအသောက်ကို စနစ်တကျ စားသောက်ခြင်းအားဖြင့် ကိုယ်ခံအားကို တိုးတက်အောင် လုပ်ဆောင်နိုင်သည့် နည်းလမ်းများလည်း ရှိပါသည်။

အစာလည်းဆေး၊ ဆေးလည်း အစာဆိုသကဲ့သို့ အစားအစာများကို အာဟာရဓာတ် ပြည့်ဝစုံလင်အောင် ရွေးချယ်စားသောက်ခြင်းအားဖြင့် ကိုယ်ခံအားကို များစွာ တိုးတက် ကောင်းမွန်စေနိုင်ပါသည်။ ယခုဆောင်းပါးတွင် နေ့စဉ်စားသုံးနေသော အာဟာရဓာတ်များအနက် ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေသော ဗီတာမင်များထဲမှ အချို့ကို တင်ပြသွားမည်ဖြစ်ပါသည်။

 

ဗီတာမင် C

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေသည့် ဗီတာမင်ဟု ဆိုလိုက်သည်နှင့် ဗီတာမင် C ကို ပြေး၍ သတိရတတ်ကြသည်။ ထိုသို့ သတိရလောက်အောင်လည်း ဗီတာမင် C သည် ကိုယ်ခံအား စနစ်တွင် အရေးပါသည့် တစ်ထောင့် တစ်နေရာတွင် ပါဝင်နေပါသည်။

ဗီတာမင်များကို ရေတွင် ပျော်ဝင်နိုင်သည့် ဗီတာမင်များနှင့် အဆီတွင် ပျော်ဝင်နိုင်သည့် ဗီတာမင်များ ဟူ၍ ခွဲခြားသတ်မှတ်နိုင်ရာ ဗီတာမင် C သည် ရေတွင်ပျော်ဝင်နိုင်သည့် ဗီတာမင် တစ်မျိုး ဖြစ်ပါသည်။

ရေတွင် ပျော်ဝင်နိုင်သည့် ဗီတာမင်များ၏ အားသာချက်မှာ ဗီတာမင်များကို ခန္ဓာကိုယ်အတွင်းမှ အထူးသဖြင့် ဆီးမှတစ်ဆင့် စွန့်ထုတ်နိုင်သဖြင့် ပိုလျှံပါက ခန္ဓာကိုယ်အတွင်းတွင် အဆိပ်အတောက်များ မဖြစ်စေနိုင်ပေ။ သို့သော် အားနည်းချက်မှာ ထိုသို့ စွန့်ထုတ်ရာတွင် ပမာဏ များစွာ ပါဝင်သွားသည့်အတွက် နေ့စဉ် ပြန်လည် ဖြည့်တင်းပေးရန် လိုအပ်ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် နေ့စဉ်စားသုံးသော အစားအစာများတွင် ဗီတာမင် C ကို ပါဝင်အောင် ဂရုစိုက်၍ စားသောက်သင့်ပါသည်။ အထူးသဖြင့် အသက်အရွယ် ကြီးသည့် လူကြီးများတွင် ပိုမို ဂရုစိုက်ကာ မချို့တဲ့အောင် စားသုံးသင့်ပါသည်။ ဗီတာမင် C သည် ခန္ဓာကိုယ်အတွက် အရေးပါသည့် သံဓါတ်ကို စုပ်ယူသည့်နေရာတွင်လည်း ကူညီပေးသည့်အတွက်ကြောင့် ဗီတာမင် C လုံလောက်အောင် စားသုံးပေးခြင်းအားဖြင့် သံဓာတ်ချို့တဲ့ခြင်း၊ သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်ပွားသော သွေးအားနည်း ရောဂါများကိုလည်း ကာကွယ်ပြီးသား ဖြစ်စေပါသည်။

