(Zawgyi ျဖင့္ဖတ္ရန္)
ကိုယ္ဝန္ေဆာင္ျခင္းႏွင့္ ဗိုက္မွအေရးအေၾကာင္းမ်ား
အေၾကာျပတ္ျခင္းေခၚ အေရးအေၾကာင္းမ်ားသည္ လူပ်ိဳေဖာ္/အပ်ိဳေဖာ္ဝင္စ အမ်ိဳးသား/အမ်ိဳးသမီး မည္သူမဆို ျဖစ္ေပၚခံစားရႏိုင္ေသာ အေရျပားဆိုင္ရာ ျပႆနာတရပ္ျဖစ္သည္။ အမ်ိဳးသားမ်ားထက္ အလွႀကိဳက္ေသာ အမ်ိဳးသမီးမ်ားတြင္ (အထူးသျဖင့္ ကိုယ္ဝန္ေဆာင္ခ်ိန္မ်ားတြင္) ပိုမိုျဖစ္ေပၚ ခံစားရေစႏိုင္ကာ ခံစားရသည့္ မည္သူမဆို အျမန္ဆုံး သက္သာ ေပ်ာက္ကင္းလိုၾကသည္။ အေၾကာျပတ္ျခင္းကို ျဖစ္ေစေသာ အေၾကာင္းအရင္းကိုလိုက္၍ အခ်ိန္တန္လွ်င္ သူ႔အလိုလို သက္သာေပ်ာက္ကင္းသြားႏိုင္ေသာ္လည္း မျဖစ္ပြားလိုသူ၊ အျမန္ဆုံုးသက္သာလိုသူမ်ား အေနႏွင့္ ေအာက္ေဖာ္ျပပါ အခ်က္မ်ား သိရွိထားသင့္သည္။
ခႏၶာကိုယ္တြင္ျဖစ္ေလ့ရွိေသာ အေရးအေၾကာင္းမ်ား
အေရးအေၾကာင္းမ်ားသည္ ခႏၶာကိုယ္အေပၚယံ အေရျပား႐ုတ္တရက္ တင္းလာျခင္းေၾကာင့္ ျဖစ္ရျခင္းျဖစ္ကာ ျမန္မာလို အေၾကာျပတ္ရာမ်ားဟု သိၾကသည္။ အမ်ိဳးသမီးမ်ားတြင္ပိုမို ျဖစ္ပြားႏိုင္ၿပီး ဝမ္းဗိုက္၊ တင္ပါး၊ ရင္သားႏွင့္ ေပါင္မ်ားတြင္ အမ်ားဆုံးေတြ႕ရတတ္ကာ စျဖစ္ ကာစတြင္ အနီေရာင္(သို႔) ပန္းေရာင္ သန္းေနႏိုင္ၿပီး ေနာက္ပိုင္းတြင္ အညိဳေရာင္ (သို႔) အျဖဴေရာင္ အစင္းေၾကာင္း/ အေၾကာျပတ္ရာမ်ား ျဖစ္လာတတ္သည္။ အဝလြန္ျခင္း၊ လူပ်ိဳေဖာ္/အပ်ိဳေဖာ္ဝင္စတြင္ ခႏၶာကိုယ္ ႐ုတ္တရက္ထြားလာျခင္းႏွင့္ အမ်ိဳးသမီးမ်ား ကိုယ္ဝန္ေဆာင္ခ်ိန္မ်ားတြင္ ခႏၶာကိုယ္အေရျပား၌ အေၾကာျပတ္ရာမ်ား ေပၚလာႏိုင္သည္။ စပ္ေဆးမ်ားႏွင့္ စတီး႐ြိဳက္ေခၚ ေဆးဝါးမ်ား အခ်ိန္ၾကာျမင့္စြာ သုံးစြဲျခင္းႏွင့္ အခ်ိဳ႕ေသာ ေရာဂါမ်ားေၾကာင့္လည္း ခႏၶာကိုယ္တြင္ အေရးအေၾကာင္းမ်ား မ်ားစြာျဖစ္ေပၚလာႏိုင္သည္။
ကိုယ္ဝန္ေဆာင္စဥ္ အေၾကာျပတ္ျခင္းႏွင့္က်န္းမာေရး
ကိုယ္ဝန္ေဆာင္စဥ္ျဖစ္ေသာ အေၾကာျပတ္ျခင္းမ်ားေၾကာင့္ တခါတရံ ယားယံ တတ္ျခင္းႏွင့္ တင္းက်ပ္သလိုခံစားရႏိုင္ေသာ္လည္း စိုးရိမ္ရန္မလိုပါ။ အလွအပအတြက္ ခဏာတာမွ်သာ ၾကည့္ရဆိုးသကဲ့သို႔ ျဖစ္ေစႏိုင္ေသာ္လည္း ကိုယ္ဝန္ေဆာင္ခ်ိန္ ျဖစ္ေသာ အေရးအေၾကာင္းမ်ားသည္ သာမန္ ျဖစ္႐ိုးျဖစ္စဥ္မွ်သာ ျဖစ္၍ အခ်ိန္တန္လွ်င္ တျဖည္းျဖည္းမွိန္လာကာ ေပ်ာက္ကင္း သြားမည္ျဖစ္သည္။ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး ၁၀ဦးတြင္ ၈ဦးသည္ ကိုယ္ဝန္ ေဆာင္စဥ္ ဝမ္းဗိုက္ႏွင့္ ခါးပတ္လည္တြင္သာမက အျခားခႏၶာကိုယ္ အႏွံ႔အျပားတြင္ အေရးအေၾကာင္းမ်ား ခံစားရႏိုင္သည္။
အေၾကာ ျပတ္ျခင္းမွကာကြယ္ရန္ႏွင့္ သက္သာေစရန္
၁။ ေရမ်ားမ်ားေသာက္ပါ
ေရမ်ားမ်ားေသာက္ေပးျခင္းျဖင့္ အသားအေရႏွင့္ခႏၶာကိုယ္အတြက္ လိုအပ္ေသာ ေရဓာတ္ကို ျဖည့္ေပးႏိုင္႐ုံသာမက ေဖာ္ျပပါ Collagen ႏွင့္ Elastin တို႔၏ အာနိသင္ ကိုလည္း ေကာင္းမြန္ေစႏိုင္သျဖင့္ ေရမ်ားမ်ားေသာက္ေပးရန္လိုသည္။ ေရကို ဆာမွ ေသာက္သုံးျခင္းမျပဳလုပ္သင့္ပဲ တေန႔တာအတြက္ အနည္းဆုံးေရ ၂လီတာခန႔္ ေသာက္ေပးသင့္သည္။
၂။ Collagen မ်ားမ်ားထြက္ေစႏိုင္ေသာအစားအစာမ်ားစားသုံးပါ
Collagen သည္ ခႏၶာကိုယ္အေရျပားရွိ တစ္ရႈမ်ားေကာင္းစြာခ်ိတ္ဆက္မႈ ရွိေနေစရန္အတြက္ အေထာက္အကူေပးႏိုင္သည္။ ထို႔ေၾကာင့္ အေရျပားအတြက္ လိုအပ္ေသာ Collagen ပမာဏေကာင္းစြာ ထြက္ရွိေစႏိုင္ေသာ အစားအစာမ်ား စားေပးျခင္းျဖင့္ တစ္ရွဴးမ်ား ျပတ္ျခင္းေၾကာင့္ျဖစ္ေသာ အေရးအေၾကာင္းမ်ားကို သက္သာေစမည္ျဖစ္သည္။ လိေမၼာ္သီး၊ ဂရိတ္ဖ႐ုသီး၊ ဘယ္ရီသီး၊မ်ား၊ ေထာပတ္သီး၊ အျခားအနီေရာင္ရွိေသာ အသီးအႏွံမ်ား၊ အစိမ္းရင့္ေရာင္အသီးအႏွံႏွင့္ ဟင္းသီး ဟင္း႐ြက္မ်ား၊ ပဲႏို႔၊ Cheese မ်ား၊ ဂုံးေကာင္ႏွင့္ ငါးစသည္တို႔ကို စားေပးသင့္သည္။ Collagen ပါဝင္ေသာ ျဖည့္စြက္စာမ်ားကိုလည္း လိုအပ္လွ်င္ ဆရာဝန္ႏွင့္တိုင္ပင္ၿပီး စားေပး/ေသာက္ေပး ႏိုင္သည္။
၃။ Elastin ေကာင္းစြာထြက္ေစႏိုင္ေသာ အစားအစာမ်ားစားသုံးပါ
Elastin သည္အေရျပား၏ က်ံ႕ႏိုင္ဆန႔္ႏိုင္ျခင္းကို ေထာက္ပံ့ေပးႏိုင္သည့္ အတြက္ ကိုယ္ဝန္ေဆာင္ခ်ိန္သာမက ကိုယ္အေလးခ်ိန္မ်ားလာျခင္းေၾကာင့္ျဖစ္ေသာ အေၾကာျပတ္ျခင္းမ်ားကိုပါ သက္သာ ေစႏိုင္သည္။ သီဟိုေစ့၊ ဗာဒံေစ့၊ ေျမပဲ၊ အျခားအေစ့အဆံမ်ားႏွင့္ နာနတ္သီးစသည္တို႔ကို စားသုံးျခင္းျဖင့္ ခႏၶာကိုယ္အေရျပား အတြက္ လိုအပ္ေသာ Elastin ပမာဏကို ထြက္ရွိေစႏိုင္သည္။
