fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်နေစဉ် လိင်ဆက်ဆံခြင်းနဲ့ ကျန်းမာရေး အမြင်

1.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/05/2017
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး, အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

ဇီဝက ကို မိခင္ေလာင္းေတြ ဖခင္ေလာင္းေတြ ေမးၾကတဲ့အထဲမွာ

“ဆရာ ၊ကိုယ္ဝန္ေဆာင္ေနစဥ္ လိင္ဆက္ဆံလို႔ ရပါ့မလား ၊ဆရာ ။”

“ကိုယ္ဝန္ေဆာင္ေနစဥ္ လိင္ဆက္ဆံရင္ ကေလးကို ထိခိုက္ႏိုင္သလား ၊ဆရာ ။”

“ကြၽန္မေလ ခုဗိုက္နဲ႔ က်မွ အိမ္က အမ်ိဳးသား ကြၽန္မနားကို အကပ္မခံႏိုင္ေတာ့ဘူး ။လာကပ္တာနဲ႔ အလိုလိုေနရင္း ေဒါသေတြ ထြက္လာေရာ ။အဲဒါကေရာ ပုံမွန္ပဲလား

ဆရာ ။”

စတဲ့ အေမးအတိုအထြာ သိလိုသမွ်ကို ဒီေဆာင္းပါးကေန ရွင္းျပလိုက္ပါတယ္ ။

ကိုယ္ဝန္ေဆာင္ေနစဥ္ လိင္ဆက္ဆံလို႔ ရပါသလား ?

ကိုယ္ဝန္က ပုံမွန္ ႀကီးထြား ဖြံ႕ၿဖိဳးမႈရွိတယ္ ဆိုရင္ ေယဘူယ်အားျဖင့္လိင္ဆက္ဆံလို႔ ရပါတယ္ ။ဒါေပမယ့္ အၿမဲတမ္းေတာ့ လိင္မဆက္ဆံသင့္ဘူးေပါ့ ။

ကိုယ္ဝန္ေဆာင္ေနစဥ္ လင္စိတ္သားစိတ္ကုန္တတ္ပါသလား ?

အမ်ိဳးသမီးတိုင္းေတာ့ မဟုတ္ေပမယ့္ တခ်ိဳ႕ေသာ ကိုယ္ဝန္ေဆာင္ေတြမွာ ျဖစ္တတ္ပါတယ္ ။ဘာေၾကာင့္လဲ ဆိုရင္ ဟိုမုန္းလ္ အေျပာင္းအလဲေတြေၾကာင့္ ရယ္ ၊ပ်ိဳ႕ျခင္းအန္ျခင္း ၊စိတ္ပင္ပန္းႏြယ္းနယ္ျခင္းေတြေၾကာင့္ရယ္ ၊ကိုယ္ဝန္လရင့္လာတာနဲ႔ အမွ် ကိုယ္အေလးခ်ိန္တက္လာတာေၾကာင့္ ခါးနာျခင္းေတြ      ေၾကာင့္ရယ္ ၊ကိုယ္ဝန္ အတြက္ စိုးရိမ္မႈ ၊ကေလးအတြက္ ေၾကာင့္ၾကရမႈေတြေၾကာင့္ လင္စိတ္သားစိတ္ကုန္ျခင္း ျဖစ္တတ္တာပါ ။အထူးသျဖင့္ ကိုယ္ဝန္  ေဆာင္ၿပီး ပထမ ၃လ နဲ႔ ေမြးခါနီး၃လ အလိုတို႔မွာ လင္စိတ္သားစိတ္ ပိုကုန္တတ္ပါတယ္ ။

ကိုယ္ဝန္ ဘယ္ႏွလေတြမွာ လိင္ဆက္ဆံသင့္သလဲ ?

ကိုယ္ဝန္ေဆာင္ၿပီး ပထမ ၃လမွာ ေရွာင္သင့္ပါတယ္ ။ဘာေၾကာင့္လဲဆိုရင္ ကိုယ္ဝန္က လႏုစဥ္ အတိမ္းအေစာင္း ခံလို႔ မရပါဘူး ။ေမြးခါနီး ဆိုရင္ေတာ့ ၁ပတ္၂ပတ္ေလာက္ႀကိဳေရွာင္သင့္ပါတယ္ ။

ကိုယ္ဝန္ေဆာင္ေနစဥ္ ဘယ္လိုအေျခအေနမ်ိဳးေတြမွာ လိင္ဆက္ဆံမႈေရွာင္သင့္သလဲ ?