ဗီတာမင် C ကို ချဉ်သော အရသာရှိသော အသီးအနှံများ၊ ခရမ်းချဉ်သီး၊ ဘရိုကိုလီ စသည့် အသီးအနှံများတွင် ပေါများစွာတွေ့ရှိနိုင်ပါသည်။ အထူးသတိပြုရမည်မှာ ဗီတာမင် C သည် မြင့်မားသည့် အပူချိန်နှင့် အချိန်ကြာမြင့်စွာ ထိတွေ့သည့်အခါ ပြိုကွဲပျက်စီးတတ်ပါသည်။ ထို့ကြောင့် ဟင်းသီးဟင်းရွက်များကို အပူချိန်မြင့်မားစွာဖြင့် ကြာမြင့်စွာ ချက်ပြုတ်ခြင်း မပြုဘဲ မီးခပ်အေးအေးဖြင့် ကျက်ရုံမျှ လျင်မြန်စွာ ချက်ပြုတ်ခြင်းဖြင့် ဗီတာမင် C ပမာဏများစွာကိုရရှိနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် ဗီတာမင် C သည် ရေတွင်ပျော်ဝင်သည့်အတွက် အရည်များစွာဖြင့် ချက်ပြုတ်ထားသော ဟင်းလျာများ၏ အရည်ထဲတွင် ဗီတာမင် C များ များစွာ ပျော်ဝင်သွားတတ်ပါသည်။ ထို့ကြောင့် အရည်များစွာဖြင့် ချက်ပြုတ်ပါက ဟင်းအရည်များကို သောက်သုံးပေးသင့်သကဲ့သို့ ဟင်းအရည်ကို သောက်သုံးရန် မနှစ်သက်ပါက အရည်နည်းနည်းဖြင့်သာ ဟင်းများကို ချက်ပြုတ်သင့်ပါသည်။

လတ်ဆတ်၍ မှည့်နေသော အသီးအနှံများကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောပြီး အစိမ်းစားစေပါမူ လူကြီးသူမများကို ဗီတာမင် C အများဆုံး ရရှိနိုင်စေမည်မှာ သေချာလှပါသည်။ ထိုသို့ စားသောက်ရန် အဆင်မပြေပါက ဗီတာမင် C ဖြည့်စွက် အားဆေးများကိုလည်း သောက်သုံးပေးနိုင်ပါသည်။

ဗီတာမင် B6

ယခုနောက်ပိုင်း လေ့လာတွေ့ရှိချက်များအရ အသက်အရွယ်ကြီးသော လူကြီးများတွင် ကိုယ်ခံအား စနစ် အားနည်း လျော့ကျခြင်းသည် ဗီတာမင် B6 ချို့တဲ့ခြင်းနှင့် ဆက်စပ်နေကြောင်း တွေ့ရှိရပါသည်။

ဗီတာမင် B6 သည် ကိုယ်ခံအားစနစ်တွင်ပါဝင်သည့် အရေးပါသော ဓါတုဗေဒ ဓါတ်ပြုခြင်းကို အကူအညီပေးပါသည်။ ထိုသို့ အကူအညီပေးခြင်းအားဖြင့် ဓာတုဗေဒ ဓါတ်ပြုခြင်း၏ ရလဒ်များ ပိုမို မြန်ဆန်တိုးတက် ကောင်းမွန်လာစေကာ ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို မြင့်မားလာစေပါသည်။ ထို့ကြောင့် ကူးစက်ရောဂါများအပါအဝင် အခြား ကျန်းမာရေး ပြဿနာများကို ကာကွယ်ပေးနိုင်ပါသည်။

အသက်အရွယ်ကြီးလာသည်နှင့်အမျှ ဖြစ်ပွားမှုနှုန်း မြင့်တက်လာတတ်သည့် ရောဂါတစ်မျိုးမှာ ကင်ဆာရောဂါဖြစ်ပါသည်။ ဗီတာမင် B6 သည် ကင်ဆာရောဂါဖြစ်ပွားမှုကိုလည်း လျှော့ချကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။ အကယ်၍ ကင်ဆာရောဂါဖြစ်ပွားနေပါကလည်း ကင်ဆာဆဲလ်နှင့် အဖုအကျိတ်များ ကြီးထွားများပြား ပျံ့ပွားမှုကို ဗီတာမင် B6 သည် နှေးကွေးလျေ့ာနည်းစေနိုင်ပါသည်။

