အဲ့ဒီလိုလေးလံနေတာမျိုးမဖြစ်ပဲ တစ်နေကုန်လန်းဆန်းတက်ကြွနေပြီး သွက်သွက်လက်လက်နဲ့ အလုပ်တွေပြီးမြောက်နိုင်ဖို့ ဘယ်လိုနေထိုင်ပြုမူကြမလဲ?
၁) မနက်အိပ်ယာထလို့ မျက်လုံးပွင့်ပြီဆိုတာနဲ့ အိပ်ယာထဲမှာ ခဏထပ်လှဲနေတာမျိုးတွေကို ရှောင်ပေးပါ
တစ်နေ့တာလုံးရဲ့စိတ်အခြေအနေဟာ အိပ်ယာထထချင်း ပထမဆုံး ဆယ်မိနစ်အတွင်းက စိတ်အခြေအနေနဲ့ ထပ်တူညီနေလိမ့်မယ်လို့ ဆိုကြပါတယ်။ မနက်မိုးလင်း မျက်လုံးပွင့်ပြီဆိုတာနဲ့ အတတ်နိုင်ဆုံး အိပ်ယာထဲမှာ ဆက်လှဲနေတာမျိုးလုပ်တာက လူကိုပျင်းရိပျင်းတွဲ့ဖြစ်စေပါတယ်။ ရေများများသောက်ပြီး လုပ်စရာရှိတာတွေကို စိတ်နဲ့စကားပြောပြီးလုပ်ပါ။ မျက်လုံးပွင့်တာနဲ့ ဝုန်းခနဲထတာမျိုးကတော့ ခေါင်းကိုက်စေတတ်လို့ ရှောင်သင့်ပါတယ်။
၂) အားကစားတစ်ခုခုဆော့ပေးပါ
ကိုယ်ရောစိတ်ပါ ကျန်းမာဖို့ဆို အားကစားကတော့ လူတိုင်းမဖြစ်မနေလုပ်သင့်တဲ့အရာပါ။ လမ်းလျှောက်တာ၊ ပြေးတာ(jogging) မျိုးက သက်ကြီးရွယ်အိုတွေအနေနဲ့ လုပ်ပေးသင့်တဲ့လေ့ကျင့်ခန့်တွေထဲက အသင့်တော်ဆုံးတွေပါ။ လူငယ်တွေအနေနဲ့ကတော့ gym ကစားတာဖြစ်ဖြစ်၊ ရေကူးတာဖြစ်ဖြစ်၊ တခြားအားကစားတခုခုပဲဖြစ်ဖြစ် ကစားပေးသင့်ပါတယ်။ တစ်နေ့ကိုအနည်းဆုံး မိနစ်(၃၀)ခန့်တော့ အချိန်ပေးသင့်ပါတယ်နော်။
၃) အချိန်အကြာကြီးထိုင်တာမျိုးကိုလည်း ရှောင်ပေးပါ
အချိန်အကြာကြီးထိုင်တာက လူရဲ့ကိုယ်နေကိုယ်ဟန်ကိုလည်း ထိခိုက်စေပြီး ကြည့်မကောင်းတာမျိုးလည်း ဖြစ်တတ်ပါတယ်။ နောက်ပြီး ကျောနာတာ၊ ဇက်နာတာမျိုးတွေပါ ဖြစ်စေတတ်ပြီး အဆိုးဆုံးအထိကတော့ အဝလွန်တာ၊ သွေးတိုးတာနဲ့၊ ဆီးချိုသွေးချိုရောဂါတွေ နောက်ဆက်တွဲဆိုးကျိုးတွေက တစ်ပုံတစ်ပင်နဲ့ပါ။ တစ်နာရီခန့်ထိုင်ပြီး ၁၀ မိနစ်ခန့်တော့ လမ်းထလျှောက်ပေးသင့်ပါတယ်။
၄) To do list ချရေးပါ
ကိုယ့်ရဲ့တစ်နေ့တာကို မအားအောင်ထားပေးချင်းကလည်း တစ်ဖက်ကကြည့်ရင် စိတ်ညစ်စရာတွေစဥ်းစားဖို့အချိန်မရလို့ တစ်မျိုးတစ်ဖုံကောင်းစေပါတယ်။ To do list တွေချရေးထားခြင်းကလည်း အလုပ်ကို ပိုပြီးပြီးမြောက်စေသလို အချိန်ဆွဲတတ်တဲ့ အကျင့်ကိုလည်း ပျောက်စေပါတယ်။ မနက်ဖြန်ကစပြီး to do list လေးလုပ်ပြီး စတင်ကြည့်ပါ။
၅) ကော်ဖီသောက်ပါ
ကော်ဖီဆိုတာ ကဖင်းဓာတ်ပါလို့ လူကိုလန်းဆန်းစေပါတယ်။ ကော်ဖီတစ်ခွက်နဲ့ စတင်ရတဲ့ နေ့တစ်နေ့က ဘယ်လိုနေလဲဆိုတာ ကော်ဖီချစ်သူတွေတော့ သိပြီးဖြစ်မှာပါ။ ကော်ဖီမကြိုက်သူကလည်း လက်ဖက်ရည်ဖြစ်ဖြစ် သောက်ပေးလို့ရပါတယ်။ ကော်ဖီနဲ့ လက်ဖက်ရည် ဘယ်သူစွမ်းလဲဆိုတာတော့ ကိုယ်တိုင်စမ်းသပ်ကြည့်လိုက်ပါနော်။
၆) သီချင်းနားထောင်ပါ
ဂီတရဲ့ တတ်နိုင်စွမ်းကတော့ အများကြီးပါ။ ကိုယ့်ကိုအပန်းပြေစေနိုင်မဲ့ သီချင်းလေးတွေ ရှာဖွေစုဆောင်းပြီး playlist လုပ်ထားပါ။ မနက်စာပြင်ရင်း သီချင်းသံသာသာယာယာလေးနဲ့ နေ့တစ်နေ့ပျော်ပျော်ကြီး စတင်လိုက်ပါ။
တစ်နေ့ပြီးတစ်နေ့ ထက်ထက်မြက်မြက်နဲ့ သွက်သွက်လက်လက်ရှိနေအောင် အပေါ်ကနည်းလမ်းလေးတွေ စမ်းသပ်ကြည့်ဖို့ အားပေးပါတယ်။
Author: Dr.Aye Myat Mon