ေနမေစ့ လမေစ့ ေမြးတတ္တဲ့ ရာဇဝင္ရွိသူ ၊မိန္းမကိုယ္က ေသြးဆင္း ေရဆင္းေနသူ ၊ သားအိမ္ေခါင္းမလုံတဲ့သူ ၊အခ်င္းေရွ႕ေရာက္ေနတယ္လို႔ သတ္မွတ္ခံထားရသူ ၊လိင္ဆက္ဆံလို႔မရႏိုင္ေလာက္ေအာင္ ျဖစ္တဲ့ နာတာရွည္ ေရာဂါတစ္ခုခုရွိသူ(ဥပမာ-ႏွလုံးေရာဂါသည္) စသူတို႔သည္ ကိုယ္ဝန္ေဆာင္စဥ္ လိင္ဆက္ဆံမႈ မျပဳသင့္ ။

လိင္ဆက္ဆံမႈ မျပဳရရင္ ဘယ္လိုလုပ္သင့္သလဲ ?

မိမိတို႔ ဇနီးေမာင္ႏွံအခ်င္းခ်င္း တစ္ေယာက္ကို တစ္ေယာက္ စာနာနားလည္မႈေပးကာ လိင္စိတ္ေျပေပ်ာက္ေအာင္လုပ္ႏိုင္တဲ့ လိင္ဆက္ဆံျခင္း မဟုတ္တဲ့တျခားနည္းလမ္းေတြနဲ႔ အာသာေျဖေဖ်ာက္ႏိုင္ပါတယ္ ။

ကိုယ္ဝန္ေဆာင္စဥ္ လိင္ဆက္ဆံက ကေလးကို ထိခိုက္မႈ ရွိပါသလား ?

ေယဘူယ် ေျပာရရင္ ကေလးကို ထိခိုက္မႈ မရွိပါဘူး ။ဘာေၾကာင့္လဲဆိုရင္ ဖြံ႕ၿဖိဳးေနတဲ့ သေႏၶသားေလာင္းကို ကာကြယ္ေပးထားတဲ့ သားအိမ္ရယ္ ၊ေရႁမႊာေရေတြေၾကာင့္ပါ ။ဒါေပမယ့္ တစ္ခု သတိျပဳရမွာ ျပင္းထန္စြာ ေဆာင့္မိက ၊လိင္ဆက္ဆံက ကေလးကို ထိခိုက္ႏိုင္ပါတယ္ ။

လိင္စိတ္ႂကြတဲ့ အတြက္ ကေလးကို ေစာေစာေမြးတတ္ပါသလား ?

အမ်ိဳးသားရဲ႕ သုတ္ရည္ထဲမွာပါတဲ့ ဟိုမုန္းလ္ ဓာတ္တစ္မ်ိဳးေၾကာင့္သားအိမ္ႂကြက္သားေတြ ညႇစ္တတ္ေပမယ့္ ကေလးကို ေစာေစာ မေမြးေစတတ္ပါ ။

ကိုယ္ဝန္ေဆာင္ေနစဥ္ လိင္ဆက္ဆံတဲ့ အတြက္ ကိုယ္ဝန္ ပ်က္က် ႏိုင္သလား ?

ကိုယ္ဝန္ေဆာင္ေနစဥ္ လိင္ဆက္ဆံတဲ့အတြက္ ကိုယ္ဝန္ပ်က္က်မလားလို႔ မိခင္ေလာင္း ဖခင္ေလာင္း ေတာ္ေတာ္မ်ားမ်ားက စိုးရိမ္တတ္ၾကပါတယ္ ။အမွန္ကကိုယ္ဝန္ပ်က္က်တယ္ဆိုတာ ခ႐ိုမုန္းဆုန္းလို႔ ေခၚတဲ့ မ်ိဳး႐ိုး ဗီဇ မမွန္တာ ၊ကေလးႀကီးထြားဖြံ႕ၿဖိဳးမႈ မမွန္တာ ၊ကိုယ္ဝန္ကို ထိခိုက္ေစတဲ့ အျပဳအမူမ်ိဳးလုပ္မိတာေတြ ေၾကာင့္ျဖစ္တာပါ ။လိင္ဆက္ဆံတာနဲ႔ မဆိုင္ပါ ။

ကိုယ္ဝန္ေဆာင္ေနစဥ္မွာ လိင္ဆက္ဆံရင္ ဘယ္လိုအေနအထားကအေကာင္းဆုံးလဲ ?

