fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

Do men want to take nutritional supplements?
1.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/01/2024
in အမျိုးသားကျန်းမာရေး
1 min read
A A

ဖြည့်စွက်စာအားဆေးတွေ တွင်ကျယ်နေတဲ့ခေတ်မှာ အမျိုးသားတွေရော ဖြည့်စွက်စာတွေ သောက်သုံးဖို့လိုလား ဆိုတဲ့ မေးခွန်းက စိတ်ဝင်စားစရာပါပဲ။

ဖြည့်စွက်စာတွေ သောက်သုံးတာက အပိုတွေပါ၊ မလိုပါဘူးဆိုတဲ့ အမြင်တွေကလည်း ရှိတယ်မဟုတ်လား။ လူတိုင်းလူတိုင်းက ကျန်းမာရေးနဲ့ ညီတဲ့ balanced diet ကို နေ့စဥ်စားနိုင်မယ်၊ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်နိုင်မယ်ဆိုရင် ဖြည့်စွက်စာအားဆေးတွေကို သောက်ဖို့ မလိုပါဘူး။

ဒါပေမယ့် ပြောင်းလဲလာတဲ့ ခေတ်ကာလအခြေအနေ အသင့်စားအစားအစာတွေ များတဲ့ခေတ်မှာ နေ့စဥ်အသီးအရွက် ၅ မျိုး၊ အသား ၅ ကျပ်သားခန့်နဲ့ သစ်သီးတွေ ပါဝင်အောင် စားသုံးဖို့၊ ဆီကြော်တွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေ ရှောင်ဖို့ ဆိုတာ တကယ်မလွယ်လှသလို အလုပ်တွေများ၊ စိတ်ဖိစီးမှုတွေများပြီး ကိုယ်လက်လှုပ်ရှားမှုလည်း နည်းတဲ့အခါ ကျန်းမာပြီး အာဟာရပြည့်နိုင်ဖို့ ဖြည့်စွက်စာအားဆေးတွေရဲ့ အကူအညီကို လိုလာပါတယ်။

ဒါကြောင့် အမျိုးသားတွေအတွက် ဖြည့်စွက်စာ ရွေးချယ်တဲ့အခါ ဘယ်လို ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်သင့်တယ် ဆိုတာကို ပြောပြပေးသွားပါမယ်။

ဗီတာမင် A

ဗီတာမင် A က အမြင်အာရုံအတွက် အရေးကြီးတဲ့ ဗီတာမင်ပါ။ ဖုန်း၊ ကွန်ပြူတာတွေ တချိန်လုံး သုံးနေကြရတဲ့ IT ခေတ်ကြီးမှာ ဗီတာမင် A ကို လိုအပ်ပါတယ်။

ဗီတာမင် C

ဗီတာမင် C ကတော့ ကိုယ်ခံအားကောင်းပြီး ရောဂါပိုးတွေကို ခုခံကာကွယ်ပေးပါတဲ့ antioxidants ဖြစ်ပါတယ်။ အနာကျက်မြန်တာ၊ ဆဲလ်အသစ်တွေ ဖြစ်စေတာနဲ့ အသားအရေ ချောမွေ့စေတာကလည်း ဗီတာမင် C ကြောင့်ပါ။

ဗီတာမင် D

ဗီတာမင် D ကတော့ ကြွက်သားနဲ့ အရိုးအဆစ်တွေ သန်မာအောင် လုပ်ဆောင်ပေးပါတယ်။ ခန္ဓာကိုယ်ကနေ ကယ်လ်ဆီယမ်တွေ ပိုမို စုပ်ယူနိုင်အောင်လည်း ဗီတာမင် D က ကူညီပေးပါတယ်။

ဗီတာမင် B complex

ဗီတာမင် B complex ဆိုတာက ဗီတာမင် B1, B2, B3, B5, B6, B7, B9, B12 ရှစ်မျိုး ပေါင်းထားတာကို ခေါ်တာ ဖြစ်ပြီး စွမ်းအင်တွေ ထုတ်လုပ်ဖို့၊ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေ ကောင်းဖို့နဲ့ နှလုံးကျန်းမာရေး ကောင်းဖို့ အရေးပါပါတယ်။