အသက်အရွယ်ကြီးလာသည်နှင့်အမျှ ဦးနှောက်အတွင်းတွင် homocysteine ဆိုသည့် ဓာတ်တစ်မျိုး မြင့်တက်လာတတ်ပါသည်။ ထိုသို့ မြင့်တက်လာသည့်အခါ အယ်လ်ဇိုင်းမားစသည့် ဦးနှောက်နှင့် မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများကို လူကြီးသူမများ ကြုံတွေ့ ခံစားရတတ်ပါသည်။ ဗီတာမင် B6 သည် အဆိုပါ homocysteine ဓါတ်ကို ထိန်းညှိပေးနိုင်သည့် အစွမ်းသတ္တိရှိပါသည်။ ထို့ကြောင့် အသက်အရွယ်ကြီးရင့်လာသည့် လူကြီးများတွင် မှတ်ဉာဏ်နှင့် ဦးနှောက်ဆိုင်ရာ ပြဿနာများကို လျော့နည်းစေနိုင်ပါသည်။

ထို့အပြင် ဗီတာမင် B6 သည် serotonin ဆိုသည့် ဓာတ်တစ်မျိုးကို ဖွဲ့စည်းတည်ဆောက်သည့် နေရာတွင် ပါဝင် ကူညီပေးပါသည်။ serotonin ဓာတ်သည် လူကြီးများ၏ စိတ်ခံစားချက်အခြေအနေများကို ကောင်းမွန်မှန်ကန်စေကာ စိတ်ကျခြင်းစသည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများဖြစ်ပွားမှုကို ကာကွယ်ပေးပါသည်။ ကောင်းမွန်၍ တက်ကြွပျော်ရွှင်နေသော စိတ်အခြေအနေသည် ခန္ဓာကိုယ်တွင် ကိုယ်ခံအားကို တိုးတက်ကောင်းမွန်စေရန်လည်း ပံ့ပိုးပေးနိုင်ပါသည်။ ဤနည်းအားဖြင့် ဗီတာမင် B6 သည် လူကြီးများ၏ ကိုယ်ခံအားစနစ်ကို ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီပေးပါသည်။

ဗီတာမင် B6 ကို ကြက်သား၊ ဝမ်းတွင်း ကလီစာများ၊ ဆော်လမွန်၊ တူနာစသည့် ငါးတို့တွင် ကြွယ်ဝစွာ တွေ့နိုင်သကဲ့သို့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် ပဲအမျိုးမျိုး၊ အာလူးကဲ့သို့ ကစီဓာတ် ကြွယ်ဝသော ဟင်းသီးဟင်းရွက်များ၊ အချဉ်ဓါတ်မပါသည့် ဟင်းသီးဟင်းရွက်များတွင်လည်း တွေ့ရှိရပါသည်။ ထို့အပြင် ဖြည့်စွက် ဆေးဝါးများအဖြစ်လည်း အလွယ်တကူ ဝယ်ယူသောက်သုံးနိုင်ပါသည်။

 

ဗီတာမင် E

ကိုယ်ခံအားစနစ်ဟုဆိုလိုက်သည်နှင့် နောက်ထပ်အရေးပါသည့် ဗီတာမင် တစ်မျိုးမှာ ဗီတာမင် E ဖြစ်ပါသည်။ ဗီတာမင် E သည် အခြားဆဲလ်များထက် ကိုယ်ခံအားစနစ်၏ ဆဲလ်များတွင် ပမာဏ ပိုမိုများပြားစွာ တွေ့ရှိရသကဲ့သို့ ဗီတာမင် E ချို့တဲ့သည့်အခါတွင်လည်း ကိုယ်ခံအားစနစ်ကို များစွာ ထိခိုက်အားနည်းမှု ဖြစ်ပေါ်စေပါသည်။ ဗီတာမင် E သည် ရောဂါပိုးမွှားများကို တိုက်ဖျက်သည့်နေရာတွင် အရေးပါသည့် T ဆဲလ်များ၏ ကြီးထွားဖွံ့ဖြိုးမှုကို အကူအညီများစွာ ပေးပါသည်။

ထို့ပြင် ဗီတာမင် E ကိုယ်တိုင်သည်လည်း အစွမ်းထက်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခု ဖြစ်သည့်အတွက် ခန္ဓာကိုယ်ကို ရောဂါပိုးမွှားများ အန္တရာယ်မှ ကာကွယ်သည့် နေရာတွင် အရေးပါလှပါသည်။