ကိုယ္ဝန္ေပၚ ဝန္ပိေစမယ့္ အတူေနျခင္းမ်ိဳး ၊အားနဲ႔ ျပင္းျပင္းထန္ထန္ေနျခင္းမ်ိဳးေတြကို ေရွာင္ပါ ။ကိုယ္ေနဟန္ထား အမ်ိဳးမ်ိဳးရွိတဲ့အတြက္ မိမိတို႔ သက္ေသာင့္သက္သာျဖစ္ေစမယ့္ အေနအထားကို ေ႐ြးပါ ။

ပါးစပ္ သို႔မဟုတ္ စအိုနဲ႔ ဆက္ဆံတာ အႏၲရာယ္ ရွိသလား ?

စအိုနဲ႔ ဆက္ဆံတာေတာ့ မလုပ္သင့္ပါ ။ကိုယ္ဝန္ေၾကာင့္ အမ်ိဳးသမီးမွာအတြင္းလိပ္ေခါင္းရွိေနရင္ အဆင္မေျပသလို စအိုက ဘတ္တီးရီးယားပိုးေတြကကိုယ္ဝန္ေဆာင္ မိခင္ေလာင္းရဲ႕ ကိုယ္ထဲ ဝင္ေရာက္သြားႏိုင္ပါတယ္ ။ပါးစပ္နဲ႔ လိင္ဆက္ဆံတာကိုေတာ့ အမ်ိဳးသားေတြ အေနနဲ႔ မိန္းမကိုယ္ထဲ ေလမႈတ္သြင္းၿပီး မဆက္ဆံသင့္ ။ဘာလို႔လဲဆိုရင္ အဲ့ဒီေလလုံးေတြဟာ မိန္းမရဲ႕ ေသြးေၾကာေလးေတြထဲမွာသြားပိတ္ကာ မိခင္ေရာ ကေလးပါ အႏၲရာယ္ရွိပါတယ္ ။

ကိုယ္ဝန္ေဆာင္စဥ္ လိင္ဆက္ဆံရင္ ကြန္ဒုံးသုံးသင့္သလား ?

မိမိရဲ႕လိင္ဆက္ဆံေဖာ္မွာ လိင္ဆက္ဆံျခင္းကတဆင့္ကူးစက္တတ္တဲ့ေရာဂါရွိက ကြန္ဒုံးသုံးသင့္ပါတယ္ ။

Author: ေခတ္သစ္ဇီဝက

(Unicode)

ဇီဝက ကို မိခင်လောင်းတွေ ဖခင်လောင်းတွေ မေးကြတဲ့အထဲမှာ

“ဆရာ ၊ကိုယ်ဝန်ဆောင်နေစဉ် လိင်ဆက်ဆံလို့ ရပါ့မလား ၊ဆရာ ။”

“ကိုယ်ဝန်ဆောင်နေစဉ် လိင်ဆက်ဆံရင် ကလေးကို ထိခိုက်နိုင်သလား ၊ဆရာ ။”

“ကျွန်မလေ ခုဗိုက်နဲ့ ကျမှ အိမ်က အမျိုးသား ကျွန်မနားကို အကပ်မခံနိုင်တော့ဘူး ။လာကပ်တာနဲ့ အလိုလိုနေရင်း ဒေါသတွေ ထွက်လာရော ။အဲဒါကရော ပုံမှန်ပဲလား

ဆရာ ။”

စတဲ့ အမေးအတိုအထွာ သိလိုသမျှကို ဒီဆောင်းပါးကနေ ရှင်းပြလိုက်ပါတယ် ။

ကိုယ်ဝန်ဆောင်နေစဉ် လိင်ဆက်ဆံလို့ ရပါသလား ?

ကိုယ်ဝန်က ပုံမှန် ကြီးထွား ဖွံ့ဖြိုးမှုရှိတယ် ဆိုရင် ယေဘူယျအားဖြင့်လိင်ဆက်ဆံလို့ ရပါတယ် ။ဒါပေမယ့် အမြဲတမ်းတော့ လိင်မဆက်ဆံသင့်ဘူးပေါ့ ။

ကိုယ်ဝန်ဆောင်နေစဉ် လင်စိတ်သားစိတ်ကုန်တတ်ပါသလား ?