၄။ အေၾကာျပတ္ျခင္းကို ကာကြယ္ႏိုင္ေသာ Cream/Lotions မ်ားလည္း လူးႏိုင္သည္။
ကိုယ္ဝန္ေဆာင္ မိခင္ေလာင္းမ်ားႏွင့္ အျခား အေၾကာျပတ္တတ္သူမ်ားအတြက္ ယေန႔ေခတ္တြင္ ေဈးကြက္အတြင္း ေရာင္းခ်လ်က္ရွိေသာ အေရးအေၾကာင္းမ်ားကို သက္သာေစႏိုင္ေသာ Cream/Lotionမ်ား မ်ားစြာရွိေနၿပီျဖစ္သည္။ အရည္အေသြး ေကာင္းမြန္ေသာ Cream/Lotionမ်ား လူးေပးျခင္းျဖင့္ Collagen ႏွင့္ Elastin ျမန္ျမန္ထြက္ေစႏိုင္ၿပီး အေရျပားအတြက္လိုအပ္ေသာ အစိုဓာတ္ကိုလည္း ထိန္းထားေပးႏိုင္သျဖင့္ ကိုယ္ဝန္ေဆာင္စဥ္ျဖစ္ေသာ အေၾကာျပတ္ ျခင္းႏွင့္ အေရးအေၾကာင္းမ်ားျဖစ္ပြားျခင္းကို ကာကြယ္ႏိုင္႐ုံသာမက ျဖစ္ေပၚ ခံစားေနရသူမ်ားအတြက္လည္း အျမန္ဆုံး သက္သာ ေပ်ာက္ကင္းေစႏိုင္သည္။ ဆရာဝန္ ၫႊန္ၾကားခ်က္အရ အသုံးျပဳျခင္း မဟုတ္ပါက မိမိအေရျပားႏွင့္ တည့္မတည့္ကို ဦးစြာ စမ္းသတ္ၾကည့္ရန္ လိုသည္။
အလွႀကိဳက္သူတိုင္း အဆင္ေျပၾကပါေစ။
Dr. Tint Tal
(Unicode)
ကိုယ်ဝန်ဆောင်ခြင်းနှင့် ဗိုက်မှအရေးအကြောင်းများ
အကြောပြတ်ခြင်းခေါ် အရေးအကြောင်းများသည် လူပျိုဖော်/အပျိုဖော်ဝင်စ အမျိုးသား/အမျိုးသမီး မည်သူမဆို ဖြစ်ပေါ်ခံစားရနိုင်သော အရေပြားဆိုင်ရာ ပြဿနာတရပ်ဖြစ်သည်။ အမျိုးသားများထက် အလှကြိုက်သော အမျိုးသမီးများတွင် (အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်များတွင်) ပိုမိုဖြစ်ပေါ် ခံစားရစေနိုင်ကာ ခံစားရသည့် မည်သူမဆို အမြန်ဆုံး သက်သာ ပျောက်ကင်းလိုကြသည်။ အကြောပြတ်ခြင်းကို ဖြစ်စေသော အကြောင်းအရင်းကိုလိုက်၍ အချိန်တန်လျှင် သူ့အလိုလို သက်သာပျောက်ကင်းသွားနိုင်သော်လည်း မဖြစ်ပွားလိုသူ၊ အမြန်ဆုံးသက်သာလိုသူများ အနေနှင့် အောက်ဖော်ပြပါ အချက်များ သိရှိထားသင့်သည်။
ခန္ဓာကိုယ်တွင်ဖြစ်လေ့ရှိသော အရေးအကြောင်းများ
