အတ်ထရာဆောင်း(Ultrasound) ရိုက်တယ်ဆိုတာ ဘာလဲ
အတ်ထရာဆောင်းရိုက်တယ်ဆိုတာ ဘာကိုစစ်ဆေးတာလဲ ဟူသောမေးခွန်းက Ondr မှာ မေးလေ့ရှိသော မေးခွန်းတစ်ခုပါ။ အတ်ထရာဆောင်း ဆိုသည်မှာ ပုံရိပ်ဖမ်းစက်တစ်ခု ဖြစ်ပါတယ်။ အန္တရာယ်ကင်းသော စစ်ဆေးမူ နည်းပညာပင် ဖြစ်ပါတယ်။ မိမိရိုက်လိုသောနေရာကို ဂျယ်လ်လိမ်းက စမ်းသပ်မှု ကိရိယာဖြင့် အသံလှိုင်းဖမ်းခြင်း ဖြစ်ပါတယ်။
ထိုအသံလှိုင်းကို ပုံရိပ်အဖြစ် ပြောင်းလဲဖမ်းယူ ရရှိပါတယ်။ ပုံမှန် အတ်ထရာဆောင်းရိုက်မှုသည် လိုချင်သော အဖြေပေါ် မူတည်၍ မိနစ်၃၀မှ တနာရီထိ ကြာမြင့်တတ်ပါတယ်။ရိုက်ကူးစမ်းသပ်စဉ် လူနာသည် သတိကောင်းစွာ သိရှိလျက် ရိုက်ကူးပါသည်။
မိမိစမ်းသပ်မှု ခံယူရမည့် အတ်ထရာဆောင်း အမျိုးအစားပေါ် မူတည်၍ ကြိုတင်ပြင်ဆင်မှုလုပ်ရလေ့ရှိပါတယ်။ ဥပမာ အစာကြိုတင်ရှောင်ခြင်း၊ ဆီးအိမ်တင်းရန် ရေကြိုတင်သောက်ခြင်း စသည်တို့ ဖြစ်ပါတယ်။
အတ်ထရာဆောင်းသည် အခြားသော စစ်ဆေးမှုများထက် အကျိုးများလှပါတယ်။
-နာကျင်မှုမရှိခြင်း၊ ဆေးထိုး၊ ဆေးသွင်းခြင်း၊ ခွဲစိတ်မှုမပြုခြင်း
-ဓာတ်ရောင်ခြည်သင့်မှု မခံရခြင်း၊
-ဓာတ်မှန်တွင် မပေါ်သော ကိုယ်တွင်းအင်္ဂါများ မြင်ရခြင်း
-ကုန်ကျစရိတ် သက်သာခြင်း စသည်တို့ဖြစ်ပါတယ်။
အတ်ထရာဆောင်းနည်းပညာကိုအခြေခံ၍ ခေတ်မီသာ နည်းစနစ်များ ရှိလာပါတယ်။
(1)ကိုယ်တွင်းသွေးကြောအတွင်းရှိ သွေးစီးဆင်းမှုကို သိရှိနိုင်သော Doppler သည် အတ်ထရာဆောင်းတမျိုးပင် ဖြစ်ပါသည်။
(2)အရိုးပွခြင်းကို သိနိုင်သော bone sonography
(3)နှလုံးကို သေချာသိနိုင်သော Echo
(4)3D ၃ဘက်မြင် အတ်ထရာဆောင်းနှင့်
(5)4D ၄ဘက်မြင် အက်ထရာဆောင်း
(6)မိန်းမကိုယ်အတွင်းထဲမှနေ၍ သားအိမ်၊ သားဥအိမ် အခြေအနေ သိရှိနိုင်သော transvaginal အတ်ထရာဆောင်း
(7)prostate အခြေအနေကို သိရှိနိုင်သော transrectal အတ်ထရာဆောင်း
(8)အစာရေမျိုကို သိနိုင်သော transesophageal echocardiogram စသည်ဖြင့် အမျိုးမျိုးအဆင့်မြင့် အတ်ထရာဆောင်းများပင် ဖြစ်ပါတယ်။
(A)ရောဂါရှာဖွေမှု
အတ်ထရာဆောင်းရိုက်ခြင်းအားဖြင့် နှလုံး၊သွေးကြောများ၊အသည်း၊သည်းခြေအိတ်၊ဘေလုံး၊သရက်ရွတ်၊ကျောက်ကပ်၊ဆီးအိမ်၊သားအိမ်၊သားဥအိမ်၊မျက်လုံး၊သိုင်းရွိုက်နှင့်တက်စိတိစသောအင်္ဂါများကို စစ်ဆေးတွေ့ရှိနိုင်ပါတယ်။သို့သော်အချို့သောအင်္ဂါများ အရိုး၊လေ၊ဂက်စ်ရှိသော အင်္ဂါအစိတ်အပိုင်းများ (အူ)ကိုတော့ မစစ်ဆေးနိုင်ပါ။
(B)ကုသမူ
အတ်ထရာဆောင်းရိုက်ခြင်းသည် ရောဂါရှာဖွေခြင်းအပြင် ရောဂါကုသရာတွင်လည်း အသုံးပြုနိုင်ပါသည်။ အတ်ထရာဆောင်း ရိုက်စဉ် လိုအပ်သော အသားစပါယူ၍ စစ်ဆေးနိုင်ပါတယ်။ Soft tissue များကိုလည်း တခါတည်း ကုသနိုင်ပါတယ်။
(C)အသုံးဝင်မှုများ
အတ်ရာဆောင်းရိုက်ကူးမှုသည် ကိုယ်ဝန်ဆောင်သည်များ အတွက် အလွန်အသုံးဝင်သော စမ်းသပ်မှုပင် ဖြစ်ပါတယ်။ အခြားသော ရောဂါများအတွက်လည်း တိကျသော ရောဂါရှာဖွေမှုတစ်ခုပင် ဖြစ်ပါတယ်။
-ကိုယ်ဝန်ဆောင်များအတွက် မွေးဖွားမည့်ရက်၊ ကလေးအနေအထား၊ အချင်းအနေအထား၊ရေမြွှာ အနေအထား၊ ယောကျာၤးလေး၊ မိန်းခလေး၊ မွေးရာပါ ရောဂါရှိမရှိ စသည်ဖြင့် သိရှိနိုင်ပါတယ်။ ကလေးငယ် ဘယ်လောက်အရွယ်ကြီးသလဲ ရိုးရိုးမွေးနိုင်မလား စသည်ဖြင့် ခန့်မှန်းနိုင်ပါတယ်။
Author: Dr. ပြည့်ရှင်း