fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ဗီတာမင်  A က ကလေးများရဲ့ ခန္ဓာကိုယ်အတွက် ဘယ်လိုအရေးပါသလဲ

71
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/10/2020
in ကျန်းမာစေသော အစားအစာ, မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးများ၏ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးအတွက် ဗီတာမင် နှင့် သတ္တုဓာတ်များသည် အဓိကအရေးကြီးပါသည်။ အဆိုပါ ဗီတာမင်နှင့် သတ္တုဓာတ်များသည် ကလေးများ၏ ခန္ဓာကိုယ်ရှိ ဇီဝကမ္မဖြစ်စဉ်အမျိုးမျိုးတို့အတွက် မရှိမဖြစ် လိုအပ်သော Organic ဒြပ်ပေါင်းများ ဖြစ်ကြပါသည်။ ထိုသို့ အရေးပါသော ဗီတာမင်ဓာတ်များထဲမှ တစ်မျိုးမှာ ဗီတာမင် A ဖြစ်ပါသည်။ ဗီတာမင် A သည် ကလေးများ၏ အမြင်အာရုံဆိုင်ရာ၊ အရိုးကြီးထွားမှုဆိုင်ရာနှင့် ရောဂါများကို ကာကွယ်မှုဆိုင်ရာတို့တွင် အရေးပါသော အခန်းကဏ္ဍမှတည်ရှိ နေပါသည်။

 

ကလေးတို့၏ အမြင်အာရုံအတွက် ဗီတာမင် A ၏ အရေးပါမှု

ဗီတာမင် A သည် ကလေးတို့၏ မျက်လုံးအတွင်းရှိ မြင်လွှာပေါ်တွင်ရှိသော အလင်းလက်ခံဆဲလ်များတွင်ရှိသည့် rhodopsin ဟုခေါ်သည့် ပရိုတင်းတစ်မျိုး၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ထို့အပြင် ဗီတာမင် A သည် မျက်ကာအမြှေးပါးနှင့် မျက်ကြည်လွှာတို့၏ လုပ်ငန်းဆောင်တာများကိုလည်း ထောက်ပံ့ပေးနိုင်ပါသည်။ ဗီတာမင် A ချို့တဲ့လျှင် ကလေးများသည် မျက်ရည်မထုတ်လုပ်နိုင်သော မျက်လုံးခြောက်သွေ့သည့် ရောဂါကို ခံစားရနိုင်ပါသည်။ အဆိုပါ မျက်လုံးခြောက်သွေ့သည့် ရောဂါကို မကုသဘဲထားလျှင် မျက်စိကွယ်သည်အထိ ဆိုးရွားနိုင်ပါသည်။ ဗီတာမင် A ချို့တဲ့ခြင်းကြောင့် အမြင်အာရုံကွယ်သွားသည့် ကလေးငယ်အရေအတွက်သည် တစ်ကမ္ဘာလုံးတွင် တစ်နှစ်လျှင် ၂ သိန်းခွဲမှ ၅ သိန်းကြား ရှိမည်ဟု ခန့်မှန်းထားကြပါသည်။

 

ဗီတာမင် A နှင့် ကိုယ်ခံစွမ်းအား

ဗီတာမင် A သည် ခုခံအားစနစ်တွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်းကို မကြာသေးသော နှစ်ပိုင်းများအတွင်းက သိရှိအလေးထားလာကြပါသည်။ မိခင်၏ ဝမ်းဗိုက်အတွင်းတွင် သန္ဓေဆောင်နေစဉ်ကာလမှ စတင်၍ ဗီတာမင် A ပြည့်ဝစွာ ရရှိခြင်းသည် ကလေး၏ ကိုယ်ခံအားစနစ် ဖွံ့ဖြိုးလာမှုအပေါ် လွှမ်းမိုးမှုများရှိသလို ကလေးဘဝတစ်လျှောက်လုံး ကူးစက်ရောဂါများကို တိုက်ဖျက်ပေးနိုင်သည့် စွမ်းဆောင်ရည်ကိုလည်း တိုးမြင့်လာစေပါသည်။ ထို့အပြင် ဗီတာမင် A တွင် ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိလည်းရှိသောကြောင့် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို မြင့်တက်စေပါသည်။ ထို့အပြင် ဗီတာမင် A သည် ခုခံအားစနစ်တွင် အရေးပါသည့် ဆဲလ်တစ်မျိုးဖြစ်သော T- ဆဲလ် များထုတ်လုပ်မှုကိုလည်း တိုးတက်စေပါသည်။ ကလေးများတွင် ဗီတာမင် A ချို့တဲ့ပါက ဝက်သက်ရောဂါ နှင့် ဝမ်းလျှောရောဂါ ကဲ့သို့သော ဖျားနာရောဂါများ ပိုမိုဖြစ်နိုင်ရန် အခွင့်အလမ်းပိုများစေပါသည်။ ထို့ကြောင့်ကလေးများတွင် ဗီတာမင် A ဖြည့်စွက်ကျွေးမွေးခြင်းသည် အရေးပါသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်လာပါသည်။

 

ဗီတာမင် A ကြွယ်ဝသော အစားအစာများ

ဗီတာမင် A ကို အောက်ပါအစားအစာများတွင် ကြွယ်ဝစွာတွေ့ရှိရပါသည်။

  • ဆော်လမွန်ငါး၊
  • ဆာဒင်းငါး
  • အသည်း၊
  • ဥအနှစ်များ ၊
  • ထောပတ် ၊
  • မလိုင်၊
  • ဒိန်ခဲ၊
  • နွားနို့၊
  • မုန်လာဥနီ၊
  • ဟင်းနုနွယ်၊
  • ကိုက်လန်၊
  • ပဲစိမ်း၊
  • ပင်လယ်ရေညှိ၊
  • ခရမ်းချဉ်သီး၊
  • သခွါးမွှေး၊
  • သရက်သီး၊
  • နိုကိုလီ၊
  • သင်္ဘောသီး စသည်တို့တွင် ကြွယ်၀ပါသည်။ ထို့ကြောင့် ကလေးများတွင် အလွန်အရေးပါလှသော ဗီတာမင် A ကို မချို့တဲ့အောင် ကြိုးစားကျွေးမွေးခြင်းအားဖြင့် ကလေးတို့၏ လှပသော အနာဂတ်ကို ဖန်တီးတည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။

Author : Dr. Kyi

Previous Post

Covid 19 ရောဂါနှင့် သားသားမီးမီးတို့ရဲ့ ကိုယ်ခံအားစနစ်

Next Post

Lc FOS နဲ့ ကလေးတို့ရဲ့ ကျန်းမာရေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
256

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
825

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
461
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
207

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Lc FOS နဲ့ ကလေးတို့ရဲ့ ကျန်းမာရေး

သားသားမီးမီးတို့ စားလိုက်တဲ့ အစားအစာတွေ အားလုံးကို ကောင်းစွာ ချေဖျက်ပြီး စုပ်ယူနိုင်ဖို့ ဆိုရင်

ဦးနှောက်စွမ်းဆောင်ရည်နဲ့ ပတ်သက်တဲ့အစားအစာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.