အရေးအကြောင်းများသည် ခန္ဓာကိုယ်အပေါ်ယံ အရေပြားရုတ်တရက် တင်းလာခြင်းကြောင့် ဖြစ်ရခြင်းဖြစ်ကာ မြန်မာလို အကြောပြတ်ရာများဟု သိကြသည်။ အမျိုးသမီးများတွင်ပိုမို ဖြစ်ပွားနိုင်ပြီး ဝမ်းဗိုက်၊ တင်ပါး၊ ရင်သားနှင့် ပေါင်များတွင် အများဆုံးတွေ့ရတတ်ကာ စဖြစ် ကာစတွင် အနီရောင်(သို့) ပန်းရောင် သန်းနေနိုင်ပြီး နောက်ပိုင်းတွင် အညိုရောင် (သို့) အဖြူရောင် အစင်းကြောင်း/ အကြောပြတ်ရာများ ဖြစ်လာတတ်သည်။ အဝလွန်ခြင်း၊ လူပျိုဖော်/အပျိုဖော်ဝင်စတွင် ခန္ဓာကိုယ် ရုတ်တရက်ထွားလာခြင်းနှင့် အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်များတွင် ခန္ဓာကိုယ်အရေပြား၌ အကြောပြတ်ရာများ ပေါ်လာနိုင်သည်။ စပ်ဆေးများနှင့် စတီးရွိုက်ခေါ် ဆေးဝါးများ အချိန်ကြာမြင့်စွာ သုံးစွဲခြင်းနှင့် အချို့သော ရောဂါများကြောင့်လည်း ခန္ဓာကိုယ်တွင် အရေးအကြောင်းများ များစွာဖြစ်ပေါ်လာနိုင်သည်။
ကိုယ်ဝန်ဆောင်စဉ် အကြောပြတ်ခြင်းနှင့်ကျန်းမာရေး
ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော အကြောပြတ်ခြင်းများကြောင့် တခါတရံ ယားယံ တတ်ခြင်းနှင့် တင်းကျပ်သလိုခံစားရနိုင်သော်လည်း စိုးရိမ်ရန်မလိုပါ။ အလှအပအတွက် ခဏာတာမျှသာ ကြည့်ရဆိုးသကဲ့သို့ ဖြစ်စေနိုင်သော်လည်း ကိုယ်ဝန်ဆောင်ချိန် ဖြစ်သော အရေးအကြောင်းများသည် သာမန် ဖြစ်ရိုးဖြစ်စဉ်မျှသာ ဖြစ်၍ အချိန်တန်လျှင် တဖြည်းဖြည်းမှိန်လာကာ ပျောက်ကင်း သွားမည်ဖြစ်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀ဦးတွင် ၈ဦးသည် ကိုယ်ဝန် ဆောင်စဉ် ဝမ်းဗိုက်နှင့် ခါးပတ်လည်တွင်သာမက အခြားခန္ဓာကိုယ် အနှံ့အပြားတွင် အရေးအကြောင်းများ ခံစားရနိုင်သည်။
အကြော ပြတ်ခြင်းမှကာကွယ်ရန်နှင့် သက်သာစေရန်
၁။ ရေများများသောက်ပါ
ရေများများသောက်ပေးခြင်းဖြင့် အသားအရေနှင့်ခန္ဓာကိုယ်အတွက် လိုအပ်သော ရေဓာတ်ကို ဖြည့်ပေးနိုင်ရုံသာမက ဖော်ပြပါ Collagen နှင့် Elastin တို့၏ အာနိသင် ကိုလည်း ကောင်းမွန်စေနိုင်သဖြင့် ရေများများသောက်ပေးရန်လိုသည်။ ရေကို ဆာမှ သောက်သုံးခြင်းမပြုလုပ်သင့်ပဲ တနေ့တာအတွက် အနည်းဆုံးရေ ၂လီတာခန့် သောက်ပေးသင့်သည်။
၂။ Collagen များများထွက်စေနိုင်သောအစားအစာများစားသုံးပါ