ဗီတာမင် E ချို့တဲ့ခြင်း ဖြစ်စဉ်သည် ရှားပါးလှပါသည်။ သို့သော် စမ်းသပ်လေ့လာမှုအနေဖြင့် အသက်အရွယ် ကြီးရင့်သည့် လူကြီးများတွင် နေ့စဉ် ဗီတာမင် E လိုအပ်ချက်ပမာဏထက် အနည်းငယ်မျှ ပိုလျှံအောင် ဗီတာမင် E ဖြည့်စွက်ဆေးဝါးများကို သောက်သုံးစေသောအခါ ကိုယ်ခံအားစနစ်သည် များစွာပိုမို တိုးတက်ကောင်းမွန်လာကြောင်း တွေ့ရှိရပါသည်။

အသက်အရွယ်ကြီးရင့်လာသောအခါ အရေပြားတွင် ရေဓါတ်ထိန်းသိမ်းနိုင်စွမ်း ကျဆင်းလာကာ အရေပြား ခြောက်သွေ့လာတတ်ပါသည်။ ထိုအခါ အရေပြား ယားယံခြင်းကဲ့သို့သော ပြဿနာများ ဖြစ်ပေါ်လာတတ်သည့်အပြင် အရေပြား ကွဲအက်လာခြင်းကြောင့်လည်းကောင်း၊ ယားယံသည်နေရာများကို ကုတ်ခြစ်မှုကြောင့်လည်းကောင်း အရေပြားတွင် ဒဏ်ရာများရရှိလာကာ ရောဂါပိုးများ အလွယ်တကူဝင်ရောက်နိုင်ပါသည်။ ဗီတာမင် E သည် အရေပြားကို ရေဓာတ်ပြည့်ဝစေသည့်အတွက် အရေပြားခြောက်သွေ့မှုကို သက်သာစေကာ အက်ကွဲခြင်း၊ ယားယံခြင်းများကိုလည်း လျော့နည်းစေပါသည်။ အထက်ပါနည်းအားဖြင့်လည်း ဗီတာမင် E သည် ကိုယ်ခံအားစနစ်ကို တစ်ထောင့် တစ်နေရာမှ အားဖြည့်ကူညီပေးနိုင်ပါသည်။

ဗီတာမင် E ကို နေကြာဆီ၊ ပဲပိစပ်ဆီ စသည့်အပင်မှ ထွက်သော အဆီများတွင်လည်းကောင်း၊ မြေပဲ၊ အယ်လ်မွန်သီးကဲ့သို့သော အစေ့အဆန်များတွင်လည်းကောင်း၊ ဖရုံသီး၊ ငရုပ်ပွအနီကဲ့သို့သော ဟင်းသီးဟင်းရွက်များတွင်လည်းကောင်း ပေါများစွာတွေ့ရှိရပါသည်။ ထို့အပြင် အားဖြည့်ဆေးဝါးများအဖြစ် သောက်သုံးလိုပါလည်း ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။

ဒေါက်တာမိုး (ဆေး ၁)

Previous Post

အပျိုအအို ခွဲခြားလို့ရလား?

Next Post

ဆောင်းရာသီမှာ ကိုယ်ခံအားကောင်းအောင် ဘယ်လိုလုပ်ဆောင်မလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
207
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

3 years ago
383
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
382
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

3 years ago
445
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

3 years ago
327
The secret of pumpkin to lose weight

ဝိတ်ကျစေမယ့် ရွှေဖရုံသီးရဲ့ လျှို့ဝှက်ချက်

3 years ago
186

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
How to strengthen your immune system in winter

ဆောင်းရာသီမှာ ကိုယ်ခံအားကောင်းအောင် ဘယ်လိုလုပ်ဆောင်မလဲ

To make it clear to the beholder

မြင်သူငေးတဲ့ အကြည်ဓာတ်လေးဖြစ်စေဖို့

How does calisthenics benefit the muscles

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းက ကြွက်သားတွေကို ဘယ်လိုကောင်းကျိုး ဖြစ်စေလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.