အိုမီဂါသရီး ဖက်တီးအက်ဆစ် (omega 3 fatty acids)

Omega 3 fatty acids ကတော့ ငါးကြီးဆီပါ။ ငါးကြီးဆီက နှလုံးကျန်းမာစေပြီး မှတ်ဥာဏ်ကောင်းစေသလို ရောင်ရမ်းမှုတွေကိုလည်း လျော့ကျစေပါတယ်။

မဂ္ဂနီဆီယမ်

မဂ္ဂနီဆီယမ်က အမျိုးသားတွေရဲ့ ကျန်းမာရေးအတွက် အရေးပါတဲ့ သတ္တုဓာတ်ဖြစ်ပြီး စွမ်းအင်တွေ ထုတ်လုပ်ပေးတာ၊ အာရုံကြောတွေ ကောင်းစေတာ၊ ကြွက်သားတွေ သန်မာစေတာ၊ သွေးဖိအားကို လျော့ကျစေတာ စတဲ့ အာနိသင်တွေ ရှိပါတယ်။

ကယ်လ်ဆီယမ်

ကယ်လ်ဆီယမ်က အရိုးသန်မာစေပြီး အရိုးပါး၊ အရိုးပွရောဂါ မဖြစ်အောင် ကာကွယ်ပေးလို့ အမျိုးသားတွေအတွက် အရေးကြီးတဲ့ သတ္တုဓာတ်ပါ။ ဗီတာမင် D နဲ့ တွဲသောက်ရင် ပိုပြီး စုပ်ယူမှု အားကောင်းစေပါတယ်။

ပိုတက်ဆီယမ်

ပိုတက်ဆီယမ်ကလည်း အရေးအပါဆုံး သတ္တုဓာတ်တမျိုး ဖြစ်ပြီး ခန္ဓာကိုယ်တွင်း အရည်ပမာဏကို ထိန်းညှိပေးတာ၊ နှလုံးကြွက်သား အပါအဝင် ကြွက်သားတွေကို ညှစ်အားကောင်းစေတာ၊ အာရုံကြောတွေ အားကောင်းစေတာ စတဲ့ အကျိုးကျေးဇူးတွေ ရစေပါတယ်။

ဇင့်ဓာတ်

ဇင့်ဓာတ်က ကိုယ်ခံအား ကောင်းစေသလို အမျိုးသားတွေအတွက် အရေးပါတဲ့ တက်စတိုစတီရုန်း ဟော်မုန်းတွေ ထွက်ရှိစေပြီး ဆီးကျိတ်ပြဿနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် ဆီးကျိတ်ရောဂါ ကာကွယ်တဲ့ saw palmetto ပါဝင်တဲ့ ဖြည့်စွက်စာတွေက အသက် ၅၀ ကျော် အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အာဟာရတွေ စုံလင်အောင် စားသောက်ဖို့ အခြေအနေ မပေးလို့ ဖြည့်စွက်စာ သောက်မယ့် အမျိုးသားတွေဟာ အခုပြောခဲ့တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တဲ့ ဖြည့်စွက်စာတွေကို ဂရုပြု ရွေးချယ်သင့်ကြောင်း မျှဝေလိုက်ပါတယ်။

Author: Dr.Yee Mon

Previous Post

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

Next Post

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
736
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

1 year ago
629

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
981

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1k

ဘယ်လိုလူတွေမှာ ဆီးကျိတ်ရောဂါအဖြစ်များလဲ?

2 years ago
1.7k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

What you need to know about blood clotting

သွေးပျစ်ရာမှ သွေးခဲခြင်းအကြောင်း သိကောင်းစရာ

About immunity and supplements

ကိုယ်ခံအားနှင့် ဖြည့်စွက်အားဆေးများအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.