အမျိုးသမီးတိုင်းတော့ မဟုတ်ပေမယ့် တချို့သော ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်ပါတယ် ။ဘာကြောင့်လဲ ဆိုရင် ဟိုမုန်းလ် အပြောင်းအလဲတွေကြောင့် ရယ် ၊ပျို့ခြင်းအန်ခြင်း ၊စိတ်ပင်ပန်းနွယ်းနယ်ခြင်းတွေကြောင့်ရယ် ၊ကိုယ်ဝန်လရင့်လာတာနဲ့ အမျှ ကိုယ်အလေးချိန်တက်လာတာကြောင့် ခါးနာခြင်းတွေ      ကြောင့်ရယ် ၊ကိုယ်ဝန် အတွက် စိုးရိမ်မှု ၊ကလေးအတွက် ကြောင့်ကြရမှုတွေကြောင့် လင်စိတ်သားစိတ်ကုန်ခြင်း ဖြစ်တတ်တာပါ ။အထူးသဖြင့် ကိုယ်ဝန်  ဆောင်ပြီး ပထမ ၃လ နဲ့ မွေးခါနီး၃လ အလိုတို့မှာ လင်စိတ်သားစိတ် ပိုကုန်တတ်ပါတယ် ။

ကိုယ်ဝန် ဘယ်နှလတွေမှာ လိင်ဆက်ဆံသင့်သလဲ ?

ကိုယ်ဝန်ဆောင်ပြီး ပထမ ၃လမှာ ရှောင်သင့်ပါတယ် ။ဘာကြောင့်လဲဆိုရင် ကိုယ်ဝန်က လနုစဉ် အတိမ်းအစောင်း ခံလို့ မရပါဘူး ။မွေးခါနီး ဆိုရင်တော့ ၁ပတ်၂ပတ်လောက်ကြိုရှောင်သင့်ပါတယ် ။

ကိုယ်ဝန်ဆောင်နေစဉ် ဘယ်လိုအခြေအနေမျိုးတွေမှာ လိင်ဆက်ဆံမှုရှောင်သင့်သလဲ ?

နေမစေ့ လမစေ့ မွေးတတ်တဲ့ ရာဇဝင်ရှိသူ ၊မိန်းမကိုယ်က သွေးဆင်း ရေဆင်းနေသူ ၊ သားအိမ်ခေါင်းမလုံတဲ့သူ ၊အချင်းရှေ့ရောက်နေတယ်လို့ သတ်မှတ်ခံထားရသူ ၊လိင်ဆက်ဆံလို့မရနိုင်လောက်အောင် ဖြစ်တဲ့ နာတာရှည် ရောဂါတစ်ခုခုရှိသူ(ဥပမာ-နှလုံးရောဂါသည်) စသူတို့သည် ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံမှု မပြုသင့် ။

လိင်ဆက်ဆံမှု မပြုရရင် ဘယ်လိုလုပ်သင့်သလဲ ?

မိမိတို့ ဇနီးမောင်နှံအချင်းချင်း တစ်ယောက်ကို တစ်ယောက် စာနာနားလည်မှုပေးကာ လိင်စိတ်ပြေပျောက်အောင်လုပ်နိုင်တဲ့ လိင်ဆက်ဆံခြင်း မဟုတ်တဲ့တခြားနည်းလမ်းတွေနဲ့ အာသာဖြေဖျောက်နိုင်ပါတယ် ။

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံက ကလေးကို ထိခိုက်မှု ရှိပါသလား ?

ယေဘူယျ ပြောရရင် ကလေးကို ထိခိုက်မှု မရှိပါဘူး ။ဘာကြောင့်လဲဆိုရင် ဖွံ့ဖြိုးနေတဲ့ သန္ဓေသားလောင်းကို ကာကွယ်ပေးထားတဲ့ သားအိမ်ရယ် ၊ရေမြွှာရေတွေကြောင့်ပါ ။ဒါပေမယ့် တစ်ခု သတိပြုရမှာ ပြင်းထန်စွာ ဆောင့်မိက ၊လိင်ဆက်ဆံက ကလေးကို ထိခိုက်နိုင်ပါတယ် ။

လိင်စိတ်ကြွတဲ့ အတွက် ကလေးကို စောစောမွေးတတ်ပါသလား ?