Collagen သည် ခန္ဓာကိုယ်အရေပြားရှိ တစ်ရှုများကောင်းစွာချိတ်ဆက်မှု ရှိနေစေရန်အတွက် အထောက်အကူပေးနိုင်သည်။ ထို့ကြောင့် အရေပြားအတွက် လိုအပ်သော Collagen ပမာဏကောင်းစွာ ထွက်ရှိစေနိုင်သော အစားအစာများ စားပေးခြင်းဖြင့် တစ်ရှူးများ ပြတ်ခြင်းကြောင့်ဖြစ်သော အရေးအကြောင်းများကို သက်သာစေမည်ဖြစ်သည်။ လိမ္မော်သီး၊ ဂရိတ်ဖရုသီး၊ ဘယ်ရီသီး၊များ၊ ထောပတ်သီး၊ အခြားအနီရောင်ရှိသော အသီးအနှံများ၊ အစိမ်းရင့်ရောင်အသီးအနှံနှင့် ဟင်းသီး ဟင်းရွက်များ၊ ပဲနို့၊ Cheese များ၊ ဂုံးကောင်နှင့် ငါးစသည်တို့ကို စားပေးသင့်သည်။ Collagen ပါဝင်သော ဖြည့်စွက်စာများကိုလည်း လိုအပ်လျှင် ဆရာဝန်နှင့်တိုင်ပင်ပြီး စားပေး/သောက်ပေး နိုင်သည်။
၃။ Elastin ကောင်းစွာထွက်စေနိုင်သော အစားအစာများစားသုံးပါ
Elastin သည်အရေပြား၏ ကျံ့နိုင်ဆန့်နိုင်ခြင်းကို ထောက်ပံ့ပေးနိုင်သည့် အတွက် ကိုယ်ဝန်ဆောင်ချိန်သာမက ကိုယ်အလေးချိန်များလာခြင်းကြောင့်ဖြစ်သော အကြောပြတ်ခြင်းများကိုပါ သက်သာ စေနိုင်သည်။ သီဟိုစေ့၊ ဗာဒံစေ့၊ မြေပဲ၊ အခြားအစေ့အဆံများနှင့် နာနတ်သီးစသည်တို့ကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အရေပြား အတွက် လိုအပ်သော Elastin ပမာဏကို ထွက်ရှိစေနိုင်သည်။
၄။ အကြောပြတ်ခြင်းကို ကာကွယ်နိုင်သော Cream/Lotions များလည်း လူးနိုင်သည်။
ကိုယ်ဝန်ဆောင် မိခင်လောင်းများနှင့် အခြား အကြောပြတ်တတ်သူများအတွက် ယနေ့ခေတ်တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော အရေးအကြောင်းများကို သက်သာစေနိုင်သော Cream/Lotionများ များစွာရှိနေပြီဖြစ်သည်။ အရည်အသွေး ကောင်းမွန်သော Cream/Lotionများ လူးပေးခြင်းဖြင့် Collagen နှင့် Elastin မြန်မြန်ထွက်စေနိုင်ပြီး အရေပြားအတွက်လိုအပ်သော အစိုဓာတ်ကိုလည်း ထိန်းထားပေးနိုင်သဖြင့် ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော အကြောပြတ် ခြင်းနှင့် အရေးအကြောင်းများဖြစ်ပွားခြင်းကို ကာကွယ်နိုင်ရုံသာမက ဖြစ်ပေါ် ခံစားနေရသူများအတွက်လည်း အမြန်ဆုံး သက်သာ ပျောက်ကင်းစေနိုင်သည်။ ဆရာဝန် ညွှန်ကြားချက်အရ အသုံးပြုခြင်း မဟုတ်ပါက မိမိအရေပြားနှင့် တည့်မတည့်ကို ဦးစွာ စမ်းသတ်ကြည့်ရန် လိုသည်။
အလှကြိုက်သူတိုင်း အဆင်ပြေကြပါစေ။
Dr. Tint Tal