အမျိုးသားရဲ့ သုတ်ရည်ထဲမှာပါတဲ့ ဟိုမုန်းလ် ဓာတ်တစ်မျိုးကြောင့်သားအိမ်ကြွက်သားတွေ ညှစ်တတ်ပေမယ့် ကလေးကို စောစော မမွေးစေတတ်ပါ ။

ကိုယ်ဝန်ဆောင်နေစဉ် လိင်ဆက်ဆံတဲ့ အတွက် ကိုယ်ဝန် ပျက်ကျ နိုင်သလား ?

ကိုယ်ဝန်ဆောင်နေစဉ် လိင်ဆက်ဆံတဲ့အတွက် ကိုယ်ဝန်ပျက်ကျမလားလို့ မိခင်လောင်း ဖခင်လောင်း တော်တော်များများက စိုးရိမ်တတ်ကြပါတယ် ။အမှန်ကကိုယ်ဝန်ပျက်ကျတယ်ဆိုတာ ခရိုမုန်းဆုန်းလို့ ခေါ်တဲ့ မျိုးရိုး ဗီဇ မမှန်တာ ၊ကလေးကြီးထွားဖွံ့ဖြိုးမှု မမှန်တာ ၊ကိုယ်ဝန်ကို ထိခိုက်စေတဲ့ အပြုအမူမျိုးလုပ်မိတာတွေ ကြောင့်ဖြစ်တာပါ ။လိင်ဆက်ဆံတာနဲ့ မဆိုင်ပါ ။

ကိုယ်ဝန်ဆောင်နေစဉ်မှာ လိင်ဆက်ဆံရင် ဘယ်လိုအနေအထားကအကောင်းဆုံးလဲ ?

ကိုယ်ဝန်ပေါ် ဝန်ပိစေမယ့် အတူနေခြင်းမျိုး ၊အားနဲ့ ပြင်းပြင်းထန်ထန်နေခြင်းမျိုးတွေကို ရှောင်ပါ ။ကိုယ်နေဟန်ထား အမျိုးမျိုးရှိတဲ့အတွက် မိမိတို့ သက်သောင့်သက်သာဖြစ်စေမယ့် အနေအထားကို ရွေးပါ ။

ပါးစပ် သို့မဟုတ် စအိုနဲ့ ဆက်ဆံတာ အန္တရာယ် ရှိသလား ?

စအိုနဲ့ ဆက်ဆံတာတော့ မလုပ်သင့်ပါ ။ကိုယ်ဝန်ကြောင့် အမျိုးသမီးမှာအတွင်းလိပ်ခေါင်းရှိနေရင် အဆင်မပြေသလို စအိုက ဘတ်တီးရီးယားပိုးတွေကကိုယ်ဝန်ဆောင် မိခင်လောင်းရဲ့ ကိုယ်ထဲ ဝင်ရောက်သွားနိုင်ပါတယ် ။ပါးစပ်နဲ့ လိင်ဆက်ဆံတာကိုတော့ အမျိုးသားတွေ အနေနဲ့ မိန်းမကိုယ်ထဲ လေမှုတ်သွင်းပြီး မဆက်ဆံသင့် ။ဘာလို့လဲဆိုရင် အဲ့ဒီလေလုံးတွေဟာ မိန်းမရဲ့ သွေးကြောလေးတွေထဲမှာသွားပိတ်ကာ မိခင်ရော ကလေးပါ အန္တရာယ်ရှိပါတယ် ။

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံရင် ကွန်ဒုံးသုံးသင့်သလား ?

မိမိရဲ့လိင်ဆက်ဆံဖော်မှာ လိင်ဆက်ဆံခြင်းကတဆင့်ကူးစက်တတ်တဲ့ရောဂါရှိက ကွန်ဒုံးသုံးသင့်ပါတယ် ။

Author: ခေတ်သစ်ဇီဝက

Previous Post

သဘာဝသီးနှံများနဲ့ ဆံနွယ်ကျန်းမာရေး

Next Post

အတွေ့အများဆုံး အရေပြား အဖုအပိမ့်ရောဂါများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
612
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အတွေ့အများဆုံး အရေပြား အဖုအပိမ့်ရောဂါများ

ဂေါက်ရောဂါနဲ့ အစားအသောက်ဆိုင်ရာ သိမှတ်ဖွယ်

နှုတ်ခမ်းကွဲဝေဒနာ ခံရခက်လိုက်တာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.